စံကောင်း ပီနံအိတ်စက်ရုံ၊ Yes Candy သကြားလုံးစက်ရုံ၊ တိုင်ယီဖိနပ်စက်ရုံ စသည့် စက်ရုံများမှ မြန်မာအလုပ်သမားပေါင်း ၆၀၀ ကျော်ခန့်သည် မြန်မာစံတော်ချိန် နေ့လည် ၁၁ နာရီတွင် ဗန္ဓုလမ်းပန်းခြံမှ စတင်ချီတက်ကြပြီး ပန်းဆိုးတန်းလမ်း၊ ကုန်သည်လမ်းနှင့် ဆူးလေလမ်းထိ ချီတက်ခဲ့ကြသည်။ ချီတက်ပွဲတွင်
(၁) တနေ့လျှင် ၈ နာရီအလုပ်ချိန်သတ်မှတ်ခြင်းနှင့် အနည်းဆုံး လုပ်ခ ၆၅၀၀ ကျပ် ရရှိရေး
(၂) အမြဲတမ်းအလုပ်သမားများကို လစာအလုပ်သမားများအဖြစ် သတ်မှတ်ရေး
(၃) အလုပ်သမားများကို တဖက်သတ်အလုပ်ထုတ်မှု ရပ်ဆိုင်းရေး
(၄) အလုပ်သမားများအားလုံး သွေးစည်းညီညွှတ်ရေး… စသည့် တောင်းဆိုချက်ပေါင်း ၉ ချက်ဖြင့် ကြွေးကြော်ချီတက်ခဲ့ကြသည်။
Latest posts by Administrator (see all)
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021