Home ဓါတ်ပုံများ ဟူးကောင်းတောင်သူများမှ ယုဇနကုမ္ပဏီအားအလိုရှိ မရှိ ဆန္ဒခံယူပွဲကျင်းပ

ဟူးကောင်းတောင်သူများမှ ယုဇနကုမ္ပဏီအားအလိုရှိ မရှိ ဆန္ဒခံယူပွဲကျင်းပ

ကချင်မလေး။

ကချင်ပြည်နယ်၊ ဟူးကောင်းဒေသရှိ အောင်ရွာကျေးရွာနှင့် ဝရာဇွပ်ကျေးရွာတွင် စက်တင်ဘာ ၂၂ ရက်နေ့၌ ကချင်ပြည် ဟူးကောင်းတောင်သူများမှ ယုဇနကုမ္ပဏီအားအလိုရှိ မရှိ ဆန္ဒခံယူပွဲကျင်းပရာ ၉၇%က ကုမ္ပဏီကို အလိုမရှိကြောင်း ဆန္ဒမဲပေးခဲ့ကြသည်။ ဆန္ဒမဲစုစုပေါင်း  ၇၅၅ မဲ အနက် ၇၂၆ က ယုဇနကုမ္ပဏီကို အလိုမရှိကြောင်း ကန့်ကွက်မဲဖြစ်ပြီး၊ ၁၉ မဲက ထောက်ခံမဲ၊ ၁၀ မဲက ပယ်မဲဖြစ်သွားပြီး မဲထည့်သူများတွင် ၆၀%ခန့်သည် အမျိုးသမီးများဖြစ်ကြသည်။

ယုဇနကုမ္ပဏီက ၂၀၀၆ ခုနှစ်မှစ၍ ကချင်ပြည်နယ် ဟူးကောင်းဒေသသို့ရောက်ရှိလာပြီး၊ တောင်သူများ၏ လယ်မြေ၊ ခြံမြေများကို သိမ်းဆည်းခဲ့သည်။ ရွာများကိုလည်း အတင်းအဓမ္မပြောင်း ရွေ့ခိုင်းသည့်အပြင် ကမ္ဘာ့ကျားထိန်းသိမ်းရေးနေရာများကိုပါခုတ်ထွင်းရှင်းလင်းပြီး အကြီးစား ပီလော်ပီနံ စိုက်ခင်း အဖြစ်လုပ်ဆောင်နေခဲ့သည်။ ဟူကောင်းတောင်သူများက ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်ရှေ့တွင် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ် မေလနှင့် ဇူလိုင်လတွင် နှစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင်တိုင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။

ယခုလက်ရှိ ဟူးကောင်းတောင်သူများက လယ်မြေမဲ့ဘဝဖြစ်ခြင်း၊ ကျွဲ နွားများ ပျောက်ဆုံးခြင်း၊ စာကျက်မြေမရှိခြင်း၊ ယုဇနကုမ္ပဏီ၏ ပီလောပီနံကြိတ်စက်ရုံမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကို ကျေးရွာသုံး ချောင်းတွင်းသို့ စွန့်ပစ်ခြင်းကြောင့် ငါးများသေဆုံခြင်း၊ သောက်သုံးမိသော ကျွဲနွားများသေဆုံခြင်း၊ ရွာသားများချောင်းရေချိုးရာတွင်လည်း အဖု အပိန့်များ ထွက်ရှိလာပြီး ယားယံခြင်းဖြစ်လာခြင်း၊ တူးမြောင်းများဖော်လိုက်ခြင်းကြောင့် လယ်များတွင် ရေခမ်းခြောက်မှုများ ဖြစ်ပေါ်လာသည့်အပေါ် ကုမ္ပဏီသို့ အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း အရေးယူလုပ်ဆောင်ပေးခြင်း မရှိကြောင်း သိရသည်။

1

ဝရာဇွပ်ရှိ မဲရုံ

14

မဲရုံအတွင်းသို့ မဲလာထည့်ရန်ဝင်လာသော တောင်သူမိခင်များ

15

မဲပြားပုံစံ

3

မဲလာထည့်သူများက မှတ်ပုံတင်ဌာနတွင် အမည်ပေးသွင်းနေပုံ

4

မဲလာထည့်သူများက မှတ်ပုံတင်ဌာနတွင် အမည်ပေးသွင်းနေပုံ

5

မဲလာထည့်သူများက မှတ်ပုံတင်ဌာနတွင် အမည်ပေးသွင်းနေပုံ

13

မဲပြားထုတ်ယူနေသည့် မိခင်တစ်ဦး

12

မဲဆန္ဒရှင်များ မဲလာရောက်ထည့်နေပုံ

11

မဲဆန္ဒရှင်များ မဲလာရောက်ထည့်နေပုံ

10

မဲဆန္ဒရှင်များ မဲလာရောက်ထည့်နေပုံ

8

မဲဆန္ဒရှင်များ မဲလာရောက်ထည့်နေပုံ

2

မဲဆန္ဒရှင်များ မဲလာရောက်ထည့်နေပုံ

7

မဲဆန္ဒရှင်များ မဲလာရောက်ထည့်နေပုံ

Related Articles