အတွေးအမြင်ဆောင်းပါးများ
ကျွန်မတို့က စစ်အာဏာရှင်တွေရဲ့လုပ်ရပ်တွေကို လက်မခံနိုင်လို့တော်လှန်နေကြတာ ဖြစ်တယ်။ ကိုယ်လက်မခံနိုင်လို့ တော် လှန် ပါတယ်ဆိုခါမှ အဲ့ဒီသူတွေနဲ့ အလားတူတဲ့လုပ်ရပ်မျိုးတွေ လုပ်တယ်ဆိုတာကို ဘယ်လို နည်းနဲ့မှ လက်သင့်ခံလို့ မရပါဘူး။ ဒါကို ဖုံးထားဖိထားတယ်ဆိုတာကမှ တော်လှန်ရေးကိုထိခိုက်စေတာဖြစ်တယ်လို့ မြင်ပါတယ်။