Home ဓါတ်ပုံများ မကွေး(ဖန်းခါးမြေ)မှ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားနေ့ မြင်ကွင်းများ

မကွေး(ဖန်းခါးမြေ)မှ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားနေ့ မြင်ကွင်းများ

ကောကော်

အပြည်အပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားကို ၂၁ ရက်နေ့ စင်တင်ဘာလ မကွေးတိုင်းဒေသကြီး မကွေးမြို့၊ ထိန်ထိန်သာ ဟိုတယ်တွင် ဒေသအသီးသီးသီးမှ အမျိုးသားအပါအဝင် အမျိုးသမီးပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ ဦးဆောင်ပြီး ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးမှ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများ၊ အလုပ်သမားအရေး ဆောင်ရွက်သူများမှ ပါဝင်ခဲ့ပါသည်။

၎င်းအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရမှ လွှတ်တော် ဥက္ကဌဦးဇော်မျိုးဝင်း၊ အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်ချိုလတ်တို့ တက်ရောက်အမှာစကားပြောကြားပြီး အခမ်းအနား အစီအစဉ်တွင် တိုင်းရင်းသားရိုးရာအကများ၊ အဖွဲ့အလိုက် သရုပ်ဖော်တင်ဆက်မှုများ၊ ကျေးလက်မြေမှ ငြိမ်းချမ်းရေးနှင့်ပါတ်သက်သော ပြဇာတ်နှင့် ῝ကျည်ဆံတွေအစား ပန်းများပွင့်စေ῎ ကဗျာရွတ်ဆိုခြင်း၊ ငြိမ်းချမ်းရေးနှင့် ပါတ်သက်သော ပညာပေးအစီအစဉ် တင်ဆက်မှုများ၊ ၎င်းဒေသအသီးသီးမှ တက်ရောက်လာသောဒေသခံများ၏ ဆွေးနွေးမှုမှ တောင်းဆိုချက်များ၏ ထုတ်ပြန်ကြေညာချက်များ ဖတ်ကြားခြင်း စသည်တို့ကို တင်ဆက် ပြသခဲ့ကြသည်။

Author:

Related Articles