Home ဆောင်းပါး ဒေါ်မာလွတ်နှင့် စစ်ပွဲကြားက အမျိုးသမီးများ

ဒေါ်မာလွတ်နှင့် စစ်ပွဲကြားက အမျိုးသမီးများ

နန်းဆိုင်နွမ်။            ။

ငါမရတော့ဘူး။ ငါ့ကိုထားခဲ့တော့

ထိုစကားသည် အသက် (၆၀)အရွယ် ဒေါ်မာလွတ်၏ နောက်ဆုံးထွက်သက်စကားဖြစ် သည်။

ဒေါ်မာလွတ်သည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့က ရှမ်းပြည် နယ်၊ မိန်ပိန်းကျေးရွာတွင် အခြားအဘွား(၉)ယောက်နှင့်အတူ တောင်ယာစပါးသွားစုပြီး အိမ်အပြန် လမ်းခရီးတွင် မထင်မှတ်ဘဲ ကံဆိုးမိုးမှောင်ကျခဲ့ခြင်းဖြစ်သည်။

အိမ်သို့ပြန်ရာလမ်းတွင်  တိုင်းရင်းသားလက်နက်ကိုင်တစုနှင့် ထိပ်တိုက်တိုးခဲ့သည့်အခါ  ငါတို့ကို မပစ်နဲ့၊ မပစ်ပါနဲ့။ ငါတို့က ပြည်သူလူထုတွေပဲ။ တောင်ယာက ပြန်လာတာ ဟု ရှမ်းဘာသာစကားဖြင့် အော်ဟစ်ပြောဆိုခဲ့ကြသည်။

သို့သော်  တဖက်မှ သေနတ်ဖြင့် တုန့်ပြန်မှုကြောင့်  ဒေါ်မာလွတ်ကို ကျည်ဆံထိမှန်ခဲ့ပြီး “ငါမရတော့ဘူး။ ငါ့ကိုထားခဲ့ ” ဟူသည့်စကားဖြင့် ထိုနေရာတွင် လဲကျကျန်နေခဲ့သည်။

ဒေါ်မာလွတ်သည် အသက်(၆၀)အရွယ် အမျိုးသမီးကြီးဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း၊ လား ရှိုးမြို့နှင့် (၁၂)မိုင်ဝေးကွာသည့် မိန့်ပိန်းကျေးရွာတွင် နေထိုင်သူတဦး ဖြစ်သည်။

အဖြစ်အပျက်များကို ဒေါ်မာလွတ်နှင့်အတူ လိုက်ပါသွားသည့် အသက်(၆၂)နှစ်ရှိ အစ်မ ဖြစ်သူ  ဒေါ်မာရွယ်က ပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည်။

“ သူ(ဒေါ်မာလွတ်)က ငါမရတော့ဘူးလို့ပြောပြီး လဲနေရာက ထလည်းမထတော့ဘူး။ ကျမတို့လည်း သူ့ကို ချီလို့မရ၊ ပွေ့သွားလို့၊ မရဘူးလေ။ အားလုံးရွာဖက်ကို ထွက်ပြေး လာခဲ့တယ်” ဟု ဒေါ်မာရွယ်က စိတ်ပျက်ဝမ်းနည်းစွာ ရင်ဖွင့်ပြောပြခဲ့သည်။

တိုက်ပွဲခေတ္တငြိမ်နေချိန်တွင် လှန်းထားသည့်တောင်ယာစပါးများကို သွားရောက်စုကြမည် ဆိုပြီး အသက်အရွယ်ကြီးသည့်သူများက လူစုကာ သွားခဲ့ကြခြင်းဖြစ်သည်။

ထိုနေရာသို့သွားသည့်အခါ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ထိတွေ့မှု ရှိလာပါက အရပ်သား ပြည်သူဟု သိသာထင်ရှားစေရန်  အရောင်တောက်နေသည့် အဝတ်အစားများ ဝတ်ဆင် ပြီး  ခမောက်ဆောင်းကာ သွားကြခြင်းဖြစ်သည်။

“ အဲဒီနေ့ ကျမတို့က  သေနတ်သံမကြားခင် ခဏလေးဆိုပြီး စပါးသွားစုကြတာ။  မပစ်နိုင် ပါဘူးလေဆိုပြီးသွားကြတာ။ အရောင်တောက်တောက်တွေဝတ်တယ်။ ခေါင်းပေါင်းထား တယ်။ ခမောက်တွေကိုလည်း ကိုင်ထားတယ်” ဟု ဒေါ်မာရွယ်က ဖြစ်ခဲ့သည့် အဖြစ်အ ပျက်ကို ပြန်လည် ပြောပြနေသည်။

ဒေါ်မာလွတ်လဲကျပြီး ကျန်နေခဲ့သည့်နေရာကို အောက်တိုဘာ(၂၇)ရက်နေ့ မနက်ပိုင်း တွင် ကျေးရွာဒေသခံများ ပြန်သွားကြည့်ချိန်၌ ဆီးအိုင်၊ သွေးအိုင်ထဲတွင် သေဆုံးနေသည် ကို တွေ့မြင်ခဲ့သည်။

ဒေါ်မာလွတ်ကို  ထိုနေရာတွင်သာ မြေမြုပ်သဂြိုၤလ်ခဲ့ကြကြောင်း ဒေါ်မာရွယ်က ဝမ်းနည်း စွာဖြင့် ပြန်လည်ပြောပြသည်။

စစ်ဒဏ်ကြောင့် မိခင်(ဒေါ်မာလွတ်)နှင့် လသားအရွယ် သမီးငယ်ကို ဆုံးရှုံးခဲ့ရသည့် အ သက်(၂၈)နှစ်အရွယ် မထုဆိုင်းတယောက်ကတော့ ယနေ့ထိ သူမမိခင်နှင့်ကလေးငယ် တို့ ဖြစ်ပျက်ခဲ့သည်များကို မျက်စိတွင် မြင်ယောင်နေဆဲဟု ဆိုပါသည်။

အမေကလည်း သေနတ်ကျည်ထိမှန်ပြီး ဆုံးသွားတယ်။ ကျမသမီးလေးကတော့ စစ် ရှောင်ရတဲ့အချိန် လသားအရွယ်မှာ မိုးရေထဲ စစ်ပြေးရင်းနဲ့ နေမကောင်းဖြစ်ပြီး ဆုံးသွား တယ်ဟု မထုဆိုင်းက ပြောပြသည်။

အောက်တိုဘာလဆန်းပိုင်းမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် ရှမ်းပြည်ပြန်လည် ထူ ထောင်ရေးကောင်စီ-ရှမ်းပြည်တပ်မတော်  (RCSS/SSA)  တို့ တိုက်ပွဲဖြစ်ပွားသဖြင့် မန် ပိန်း(အထက်)ကျေးရွာကိုစွန့်ခွာကာ တမိုင်နီးပါးခန့်ဝေးကွာသည့် မန်ပိန်း(အောက်) ကျေး ရွာသို့ ပြောင်းရွှေ့ခဲ့ရသည်။

ထိုသို့ စစ်ရှောင်လာချိန်တွင်  မိခင်(ဒေါ်မာလွတ်)တယောက် သူတို့နှင့်အတူ ရှိနေပြီး လသားအရွယ် အမြွှာကလေးများကို ချီပိုးကာ မိုးရေထဲမှ ထွက်ပြေးခဲ့ရကြောင်း လွန်ခဲ့ သည့် (၆)လခန့်က အဖြစ်အပျက်ကို မထုဆိုင်းက ပြန်ပြောပြသည်။

“ ကျမတို့ စစ်ဘေးရှောင်ခဲ့တဲ့အချိန်တုန်းက အမေ(ဒေါ်မာလွတ်) ရှိသေးတယ်။ ကျမရဲ့ အမြွှာကလေး(၁)ယောက်ကိုတောင် အမေက ချီလာပေးတယ်။ ကျမတို့စစ်ဖြစ်လို့ ထွက် ပြေးတဲ့နေ့က မိုးတွေ အရမ်းရွာတော့ ကလေးတွေလည်း မိုးမိပြီး ရေစိုတယ်။ သမီးလေးက မိုးရေကြောင့်ပဲ နေမကောင်းဖြစ်ပြီး ဆုံးသွားတယ်” ဟု မထုဆိုင်းက မျက်ရည်ကျကာ ပြန်လည်ပြောပြသည်။

စစ်ဒဏ်ကြောင့် မိခင်နှင့် လသားသမီးငယ်ဆုံးရှုံးရသည့်အပေါ် မည်သည့်လက်နက်ကိုင် အဖွဲ့မှ တာဝန်ယူဖြေရှင်းပေးခြင်းမရှိသည့်အပြင် လက်ရှိမှာလည်း အချိန်မရွေး တိုက်ပွဲပြန် ဖြစ်မည်ကို စိုးရိမ်နေရသည်ဟု မထုဆိုင်းက ဆိုသည်။

“စစ်ကြောင့် ကျမသမီးရော အမေရော ဆုံးသွားတယ်။ ကျမတို့ဆီကို ဘယ်အဖွဲ့မှ လာပြီး အားပေးစကားပြောတာ မရှိဘူး။  လျော်ကြေးငွေလည်း မရဘူး” ဟု မထုဆိုင်းကဆိုသည်။

ထိုနည်းတူ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ(၁၆)ရက်နေ့ ညနေပိုင်းတွင် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တခု၏ ပစ်ခတ်မှုကြောင့် အသက်(၃၀)ကျော် မန်ပိန်းစစ်ရှောင်စခန်းမှ ဒေါ်ခွန် မိုင်၏ခင်ပွန်းသည်လည်း သေဆုံးခဲ့သည်။

“ ကျမယောက်ျားက ရွာအုပ်ချုပ်ရေးမှူး၊ အိမ်ကနေအပြန် လမ်းမှာ သေနတ်ပစ်ခံရတာ။ အဲဒီလိုဖြစ်တုန်းက ကျမလားရှိုးမှာ ကျမ်းစာသင်တန်းသွားတက်နေတဲ့အချိန်…” ဟု ဒေါ် ခွန်မိုင်က ပြောသည်။

မန်ပိန်းကျေးရွာပတ်ဝန်းကျင်သည် RCSS /SSA  တပ်များလှုပ်ရှားသည့်နေရာဖြစ်သည်   ဟု ဒေသခံများက ပြောဆိုသည်။

လက်ရှိမှာတော့ ဒေါ်ခွန်မိုင်တယောက် ကလေး(၄)ယောက်နှင့်ကျန်ခဲ့ပြီး စားဝတ်နေရေး အတွက် ခက်ခဲစွာ ရုန်းကန်နေရသည်။

“ ကလေးအဖေတွေ ရှိတုန်းက သူပဲရှာကျွေးခဲ့တာ။ သူက တရုတ်ပြည်မှာ အလုပ်လုပ် တယ်။ တောင်ယာချိန်ဆို ပြန်လာပြီး ကျမနဲ့အတူတူ တောင်ယာလုပ်တယ်။ သူမရှိရင် ကလေးတွေနဲ့ ကျမ ဘယ်လို ရှေ့ဆက်သွားရမှာလဲ” ဟု ဒေါ်ခွန်မိုင်က ရှိုက်ငိုလျက် ဆက် ပြောသည်။

လက်ရှိ မန်ပိန်း(အောက်)ကျေးရွာကို စစ်ရှောင်များပြောင်းရွှေ့လာသည်မှာ (၅)လကျော် ကြာမြင့်လာသော်လည်း ထောက်ပံ့ငွေများ လစဉ်ပုံမှန်မရသဖြင့် စစ်ရှောင်များသည် ထင်း ခြောက်ကောက်ကာ ရောင်းစားနေရသည်ဟုလည်း ဒေါ်ခွန်မိုင်က ပြောပြသည်။

Photo: Nang Seng Nom (HI)

“ ကျမတို့ ဒီကလူတွေက ထင်းခြောက်ကောက်ရောင်းကြတယ်။ အဝေးကြီးလည်း သွား မကောက်ရဲဘူး။ မိုင်းတွေ၊ စစ်သားတွေနဲ့ တွေ့မှာကြောက်တယ်။ အခုနောက်ပိုင်း ထင်း တွေလည်း မရတော့ စားဖို့က ခက်ပြီလေ” ဟု ကလေး(၄)ယောက်မိခင် ဒေါ်ခွန်မိုင်က ငြီး တွားနေသည်။

သူမအနေဖြင့် ကလေးငယ်(၄)ဦး ပညာသင်နိုင်ရေးအတွက် တရုတ်ပြည်သို့ အလုပ်သွား လုပ်ရန်  စဉ်းစားနေကြောင်း၊ သူမတယောက်တည်းအားဖြင့် တောင်ယာလုပ်ရန်လည်း မဖြစ်နိုင်ကြောင်း ဒေါ်ခွန်မိုင်က ဆက်ရှင်းပြသည်။

“ တရုတ်ပြည်သွားဖို့ အစီအစဉ်တော့ရှိတယ်။ ဒီမှာ ကျမရှာလည်း မရှာရဲတော့ဘူး။ တောင် ယာလုပ်မယ်ဆိုရင်လည်း တယောက်တည်း မလုပ်ရဲဘူး” ဟု သူမကပြောသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုး ပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းများ ပိုမိုလှုပ်ရှားလာ ကာ တိုင်းရင်းသားအချင်းချင်း တိုက်ပွဲများ မကြာခဏဖြစ်ပွားမှုကြောင့် အရပ်သား ပြည်သူ များအတွက် စားဝတ်နေရေး ခက်ခဲလာသည်။

“ ခါတိုင်းဆို ကျမ တောထဲမှာ ဟင်းရွက်လိုက်ရှာတယ်။ အခုတော့ မသွားတော့ဘူး။ ရှိတာ ပဲစားမယ်။ ဆားနဲ့ပဲစားရ စားရ” ဟု ဒေါ်ခွန်မိုင်က ဆိုသည်။

လက်နက်ကိုင်အဖွဲ့များ ရှိနေခြင်း၊ မြေမြုပ်မိုင်းကြောင့် အသက်ဆုံးရှုံးမှုများ မကြာခဏ ဖြစ်နေခြင်းတို့ကြောင့် ရွာသားများ မသွားရဲမလာရဲဖြစ်နေကြသည်။

တဖက်တွင်လည်း  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းဖြစ်သည့် တိုက်ပွဲများ သည် လူမျိုးရေးပဋိပက္ခပုံစံ အသွင်ပြောင်းလာမည်ကို အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများက စိုးရိမ်ပူပန်နေကြသည်။

ထိုဒေသတဝိုက်တွင် တအာင်း(ပလောင်)နှင့် ကချင်လူမျိုးများ အသတ်ခံရ၊ ဖမ်းဆီးခံရ ပါက RCSS/SSA လက်ချက်ဟု ပြောဆိုနေကြသလို  ရှမ်းလူမျိုးများ အဖမ်းခံရလျှင် TNLA လက်ချက်ဟု အပြန်အလှန်စွတ်စွဲပြောဆိုနေကြသည်ကို တွေ့မြင်ရသည်။

“ ကျမတို့က လူမျိုးရေးအသွင် ပဋိပက္ခတွေ မဖြစ်စေချင်ဘူး။ လူတွေက ဒုက္ခရောက်နေ တာ၊ အဖမ်းခံရတယ်။ ပြေးရတယ်။ စစ်ဘေးခံနေရတာ ကျမကိုယ်ချင်းစာနာတယ်။ လက် နက်ကိုင်အချင်းချင်းဖြစ်တဲ့ ပဋိပက္ခကလည်း လူမှုအဖွဲ့အစည်းကို မထိခိုက်စေချင်ဘူး” ဟု လားရှိုး အခြေစိုက် ရှမ်းလူမှုအဖွဲ့အစည်းမှ နန်းစံပယ်က ပြောသည်။

ပြဿနာတခုခုဖြစ်ပါက ပထမဆုံးအနေဖြင့် သေချာသည့်ဆန်းစစ်မှုများပြုလုပ်ပြီး မှန်ကန် သောသတင်းအချက်အလက်ကိုသာ ပြောကြရန်နှင့် ထင်ကြေးဖြင့် ပြောဆိုပါက ပဋိပက္ခ ပိုမိုကြီးထွားလာနိုင်သည်ဟုလည်း နန်းစံပယ်က သုံးသပ်ပြောဆိုသည်။

ဆက်လက်ပြီး “အားနည်းတဲ့အမျိုးသမီးတွေကို အနိုင်ကျင့်တယ်ဆိုတာ မိမိကိုယ်မိမိ အ ကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာလိုက်သလို ဖြစ်သွားတယ်။ တပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာကို ကျ စေတယ်။ အမျိုးသမီးတွေကို အကာအကွယ်မပေးဘူးဆိုရင် မိမိအဖွဲ့ဂုဏ်သိက္ခာကို ထိ ခိုက်မယ်” ဟု နန်းစံပယ်က ပြောဆိုလိုက်သည်။

တိုက်ပွဲများကြောင့် အမျိုးသမီးများ၏ဘဝသည် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း၊ လုံခြုံမှု မရှိသလို စားဝတ်နေရေးအတွက် အာမခံချက်လည်း မရှိကြောင်း တအာင်း (ပလောင်) အမျိုးသမီးအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ လွေးချယ်ရီက ပြောသည်။

တိုက်ပွဲများဖြစ်နေသရွေ့ အမျိုးသမီးများသည် ဓားစာခံများအဖြစ် ဆက်လက်အသုံးချခံ နေရမည်ဟုလည်း လွေးချယ်ရီက  မှတ်ချက်ပြုလိုက်သည်။

တိုက်ပွဲဖြစ်နေသရွေ့ အမျိုးသမီးတွေနဲ့ ကလေးတွေဘဝ ဓားစာခံဆက်ဖြစ်မယ်။ နေထိုင် တဲ့ပတ်ဝန်းကျင်ကလည်း တိုးတက်လာမှာ မဟုတ်ဘူး” ဟု လွေးချယ်ရီက ဆက်ပြော သည်။

သျှမ်းပြည်မြောက်ပိုင်းတွင် ယခုနှစ်များအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အချင်းချင်း တိုက်ပွဲများဖြစ်ပွားကာ  အမျိုးသမီးနှင့် ကလေးငယ်များ အသက်ဆုံးရှုံးနေ ရပြီး စစ်ဘေးနှင့်ရင်ဆိုင်နေရသဖြင့် လက်ရှိကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ရာစုပင်လုံညီလာခံ) ကိုလည်း ယုံကြည်မှု အားနည်းနေသည်။

“ အရင်က သေနတ်သံမကြားရဘူး။ အေးချမ်းတဲ့နယ်မြေဖြစ်တယ်။ လက်မှတ်ထိုးပြီး နောက်ပိုင်းမှ ဖြစ်လာတယ်။ အခုလိုဖြစ်တော့ ကျမတို့ငြိမ်းချမ်းရေး ညီလာခံကို ဘယ်လို ယုံကြည်ရမှာလဲ” ဟု မိခင်နှင့်  လသားအရွယ်သမီး ဆုံးရှုံးခဲ့ရသည့် မထုဆိုင်းက ဝမ်း နည်းစွာဖြင့် ပြောဆိုသည်။

သေနတ်သံကျည်ဆံကြားမှ ထွက်ပြေးလွှတ်မြောက်လာသည့် အသက်(၆၂)နှစ်အရွယ် ဒေါ်မာရွယ်ကလည်း တုန်ရီနေသည့်အသံဖြင့် ယခုလိုမှတ်ချက်ပြုသည်။

“ ကျမတသက်မှာ တခါမှ မကြုံဖူးဘူး။ ငယ်ငယ်တုန်းကဖြစ်တာက တောထဲမှာ ဖြစ်တာ လေ။ အခုဖြစ်သလို တကယ်ရွာသားကို ဒဲ့ပစ်တာ မရှိဘူး။ အဖွားကတော့ တိုက်ပွဲတွေ ဆက်မဖြစ်ပါနဲ့လို့ပဲ ပြောချင်တယ်”

Author:

Related Articles