Home အမျိုးသမီးများအသံ အပူချိန်မြင့်တက်မှုကြား အမျိုးသမီးDelivery လုပ်ငန်းလုပ်ကိုင်သူများရဲ့အသံ

အပူချိန်မြင့်တက်မှုကြား အမျိုးသမီးDelivery လုပ်ငန်းလုပ်ကိုင်သူများရဲ့အသံ

အမျိုးသားအများစုသာ လုပ်ကိုင်ကြတဲ့ အစားအသောက်နဲ့ ပစ္စည်းပို့ဆောင်တဲ့လုပ်ငန်းကို အမျိုးသမီးတွေလည်း ဝင်ရောက်လုပ်ကိုင်နေကြပါပြီ။

နေပူပူ ကားထူထူတွေကြား စက်ဘီးတစ်စီးနဲ့ မြို့အနှံ့သွားရောက်ပို့ဆောင်တဲ့အမျိုးသမီးတွေရှိသလို ဘတ်စ်ကား စီးကာ တစ်အိမ်ဝင်တစ်အိမ်ထွက်သွားရောက်ပို့ဆောင်နေကြတဲ့အမျိုးသမီးတွေလည်းရှိပါတယ်။

လက်ရှိမှာတော့ မြင့်တက်နေတဲ့အပူချိန်ကြောင့် လူသေဆုံးမှုတွေအထိရှိခဲ့ပါတယ်။

ဒီလိုအခက်အခဲတွေကြားမှာ စွန့်စားပြီးလုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေရဲ့ လုပ်ငန်းခွင်အခြေအနေ အခက် အခဲ တွေဘာတွေရှိနေလဲ။ဒီအခြေအနေတွေကို ဘယ်လိုကျော်ဖြတ်နေကြလဲဆိုတာကို အမျိုးသမီး Delivery လုပ်ငန်း လုပ်ကိုင်သူတွေကိုဆက်သွယ်မေးမြန်းထားပါတယ်။

အမရာ(Quick & Easy Delivery) တည်ထောင်သူ

Delivery လုပ်ငန်းအနေနဲ့ စခဲ့တာ (၂)နှစ်ပြည့်ပါပြီရှင့်။ ဒီလုပ်ငန်းလေးကို စတင်အကောင်အထည်ဖော် ဆောင်  ရွက်ခဲ့တာ ကိုဗစ်ကာလာမှာ သက်ကြီးရွယ်အို၊ကျန်းမာရေးကြောင့် အိမ်ပြင်ထွက်ပြီး ဆေးဝါးနဲ့ စားစရာ၊ အသုံး အဆောင်တွေကို မေတ္တာနဲ့ အခမဲ့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။ ကိုဗစ်ပြီးနောက်မှာကူညီခဲ့သူတွေရဲ့ ဆက် လက် မှာကြားမှုကြောင့် Delivery လေး စတင်လိုက်တာပါရှင့်။

ဒီကာလမှာက အများစုခက်ခဲကြပါတယ်။ကျွန်မအနေနဲ့လည်း ဒီကာလ၊ အခက်အခဲ၊ ကုန်စျေးနှုန်းတွေကြားမှာ ကြိုးစားပြီး ရပ်တည်နေရသူ အများထဲက တစ်ယောက်ပါရှင့် ။ရာသီဥတုကလည်း ပူလာတယ်၊ စက်ဘီးနဲ့ လမ်းပေါ် အလုပ်လုပ်ရသူမို့ ကျန်းမာရေးနဲ့ အန္တရာယ်ကင်းအောင်ပိုဂရုစိုက်ပါတယ်ရှင့်။အော်ဒါတွေကတော့ ပုံမှန်မရှိပါဘူး။

အော်ဒါများတဲ့ရက်၊ နည်းတဲ့ရက် ဒီလိုဘဲ အဆင်ပြေအောင် ကြိုးစားနေပါတယ်။ ရာသီဥတု အပူချိန်အောက်မှာ စက် ဘီးနင်းပြီး ဝန်ဆောင်မှု ပေးရတဲ့အလုပ်မို့ အပူချိန်များလာတာနဲ့ ချွေးအရမ်းထွက်တယ်။ သီးစုံဓာတ်ဆား သောက်တယ်၊ ရေများများသောက်ဖြစ်ပါတယ်။

အပူဒဏ်ကာကွယ်ဖို့နဲ့ လမ်းပေါ်မှာ အန္တရာယ်ကင်းအောင် စက်ဘီးဦးထုပ် မဖြစ်မနေ ဆောင်းရပါတယ်။ မျက်နှာ  ကာကွယ်ဖို့ မျက်နှာအစွပ်၊ မျက်လုံးအတွက် စက်ဘီးစီးနေကာမျက်မှန်၊ လက်အစွပ်၊ လက်အိတ်၊ ခြေအိတ်၊ အဝတ် အစားကို ပေါ့ပေါ့ပါးပါးနဲ့ ချွေးစုပ်လွယ်တဲ့ အဝတ်တွေ ရွေးဝတ်ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး နေ့လည် အပူချိန်ပြင်း တဲ့အချိန်တွေနားပါတယ်။ မနက်နဲ့ ညနေပိုင်း ပိုဂရုစိုက် အလုပ်လုပ်ပါတယ်ရှင့်။

အမျိုးသမီး rider က အနည်းငယ်သာရှိပါတယ်။မိန်းကလေးအနေနဲ့ rider လုပ်တဲ့အခါ ကို့ကိုယ် ပိုဂရုစိုက် နေထိုင် ဖြစ်ပါတယ်ရှင့်။

ဝတ်ရည် ( YBS ဖြင့် Delivery ပို့ဆောင်သူ)

Delivery အလုပ်ကို 2019 ထဲကစလုပ်တာပါ။ကလေးမွေးတော့ နှစ်နှစ်လောက်နားလိုက်ပြီး အခုမှပြန်လုပ်ဖြစ် တာပါ။လက်ရှိကုန်ဈေးနှုန်းတက်တာနဲ့ စားဝတ်နေရေးကတော့လောက်ငှမှုမရှိပါဘူး။ဒီကြားထဲ ရာသီဥတုကပူ တော့ ပိုပြီးပင်ပန်းပါတယ်။

ကျွန်မက deli လောကထဲကိုအခုမှပြန်ဝင်တာဆိုတော့order အရတော့နည်းပါတယ်။ နေအရမ်းပူတော့ပို ပင်ပန်း တယ် ပစ္စည်းထုပ်သည်ရတာနဲ့ထီးဆောင်းရတာနဲ့ဆိုတော့ ကိုယ်ကိုကိုယ်လဲဂရုစိုက်ရတယ်လေ။ဂရုမစိုက်လို့ ကိုယ်လဲသွားရင် နောက်ရက်အလုပ်မလုပ်နိုင်မှာစိုးလို့ပါ။ အပြင်ထွက်ရင်သနက်ခါးလိမ်းတယ်။လက်ရှည်အကျီ ဝတ်တယ်၊ထီးဆောင်းတယ်။

အပူချိန်မြင့်တက်နေတာကြောင့် သေချာတော့ဂရုစိုက်ဖြစ်ပါတယ် aircon ကားစီးဖြစ်ရင် အပြင်အပူရှိန်နဲ့မို့ အေး လိုက်ပူလိုက်ဆိုအဆင်မပြေလို့ ကားတော့နဲနဲရွေးစီးဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် အခက် အခဲကတော့ ပစ္စည်းအလေးကြီးလဲ ရည်ရှည်မသည်နိုင်ဘူး။ ပြီးတော့အရမ်းညနက်ထိလဲလိုက်ပို့လို့အဆင်မပြေ ဘူး။ လူအရမ်းပြတ်တဲ့နေရာတွေဆိုရဲရဲဝံသိပ်မသွားရဲဘူး။

အခက်အခဲတွေရှိပေမယ့်လည်း ဘာပဲဖစ်ဖြစ်အလုပ်ကမလုပ်လို့မရဘူးဆိုတော့ ဘယ်လိုအခတ်ခဲပဲရှိရှိ ရင်ဆိုင်ပြီး လုပ်ရတာပါပဲ။ ကိုယ်ခွဲမရှိတဲ့ကလေးအမေတစ်ယောက်ဆိုတော့ပိုဆိုးပါတယ်။ နားချင်လို့လဲမနားရဲ ကလေးတစ် ဖက်နဲ့မို့ ကလေးကိုလဲငဲ့ပြီးလုပ်ရပါတယ်။

ပန်ဒါလေး (အစားအသောက်ပို့ဆောင်သူ)

Riderလုပ်တာ ၂၀၂၀ထဲကပါ ၄နှစ်ရှိပြီ။လက်ရှိကုန်ဈေးနှုန်းကြောင့် ၀င်ငွေနဲ့ထက်ငွေကမမျှဘူးလေ အိမ်လခ စား ဖို့အမေဆေးဖိုး ကျွန်မတယောက်ထဲရှာနေရတော့မမျှဘူး။ ကုန်စျေးနှုန်ကလည်းတော်တော်တက်နေတာ ဆန် ကြမ်းတပြည်ကို၅၀၀၀ ပေးစားနေရတယ်။

အခုရာသီဥတုနဲ့အခက်ခဲကတော့ရှိတာပေါ့ အရမ်းပူပြင်ရတဲ့အထဲ အော်ဒါကအေ၀းကြီးတွေပို့ရတယ်။ တချို့ မှာယူ တဲ့သူတွေက အပေါ်ထပ်တွေပို့ခိုင်းတာတွေအခက်ခဲတွေရှိပါတယ်။ တခါတလေ ငိုနေရတယ် လူကမောရတဲ့အထဲ အပေါ်ပို့ခိုင်းတော့ အမောပါစို့တယ်။ စလုပ်တုန်းကအော်ဒါများတယ် အခုနောက်ပိုင်းအော်ဒါပါးလာတယ်။

အပူချိန်မြင့်တဲ့အခါ စက်ဘီးနင်းရတာအဆင်မပြေဘူး။ချွေးတအားထွက်တော့ တခါတလေစက်ဘီးနင်းရင်မူးတာ တအားပဲအပေါ်ထပ်တွေတက်ပို့ခိုင်းတာအဆိုးဆုံးပါပဲ။

ရာသီဥတုဒဏ်ခံနိုင်ဖို့တော့ များများစားစားတော့မပြင်ဆင်မိပါဘူး။ဦးထုတ်ဆောင်းတယ် လက်ရှည်၀တ်တယ်သ နပ်ခါးလူးတယ်အဲလောက်ပါပဲ။

ရာသီဥတုကြောင့်ကျန်းမာရေးအတွက် ကျွန်မတို့မှာ သတိထားနေချင်ပေမယ် မနေရပါဘူး။ စား၀တ်နေရေးတွက် ပူလည်းလုပ်ရတာပဲ။ တခါတလေတွေးမိတယ် ငါဦးနှောက်သွေးကြောပြတ်ပြီများသေသွားမလားတိုပြီတွေးမိတယ် အတက်နိုင်ဆုံးတော့သတိထားနေတာပါပဲ။

အမျိုးသမီးRiderတယောက်အနေတော့ ပိုခက်ခဲတာပေါ့ အလုယက်ခံရမှာလည်းကြောက်ရ။တခါတလေ ကား တိုက်ခံရမှာလည်းကြောက်ရ ယောကျ်ားလေတွေပဲရှိတဲ့ နေရာသွားပို့တဲ့အခါကြရင်လည်းကြောက်ရတယ်။

နွယ်နီ(Rider)

Rider လုပ်တာ ၂နှစ်ကျော်ပါပြီရှင့်။ ပုံမှန်ရတဲ့ဝင်ငွေထက်ပိုရှာရပါတယ်။ ကုန်ဈေးနှုန်းကတစ်ခါဝယ်တစ်ခါဈေး တတ်နေလို့ပါ။ ပုံမှန်ထက်ပိုပြီးရာသီဥတုပူတော့ချွေးထွက်လွန်ပြီးမူးတယ်၊ အရမ်းမော၊ အန်တဲ့အထိဖြစ်ခဲ့ရပါတယ်။ မျက်လုံးတစ်ဖက်ဆို ရောင်လာလို့အလုပ်နားလိုက်ရပါသေးတယ်ရှင့်။

အော်ဒါကကျပါတယ်။ ပုံမှန်တော့မရှိဘူး။ ဒီနေ့ဆိုအော်ဒါပါးကြတယ်ရှင့်။ တစ်ယောက်နဲ့တစ်ယောက်အော်ဒါရတာခြင်းမတူကြဘူးရှင့်။ အော်ဒါသွားပို့တဲ့အခါမှာအခက်အခဲတွေကတော့ တချို့ဆိုင်တွေကျတော့ ထိုင်စရာနေရာမရှိဘူး။ နေကတအားပူတယ်။ အဲ့အခါကျရင် ညီမတို့က အဆင်ပြေတဲ့နေရာမှာ ကြည့်ထိုင် ရတာပေါ့။ အော်ဒါစောင့်ရ တာတအားကြာတဲ့အခါကျရင်ပိုဆိုးတာပေါ့။ ကိုယ်ရတဲ့လုပ်အားခနဲ့ တချို့ဆိုင်တွေမှာ အဲ့ဆိုင်မှာတစ်နာရီ လောက်အထိစောင့်ရတဲ့ဆိုင်တွေရှိတယ်။ အဲ့အခါကျရင် စားသုံးတဲ့လူတွေကမ‌ရောက်လာသေးတော့ စိတ်ဆိုးတဲ့ အပိုင်းလေးတွေရှိတယ်။

ဒီရက်ပိုင်းမှာကားလမ်းတွေကလည်းတအားကြပ်တယ်။ နေကလည်း တအားပူတယ်။ ကားတွေ ကလည်း တရှိန် ထိုးလာတာ လမ်းဖြတ်ကူးဖို့အကြာကြီးစောင့်ရတာတွေရှိတယ်။ တချို့ customer တွေဆို အော်ဒါရလို့ သွားပို့တဲ့ အခါကြရင် အိပ်ပျော်နေတဲ့လူတွေရှိတယ်။ တချို့ဆို meeting လုပ်နေတဲ့သူတွေရှိတယ်။

တချို့ဆို ဖုန်းကို အဝင် call ပိတ်ထားတယ်။ စက်ပိတ်ထားတယ်။ message ပို့ပြန်တော့လည်းမကြည့်ဘူး။ တချို့ ဆို လိပ်စာအပြည့်အစုံမရေးထားတဲ့အခါကြတော့ လုံးဝဆက်သွယ်လို့မရတဲ့အခါကြရင်ညီမတို့က ဆိုင်ကို ပြန်သွား ထားရတယ်လေ။ အဲ့အခါကြရင် ဆိုင်ကိုသွားယူတဲ့ deli ခလည်းမရဘူး။ ပို့တဲ့ deli ခလည်းမရဘူး။ မရတဲ့အပြင်ကို ဆိုင်ကိုပြန်ထားလည်း အလကားထားပေးရတာ။ ရုံးဘက်ကတော့ပေးတယ်။ နည်းတယ်။ နှစ်ရာ သုံးရာ၊ အဲ့အချိန် တွေပေးလိုက်ရတာ နေကလည်းပူတယ်။ အဲ့လိုအခက်အခဲတွေလည်းရှိတယ်။

အပူဒဏ်ကိုကာကွယ်ဖို့ကတော့ ညီမတို့က ယူနီဖောင်းဝတ်တယ်။လက်အိတ်တွေ ဝတ်တယ်။ ခေါင်းဆောင်း တွေ ဝတ်တယ် အကုန်လုံးစုံအောင်ဝတ်ထားရတာ၊ mask တွေဝတ်တယ်။ တခါတလေကျရင် အသက်ရှူအရမ်း ကြပ် လွန်းလို့ တွေmask ချွတ်မယ်ဆိုလည်း နေကတအားထိုးတော့ အသားတွေစပ်တယ်။မျက်လုံး တွေဖွင့်ကြည့် လို့မရဘူး။ အဲ့အခါကျတော့ပူပူနဲ့အုပ်ထားရတာ။

အပူရှိန်ကတအားများတော့ ခန္ဓာကိုယ်ရေဓာတ်မဆုံးရှုံးအောင် ရေတော့များများသောက်တယ်။ တခါတလေကျ အရမ်းမူးလာတဲ့အခါကြရင် royal D သောက်တယ်။ အဲ့လိုမျိုးတွေ‌တော့ ကာကွယ်ပြီးအလုပ်လုပ်တယ်။

တခါတလေ အမျိုးသမီး rider ဖြစ်လို့အခက်အခဲကတော့ လေးလေးပင်ပင်ပစ္စည်းတွေ တချို့က ဆန်သုံးပြည်အိတ် ခြောက်အိတ်သယ်ရတာရှိတယ်။ ဆီတွေ မုန့်ပုန်းတွေ သယ်ရတာရှိတယ်။ အရက်ပုလင်းတွေ သယ်ရတာရှိတယ် ။ရေသန့်ကတ်တွေသယ်ရတဲ့အခါ မနိုင်တာမျိုးလောက်ပါပဲ။

Author:

Related Articles