
ဖိုဝါဒကြီးစိုးနေသရွေ့ ဖက်ဒရယ်ဒီမိုကရေစီ အလှမ်းဝေးနေဆဲ
“ ဒီနွေဦးတော်လှန်ရေးနောက်ပိုင်းမှာဆိုရင် လုံးဝဖိနှိပ်မှုဖြစ်စေတဲ့ဝါဒတွေ အကုန်လုံးကို ကျမတို့တိုက်ဖျက်နေရတဲ့ တော်လှန် ရေးဖြစ်တယ်။ အဲ့ဒါကို သက်ဆိုင်ရာအစုအဖွဲ့တွေက တကယ့်ကိုအလေးထားဖို့လိုတယ်။ တော်လှန်ရေးသည်သာ ပထမဦးစား ပေး အာဏာရှင်ပြုတ်ဖို့လိုတယ်။ ကျား-မတန်းတူရေးက နောက်မှလို့ စဥ်းစားသရွေ့တော့ ကျမတို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စုကို ရရှိမှာမဟုတ်ဘူး။”

ပတ်စပို့သောက
“ ဒီလို့ ရှုပ်ထွေးတဲ့ကိစ္စတွေကို မလုပ်ချင်ဘူး။ ဖြစ်နိုင်ရင် ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး အေးဆေးနေချင်တယ်။ ဒီမှာရှာသမျှ က ထိုင်းကိုလုပ်ကျွေးနေတာပဲ။ ဒီစာရွက်စာတမ်းတွေ ပတ်စပို့တွေကိစ္စကတော့ ဘာမှ မစဥ်းစားချင်တော့ဘူး”

နွေဦးတော်လှန်ရေးထဲက ရဲဝင့်စွန့်စား အမျိုးသမီးများ
စစ်အာဏာရှင်ပြုတ်ကျဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေတဲ့နေရာမှာ အမျိုးသမီးတွေပါဝင်ခဲ့ကြသလို လက် နက်ကိုင်တိုက်ပွဲဝင်ဖို့ စစ်သင်တန်းတက်ကြတဲ့နေရာမှာလည်း အမျိုးသမီးတွေပါဝင်ခဲ့ကြတယ်။ ယခုဆိုရင်တော့ အမျိုးသမီး အချို့ဟာ ရှေ့တန်းစစ်မြေပြင်ကိုရောက်ရှိနေပါပြီ။

ပန်းတိုင်းအားလုံးပွင့်လန်းစေချင်
“ယောင်္ကျားလေးက Gay ဖြစ်သွားတာ ပိုခံစားရတယ်ဆိုတာ မြန်မာလူမျိုးတွေက ဖိုဝါဒခေါ်တယ်။ ယောင်္ကျားကို ရှေ့တန်းတင်တဲ့ဝါဒ မဖြစ်ရဘူး။ မိန်းကလေး LGBT ဖြစ်တာထက် ယောင်္ကျား ဂေးဖြစ်သွားတာ မဖြစ်သင့်ဘူးဆိုတဲ့ အစွဲက မရှိသင့်ဘူး။ ဖိုဝါဒမရှိသင့်ဘူး”

အိပ်မက်တွေအတိုင်းလျှောက်လှမ်းနေတဲ့ အမြင်အာရုံမသန်စွမ်းသူ အမျိုးသမီး Youtuber
“ အမျိုးသမီးဖြစ်ခြင်း မသန်စွမ်းဖြစ်နေခြင်းဆိုတာက ဖူးတို့အတွက်က အကြောင်းပြချက်တွေပါ။ ဖူးတို့လုပ်ချင်တယ်ဆိုရင် အရာရာကိုဖြည်းဖြည်းချင်းစီ ကြိုးစားပြီးတော့ လုပ်လို့ရပါတယ်။ စိတ်ညစ်စရာဘယ်လောက်ပဲရှိရှိ ကိုယ့်ရဲ့စိတ်ကိုအတတ်နိုင် ဆုံးခိုင်မာအောင်ထားပြီးတော့ ကိုယ့်ရဲ့ပန်းတိုင်ကိုလျှောက်လှမ်းဖို့လိုပါတယ်။ ခန္ဓာဗေဒအရချို့ယွင်းချက်ရှိပေမယ့် သူများတွေ ထက်ချို့ယွင်းပေမယ့် စိတ်ဓာတ်တွေကတော့ သူများတွေထက်သန်စွမ်းနေဖို့လိုပါတယ်။”

တိုးတိတ်လာသော ရခိုင်ပြည်က အမျိုးသမီးအရေးလှုပ်ရှားမှုအသံများ
“ ပြသနာဖြစ်လာရင် ညီမတို့ကို ဝိုင်းဝန်းကူညီပေးဖို့ အမျိုးသမီးအဖွဲ့အစည်းတွေလိုအပ်ပါတယ်။”

တော်လှန်ရေးကြားမှာ ရဲရင့်တောက်ပနေတဲ့ မီးအိမ်ရှင်လေးတွေ
“ ဂျပန်မှာဆိုအလုပ်နဲ့ အိမ်နဲ့ပဲအချိန်ကုန်မယ်။ ထောက်ပို့လုပ်နိုင်ပေမယ့် ကိုယ့်နိုင်ငံလိုတော့ စိတ်ရောကိုယ်ပါနှစ်ပြီး လုပ် နိုင်မှာမဟုတ်ဘူး။ အလုပ်ကြောင့်ဖြစ်ဖြစ် ပေါ့လျော့လာနိုင်တယ်။ ဒီမှာကအန္တရာယ်များပေမယ့် ကိုယ်ဆန္ဒရှိသလောက် လုပ်နိုင်တယ်။ အဓိကက ဆရာဝန်၊ ဆရာမမရှိတဲ့စစ်ရှောင်စခန်းတွေ၊ PDFတွေကို ကိုယ်တိုင်လိုက်ကုပေးချင်တာပါ။”

ဆင်းရဲတွင်းနက်နက်ထဲ ဆွဲချနေဆဲ ကုန်စျေးနူန်းတစ္ဆေ
" ဟိုနေ့ကနေမကောင်းတော့ ဆေးခန်းသွားချင်တာမသွားနိုင်ဘူး။ ဆေးဖိုးရှစ်ထောင်တစ်သောင်းကုန်မှာ ဘယ်လိုတတ်နိုင် မလဲ။ ဒီပိုက်ဆံကို ဆေးခန်းသွားမယ့်အစား စျေးဖိုးပဲလုပ်လိုက်တယ်။ မိသားစုတွေစားလို့ရတာပေါ့။"

အန္တရာယ်တောထဲ ဝမ်းစာရှာနေရတဲ့ ခေတ်သစ်ရေသည်မလေး
“အကြွေးတွေ၊ အိမ်စရိတ်တွေအတွက်တော့ ကျားခံတွင်းထဲဝင်ရမယ်ဆိုလည်း ဝင်မှရမယ့်အခြေအနေဆိုတော့ ဆက်ရုန်းရ ဦးမှာပေါ့”

မိန်းမသားတို့အတွက် မလုံခြုံတော့သည့် စစ်တွေလမ်းမများ
“ညီမအရင်ကဆို ည၇နာရီ ၈ နာရီလောက်မှာ အလုပ်ကနေ တစ်ယောက်တည်း ဆိုင်ကယ်နဲ့ ပြန်တယ် အဲ့တုန်းက နည်းနည်းလုံခြုံသေးတယ်။ ဒါပေမယ့် ခုတလော ညနေ ၄ နာရီခွဲဆိုပြန်ရပြီ။ သွားနေရင်း လာလုမလား။ တစ်ခုခုလုပ်မလား စိုးရိမ်စိတ်နဲ့ပေါ့။ အပြင်သွားမယ်ဆိုတစ်ယောက်တည်း မသွားရဲတော့ဘူး။”


