ပစ်တိုင်းထောင်မ။ ။
မလွင်မာအောင်ဟာ အသက် (၃၃)နှစ် ရှိပါပြီ။ မန္တလေးမှာ အိမ်အကူအလုပ် လုပ်ဖူးပါတယ်။
မြေခြားနယ်ခြားမှာ အလုပ်လုပ်ရတဲ့ဘဝမှာ အိမ်ရှင်တွေက သူ့ကိုနှိမ်တယ် (ခွဲခြားဆက်ဆံတယ်) လို့ ပြော ပြပါတယ်။
“နောက်ဆုံး ရှင်းရှင်းပြောရရင် အိမ်ထဲမှာရှိတဲ့ အိမ်သာတောင် တက်ခွင့်မရှိဘူး”
မလွင်မာအောင်က သူအဝေးမှာ အလုပ်သွားလုပ်ရတဲ့ အခြေအနေတွေကို ပြန်ပြောပြတာပါ။
“မန္တလေးမှာ အလုပ်သွားလုပ်တယ်၊ ၂၇ လမ်း ၂၈ လမ်းကြားမှာ (၄)လလောက် လုပ်ခဲ့တယ်။ အလုပ်လုပ် တဲ့အချိန်မှာ အိမ်ရှင်နဲ့အဆင်မပြေတာပေါ့။ အိမ်ရှင်က ခွဲခြားဆက်ဆံတယ်။ အစစအရာရာခွဲခြားတယ်..”
အပြင်ထွက်ရင် ကလေးထိန်းဖို့လိုက်သွားရပြီး အပြင်ဆိုင်တွေမှာ စားသောက်ရင်လည်း လူတကာထိုင်ကြ တဲ့ဆိုင်ဖြစ်ပေမယ့် သူကတော့ ဆိုင်အပြင်မှာပဲ စားခွင့်ရတယ်လို့ ဆိုပါတယ်။
“ဆိုင်မှာ အစားအသောက်သွားစားကြရင် သူတို့က ဆိုင်ထဲမှာစားတယ်၊ ကိုယ်ကို ဆိုင်ရဲ့အပြင်မှာ ထိုင်စား ခိုင်းတယ်”
ကလေးထိန်း၊ အိမ်မှုကိစ္စတွေ အကုန်လုပ်ရပြီး ထိုင်နေရင် မကြိုက်ဘူး၊ တခုခုလုပ်နေမှ အိမ်ရှင်က ကြိုက် တယ်လို့ ဆက်ပြောပြပါတယ်။
“ညဆိုရင်လည်း (၁၁)နာရီ (၁၂)နာရီထိ၊ သူ့ကလေးအိပ်နေရင် ခြင်ဆေးထွန်းထားရင်တောင်မှ ကိုယ်က ယပ်ခတ်ပေးနေရတယ်။ နောက်ပြီးတော့ အဝတ်ဆိုရင်လည်း တထည်ချွတ်တာနဲ့ တထည်လျှော်ခိုင်းတာ၊ ထိုင်နေရင် လုံးဝမကြိုက်ဘူး၊ တခုခုကို လုပ်နေမှရတာ”
အလုပ်လုပ်ရတာ အဆင်မပြေတဲ့အဆုံး အလုပ်ထွက်ပြီး ရန်ကုန်ပြန်မယ့်အချိန်မှာ အရင်ခေါ်လာတုန်းက လစာ (၅)သောင်းပေးမယ်လို့သာပြောထားတာ၊ ခေါ်ဆောင်ခတွေ ပြန်ဖြတ်ဖို့ ဘာမှပြောထားဘူး၊ ဒါပေမယ့် ပြန်မယ့်အချိန်မှာတော့ အားလုံးဖြတ်တယ်၊ ဆင်ထားတဲ့အဝတ်တောင် ပြန်ယူထားတယ်လို့ ရှင်းပြပါတယ်။
“လခကိုလည်း ပထမက (၅)သောင်းပေးမယ်ပေါ့။ စပြီးခေါ်သွားတုန်းက ငါတို့ပို့တဲ့စရိတ်တွေ၊ လမ်းမှာစား သောက်ထားတဲ့စရိတ်တွေ ဖြတ်မယ်ဆိုတဲ့ သဘောတူညီချက် မရှိဘူးပေါ့နော်၊ ကိုယ်က အဆင်မပြေလို့ မလုပ်နိုင်တော့ဘူး၊ ပြန်မယ်ဆိုတော့ ရန်ကုန်ကနေခေါ်လာတဲ့စရိတ်၊ လမ်းမှာစားတဲ့စရိတ်တွေ အကုန်ဖြတ် တယ်၊ သူတို့ဆင်ထားတဲ့ အဝတ်တွေကိုလည်း ပြန်ယူထားတဲ့အပြင်ကို ပိုက်ဆံရမှာက (၈) သောင်းကျော် ကျော် (၉) သောင်းလောက်ရမှာကို ကျပ်(၁၂၀၀၀)ပဲ ပေးလိုက်တယ်။ နေမကောင်းလို့ ဆေးသွားထိုးတာ ကအစ အားလုံးဖြတ်တယ်”
သူ့ထက်အသက်ငယ်တဲ့ အိမ်ရှင်ဖြစ်ပေမယ့် တခါတရံ ကိုယ်ထိလက်ရောက်နာကျင်အောင် လုပ်တာမျိုး တွေ ရှိတယ်လို့ ပြောပါတယ်။
“တခါတလေကျရင် သူက ကိုယ့်ထက်ငယ်ပေမယ့် လက်တွေဘာတွေပါတာ”
အခုတော့ ရန်ကုန်မှာ ပြန်နေပါတယ်။ သံလျင်ကျူးကျော်ရပ်ကွက်တခုမှာ နေပါတယ်။ လောလောဆယ် ရန် ကုန်မှာနေပေမယ့် ဇာတိကတော့ ကရင်ပြည်နယ်က ဖြစ်ပါတယ်။ တနည်းပြောမယ်ဆိုရင်တော့ မလွင်မာ အောင်ဟာ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတယောက်ပဲဖြစ်ပါတယ်။
နိုင်ငံတကာ အလုပ်သမားများ အဖွဲ့ချုပ် (International Labour Organizing-ILO) ရဲ့ အမျိုးသား စီမံကိန်း ညှိနှိုင်းရေးမှူး မဝေနှင်းပိုကတော့ ရွှေ့ပြောင်းအလုပ်သမားဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အခုလို ရှင်းပြပါ တယ်။
“ရွှေ့ပြောင်းအလုပ်သမားဆိုတာ ကိုယ့်ရဲ့နယ်မြေဒေသကနေ အခြားနယ်မြေဒေသကို သွားရောက်အလုပ် လုပ်ကိုင်နေရသူကို ရွှေ့ပြောင်းအလုပ်သမားလို့ခေါ်တယ်။ ကိုယ့်နိုင်ငံကနေ အခြားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်တာလည်းပါသလို ပြည်တွင်းမှာပဲ ကိုယ့်ဒေသကနေ အခြားဒေသတခုကို သွားရောက်လုပ် ကိုင်သူတွေလည်း အကျုံးဝင်တယ်..”
အသက် (၁၂)နှစ်သာရှိသေးတဲ့ (၆)တန်းကျောင်းသူ ခင်မြတ်နိုးဟာလည်း လွင်မာအောင်လိုပဲ ကရင်ပြည် နယ်ကပါ။ လောလောဆယ် ရန်ကုန်မှာ နေပါတယ်။
ခင်မြတ်နိုးက အိမ်မှာငွေကြေးအဆင်မပြေလို့ ကျောင်းပိတ်ရက်တွေမှာ အပြင်အလုပ်လုပ်ရတယ်လို့ ပြောပြ ပါတယ်။
“အမေက နောက်ယောကျ်ားနဲ့၊ အစ်မကလည်း မုဆိုးမ၊ ကလေး (၂)ယောက်နဲ့ ရောဂါသည်၊ အဲဒါကြောင့် သမီးအလုပ်လုပ်ရတယ်။ ကျောင်းပိတ်ရက်မှာ သွားလုပ်တယ်၊ တနေ့ကို (၂၅၀၀) ကျပ်ရတယ်။ အလုပ်က အလှကုန်ဆိုင်မှာ၊ ညနေ (၆) နာရီအထိ မထိုင်ရဘူး၊ မတ်တတ်ပဲ ရပ်နေရတယ်။ လပြည့်နေ့ဆိုရင်တော့ ည (၁၁)နာရီလောက်အထိ လုပ်ရတယ်”
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ၂၀၁၅ ခုနှစ်အတွင်းက ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ အမျိုးသားတွေက ပျမ်းမျှခြင်းအားဖြင့် တလကို ကျပ်(၁)သိန်း (၂)သောင်းကျော်ရပြီး အမျိုးသမီးတွေက ပျမ်းမျှကျပ် (၈)သောင်းကျော်ရကာ ကလေးတွေကတော့ ကျပ် (၈)သောင်းအောက်သာ ရပါတယ်။
ခင်မြတ်နိုးကို ကလေးအလုပ်သမားအဖြစ် တွန်းပို့ခဲ့တာကတော့ ဆင်းရဲမှုပါ။
“ကျောင်းမှာဆိုလည်း သူငယ်ချင်းတွေက ဝိုင်းစတယ်။ ကိုယ်က အဆင်မပြေတော့ တခါတလေ ကျောင်း သွားရင် ထမင်းချိုင့်မပါဘူး၊ အဲဒီလိုဆို နင်ထမင်းချိုင့်မပါဘူးမို့လား သွား..သွားဆိုပြီး ပြောတယ်”
အိုင်အယ်လ်အိုရဲ့ စစ်တမ်းအရဆိုရင်တော့ အလုပ်ရှင်က နေရာမပေးထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဟာ အလုပ်လုပ်တဲ့နေရာအနီးမှာပဲ အာဏာပိုင်တွေကို လာဒ်ငွေပေးပြီး ကျူးကျော်တွေအဖြစ် ဖြစ်သလို တဲထိုးနေထိုင်ကြရတယ်လို့ ဆိုပါတယ်။ အဲဒီလိုမဟုတ်ခဲ့ရင်လည်း သူ့တို့တဲအိမ်တွေကို အာဏာပိုင်တွေက လာရောက်ဖျက်ဆီးမှာ အမြဲကြောက်လန့်နေကြရတယ်လို့ ဆိုပါတယ်။
ခင်မြတ်နိုးကတော့ သူမိဘတွေနဲ့အတူ ရန်ကုန်က ကျူးကျော်ရပ်ကွက်တခုမှာနေပြီး အလုပ်လုပ်၊ ကျောင်း တက်ရတာပါ။
“နေတာက ကျူးကျော်ထဲမှာ နေတယ်။ ကျောက်တန်း၊ ပဲလှော်ကုန်း၊ မြိုင်သာယာ (၂) လို့ခေါ်တယ်။ ကျူး ကျော်မှာနေတဲ့အချိန်ဆိုလည်း အေးဆေးမနေရဘူး၊ ဖျက်..ဖျက်ဆို ဖျက်ရတယ်၊ ဘာကားတွေနဲ့လည်း မသိ ဘူး၊ လာပြီး ဖျက်တာ.. မဖျက်ဘူးဆိုရင် ထောင်ဒဏ် (၃) နှစ်ဆိုလား ချမယ်တဲ့”
အသက် (၃၆)နှစ်အရွယ်ရှိ မဝင်းသီတာမိုးဆိုသူကတော့ ရပ်ကွက်ထဲမှာ အဝတ်လှည့်လျှော်သလို ကုမ္ပဏီ သန့်ရှင်းရေးလည်း လုပ်တယ်လို့ ဆိုပါတယ်။ သူကလည်း ကရင်ပြည်နယ်ကနေ ရန်ကုန်ကို ရောက်ရှိနေ ထိုင်သူတဦးပါ။
“အဝတ်လိုက်လျှော်တဲ့အလုပ်ကို ရှက်မိတယ်၊ အဝတ်သွားလျှော်ပြီးပြန်လာလို့ အိမ်ဘေးကလူတွေ မေးရင် ဖြေရမှာလည်းရှက်တယ်။ အဝတ်လိုက်လျှော်တဲ့ အိမ်တွေမှာ တချို့က ဘယ်လိုပြောမလဲ၊ ကိုယ်လျှော်နေ တုန်း လှမ်းပစ်ပေးတာတို့ ပစ်ချပေးတာတို့ဆို ကိုယ့်ရင်ထဲ တကယ်မကောင်းဘူး”
“ အဲဒီလိုအချိန်ဆို မလုပ်ချင်ဘူး၊ ဒါပေမယ့် သြော်… ငါဒါလုပ်မှ ငါ့သားသမီးတွေ စားရမှာပါလားဆိုပြီး အဲဒီ အတွေးနဲ့ပေါ့၊ ကိုယ့်ရပ်ကွက်မှာ အဝတ်လျှော်စားတယ်ပေါ့၊ ကလေးတွေကိုဆိုလည်း သူများက ပြောတယ် တဲ့၊ နင်အမေက အဝတ်လျှော်ကျွေးတာ ဘာအဆင့်အတန်းရှိလဲပေါ့”
ရပ်ကွက်ထဲလှည့် အဝတ်လျှော် အလုပ်လုပ်နေရသော်လည်း သမီးဖြစ်သူကို စိတ်မချလို့ စိတ်ချရတဲ့အိမ်မှာ အပ်ထားရတယ်လို့ ရှင်းပြတယ်။
“ သမီးအကြီးမလေးက (၁၇)နှစ်ပြည့်ပြီ၊ သူက ဉာဏ်ရည်သိပ်မပြည့်ဘူး၊ ကျောင်းတွေဘာတွေလည်း ထား လို့မရဘူး။ မနက်မိုးလင်းပြီဆိုတာနဲ့ ကျမက အိမ်တကာလိုက်လှည့်ရတာ၊ လှည့်ရတဲ့အခါကျတော့ ကိုယ့် သမီးလေးကို အိမ်မှာတယောက်ထဲ ထားခဲ့ရတာ စိတ်မချဘူး။ ရှင်းရှင်းပြောရရင် ကျမက နောက်အိမ် ထောင်နဲ့၊ သမီးလေးက ပထမအိမ်ထောင်နဲ့ရတာ။ ဒီကလေး (၃) နှစ်သမီးမှာ နောက်အိမ်ထောင်ပြုတာ အခု (၁၇)နှစ်ရောက်ပြီပေါ့။ ဘာပြဿနာမှ မရှိခဲ့ဖူးပေမယ့် စိတ်မချဘူး၊ ယောက်ျားက ညောင်းလို့ နှိပ်ခိုင်း ရင်တောင် သမီးကို မလုပ်ခိုင်းဘူး။ လူဆိုတာ ပြောမရဘူး၊ အခုဆိုရင် သက်ငယ်မုဒိမ်းမှုတွေပေါ်နေတဲ့အ ချိန်မို့ တော်တော်ကို စိုးရိမ်တယ်။ အိမ်မှာသူရှိရှိမရှိရှိ၊ သူတင်မဟုတ်ဘူး၊ ပတ်ဝန်းကျင်ကိုလည်း တကယ် စိတ်မချဘူး။ စိတ်မချတော့ စိတ်ချရတဲ့ ကိုယ့်သူငယ်ချင်းအိမ်မှာ သွား..သွားထားတယ်”
သူတို့လို အခက်အခဲတပွေ့တပိုက်နဲ့ ရုန်းကန်နေကြရတဲ့ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေအတွက် အထူးသီးသန့်အလုပ်လုပ်ပေးနေတဲ့ အဖွဲ့အစည်းတွေက မရှိသလောက်ပါပဲ။ ဒါပေမယ့် အခုတော့ ရောင် ခြည်လေးသမ်းလာပါတယ်။ ဒါကတော့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်အို) က ၂၀၁၇ ခုနှစ် မှာ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေအတွက် လုပ်ငန်းစဉ်တွေ စတင်လုပ်ကိုင်နေပြီလို့ ပြောလာလို့ပါ။
“ILO က အရင်လုပ်ဆောင်ခဲ့တာက ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တာကို ပိုပြီးဦးစားပေး လုပ်တယ်။ ဒါပေမယ့် ဒီလာမယ့် ၂၀၁၇ မှာ ပြည်တွင်းရွှေ့ပြောင်းသွားလာနေတဲ့ အလုပ်သမားတွေ အတွက်ပါ လုပ်မယ်။ ပြည်တွင်းမှာလည်း ရွှေ့ပြောင်းသွားလာတဲ့လုပ်ငန်းတွေက အများကြီးရှိတယ်ဆိုတော့ အဲဒီထဲကမှ အိမ်အကူအလုပ်သမားတွေအတွက် အရင်ဆုံးလုပ်ဆောင်ပေးဖို့ ရွေးချယ်ထားတယ်” လို့ အိုင် အယ်အိုရဲ့ အမျိုးသား စီမံကိန်းညှိနှိုင်းရေးမှူး မဝေနှင်းပိုက ပြောပါတယ်။
ILO အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဘယ်လိုကူညီမှုတွေ ပေးနေသလဲဆိုတာကိုလည်း ဆက်ရှင်း ပြပါတယ်။
“ILO မှာ လုပ်တဲ့ ပထမအပိုင်းကတော့ ကောင်းမွန်တဲ့ဥပဒေတွေ ပေါ်ထွက်လာဖို့၊ နည်းပညာပံ့ပိုးမှုတွေကို အစိုးရ၊ အလုပ်သမားအဖွဲ့အစည်း၊ အလုပ်ရှင်အဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်နေ တာရှိတယ်”
ဥပဒေပေါ်ပေါက်ရေးသာမက လက်တွေ့အထောက်အကူပေးနိုင်မယ့် အစီအစဉ်တွေကိုလည်း အာရုံစိုက်နေ ပါတယ်လို့ ပြောပြပါတယ်။
“ဒုတိယအပိုင်းက ဝန်ဆောင်မှုပေါ့။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဝန်ဆောင်မှုတွေ ဖြစ်ပေါ်လာဖို့၊ အဲဒါကိုလည်း အစိုးရနဲ့ပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမားထောက်ပံ့ရေးဌာနလိုမျိုး ဖွင့်လှစ်ပေးထားတယ်။ အခုအချိန်မှာ ရုံးပေါင်း (၅)ရုံးရှိလာပြီး မန္တလေး၊ မြင်းခြံ၊ မိတ္ထီလာ၊ ကျောက်ဆည်နဲ့ ထားဝယ်တွေမှာ စလုပ် နေတယ်”
“အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လေ့ကျင့်ပညာပေးရေးသင်တန်းတွေ လုပ်ပေးတာရှိတယ်။ ဒါ့အပြင် အစိုးရ ဌာနမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ ရွှေ့ပြောင်းသွားလာခွင့်အကြောင်းတွေကို လေ့ကျင့်ပညာပေးရေးသင်တန်းတွေ လုပ်နေတာလည်း ရှိတယ်။ ပြီးတော့ ILO အနေနဲ့က ဥပဒေပိုမိုကောင်းမွန်အောင် လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ (conversation) စကားပြောတာတွေ လုပ်တာလည်းရှိတယ်” ဟု မဝေနှင်းပိုမှ ဆက်ပြော ပါတယ်။
ILO အနေနဲ့ ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်သူတွေကိုပဲ ကူညီခဲ့တဲ့အလုပ်တွေ လုပ်ဆောင်ခဲ့ပေမယ့် ၂၀၁၇ မှာတော့ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေကိုပါ ကူညီသွားမှာဖြစ်သလို အထူးသဖြင့် အိမ်အကူ အလုပ်သမားတွေကို ဦးစားပေးရွေးချယ်ထားတယ်လို့ ပြောပြပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021