သန့်ရှင်းထွန်း။ ။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကုန်ဈေးနှုန်းတွေ မိုးထိအောင်တက်နေပေမယ့် ရခိုင်ပြည်နယ်ငါးဖမ်းလုပ်ငန်းမှာ အလုပ် လုပ်ကိုင်နေကြရတဲ့ အမျိုးသမီးတွေကတော့ လခနည်းနည်းနဲ့ သူတို့ရဲ့ဘဝကို ကျင်လည်နေကြရပါတယ်။
အရင်ကတည်းက ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင်ရှားပါးမှုတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးတဲ့ ရခိုင်ပြည် နယ်ဟာ အာဏာသိမ်းမှုနောက်ပိုင်း ရန်ကုန်မှာရှိတဲ့ စက်ရုံအလုပ်ရုံတွေ ပိတ်သိမ်းလိုက်တာကြောင့် အမျိုး သမီးရွေ့ပြောင်း အလုပ် သမားတွေဟာ ရန်ကုန်ကနေ ရခိုင်ပြည်ကိုဆင်းလာကြပြီး ကြုံရာကျဘမ်းအလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်နေကြရပါတယ်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် သဲခုံကျေးရွာဟာ ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်နေတဲ့ ရွာတစ်ရွာဖြစ်ပြီးတော့ ငါးခြောက် လှန်းတဲ့လုပ်ငန်းမှာ အမျိုးသမီးတွေ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြပါတယ်။
အဲဒီငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေဟာ တစ်လကို ငွေကျပ်ကိုးသောင်းသာရရှိနေကြပြီး တစ်ရက်ကို ငွေကျပ် သုံးထောင်နှုန်းသာ ရရှိနေတဲ့သဘောပါ။ ဒါက အစိုးရက သတ်မှတ်ထားတဲ့ အလုပ်သမားတစ်ဦးရဲ့ အခြေခံလုပ်ခလစာ တစ်ရက် ၄,၈၀၀ ထက် နည်းနေပါသေးတယ်။
အခုလို လုပ်ခလစာနည်းပေမယ့် မိသားစုစားဝတ်နေရေးကို အထောက်အကူပြုဖို့ အလုပ်ဆက်လုပ်နေရတယ်လို့ ပေါက်တော မြို့နယ် ၊ သဲခုံကျေးရွာက အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ ပုဂ္ဂလိကဝန်ထမ်းတွေနှင့် နေ့စားဝန်ထမ်းတွေထဲမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လုပ်ခလစာ နည်းနေသေးတယ်လို့ အဆိုပါ အမျိုးသမီးငယ်က ပြောပါတယ်။
“ အစိုးရနေ့စားအလုပ်မှာပဲဖြစ်ဖြစ်၊ ဆောက်လုပ်ရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်၊ ငါးဖမ်းလုပ်ငန်းမှာပဲဖြစ်ဖြစ် အမျိုးသမီး တွေက အမျိုး သားတွေထက် လုပ်ခနည်းနေပါတယ်။ ဘာကြောင့်လဲတော့ မပြောတတ်ဘူး။”လို့ နောက်ထပ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
နေပူကြဲကြဲနဲ့ ငါးလှမ်းတဲ့ကွင်းပြင်ထဲမှာ မက္ကလာ(ခမောက်)တစ်လုံးဆောင်းပြီး တနေကုန်တနေခမ်း အလုပ်လုပ်ကြ ရပေမယ့် သူတို့ရတဲ့လုပ်ခကို အိမ်အတွက် ဆန်တစ်အိတ်ဖြစ်ဖြစ် ထောက်ပံ့ပေးနိုင်တာကြောင့် မမောပန်းပါဘူးလို့ ငါးလှန်းတဲ့အလုပ်မှာ လုပ်ကိုင်နေတဲ့ မခိုင်နှင်းဝေက အားတင်းပါတယ်။
ဒါပေမယ့် အခြေနေပေးရင်တော့ အရိပ်ထဲက အလုပ်တစ်ခုကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်ချင်တယ်လို့ သူကဆိုပါတယ်။