သတင်းဆောင်းပါး

အောက်ဆီဂျင်အတွက် နိုင်ရာဝန်ထမ်းနေကြသည့် ပရိဟိတအမျိုးသမီးများ

“အောက်ဆီဂျင်ရဖို့အရေး ယောက်ျားလေး မိန်းကလေးမခွဲ တန်းတူတန်းစီစောင့်ဆိုင်းသလို ၁၀ လီတာ၊ ၁၅ လီတာ ဆန့်တဲ့အိုးတွေကို ကိုယ်တိုင်ဝင်မတာ သယ်ဆောင်တာမျိုးလုပ်ပါတယ်၊ အောက်ဆီဂျင်အိုးတွေက လေးလံပြီးပြုတ်ကျရင် လူကိုထိခိုက်တာတွေရှိနိုင်ပေမယ့် အောက်ဆီဂျင်ရမှ အသက်ရှင်သန်နိုင်မယ့် လူနာတွေအတွက် စဉ်းစားပြီး စနစ်တကျ နဲ့လုပ်ဆောင်ကြရပါတယ်။”

ရခိုင်တွင် မုဒိန်းမှုပပျောက်ရေး ပိုမိုအားထုတ်လာကြသော အမျိုးသမီးအဖွဲ့တွေ

“မုဒိမ်းမှုတွေက ဆင်းရဲလို့၊ အလုပ်အကိုင်ရှားလို့ဆိုတဲ့ အကြောင်းအရာတစ်ချို့ပေါ်မှာမူတည်ပြီး ဖြစ်နေတာ မဟုတ်ဘူး။ အကြောင်းအရာ အမျိုးမျိုးပေါ်မူတည်ပြီးတော့ဖြစ်နေတာ။ ကာမအားကြီးပြီး ပြသနာဖြစ်ချင်နေတဲ့ သူတွေကြောင့် ဖြစ်တာ လို့ပဲမြင်တယ်”

ကပ်ဘေးနှစ်ခုကို အံတုရုန်းကန်နေကြရတဲ့ အိမ်ထောင်ရှင်မတွေ

“ အရင်က စက်လှေသမား၊ အခုတော့ငါးဖမ်းသမားဖြစ်နေပြီ။ အရင်ကိုဗစ်တုန်းက ဒီလောက်မခက်ခဲဘူး။ အခုကလုပ်စရာ အလုပ်ကို မရှိတာ။ ဘယ်ဝင်ငွေနဲ့စားမလဲ။ ဒီလောက်ကြာတော့ ရှိတာတွေလည်း စားလို့ကုန်ပြီလေ။ အကြွေးမတင်ရင် တောင်ကံကောင်းတယ်”

“အာဏာရှိသူတွေပျော်ရွှင်ရယ်မောနေချိန် ပြည်သူတွေငိုနေရတဲ့ဟာမျိုးတွေ ထပ်မလိုချင်ဘူး”

“ဈေးနှုန်းမရှိတာတစ်ဖက်၊ ရောင်းမရတာ တစ်ဖက်၊ ပိုးကျလို့ ဆုံးရှုံးမူတဖက်၊ ဝင်ငွေလည်း နည်းပါးသွားပြီး စားရေးသောက်ရေးကို ချွေတာစွာ စားသုံးနေရတယ်။ အရင်းအနှီးအတွက် ချေးထားတဲ့အကြွေးလည်းဆပ်ဖို့ အဆင်မပြေ တော့တဲ့ အထိပါပဲ။”

“၈၈ မျိုးဆက်တို့၏ ဒုတိယမြောက်အာဏာရှင်တော်လှန်ရေး”

“၈၈ တုန်းကရောအခုလက်ရှိ နွေဦးတော်လှန်ရေးမှာပါ အာဏာရှင်တော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရလို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ်။ တော်လှန်ရေးအောင်မြင်ဖို့အတွက် ဘယ်လိုအခန်းကဏ္ဍကနေပါဝင်ရပါဝင်ရ၊ ဘယ်လိုပဲပေးဆပ်ရပေးဆပ်ရ၊ အောင်မြင်ဖို့အတွက်ပဲ စိတ်အားထက်သန်နေတယ်”

အန္တရာယ်ကြားက အမှန်တရား ရှာဖွေသူ

“ကျမအပေါ်မှာ မလိုလားတဲ့သူတွေ ရှိမှာကိုလည်း ကြိုတွေးပြီးသားပါ။ ကိုယ့်အတွက် အသက်အန္တရာယ် အချိန်မရွေးရှိနိုင် တယ်လို့လည်း တွေးထားပါတယ်။ မလိုတဲ့ စကားတွေ တိုက်ခိုက်ဝေဖန်တာတွေလည်း ရှိမှာကို တွက်ဆထားပြီးသားပါ။ ကျမ ဒါတွေကိုမကြောက်ပါဘူး။ ဒီအလုပ်ကို ဆက်ပြီး မလုပ်နိုင်မှာကိုပဲ ကြောက်တာပါ”

စစ္စတာအန်းရိုဇားနူးတောင်ရဲ့လူသားဆန်မှုများ

"ဘာသာလည်းမခွဲခြားဘူး။ လူမျိုးလည်းမခွဲခြားဘူး။ ချစ်ချစ်ခင်ခင်နေမယ်။ တစ်ယောက်နဲ့တစ်ယောက် အားနည်းချက်ရှိရင်လည်း လက်တွဲခေါ်မယ်။ ကိုယ်နိုင်သလောက် စည်းစည်းလုံးလုံးနဲ့ လက်တွဲပြီးကြိုးစားမှပဲ ဒီကပ်ရောဂါကနေလွတ်မြောက်နိုင်မယ်"

သေမင်းနဲ့ စစ်ခင်းနေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ

“ ပူတာမှလေ နေခုနစ်စင်း ရင်မှာပိုက်ထားရသလိုပဲ။ ခုမွေးလူနာတွေကို ဘယ်ဆေးရုံ၊ ဆေးခန်းမှ လက်မခံလို့ သေတာ တွေမြင်ရတော့ ကျမလည်းမွေးခါနီးဆိုတော့ တွေးပူပြီး အရမ်းစိတ်ဖိစီးရတယ်”

“တော်လှန်ရေးစာစောင်နောက်ကွယ်က ပဲ့ကိုင်ရှင်တွေ”

“ပြည်သူတွေအားလုံး စစ်အာဏာရှင်ကို မလိုချင်တော့ဘူးဆိုတဲ့ အနေအထားမျိုးဖြစ်လာအောင် ဘာလုပ်နိုင်လဲလို့ တွေးတဲ့အခါကျတော့ ပြည်သူလူထုကို အသိပညာပေးတဲ့နေရာမျိုး ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်တဲ့နေရာမျိုးမှာ လုပ်နိုင်တာ သေချာတဲ့အတွက် အဲ့လုပ်ငန်းတွေကို ဖမ်းခံရနိုင်တယ်ဆိုတာ သိရဲ့သားနဲ့ဆက်လုပ်တယ်။ စစ်အာဏာရှင် လက်အောက်မှာ မနေချင်ဘူး။ အဲ့အတွက်ပြည်သူလူထုကို တတ်နိုင်တဲ့ဘက်က စည်းရုံးလှုံ့ဆော်တဲ့ သဘောပဲ”

အကူအညီလိုအပ်နေတဲ့ ‘ဒါနဆန်များ မေတ္တာရပ်ခံပါတယ်ရှင်’

" ဆရာလေးတို့က ဗာဟီရအစုံ ခက်ခဲနေတာ စားစရာနဲ့ ပြင်ပကုန်ကျစရိတ်တွေက ရပ်ထားလို့မရဘူး။ အရင်က မပြေလည် ဘူးဆိုရင် ကလေးတွေကို ကျောင်းလေးတော့မတက်နဲ့ဦးဟေ့ ဆွမ်းခံသွားပြီးနေ့လည်မှတက်ပါ ကိုယ်တိုင်လည်း ရန်ကုန် သွားပြီး ဒါယိကာမတွေဆီ သွားအလှူခံရင် အဆင်ပြေတယ်။ အခုကအဲ့ဒီလို မရတော့ဘူး။"