သျှန်ကီခမ်း။ ။
အောက်တိုဘာအကုန် နိုဝင်ဘာအဝင်အချိန်ကာလဟာ ဆောင်းရာသီ ကူးပြောင်းတော့မယ့် အချိန်ဖြစ်ပါတယ်။ အဲဒီ အချိန် မှာ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ရှိ စငေါကျေးရွာတစ်လျှောက် စပါးရိတ်သိမ်းတဲ့အချိန်လည်း ဖြစ်ပါတယ်။
ရန်ကုန်လို မြို့ကြီးတွေမှာ ဆောင်းရာသီရဲ့အအေးလှိုင်းဟာ အနည်းငယ်မျှသာရှိပေမယ့် သစ်ပင် ၊ တောတောင်တွေ ပေါ များတဲ့ စငေါရွာမှာတော့ အအေးလှိုင်းဟာ ၁ ဒီဂရီကနေ ၁၀ ဒီဂရီအတွင်းမှာ အမြဲရှိနေတာပါ။
ဘယ်လောက်ထိ အေးလဲဆိုရင် ရေတွေခဲသွားမတတ်အထိပါပဲ။ ဆောင်းရာသီရောက်ပြီဆို ဒေသခံများက ခြေအိတ်၊ လက် အိတ်၊ ဦးထုပ်စတာတွေကို အမြဲဝတ်ဆင်ရတာပါ။
ဒီလို အေးစက်လွန်းလှတဲ့ ဆောင်းရာသီအဝင်မှာ မိုးရာသီတုန်းက စိုက်ပျိုးထားတဲ့စပါးကို ရိတ်သိမ်းပြီး ကြက်သွန်ဖြူ ပြန် စိုက်ပျိုးကြဖို့ ပြင်ဆင်ကြပါပြီ။ ထိုကျေးရွာမှာ နေထိုင်ကြတဲ့ အမျိုးသမီးအများစုဟာ စပါးစိုက်ပျိုးပြီး ရောင်းဖို့ဆိုတာထက် မိသားစုစားသုံးဖို့သာ စိုက်ပျိုးလေ့ ရှိကြပါတယ်။
မြေပြန့်ဒေသတွေမှာ စပါးစိုက်ပျိုးတာ ရိတ်သိမ်းတာတွေကို စက်ပစ္စည်းများကို အသုံးပြုကြလေ့ ရှိပေမယ့် တောင်ပေါ် ဒေသမှာတော့ လူအင်အားကိုသာ အသုံးပြုပြီး စိုက်ပျိုး၊ရိတ်သိမ်း ကြပါတယ်။ အများအားဖြင့် အမျိုးသမီးတွေက ပြု လုပ် ကြပါတယ်။ စပါးရိတ်သိမ်းမှုဟာ တစ်ခါတည်းလွယ်လွယ်နဲ့ ပြုလုပ်ရတာမျိုးတော့ မဟုတ်ပါဘူး။ တစ်ဆင့်ချင်းစီ အသေး စိတ် ပြုလုပ်ရတာပါ။
ရင့်မှည့်နေတဲ့စပါးကို ရိတ်သိမ်းနေခြင်းဖြစ်ပါတယ်။
စပါးပင်ဟာ ရွှေဝါရောင်သန်းနေပြီဆိုရင်တော့ ရိတ်သိမ်းကြပါတယ်။ တစ်ရက်ကို ငါးထောင်နှုန်းဖြင့် လူငှားပြီးလည်း ရိတ် သိမ်းလေ့ရှိပါတယ်။
ရိတ်သိမ်းပြီးတဲ့ စပါးတွေကို ပုတ်(ချွေ)ဖို့လွယ်ကူအောင် နေလှန်းထားရပါတယ်။
စပါးပင်ခြောက်တဲ့ အနေအထားရောက်လာရင်တော့ နေလှန်းထားတဲ့ စပါးပင်တွေကို လိုက်စုပြီး ပုတ်မယ့်နေရာကို သယ် ယူရပါတယ်။
ပလိုင်းနဲ့သယ်ယူတာမျိုးတော့ မဟုတ်ပါဘူး။ ပုံပါအတိုင်း လက်နဲ့ပွေ့ပြီး သယ်ယူကြတာပါ။
စပါးပုတ်တဲ့ နေရာတွေမှာ စပါးပင်တွေကို စုပုံထားရပါတယ်။
ယခင်မှာ စပါးကို ဧကပေါင်းများစွာ စိုက်ပျိုးတာကြောင့် စပါးပုတ်တဲ့နေရာမှာ ဒေသခံတွေက အများစုက အမျိုးသားတွေ ကို တစ်ရက်ငါးထောင်ပေးငှားပြီး ပြုလုပ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်တွေမှာတော့ မြေသြဇာကုန်ဈေးနှုန်း မြင့်မား တာကြောင့် အနည်းငယ်သာစိုက်ပျိုးပြီး စပါးလည်းသိပ်မဖြစ်ထွန်းတာကြောင့် ဒေါ်မာနွယ်လည်း လူမငှားတော့ဘဲ တစ် ရက်ကိုနည်းနည်းစီ တတ်နိုင်သလောက် ကိုယ်တိုင် စပါးပုတ်ခဲ့တာပါ။
ဒေါ်မာနွယ်ကတော့ လူမငှားတော့ပဲ စပါးပင်တွေကို သယ်တာ၊ ပုတ်တာ၊ စုတာတွေကို အမျိုးသားနဲ့အတူ ကိုယ်တိုင် ပြုလုပ်နေတာပါ။
ဒါကတော့ စပါးပုတ်တဲ့နေရာမှာ အသုံးပြုတဲ့စဉ်ပဲ ဖြစ်ပါတယ်။
စပါးပုတ်လို့ စပါးအစေ့နဲ့အတူ မလိုအပ်ဘဲထွက်လာတဲ့ အပင်တွေကိုလည်း ဝါးနဲ့ပြုလုပ်ထားတဲ့ ထွန်ခြစ်ဖြင့် ဖယ်ရှား ကြ ပါတယ်။
ဒါ့အပြင်လည်း ဖုန်မှုန့်တွေကို စပါးထဲကို မပါလာအောင် မြက်ရိတ်စက်ကို ပန်ကာထည့်ပြီး လေနဲ့မှုတ်ထုတ်ပစ်ကြပါတယ်။
ဒေါ်မာနွယ်တို့ မိသားစု တစ်နှစ်စိုက်တဲ့စပါးဟာ မိသားစုလေးယောက် နောက်နှစ် စပါးပြန် စိုက်ပျိုးချိန်အထိ လုံလောက်စွာ စားရပါတယ်။ အာဏာမသိမ်းခင်မှာ ဆန်ဈေးနှုန်းဟာ တစ်အိတ်ကို ငါးသောင်းသာ ပေးရပေမယ့် အာဏာသိမ်းပြီး နောက် ပိုင်းမှာတော့ တစ်သိန်းနီးပါးအထိ ပေးရတာပါ။
စပါးစိုက်လို့ ဆန်မဝယ်ရတော့ပေမယ့် ဆီ၊ ဆားတွေလည်း ဈေးနှုန်းတက်လာတာကြောင့် လက်ရှိအချိန်ထိ ချွေတာစွာ စား သုံးနေရတုန်းပါပဲ။
“ ချွေတာနေတာပါပဲ ။ ဘယ်လောက်ထိ ခံနိုင်မှာလဲတော့ မသိဘူး” လို့ ဒေါ်မာနွယ်က ပြောပါတယ်။