Home ဓါတ်ပုံ အက်ဆေး ပေါင်းလောင်းဆည် တည်ဆောက်မှု နောက်ကွယ်က ကယန်းအမျိုးသမီးများ

ပေါင်းလောင်းဆည် တည်ဆောက်မှု နောက်ကွယ်က ကယန်းအမျိုးသမီးများ

ရွှေ့ပြောင်းကျေးရွာသစ်တခုဖြစ်သည့် အမှတ် (၆) ရပ်ကွက်…
အိမ်၊ ခြံနှင့် ပုံမှန်မလာသော လျှပ်စစ်မီးရှိသော်လည်း အသက်မွေးဝမ်းကျောင်းလုပ်ငန်း မရှိသော ရွာသစ်…
ရွာဟောင်းတွင် ဟင်းသီးဟင်းရွက်ရှာရန် လှေကြုံလိုက်လာကြသော ကယန်းအမျိုးသမီးများ…
ရေအောက်ရောက်သွားခဲ့သော ရွာဟောင်းများ၊ စေတီများ…
ရေအောက်ရောက်သွားခဲ့သော ရွာဟောင်းများ…
တောတောင်များ၊ လယ်ကွင်းများနှင့် ရေချောင်းများဖြင့် သာယာစိမ်းလန်းနေသည့် ကယန်းလူမျိုးများ နေ ထိုင်သည့် ရွာဟောင်းတစ်ရွာ…
စက်လှေမှ ဆင်းသည်နှင့် လယ်ကွင်း/ တောတောင်/ ချောင်းရိုးတလျှောက် ဟင်း သီးဟင်းရွက်များ၊ ငါးပုဇွန်များ ရှာဖွေကြေသည်...
စက်လှေမှ ဆင်းသည်နှင့် လယ်ကွင်း/ တောတောင်/ ချောင်းရိုးတလျှောက် ဟင်း သီးဟင်းရွက်များ၊ ငါးပုဇွန်များ ရှာဖွေကြေသည်...
ကျေးရွာနဲ့ လယ်ကွင်းများကို ဖြတ်သန်းစီးဆင်းနေသော စမ်းချောင်းအတွင်း ငါးဖမ်းနေသော အမျိုးသမီး…
ဖမ်းရသော ငါး၊ ပုစွန်များ...
ဟင်းရွက်များများရပါက မီးဖိုချောင်အသုံးစရိတ်အတွက် ရောင်းချကြပြီး အနည်းငယ်သာ ရရှိပါ က အချင်းချင်း ဝေမျှစားကြသည်။
ရွေ့ပြောင်းခံ ကယန်းအမျိုးသမီးများ ရွာဟောင်းမှ ဟင်းသီးဟင်းရွက်ခူးကာ ရွေ့ပြောင်းကျေးရွာသစ်သို့ ပြန်လာစဉ်…

မယ်လွန်း။                 ။

လွန်ခဲ့သော ၂၀၀၄ ခုနှစ်မှ စတင်ကာ ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော အထက်ပေါင်းလောင်း ဆည် စီမံကိန်းကြောင့် ဆည်အနီးတဝိုက် နေထိုင်ကြသော ကျေးရွာပေါင်း (၂၃)ရွာသည် ၂၀၁၃ ခုနှစ်တွင် သတ်မှတ်ထားသော လျော်ကြေးငွေများဖြင့် ပေါင်းလောင်းဒေသရှိ အခြားရေလွှတ်ရာသို့ နေရာပြောင်း ရွှေ့ခဲ့ကြရသည်။ ပြောင်းရွှေ့ခံရသော ကျေးရွာများထဲတွင် ကယန်းလူမျိူးများမှာ လူနည်းစုဖြစ်ကြသည်။

စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့် ပြောင်းရွှေ့ခံရသူ ရွာသူရွာသားများသည် နေရာသစ် တွင် အိမ်ဆောက်ရန် မြေတကွက်၊ အိမ်တလုံးနှင့် လျှပ်စစ်မီး ရရှိကြသော်လည်း အများစုမှာ စိုက်ပျိုးမည့် မြေနေရာမရှိသည့်အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးကာ အစာရေစာပြတ်လပ်မှုများနှင့် ရင်ဆိုင်နေကြရသည်။

ရွာအများစုမှာ လုံးဝရေအောက်ရောက်သွားခဲ့ပြီး ရေမမြုပ်သော်လည်း ရေလွှမ်းမိုးနိုင်ချေရှိသောကြောင့် ပြောင်းရွှေ့ခံခဲ့ရသည့် လုံကဲကျေးရွာမှ ကယန်းလူမျိုးများလည်း ထိုအခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးခဲ့ကြသည့် ကယန်းအမျိုးသမီးများသည် နေ့တဓူ၀ ဟင်းစား ရရန် အတွက် ရွှေ့ပြောင်းရွာသစ်မှ ရွာဟောင်းရှိရာသို့ စက်လှေဖြင့်လည်းကောင်း၊  စက်လှေစရိတ် အသွားအပြန် ကျပ်(၄၀၀၀)မပေးနိုင်သူအဖို့ ခြေလျင်ဖြင့် အသွားအပြန် (၄ – ၅)နာရီကြာသွားရကာ အလေ့ကျပေါက်သည့် ဟင်းရွက်များ၊ ငါးများ ရှာဖွေပြီး ရာင်းစားခြင်း၊ အိမ်နီးနားချင်းများသို့ ဝေမျှယူခြင်းများ ပြုလုပ်ကြသည်။

Related Articles