ကချင်မလေး၊ ရန်ကုန်။
“မြန်မာစစ်တပ်ဘက်က စစ်ကြောင်းလာနေပြီ၊ ဒီဘက်က ကေအန်ယူကလည်း ပစ်ဖို့အဆင်သင့်ဖြစ်နေပြီတဲ့၊ ကြားမှာက ..ငါတို့ရွာကလေး”
ပြီးတော့…..
“စစ်တပ်ကပြောတယ်၊ ဟိုဘက်မှာ ငပွေးတွေရှိတယ်၊ စစ်ဖြစ်တော့မယ်၊ နင်တို့ရွာကို ဒုက္ခပေးတော့မယ်ဆိုတော့ ငါက စစ်မဖြစ်အောင် (၄)လသားကလေးကို သူ့အဖေနဲ့ထားခဲ့ပြီး ကေအန်ယူကို မပစ်ဖို့ သွားတောင်းပန်မယ်ဆို ပြီး တောထဲကို တယောက်ထဲ ထွက်သွားလိုက်တယ်”
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တဂေးကျေးရွာကို (၁၄)နှစ်တိုင်တိုင် ရွာသူကြီးမအဖြစ် အုပ်ချုပ်လာ တဲ့ နော်လိုဝါးက သူ့အတွေ့အကြုံတချို့ကို ပြန်ပြောပြနေတာပါ။
ခုနက အဖြစ်အပျက်ကို ဆက်ပြောရာမှာတော့ KNU ကို သွားတွေ့ပေမယ့် သူတို့က အတွေ့မခံခဲ့ဘူးလို့ ပြောပါ တယ်။ “မြန်မာစစ်တပ်ကိုလည်း မတွေ့ဘူးလို့ ဘယ်ပြောရဲမလဲ”
ထိုသို့ပြောလိုက်လို့ လှမ်းပစ်လိုက်ခါမှ ရွာကိုထိမှာလည်း စိုးရိမ်တဲ့အတွက် စစ်တပ် ၂ တပ်အကြား အပြေးအ လွှား ခေါက်တုန့်ခေါက်ပြန်ပြေးပြီး အကြံထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ကေအန်ယူ ဘယ်မှာရှိလဲ ဆိုရင်တော့ မပြောတတ်ဘူး၊ ဒါပေမယ့် သူတို့က ရှိတယ်ဘဲပြောတယ်” မတေ့ွတဲ့ အ ဆုံးမှာ မြန်မာစစ်တပ်ကို “KNU က နင့်တို့ကို စောင့်ပြီးပစ်ဖို့ အဆင်သင့်လုပ်နေတယ်” လို့ပြောလိုက်ကာမှ စစ် ကြောင်းက လှည့်ပြန်သွားခဲ့တယ်လို့ ပြောပြပါတယ်။
အဲဒီနေ့က နို့စို့ကလေးငယ်ကို မိုးလင်းကတည်းက တကြိမ်သာ နို့တိုက်ဖြစ်ခဲ့တယ်လို့လည်း မှတ်မှတ်ရရ ပြန် ပြောပြပါသေးတယ်။ သူကြီးမနော်လိုဝါးဟာ သူမတို့ရွာကို ဓါးစာခံအဖြစ် မရောက်ရအောင် နို့စို့ကလေးငယ်အား ထားခဲ့ပြီး လက်နက်ကိုင်(၂)ဖွဲ့ကြား တိုက်ပွဲမဖြစ်ပွားရေးအတွက် သံတမန်လုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။
သူအုပ်ချုပ်တဲ့ကျေးရွာဟာ ကရင်အမျိုးသားလက်နက်ကိုင် (KNU) ထိန်းချုပ်တဲ့နယ်မြေဖြစ်ပြီး အိမ်ခြေ (၂၃၉) အိမ်ရှိပြီး လူဦးရေ (၁၃၀၂) ဦးရှိကြောင်းကို ထွေပြားမှု မရှိဘဲ တိတိကျကျဖြေကြားခဲ့ပါတယ်။
ကရင်ပြည်နယ် ဖြတ်(၄)ဖြတ်ကာလမှာ နော်လိုဝါးဟာ ကြာအင်းဆိပ်ကြီးမြို့မှာ (၅)တန်းကို နှစ်ဝက်ခန့်ထိ သာ သင်ယူနိုင်ခဲ့ပြီး၊ ဗမာစကားကို အဆင်ပြေချောမွေ့စွာ မပြောနိုင်ဘူးဆိုပေမယ့်လည်း ၂၀၀၂ ခုနှစ်တုန်းက သူသာလျှင် မြန်မာ့တပ်မတော်နှင့် ဆက်သွယ်နိုင်သူဖြစ်တဲ့အတွက် ရွာမှသင်းအုပ်ဆရာနှင့်တကွ ရွာသူရွာ သားများရဲ့ဆန္ဒဖြင့် သူကြီးမအဖြစ် ရွေးကောက်တင်မြှောက်ခံရသူဖြစ်တယ်။
နော်လိုဝါးမှာ သားသမီး(၅)ဦးရှိပြီး မိသားစု(၇)ဦးမှာ မိသားစုအရေးကို မိခင်တယောက်အနေနဲ့ လစ်လျူရှုထား ခဲ့ရပြီး ရပ်ရွာအရေးကို ရွာသူကြီးမအနေနဲ့ ဦးဆောင်နေရတာကြောင့် ဒီအလုပ်ကို ဆက်လုပ်ဖို့ အကြိမ်ကြိမ် လွန်ဆွဲခဲ့ရတယ် ပြောပြပါတယ်။
“ရွာကိစ္စတွေ လိုက်လုပ်နေရလို့ သားသမီးတွေ ထမင်းငတ်ရတဲ့အချိန်တွေ ရှိခဲ့တယ်”
ခင်ပွန်းသည်နှင့်လည်း မကြာခဏ စကားများခဲ့ရကြောင်းကို “ကလေးတွေနဲ့ မိသားစုကို အချိန်မပေးနိုင်မှုတွေ များလာတော့ ယောက်ျားကလည်း သည်းမခံနိုင်တော့ပဲ ပြောလာတဲ့အချိန်တွေဆို လင်မယားကြားမှာ စကား ကြမ်းကြမ်းတွေပြောပြီး စကားများရတယ်”။ “နင်ဟာအရမ်းပဲ သူကြီးမလုပ်ချင်တာပဲ၊ နင့်ထက်ဗမာစကားတတ် တဲ့လူတွေတောင် မလုပ်တာ၊ နင်ဟာ အိမ်မှာ မနေချင်လို့၊ အိမ်မှုကိစ္စ မလုပ်ချင်လို့၊ သားသမီးကို မထိန်းချင်လို့၊ အပြင်ထွက်ချင်လို့၊ အလေလိုက်ချင်လို့ဆိုပြီး အပြစ်တင်တာမျိုးလည်း ကြုံခဲ့ရတယ်” ဒီလို အချိန်မျိုးတွင် သူ့အ နေဖြင့် သူကြီးမအလုပ် ဆက်လုပ်နိုင်ဖို့ အင်မတန်မှ ဗျာများခဲ့ရပြီး ဝေခွဲမရဖြစ်ခဲ့ရကြောင်းနှင့် သားသမီးများ အပေါ် မိခင်ကောင်းတယောက်အနေဖြင့် တာဝန်မကျေခဲ့ရပုံကို စိတ်မကောင်းစွာနဲ့ပြောပြခဲ့ပါတယ်။
များသောအားဖြင့် သူ့အနေဖြင့် မိသားစုအရေးထက် ရွာအရေးကိုသာ ရွေးချယ်ခဲ့ရတယ်လို့ ပြောပြပါတယ်။
“စစ်တပ်က ရွာသူကြီး မရှိတဲ့ရွာဆို ပိုကြိုက်တယ်၊ ရွာသားတွေကလည်း ဟိုပြေးဒီပြေးနဲ့ ဒုက္ခသည်စခန်းကို ပြေးကြတဲ့သူနဲ့၊ ဘယ်သူမှ ရွာထဲမှာ ကောင်းကောင်းမနေရဘူး၊ အဲဒါကြောင့် သူကြီးမလုပ်ပြီး အားလုံးကောင်း ကောင်း နေနိုင်အောင်လို့ ဒီအလုပ်ကို လုပ်ခဲ့တာ” လို့ပြောပါတယ်။
ဒီလိုအခြေအနေမျိုးမှာ နော်လိုဝါးက ခင်ပွန်းသည်ရဲ့ နားလည်မှု၊ ဖေးမကူညီမှုသာမရှိခဲ့ရင် ဘယ်လောက်ပဲ စိတ် အားထက်သန်နေပေမယ့် လုပ်ဆောင်နိုင်မှာ မဟုတ်ကြောင်းနဲ့ ခင်ပွန်းသည်အား ကျေးဇူးတင်ကြောင်းကိုလည်း ပြောပါသေးတယ်။
“နင်က သဘောထားကောင်း၊ စိတ်ထားဖြူစင်လွန်းလို့သာ ငါသူကြီးမလုပ်နိုင်တာ၊ နင့်ကြောင့်သာ ငါသူကြီးဖြစ်ရ တာ” လို့ သူမခင်ပွန်းသည်ကို အမြဲပြောဖြစ်ကြောင်း ပြောပြပါတယ်။
ကေအန်ယူ(KNU)နဲ့ မြန်မာစစ်တပ်အကြား ငြိမ်းချမ်းရေးမရယူခင်အချိန်မှာ သူကြီးမအလုပ်ဟာ ပြဿနာ ပေါင်းစုံဖြေရှင်းရတဲ့ အလုပ်ဖြစ်တယ်လို့ ပြောပြပါတယ်။ “အများဆုံး ဖြေရှင်းရတဲ့ ပြဿနာတွေက ပေါ်တာတွေ၊ လုပ်အားပေးတွေ၊ ပေါ်တာဆွဲခံရတဲ့ ရွာသားတွေ ဒုက္ခမရောက်အောင်၊ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျား လေးပဲဖြစ်ဖြစ် အလှည့်ကျခေါ်ပြီဆိုလို့ရှိရင် ကိုယ်တိုင်လိုက်သွားတယ်” ၊ “စစ်ပွဲဖြစ်တဲ့နေရာအထိ ရောက်သွားပြီး ဒဏ်ရာရတဲ့ မြန်မာစစ်သားတွေကို လှည်းတွေနဲ့ သယ်လာခဲ့ရတယ်” သူကြီးကိုယ်တိုင်လိုက်သွားခြင်းကြောင့် နှိပ်စက်ခံရမှု မရှိပဲ လုပ်ဆောင်နိုင်ကြောင်းနှင့် တခါတရံမှာ “တခြားရွာက ရွာသားတွေကိုလည်း တခါတလေ သူ တို့ ငါ့ရွာသားတွေပါဆိုပြီး နှိပ်စက်မခံရအောင် လိမ်ပြီး စစ်တပ်ကို ပြောယူရတယ်”
တာဝန်ကျရာ မြန်မာ့တပ်မတော် တပ်မ ၂၂ နှင့် တပ်ရင်း ၂၈၃ တို့မှ ရွာသားများအား ပေါ်တာခေါ်ရာတွင် သူ ကိုယ်တိုင် လိုက်သွားခဲ့ဖူးကြောင်းလည်း ပြောပါတယ်။
“အမိုးမလိုက်နဲ့ လိုက်စရာမလိုဘူးလို့ပြောတယ်၊ ဒါပေမယ့် ငါသွားမယ်၊ ငါ့လူတွေ အမျိုးသမီးပါတယ်၊ အမျိုး သားတွေပါတယ်၊ သူတို့နောက်မှာ မိသားစုတွေရှိတယ်၊ နင်တို့နှိပ်စက်လားဆိုတာသိရအောင် ရက်ချိန်း ပြည့် တဲ့အထိ ငါကိုယ်တိုင်လိုက်မယ်” ဆိုပြီး ရွာသားများနှင့်အတူ ပေါ်တာလိုက်ခဲ့ကြောင်းကို ပြန်ပြောင်း ပြောပြ ခဲ့တယ်။
မြန်မာစစ်တပ်ဖက်က သူ့ကိုယုံကြည်မှု ရလာအောင်လည်း အတော်ကြိုးစားခဲ့ရတယ်လို့ ပြောပြပါသေးတယ်။ “စစ်တပ်က ရိက္ခာအတွက် ဒီလောက်ပေးရမယ်ဆိုရင် သူတို့ တောင်းသလောက် အပြည့်ရအောင် လုပ်ပေးတယ်၊ ဘယ်နေ့မှာ လူဘယ်လောက်က လုပ်အားပေးရမယ် ဆိုရင်လည်း တာဝန်ကျေပွန်အောင် လုပ်ပေးတယ်၊ သူတို့ မငြိုငြင်အောင်လုပ် ပေးတယ်၊ ဒါပေမယ့် စစ်တပ်ကိုလည်း ငါ့ရွာနဲ့ ငါ့ရွာသားတွေကို ဒုက္ခပြန်မပေးဘူးဆိုတဲ့ ကတိ ပြန်တောင်းတယ်”
တဖက်မှာလည်း KNU က နားလည်မှု မလွဲအောင် ကြိုးပမ်းရသေးတယ်လို့လည်း ပြောပြပါတယ်။ “စစ်တပ် တောင်းသမျှကို KNU ကိုလည်း ပြန်တင်ပြရတယ်၊ စစ်တပ်ကလည်း KNU ကို သွားသွားတွေ့တာမကြိုက်ဘူး၊ ဒါ ပေမယ့်ပြန်ပြောတာပေါ့”။ သူ့ကို KNU က ခေါ်ယူသတိပေးတာမျိုးအထိ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။
၂၀၁၂ ခုနှစ် KNU နှင့် မြန်မာ့တပ်မတော်တို့ “ငြိမ်းချမ်းရေးယူပြီးတဲ့နောက်ပိုင်း ပေါ်တာဆွဲတာတို့၊ ရိုက်တာ တို့မရှိတော့ပေမယ့် သူကြီးလုပ်ရတာ ပိုခက်ခဲလာတယ်” လို့ ပြောပါတယ်။
“တိုက်ပွဲတွေရှိတုန်းက ရွာသားတွေက စည်းလုံးမှုရှိတယ်၊ ညီညွတ်တယ် သူကြီးလုပ်ရတာလည်း စိတ်ချမ်း သာမှုရှိသေးတယ်၊ ဒါပေမယ့်အခုတော့ ငြိမ်းချမ်းရေးလည်းရပြီဆိုတော့ လုပ်ချင်သလို လုပ်ကြတယ်၊ ပြောလည်း မရတော့ဘူး၊ မညီညွတ်ကြေတော့ဘူး၊ ဘာမှကြောက်စရာလည်း မလိုတော့ဘူးဆိုတော့ သူကြီးလည်း မလိုတော့ ဘူးပေါ့”
ဒါပေမယ့် နော်လိုဝါးက လက်ရှိငြိမ်းချမ်းရေးကို အားမရသေးဘူးလို့ ပြောပါတယ်။
“စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုရဖို့အတွက် တိုင်းရင်းသားတွေ ညီညွတ်ရမယ်၊ ကရင်တခုပဲ မဟုတ်ဘူးပေါ့နော်၊ ငါ့ပြည် မှာတော့ စစ်မဖြစ်ဘူး၊ ဟိုဘက်မှာ ဟိုပြည်နယ်မှာပဲ ဖြစ်နေတာပဲဆိုပြီး ငြိမ်နေတာမျိုးမဟုတ်ပဲ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး တညီတညွတ်တည်း လုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရလာမှာပါ”
ဆယ့်လေးနှစ်တာ သူကြီးမအလုပ်က အနားယူချင်ပြီလို့ နော်လိုဝါးက ပြောပါတယ်။ “ငါလည်းနားချင်ပြီ ဒါပေ မယ့် ဘယ်သူမှ မလုပ်ချင်ကြဘူး၊ နင်လုပ်လက်စနဲ့ပဲ လုပ်ပါတော့ဆိုပြီး တရွာလုံးက ငါ့ကိုပဲသဘောတူတယ်၊ အခုတော့အကြံတခုရတယ်၊ အဲဒါက ရွာကယောက်ျားတယောက်ကို ဒုဥက္ကဌပုံစံနဲ့ လက်တွဲခေါ်နေပါတယ်” ။ ဒုဥက္ကဌကို လက်လွဲလို့ရမည့်အချိန်ရောက်ရင် “နားတော့မယ်” လို့ စဉ်းစားထားတယ်လို့ ပြောပြပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021