သတင်းဆောင်းပါး

ကျွန်မက ဘယ်အိမ်ကို ပြန်ရမှာလဲ

“ကျွန်မက ဒီတိုက်ပွဲရှောင်စခန်းကိုရောက်နေတာ နှစ်နှစ် ကျော်ပါပြီ။ တိုက်ပွဲရှောင်စခန်းထဲကို ရောက် ကတည်းက အခက်အခဲတွေအမျိုးမျိုးနဲ့ ကြုံတွေ့လာခဲ့ရပါတယ်။ အခု ကိုဗစ်ရောဂါကပ်ဘေးကြောင့် စခန်း တစ်ခုလုံးကို Lock down ချခံထားရလို့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးတော့ အခု လို မိုးရာသီမှာ တိုက်ပွဲရှောင်စခန်းထဲကို ရေကြီးရေလျှံတာတွေ၊ လေပြင်းမုန်တိုင်း တိုက်တာတွေ ကြုံနေကျပါ။ ကျွန်မတို့ရဲ့ အခက်အခဲက တကယ့်ကိုပဲ ဆိုးဝါးလွန်းလှပါတယ်”

စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကြား အခက်တွေ့နေရတဲ့ ပအိုဝ်းဒေသက ကျန်းမာရေးပြဿနာ

“ဆေးရုံတက်ပြီး ငါးရက်နေ့မြောက်မှာ ဆရာမတစ်ဦးက နန်းအိတို့ကို ဆေးရုံစရိတ် နှစ်သိန်းခွဲ ကုန်ကျကာ ငွေရှင်းပြီး ဆေးရုံဆင်းလို့ ရကြောင်း လာပြောခဲ့တဲ့အချိန်က နန်းအိတို့ လက်ထဲမှာ ပိုက်ဆံ ၁၅,၀၀၀ ပဲ ကျန်တော့တာပါ။ ဆေးရုံ စရိတ်ကုန်ကျငွေကို ရှင်းဖို့ ဘယ်နားမှာ ပိုက်ဆံသွားယူရမှာလဲဆိုတာ စဉ်းစားလို့မရခဲ့ပါဘူး…”

“ရန်ကုန်မြေကမီးအိမ်ရှင်ဆရာမလေး”

"အခုကာလမှာ ပြည်သူတွေက ငွေရေးကြေးရော အခြားအကြောင်းရင်းတွေကြောင့်ရော ဒုက္ခရောက်နေရတာ၊ ကိုဗစ်လူနာတွေကို ဒီချိန်မှာအခြားဘယ်ဆေးရုံကမှ လက်မခံဘူးဆိုတော့ တတ်နိုင်တဲ့ဘက်ကနေ အခမဲ့ကူညီဖြစ်တာ။ ကိုဗစ်ကူးမှာတော့ နည်းနည်းစိုးရိမ်တာတော့ရှိပေမယ့် အဲ့ဒါကို စိတ်ထဲမထားတော့ဘူး။ ဒီနေ့၊မနက်ဖြန် ဘယ်သူ့ကို သွားကူညီရမလဲပဲတွေးတော့တယ် "

အခက်တွေ့နေရတဲ့ တရုတ်နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ

“ ပြန်ရင်လည်း အရင်ကဆို စပါးစိုက်၊ ပြောင်းစိုက်၊ တောင်ယာလုပ်၊ အထည်လေးဘာလေး လက်လီလက်ကားယူပြီး ပြန် ရောင်း စတာတွေ လုပ်လို့ရပေမယ့် အခုချိန်ကတော့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ ပြန်ရောက်တာနဲ့ ကိုယ့်မှာရှိတာ ချွေတာစားရုံပဲဆိုတော့ ရေရှည်ဆို ငတ်သေဖို့ပဲရှိတယ်”

အန္တရာယ်လျှောက်လမ်းပေါ်က အရှုံးခံဈေးသည်တွေ

“ အခုလိုခက်ခဲနေတဲ့ကာလမှာ မရှိတဲ့သူတွေကို တတ်နိုင်သလောက်ကူညီတဲ့အနေနဲ့ ဈေးတင်ရောင်းတာ၊ ကုန်ဈေးနှုန်း ထိန်းချုပ်တာတွေက မလုပ်သင့်ပါဘူး။ ဘာလို့ဆို အားလုံးခက်ခဲနေတဲ့အချိန်မှာ အမြတ်မယူဘဲရောင်းပေးတာကိုက ကုသိုလ်လည်းရ ဝမ်းလည်းဝပါတယ်”

ကိုဗစ်၊ ယတြာနဲ့ဆေးမြီးတို

“ထွက်ပေါ်လာတဲ့ ဆေးမြီးတိုတွေဟာ အမျိုးအစားစုံလင်လှပြီး တမာရွက်(သို့)လောက်သေရွက်ပြုတ်ရည်၊ ချင်း(ဂျင်း) ပြုတ်ရည်၊ ပင်စိမ်းရွက်ပြုတ်၊ ဗီးစပ်ရွက်ပြုတ်၊ ကြက်သွန်အစိမ်းကိုရေမဆေးဘဲ အလုံးလိုက်ကိုက်စားတာ၊ ထုံးနဲ့ လျှက်ဆား ကိုရောမွှေပြီးရှုတာ၊ နံနွှင်း မှိုင်းခံတာ၊ ဆားငွေ့ (ဒါမှမဟုတ်)ရေနွေးငွေ့ရှုတာ အစရှိတဲ့ နည်းမျိုးစုံကို အသုံးပြုပြီး ကုသနေကြတာ ဖြစ်ပါတယ်။ ”

CDM ခရီးခြောက်လအကြာအထိ စိတ်ဓာတ်ခိုင်မာနေတဲ့အမျိုးသမီးတွေ

“ ကိုယ့်အလုပ်က တစ်ရက်နှစ်ရက်မဟုတ်ဘူး၊ အနှစ်နှစ်ဆယ်လောက်ဆိုတော့ သံယောဇဉ်ရှိတယ်။ စိတ်မကောင်းတော့ တော်တော်ဖြစ်တယ်။ အရုပ်ကြိုးပြတ်ပဲ။ ဘယ်ဆက်သွယ်လို့ဆက်သွယ်ရမှန်းလဲမသိ ကိုယ်ကလည်း ကျွမ်းကျွမ်းကျင်ကျင် မသိဘူး။ ထောက်ပံ့မှုမရဖူးဘူး”

ကပ်ဘေးမှာဆိုက်တဲ့အငတ်ဘေး

“ထမင်းရယ်လို့ သေချာမစားရတာ ငါးလလောက်တောင်ရှိတော့မလားဘဲ၊ အလှူရှင်တွေရှိရင်တော့စားဖို့ရတယ်။ အလှူကလည်းအမြဲရှိမနေတော့ ဘာမှရှာလို့ဖွေလို့မရရင် ဒီအမှိုက်ပုံပဲ လာရတော့တာပဲ၊ အမှိုက်ပုံကစားစရာရနေလို့သာ အခုထိအသက်ရှင်နိုင်တာပေါ့”

ကိုဗစ်ကာလကို ခက်ခဲစွာ ဖြတ်သန်းနေကြရသည့် စစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများ

“ကိုဗစ်ကာလမှာ ကျမတို့ကိုယ်ဝန်ဆောင်တွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပိုလို့ဝေးသွားခဲ့ပြီ။ ရောဂါကို ခုခံဖို့အတွက် ကိုယ်ခံအားကောင်းဖို့ လိုတယ်ဆိုပေမယ့် အသားငါးတွေ ဝယ်စားဖို့အတွက်ကျတော့လည်း ပိုက်ဆံမှမရှိကြတာ။ ကျမ နေမကောင်းရင် ဗိုက်ထဲကကလေးပါ ထိခိုက်သွားနိုင်တဲ့အတွက် ကလေးမွေးဖို့ကိစ္စကို တွေးရင် ငိုချင်တယ်။”

တစ်ရက်သာ အသက်ရှင်ခွင့်ရခဲ့တဲ့ လွေးရုရှား ကူမာရီဒေဝီလေး

“အရေးပေါ်ယာဉ်ပေါ်မှာမို့ မီးနေခန်းကို ထွေထွေထူးထူး ပြင်ဆင်မပေးနိုင်ပါ။ ကားမှန်ပြူတင်းက လိုက်ကာများကို အကာ အရံအဖြစ် ချထားလိုက်သည်။ ထို့နောက် လူနာစောင့်များလိုက်ပါသည့်အခါထိုင်ရသည့် ဘေးခုံတန်းနှစ်ခုမှ တစ်ခုကိုဖြုတ် ကာ ကျန်တစ်ခုကိုမူ အလယ်တည့်တည့်ရွှေ့သည်။ ပြီးသည်နှင့် ထိုခုံပေါ်သို့ လူနာအား မ တင်ကာ မီးဖွားနိုင်ရန်ပြင်ဆင် ရ၏။”