







မယ်လွန်း။ ။
ယနေ့ မေလ (၁)ရက်နေ့တွင်ကျရောက်သော (၁၂၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် အလုပ်သမားသမဂ္ဂများနှင့် အရပ်ဖက်လူမှုအဖွဲ့အ စည်းများက ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ရန်ကုန်မြို့ရှိ စက်ရုံအသီးသီးများ အလုပ်သမားများ ထောင်ကျော် တက်ရောက်ခဲ့ကြသည်။ တက်ရောက်သူအများစုမှာ အမျိုးသမီးအလုပ်သမားများဖြစ်ကြသည်။ အခမ်းအ နားတွင် အစိုးရဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များမှ အမှတ်တရစကားပြောခြင်းနှင့် အလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးဆိုင်ရာ သရုပ်ဖော်ပြဇာတ် များ၊ သီချင်းများနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးမှုဆိုင်ရာ သရုပ်ဖော်ပြဇာတ်များကို တင်ဆက်ခဲ့ကြသည်။ ယနေ့ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် အဓိကအားဖြင့် မျှတသောအလုပ်ချိန်နှင့် လုံ လောက်သော လုပ်ခလစာ ရရှိရေးအတွက် အလုပ်သမားများမှ တောင်းဆိုခဲ့ကြသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021