Home ဆောင်းပါး
Category:

ဆောင်းပါး

ဆောင်းပါး

  • ‘မသန်စွမ်းတွေကို ဘယ်လိုကယ်မယ် ကျန်းမာရေးအတွက် ဘယ်လိုလုပ်မယ်ဆိုပြီး လုပ်ပေမယ့် ရုတ်တရပ်ဖြစ်လာတဲ့အခါ စနစ်မကျတာမျိုးတော့ရှိတာပေါ့။ အထမ်းပစ္စည်းတွေလည်း ရုတ်တရပ်ဆိုမရှိ တာတွေကြုံရတယ်။ လမ်းမှာတင် အမောဖောက်ပြီး သေတဲ့သူကရှိတော့ တချို့တွေကလည်း မပြေးချင်တော့ဘူး”

  • “ ကြားထဲမှာတခုခုဖြစ်သွားခဲ့တာ၊ တိုက်ပွဲမှာကျသွားခဲ့သည်ရှိသော် ကိုယ့်စိတ်ကို လိပ်ပြာလုံပါတယ်။ အကောင်းဆုံး လုပ် ပေးခဲ့တယ်။ မိသားစုအတွက်သူငယ်ချင်းအတွက် ရဲဘော်တွေအတွက် နိုင်ငံကပြည်သူတွေအတွက် တစ်ထောင့်တစ်နေရာ ကနေရာသေးသေးလေးကနေ ပါဝင်ခဲ့တယ်ဆိုတဲ့ စိတ်လေးနဲ့ပဲထွက်သွားနိုင်ပါတယ်”

  • “ အာဏာရှင်ကြီး ပြုတ်ကျတဲ့ထိတော့ ဆက်လုပ်နေဦးမှာပါ။ နောက်ထပ်တက်လာမယ့် အစိုးရလည်း ဒါမျိုးတွေ ရှိလာမယ်ဆိုရင်လည်း ထပ်ပြီး ဆက်လုပ်နေဦးမယ်”

  • “ အဆင်မပြေတာက တစ်နေ့တစ်နေ့ပိုပိုဆိုးလာတယ်။ ထမင်းမမှန်တာလည်းကြာပြီ။ ကိုယ်မှာမရှိတော့ ချေးဌားစားရ တယ်။ အမြဲချေးနေလို့မဖြစ်တော့ တံမြက်စည်းတို့၊ တောင်းတို့ရောင်းပြီး နေနေရတာ။ တခါတလေအရေးပေါ် ကျန်းမာရေး ဖြစ်ရင် ကုဖို့မရှိဘူး”

  • “ စစ်တပ်ကိုတော်လှန်ရတဲ့အကြောင်းကတော့ အများကြီးရှိတာပေါ့။ ဒါမဲ့အဓိကကကျမသူငယ်ချင်းကို တပ်ကြပ်က မုဒိမ်း ကျင့်တာ။ နောက်တပ်ထဲမှာလူလိုမဆက်ဆံခံရတာတွေအပြင် ကျမအဒေါ်ကို စိတ်ဒဏ်ရာပေးခဲ့တဲ့ ဒီအသိုင်းအဝိုင်းကို ရှိကို မရှိစေချင်တော့တာ”

  • “တိုက်ပွဲပြီးလို့ ရဲဘော်တွေရှေ့တန်းကပြန်လာချိန် သူတို့ကိုချက်ပြုတ်ပို့ပေးတဲ့ ဖက်ထုပ်ထမင်းကို သဘောကျကြောင်း၊ ငှက်ပျောဖက်နံ့မွှေးမွှေးဖြင့် စားရသည်ကို နှစ်ခြိုက်ကြောင်း ပြောလာကြတဲ့အခါ အမောပြေရတယ်”

  • ခင်ဘုန်းမို့။ ။ စစ်အာဏာသိမ်းမှုတစ်နှစ်ခွဲခန့်ရှိလာခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့နေရာတော်တော်များများမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒ ပြလှုပ်ရှားမှုတွေက ယနေ့တိုင်ရှိနေဆဲပါ။ အာဏာသိမ်းခါစ ကာလလောက်ကလို အင်နဲ့အားနဲ့မဟုတ်တော့ပေမယ့် ပြောက်ကျားသပိတ်တွေက ခပ်စိပ်စိပ်ရှိနေတုန်း ပါပဲ။…

  • ” ဘုရားအမှုတော်က လူသားတွေ ကျန်းမာမှဖူလှုံနေမှ ဗိုက်ဝနေမှ ဆောင်ရွက်လို့ရမှာကို။ ဓမ္မအမှုတော်ဆောင် တစ်ဦး အနေနဲ့ ပြောပြရမယ်ကူညီရမယ်၊ သူတို့ကို အထောက်အမ တစ်ထောင့်တစ်နေရာကနေ အမြင်ဖွင့်ပေးတာ လုပ်ပေးရ မယ်လို့ ကျွန်မစိတ်ထဲက ခံယူတယ်၊ ယုံလည်းယုံကြည်တယ်။”

  • “ကျမတို့ဒေသက လမ်းတွေကမိုးတွင်းဆို အရမ်းဆိုးတာ။ ကျမထောက်ပို့ရင်း တောင်ပြိုလို့ တောထဲမှာစားစရာမရှိ၊ နေစရာမရှိနဲ့ ၅ ရက်လောက်နေရဖူးတယ်။ ရွံ့တွေထူလို့လည်း ၄ ရက်လောက်မနားမနေလမ်းလျှောက်သွားရတဲ့အခါလည်း ရှိတယ်။ တောင်ပြိုပြီး လူကသစ်ပင်မှာချိတ်ကျန်ခဲ့ဖူးတယ်”(ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဒေသခုခံကာကွယ်ရေး တပ်တစ်ခုမှ အမျိုးသမီးထောက်ပို့စစ်သည်)