Home ဆောင်းပါး စစ်အာဏာရှင်ကို တွန်းလှန်ရင်း အယူအဆစွဲတွေကိုပါ တွန်းလှန်ရမှာပါ

စစ်အာဏာရှင်ကို တွန်းလှန်ရင်း အယူအဆစွဲတွေကိုပါ တွန်းလှန်ရမှာပါ

ဒေဝီ။ ။

နေထိုင်ရာအခန်းကနေ စာချုပ်သက်တမ်းပြည့်လို့ နောက်တစ်နေရာအတွက် အခန်းရှာဖွေတိုင်း” ဘာသာ ခြား မရပါ” ဆိုတဲ့ မှတ်ချက်စာသားတွေ “ဘာလူမျိုးနေမှာလဲ” ဆိုတဲ့ ပွဲစား (သို့မဟုတ်) အိမ်ခန်းပိုင်ရှင်ရဲ့ မေး မြန်းမှုတွေကြုံရတိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်တဲ့မရတီ (အမည်လွှဲ) စိတ်အ‌နှောင့်အယှက် ဖြစ်ရ တယ်။

အိမ်ပိုင်မရှိသေးတဲ့ သူတို့အတွက် ခြောက်လ (သို့မဟုတ် ) တစ်နှစ်ပြည့်တိုင်း အခြားနေရာမှာ အိမ်ခန်းရှာ ဖွေရတဲ့အခါ တက်နိုင်တဲ့ငွေကြေး၊ အဆင်ပြေတဲ့လမ်းနေရာကိုက်ညီလို့ ငှားရမ်းဖို့ ကြိုးစားတဲ့အခါတိုင်း ဘာသာ ခြားဖြစ်တဲ့အတွက်ကြောင့် မငှားရမ်းပါဘူးဆိုတာက မကြာခဏကြုံရတယ်။

“သူတို့ပြောတဲ့ ဘာသာခြားဆိုတာက အစ္စလာမ်ဘာသာဝင်တွေကို အဓိကရည်ညွှန်းတာပေါ့နော်။ ကိုယ်နေဖို့ ငှားတဲ့အခါ ကြုံရတာတင်မဟုတ်ဘူး။ ဗမာလူမျိုး သူငယ်ချင်းတချို့ ငှားတဲ့အခါ ကူညီဖို့လိုက်သွားတိုင်း ဘယ်သူ နေမှာလဲ၊ ဘာလူမျိုး နေမှာလဲဆိုတာ မေးခံရဖူးတယ်” လို့ မရတီကပြောတယ်။

မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ နတ်ကိုးကွယ်မှု စသဖြင့် လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်တဲ့ အခွင့်အ‌ရး အညီအမျှရရှိစေရမယ်လို့ ပြဌာန်းထားပေမယ့် အစ္စလာမ် ဘာသာဝင်တွေကတော့ ဘာသာခြားဆိုတဲ့ အကြောင်းပြချက်နဲ့ ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေပါတယ်။

မွေးဖွားစဉ်ကတည်းက မြန်မာနိုင်ငံမှာ အတူတကွ နေထိုင်ကြီးပြင်းလာကြပေမယ့် ဘာသာခြားဖြစ်တဲ့အ တွက် အိမ်မငှားတာ၊ အိမ်မရောင်းချတဲ့ဖြစ်စဉ်တွေက နေရာဒေသတချို့မှာ ကြုံနေရပါသေးတယ်။

အဲလိုကြုံရသူတွေထဲ မရတီလည်း တစ်ဦးအပါအဝင်ပါ။ ဘာသာခြားဖြစ်တဲ့အတွက် အိမ်မငှားဘူးဆိုပြီး ကြုံ တွေ့တာ သုံးလေးကြိမ်မကဘူးလို့ ဆိုတယ်။

ပထမဆုံးအကြိမ်ကြုံခဲ့ရတာကတော့ လွန်ခဲ့တဲ့ခြောက်နှစ်ဝန်းကျင်။ သူကလေးဘဝကတည်းက နေထိုင်လာ ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်က ရပ်ကွက်တစ်ခုမှာပါ။ အဲ့ဒီရပ်ကွက်မှာ ငယ်စဉ်ကတည်းက နေထိုင်ခဲ့ပေမယ့် မိသား စုတွေ အိမ်ငှားရမ်းနေထိုင်ဖို့ ကြုံရတဲ့အခါ ယင်းရပ်ကွက်အနီးမှာပဲ ရှာဖွေခဲ့ပြီး သင့်တော်တဲ့ အိမ်ရှာတွေ့ပေမယ့် ဘာသာခြားဖြစ်လို့ မငှားရမ်းဘူးဆိုတဲ့ အဖြေသာပြန်ရခဲ့တယ်။

သူနေထိုင်ရာရပ်ကွက်က ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နေအိမ်တွေများပြီး ဘာသာခြားကတော့ ၁၅ အိမ်၊ ၂၀အိမ် ဝန်းကျင်ပဲရှိပါတယ်။ နေထိုင်လာခဲ့တဲ့တလျှောက် လူမျိုးဘာသာမခွဲခြားဘဲ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နဲ့ အဆင်ပြေပြေရှိခဲ့ပေမယ့် အိမ်ငှားရမ်းဖို့လုပ်တဲ့အခါ အဆင်မပြေဖြစ်ခဲ့ရတယ်။

“ရပ်ကွက်ကတော့ ညီမတို့ရပ်ကွက်ပဲ အိမ်ပိုင်ရှင်ကတော့ အခြားရပ်ကွက်ကလူပေါ့။ ဝယ်ပြီးထားထားတာ။ တရပ်ကွက်ထဲသားဆိုရင်တော့ ဒီလိုခွဲခြားတာ မလုပ်ပါဘူး”လို့ မရတီကပြောတယ်။

မရတီတို့မိသားစုကို မငှားရခြင်းအကြောင်းက ယင်းနေအိမ်မှာ ဗေဒင်အစီအရင်တွေ လုပ်ဆောင်ထားတဲ့ အတွက် အခြားဘာသာဝင်တွေရဲ့ ဘုရားစင်ထားမှာဆို အဆင်မပြေတဲ့ အတွက်ကြောင့် မငှားရမ်းတာလို့ဆို တယ်။

ဘာသာခြားဖြစ်တဲ့အတွက် ငှားရမ်းဖို့အဆင်မပြေခဲ့တာအပြင် နေရာက စျေး၊ ကားဂိတ်နဲ့ ဝေးတာတွေ ကြောင့် ယင်းရပ်ကွက်မှာ မငှားရမ်း၊ မနေထိုင်ဖြစ်တော့ပဲ မြို့ထဲတနေရာမှာပဲ ငှားနေဖြစ်ခဲ့တယ်လို့ မရတီက ဆက်ပြောတယ်။

နောက်ဖြစ်ရပ်တစ်ခုက မရတီ အိမ်ထောင်ကျပြီးနောက် အမျိုးသားဖြစ်သူနဲ့နေထိုင်ဖို့ သင်္ဃန်းကျွန်းမြို့နယ် မှာ အိမ်ငှားရမ်းခဲ့တဲ့အခါ စာချုပ်ချုပ်ဆိုချိန်မှ မရတီတို့ ကိုးကွယ်တဲ့ဘာသာ၊ ဓလေ့ထုံးတမ်းတွေကို နေအိမ်မှာ မပြုလုပ်ရဘူးဆိုတဲ့အချက်ကိုပါ ထည့်သွင်း လက်မှတ်ရေးထိုးစေတာနဲ့ ကြုံခဲ့ရပြန်တယ်။

နေအိမ်မှာ ကိုးကွယ်တဲ့ဘာသာအတိုင်း ဝတ်ပြုဆုတောင်းတာ လုပ်ခွင့်ရှိပေမယ့် ဘာသာရေးနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ ပင့်ဖိတ်ပြီး ရွတ်ဖတ်ပူဇော်တာ၊ အလှူအတန်းတွေ မလုပ်ဖို့ဆိုတာဖြစ်ပြီး မရတီကလည်း ယင်းနေအိမ် မှာ မနက်သွား၊ ညပြန်သာ နေထိုင်မှာဖြစ်တာကြောင့် ယင်းအချက်ကို သဘောတူလက်မှတ်ထိုးပြီး ငှားရမ်းနေ ထိုင်ခဲ့ရတယ်လို့ ဆက်ပြောတယ်။

“ငှားတုန်းကဘာမှမပြောဘဲနဲ့ စာချုပ်ချုပ်မှပြောတာ၊ အဲဒီလိုမျိုးပြောခံရတော့၊ စာချုပ်ချုပ်မှပြောတော့ ငှားဖို့ လုပ်ပြီးမှ ဒါကိုသဘောမတူဘူးဆိုရင် ချက်ချင်းကြီး နောက်တနေရာရှာဖို့ကလည်း မလွယ်တော့ သူပြောတဲ့အ တိုင်းပဲပေါ့” လို့ မရတီက ပြောတယ်။

အဆိုပါနေအိမ်မှာ ၆ လစာချုပ်နဲ့ ငှားရမ်းခဲ့ပေမယ့် လအနည်းငယ်အကြာမှာ အိမ်ပိုင်ရှင်ဖြစ်သူနဲ့ ပွဲစားဖြစ်သူတို့ က မရတီတို့ကို အသိပေးတိုင်ပင်ခြင်းမရှိဘဲ ဗေဒင်အစီအရင်တွေ ယတြာတွေကို အိမ်ထဲဝင်ပြီး လာရောက်လုပ် ခဲ့တယ် လို့ဆိုတယ်။

“သပြေခက်တွေနဲ့ ကြိုးအနီလေးတွေ ဝရံတာမှာချည်တာ၊ နောက်ဖေးမှာချည်တာတို့ လာလုပ်တာ၊ ကြာတော့ စိတ်ပျက်လာတယ်” လို့ ဆိုတယ်။

ငှားရမ်းနေထိုင်တဲ့ ကာလမှာ ငှားရမ်းသူနဲ့သာသက်ဆိုင်ပြီး အိမ်ကို တခုခုဆောင်ရွက်ဖို့လိုတယ်ဆိုရင် လက်ရှိ ငှားရမ်းနေထိုင်သူနဲ့ ဆွေးနွေးသင့်ပေမယ့် အိမ်ပိုင်ရှင်နဲ့ပွဲစားဖြစ်သူတို့ကတော့ ဘာမှပြောဆိုအသိပေးခြင်းမရှိဘဲ ဝင်ရောက်လုပ်ဆောင်သွားတာလို့ ဆိုတယ်။

“အဲ့ဒီလိုလည်း လာမဆွေးနွေးတဲ့အပြင် အိမ်ပေါ်တက်လာတယ်။ တက်လာပြီး ချိတ်စရာချိတ်၊ လုပ်စရာရှိ တာတွေ လုပ်နေတယ်” လို့ မရတီကပြောတယ်။

မရတီက ဘာကြောင့်လုပ်ရတာလဲလို့ မေးမြန်းတဲ့အခါ တိုက်ခန်းရောင်းထွက်ဖို့ ယတြာအစီအရင် လုပ်တာ လို့ အိမ်ရှင်ဖြစ်သူနဲ့ ပွဲစားက ပြန်လည်ပြောခဲ့တာလို့ ဆိုတယ်။

အဲ့ဒီလိုဖြစ်စဉ်တွေ ကြုံရတဲ့အတွက် ယင်းနေရာမှာ ၆ လသာ ငှားရမ်းနေထိုင်ပြီး အစ္စလာမ်ဘာသာဝင်တွေ များတဲ့ နေရာမှာပဲ ရှာဖွေနေထိုင်ဖြစ်တော့တယ်လို့ ဆက်ပြောပါတယ်။

အိမ်ငှားရမ်းရှာဖွေတိုင်း ဘာလူမျိုးလဲ၊ ဘယ်သူနေမှာလဲဆိုတဲ့စကား မကြာခဏမေးမြန်းခံရတိုင်း ခွဲခြားခံရ တယ်လို့ ခံစားရတဲ့အတွက် အခြားနေရာတွေငှားရမ်းဖို့ထက် ကိုယ့်ဘာသာဝင်၊ လူမျိုးတွေ အနေများတဲ့ နေရာ တွေမှာပဲ စုံစမ်းပြီး ငှားရမ်းနေထိုင်ဖြစ်တော့တယ်လို့ မရတီက ပြောတယ်။

” အဲ့ဒီလိုမျိုး ဘာသာခြားတွေ မငှားပါ၊ ဘာညာဆိုတော့ ကိုယ့်လူမျိုး စုရပ်ဖြစ်သွားတယ်။ ကိုယ့်လူမျိုးတွေ စုရာစုရာ နေသလိုဖြစ်သွားတာ” လို့ မရတီက ပြောတယ်။

အထူးသဖြင့် တာမွေမြို့နယ်အတွင်းက ရပ်ကွက် (ကျောက်မြောင်း) မှာဆို ဘာသာခြားနဲ့ပတ်သက်ပြီး လက်မ ခံမှုက ပိုပြင်းထန်တယ်လို့ ဆိုတယ်။ ယင်းရပ်ကွက်မှာ ငှားရမ်းနေထိုင်ဖို့ဖြစ်စေ၊ နေအိမ်တိုက်ခန်း ဝယ်ယူဖို့ဖြစ် စေ စုံစမ်းမေးမြန်းတဲ့အခါ ဘယ်ဘာသာ ကိုးကွယ်လဲဆိုတာ မေးမြန်းပြီး ဘာသာခြားဆို မငှားရမ်းတာ၊ မရောင်း ချတာမျိုး ကြုံရတယ်လို့ ဆက်ပြောတယ်။

“အဲ့ဒါက ပွဲစားတွေကိုယ်တိုင်က အဲ့ဒီလိုမေးတာ ဘာလူမျိုးလဲ၊ ဘယ်သူနေမှာလဲ၊ အဲ့ဒါကို သူတို့စကားတစ်ခု လို ထည့်ပြီးပြောတာပေါ့”လို့ မရတီက ပြောပါတယ်။

အစ္စလာမ်ဘာသာဝင်ဖြစ်လို့ ဗုဒ္ဓဘာသာဝင်တွေက မငှားချင်တာ၊ ဗုဒ္ဓဘာသာဝင်ဖြစ်လို့ အစ္စလာမ်ဘာသာ ဝင်တွေက မငှားချင်တာ စတဲ့ဘာသာလူမျိုး ခွဲခြားဆက်ဆံမှုတွေက အိမ်ငှား၊ အရောင်းအဝယ်ကိစ္စရပ်မှာ မကြာ ခဏ ကြုံရတဲ့ကိစ္စရပ်ပါ။

တိုက်ခန်းပိုင်ရှင်က ငှားလိုက်ပေမယ့် ဘာသာခြားဖြစ်တာကြောင့် မြေရှင်လက်မခံလို့ ငှားရမ်းတဲ့သူတွေမှာ အိမ်ပေါ်တောင် မတက်လိုက်ရဘဲ စရံတွေပြန်အမ်းခံရတာမျိုးတွေက မရတီရဲ့မိတ်ဆွေတွေထဲမှာ ကြုံရသူတွေေ ရှိတယ် လို့ဆိုတယ်။

အစ္စလာမ် ဘာသာဝင်တွေကို တခြားဘာသာဝင်တွေက အိမ်မငှားတဲ့အဖြစ်အပျက်လိုပဲ တခြားဘာသာဝင် လူ မျိုးတွေကိုလည်း အိမ်မငှားတဲ့ အစ္စလာမ် ဘာသာဝင်များလည်း ရှိပါတယ်။

မရတီလိုပဲ အိမ်ငှားရမ်းတဲ့အခါ ဘာသာရေး၊ လူမျိုးရေး အကြောင်းပြုလို့ အိမ်ငှားဖို့ ငြင်းဆန်ခံရသူကတော့ မမိုး (အမည်လွှဲ) ပါ။

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက် (ဒေါပုံ) က နေအိမ်တစ်ခုကိုငှားရမ်းဖို့ သွားရောက် မေးမြန်းတဲ့အခါ အစ္စလာမ် ဘာသာဝင် အိမ်ပိုင်ရှင်ဖြစ်သူနဲ့ ဗမာလူမျိုးပွဲစားတို့က ဘာလူမျိုးနေမှာလဲ မေးမြန်းပြီး မမိုးက ဗမာလူ မျိုး၊ ခင်ပွန်းဖြစ်သူက အစ္စလာမ်ဘာသာဝင်ပါလို့ ပြောတဲ့အခါ ဗမာဆိုမငှားဘူးဆိုပြီး ပြောဆိုခဲ့တယ်လို့ သူကြုံ တွေ့ရပုံကို ပြောတယ်။

“ညီမက အမှန်အတိုင်း ဗမာလူမျိုး အမျိုးသားက မွတ်စလင်လို့ပြောလိုက်တော့ ထပ်မေးတယ်။ မွတ်စလင် လို နေတာလားတဲ့။ နောက်….ပွဲစားက ဗမာလူမျိုးဆို မငှားဘူးဆိုပြီး ပြောတယ်”လို့ မမိုးကပြောတယ်။

မမိုးတို့ဇနီးမောင်နှံမှာ နေထိုင်ဖို့ အိမ်ခန်းရှာဖွေတဲ့အခါတိုင်း ဘာလူမျိုးနေမှာလဲဆိုပြီး မေးမြန်းတာ ကြုံရပေ မယ့် ခင်ပွန်းဖြစ်သူရဲ့ ကိုးကွယ်ရာဘာသာကြောင့် ငှားရမ်းဖို့ငြင်းဆန်တာမျိုးတော့ မကြုံရဘူးလို့ ဆက်ပြော တယ်။

အခြားဘာသာဝင်က ကိုယ့်ကိုယ် ဘာသာလူမျိုးခွဲခြားတဲ့ စကားပြောခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိပြီး ဘယ်ဘာသာဝင်ဖြစ်ဖြစ် ခွဲခြားပြောဆို ဆက်ဆံတာမျိုးတွေကိုတော့ မနှစ်သက်ဘူးလို့ ဆိုတယ်။

“အိမ်အငှားပိုစ့်တွေမှာလည်း ဘာသာခြားမရပါ ဆိုတာတွေ့တိုင်း စိတ်ထဲတော့ တစ်မျိုးခံစားမိပါတယ်” လို့ မမိုးက ပြောတယ်။

ဘာသာခြားဖြစ်လို့ အိမ်မငှားတာ အိမ်အရောင်းအဝယ် မလုပ်တာက အိမ်ရှင်၊ အိမ်ငှား ပြသနာတစ်ခုအဖြစ် ကြားနေရတာ အခုထိပဲလို့ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောတယ်။

အထူးသဖြင့် ရန်ကုန်မြို့ ဆင်ခြေဖုံးနဲ့ မြို့နယ်အချို့ (သာကေတ၊ ဒေါပုံ၊ ကျောက်မြောင်း) မှာ ကြုံနေကြ ကိစ္စ ရပ်ဖြစ်ပြီး အချို့ကျတော့လည်း အိမ်ရှင်တွေက ငှားချင်ရောင်းချင်ပေမယ့် လမ်းသူလမ်းသားတွေက လက်မခံလို့ ငြင်းဆိုတာ မျိုးရှိတယ်လို့ ဆက်ပြောတယ်။

“လူတိုင်းတော့မဟုတ်ပါဘူး။ တချို့အိမ်ရှင်လည်း ငှားတယ်။ အဓိက နှစ်ဦးနှစ်ဘက်လုံးက နားလည်မှုရှိရှိနဲ့ ကိုယ်ချင်းစာတရားရှိမှ အဆင်ပြေမယ်”လို့ အဆိုပါ အိမ်ခြံမြေအကျိုးဆောင်က ဆက်ပြောတယ်။

အစ္စလာမ်ဘာသာဝင်တွေကို ဘာသာခြားဖြစ်လို့ အိမ်မငှားတာ၊ ရောင်းချခွင့်မပြုတာတွေက လွန်ခဲ့တဲ့ ၁၅ နှစ် ကျော် နှစ်နှစ်ဆယ်ဝန်းကျင်ကတည်းက ရပ်ကွက်အချို့မှာ ရှိနေတာဖြစ်ပြီး တဖြည်းဖြည်းနဲ့ အခြားနေရာတွေမှာ ပါ ပျံ့နှံ့လာတာလို့ သာကေတမြို့နယ်မှာ နေထိုင်တဲ့ ဗုဒ္ဓဘာသာဝင် (ဗမာလူမျိုး) အသက် ၅၀ ကျော် အမျိုးသား တစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်တွေက ယင်းနေထိုင်ရာ ရပ်ကွက်မှာလည်း အိမ်အရောင်းအဝယ် ပြုလုပ်ရာမှာ အစ္စလာမ်ဘာသာ ဝင်တွေထံ ရောင်းချခဲ့မှုကို ရပ်ကွက်က လက်မခံတာကြောင့် အရောင်းအဝယ်ပျက်သွားတာမျိုး ကြားသိခဲ့ရ တယ်လို့ ယင်းအမျိုးသားက ပြောပါတယ်။

အဲ့ဒီအတွက် သူ့အနေနဲ့လည်း ရပ်ကွက်နေပြည်သူတွေ လက်မခံမှာကြောင့် ပိုင်ဆိုင်တဲ့တိုက်ခန်းတွေကို ဘာ သာခြားတွေထံ မရောင်းချဖြစ်ခဲ့၊ မငှားရမ်းဖြစ်ခဲ့ဘူးလို့ ယင်းအမျိုးသားက ဆက်ပြောတယ်။

အဓိကကတော့ ရပ်ကွက်နဲ့ ပြဿနာဖြစ်မှာ ဆိုးလို့ပါ။ ကိုယ်ငှားလိုက်ပြီးတော့မှ ပြဿနာရှာရင် ကိုယ်ပဲဖြေ ရှင်းရမှာ”လို့ ယင်းအမျိုးသားက ဆိုတယ်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကိုးကွယ်သူက ၈၉ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး၊ ခရစ်ယာန်ဘာသာကိုးကွယ်သူက ၆ ဒသမ ၃ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူ ၂ ဒသမ ၃ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာကိုးကွယ်သူ ၀ ဒသမ ၅ ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ ၀ ဒသမ ၈ ရာခိုင်နှုန်း၊ အခြား ဘာသာကိုးကွယ်သူ ၀ ဒသမ ၂ နဲ့ ဘယ်ဘာသာမှ မကိုးကွယ်သူက ၀ ဒသမ ၁ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာက လူအများစု ကိုးကွယ်ယုံကြည်ရာ ဘာသာဖြစ်ပြီး အခြားသော ကိုးကွယ်ယုံ ကြည်မှုတွေကို ခွဲခြားဆက်ဆံခြင်းမပြုဘဲ လွတ်လပ်စွာ ကိုးကွယ်ကျင့်သုံးခွင့် ပေးထားပေမယ့် ဘာသာခြားဖြစ် လို့ ခွဲခြားမှုတွေရှိနေတာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဘာသာခြားတွေကို အိမ်ငှား၊ အိမ်ရောင်းမပြုကြတာက ရန်ကုန်မြို့အနေနဲ့‌ပြောရရင် ဟိုးယခင် ကျောက် မြောင်းတဝိုက် နေရာတွေကနေ တစတစ ကျယ်ပြန့်လာခဲ့ပြီး၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားပြီး နောက်ပိုင်း ကာလတွေမှာ ပိုကျယ်ပြန့်လာခဲ့တာလို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလုပ်ဆောင်သူ အမျိုးသမီးတစ်ဦးက ပြော ပါတယ်။

“အကြောက်တရားတွေ လွှမ်းမိုးအောင် အာဏာရှင်တွေနဲ့ ဘာသာရေး ဦးဆောင်သူတွေက Brainwash ပြုလုပ် ခဲ့ကြလို့ပါ။ ကျွန်မတို့ငယ်စဉ်ကဆို ဘာသာခွဲခြားမှုမျိုး မကြားခဲ့ရပါဘူး” လို့ ယင်းကပြောတယ်။

မြန်မာနိုင်ငံရဲ့ ပြဌာန်းထားတဲ့ ဥပဒေတွေကလည်း နဂိုထဲက သမာသမတ်မကျတာကြောင့် လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ ရှိနေတဲ့အတွက် ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရတက်ရင် ပြင်ရမယ့်ဥပဒေတွေက အများအပြား ရှိတယ်လို့ ဆက်ပြောတယ်။

ဒါ့အပြင် ခွဲခြားမှုဆိုတဲ့အခါ တစ်ဘက်တည်းကနေ လုပ်ဆောင်တာမျိုးကြောင့်မဟုတ်ဘဲ အခြားတစ်ဘက် ကလည်း အများလက်ခံနိုင်တဲ့ အများနဲ့ လိုက်လျောညီထွေတဲ့ ယဉ်ကျေးမှု နေထိုင်မှုစရိုက်တွေကို ပြုမူကျင့်သုံး ခြင်းမရှိတဲ့ အကြောင်းအရင်းကြောင့်လည်း ခွဲခြားလိုသူတွေရဲ့ ရည်မှန်းချက်ပြည့်ဝအောင် အားဖြည့်ပေးနေသလို ဖြစ်နေတဲ့အတွက် ဒါကို ဆင်ခြင်ဖို့လိုမယ်လို့ ဆိုတယ်။

လက်ရှိနိုင်ငံရေး အခြေအနေက အပြာင်းအလဲ ဖော်ဆောင်နေတဲ့အချိန်ဖြစ်ပြီး တော်လှန်ရေးကာလမှာလည်း လူမျိုးစုံ၊ ဘာသာစုံ၊ လူတန်းစားပေါင်းစုံက ပါဝင်နေတဲ့အချိန်ကာလမှာ ဒီလိုခွဲခြားမှုအစွဲတွေ ရှိနေတာက ရှက် စရာအနေနဲ့ မှတ်ယူသင့်နေပြီလို့ ယင်းဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလုပ်ဆောင်သူ အမျိုးသမီးက ဆိုတယ်။

“ဒီမိုကရေစီ လိုချင်ရင် မိမိကိုယ်တိုင်က စတင်ရမှာ ဖြစ်ပါတယ်။ ခွဲခြားမှုကို လျော့နည်းအောင်၊ စစ်အာဏာ ရှင်ကို တွန်းလှန်ရင်း ဒီအယူအဆစွဲတွေကိုပါ တွန်းလှန်မှာပါ”လို့ ယင်းကဆိုတယ်။

လက်ရှိမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ တော်လှန်တာနဲ့အတူ ဘာသာ ပေါင်းစုံ ချစ်ခင်စည်းလုံးဖို့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှု ပပျောက်စေဖို့နဲ့ အခြားရှေးရိုးစွဲ အမူအကျင့်တွေ၊ အယူဝါဒတွေကိုပါ ပြောင်းလဲဖို့ကြိုးစားနေချိန်မှာ ဒီလိုဘာသာရေး ခွဲခြားမှုတွေ မရှိသင့်တော့ဘူးလို့ မရတီက ပြောပါတယ်။

“သူ့ယဉ်ကျေးမှုလည်း ကိုယ်လေးစားမယ်၊ ကိုယ့်ယဉ်ကျေးမှုကိုလည်း လေးစားမယ်၊ အဲ့ဒီလိုနေလို့ရတာပဲ။ ရန်ကုန်မြို့မှာတောင် အဲဒီလိုခွဲခြားမှုတွေရှိရင် နယ်တွေမှာပိုဆိုးတာပေါ့” လို့ ဆိုတယ်။

မရတီကိုယ်တိုင်လည်း အစ္စလာမ်ဘာသာဝင်ဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူက ဗုဒ္ဓဘာသာဝင်ဖြစ်သလို၊ မရတီ သူငယ်ချင်း၊ မိတ်ဆွေအများစုကလည်း ဗုဒ္ဓဘာသာဝင်ဖြစ်တာကြောင့် သူတို့နဲ့အတူတူ သွားလာနေထိုင်၊ စား သောက်တာတွေရှိခဲ့ပြီး ကိုးကွယ်ယုံကြည်မှု တစ်ခုကလွဲရင် ကျန်တာ မြန်မာလူမျိုးတွေနဲ့မခြား အခြားဘာသာ ဝင်တွေနဲ့မခြားပဲ နေထိုင်ကျင့်သုံးဖြစ်တာလို့ ဆိုတယ်။

“ညီမအပါအဝင် အစ္စလာမ်ဖြစ်လာတဲ့သူ တော်တော်များများက ဒီနိုင်ငံမှာမွေးပြီး ဒီမှာပဲကြီးလာတာ၊ ကိုး ကွယ်မှု ဘာသာသာမတူတာ၊ မြန်မာလူမျိုးပဲ။ မှတ်ပုံတင်မှာလည်း မြန်မာလူမျိုး။ အဲ့ဒီတော့ ခွဲခြားဆက်ဆံခံရ တာ အဆင်မပြေဘူး”လို့ ဆိုတယ်။

ဘာသာလူမျိုး ခွဲခြားမှုတွေကို နောင်လာမယ့် မျိုးဆက်တွေအထိ ပါမလာစေချင်တော့ဘူးလို့ မရတီက ဆက် ပြောပါတယ်။

“တကယ်တော့ ဒါကြီးက မကောင်းတဲ့ဓလေ့ပါ။ တကယ်ဆို အကုန်လုံး ဖေးဖေးမမနဲ့ တစ်ဦးနဲ့တစ်ဦး ကူညီပြီး သွားရမှာ”လို့ မရတီက ပြောတယ်။

စစ်အာဏာရှင်အဆက်ဆက်က ဘာသာရေးကို လက်ကိုင်တုတ်လိုသဘောထားပြီး ခွဲခြားဖိနှိပ်မှုတွေ လုပ် ဆောင်ခဲ့တဲ့ အကျိုးဆက်တွေကြောင့် လွန်ခဲ့တဲ့နှစ်တွေမှာ ဘာသာရေးမုန်းတီးမှု၊ ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အားလုံးက အပြောင်းအလဲဖော်ဆောင်ဖို့ ကြိုးပမ်းနေတဲ့အတွက် ဒီလိုခွဲခြားမှုတွေကို လည်း တော်လှန်ဖို့ လိုတယ်လို့ ဆက်ပြောတယ်။

အာဏာရှင်ကို တော်လှန်တဲ့ခရီးမှာလည်း ဘာသာလူမျိုးမခွဲခြားပဲ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ပါဝင် တော်လှန်နေကြသလို၊ တော်လှန်ရေးလမ်းခုလတ်မှာ အသက်ပေးသွားတဲ့ အစ္စလာမ်ဘာသာဝင်တွေ၊ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အစ္စလာမ်ဘာသာဝင်တွေလည်း အများအပြား ရှိနေပါတယ်၊

စစ်အာဏာရှင်ကို တော်လှန်မှုနဲ့အတူ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုတွေကိုပါ တပါတည်း တော်လှန်ရမှာ ဖြစ်ပြီး မတူညီမှုတွေကို လက်မခံနိုင်ဘဲ အမြစ်တွယ်လာခဲ့တဲ့ ခွဲခြားမှုအစွဲတွေကို ပပျောက်သွားနိုင်ဖို့ ပြည်သူ ပြည်သားအားလုံး ကြိုးစား လုပ်ဆောင်ဖို့လိုမယ်လို့ မရတီကပြောတယ်။

Author:

Related Articles