မေးမြန်းခန်း

အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေအတွက် တရားမျှတမှုနဲ့ တရားဥပဒေအကူအညီအတွက် လက်လှမ်းမီနိုင်ဖို့ နိုင်ငံတော်အနေနဲ့ လုပ်ဆောင်ပေးဖို့လိုအပ်နေသေးတယ်ဆိုတဲ့ နော်ခင်စန်းထွေးနဲ့ တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က အမျိုးသမီးတွေအတွက် ပြည့်စုံလုံလောက်ပြီး အာမခံချက်ရှိတဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ ကျူးလွန်နေ တဲ့အကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးမယ့် ဥပဒေတစ်ရပ် ခိုင်ခိုင်မာမာ ပေါ်ထွက်လာဖို့ လိုအပ်သလို ဥပဒေ တရပ်ထွက်ပေါ်လာပြီဆိုရင်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများအနေနဲ့လည်း တကယ်လိုက်နာ ကျင့်သုံးမှုရှိလာအောင် အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေကို အမှန်တကယ်အကာအကွယ်ပေးနိုင်တဲ့ စိတ်ချ ယုံကြည်ရတဲ့ တရားရေးစနစ်တခုဖြစ်ပေါ်လာဖို့ကိုလည်း စောင့်ကြည့်ပေးတာမျိုး၊ တွန်းအားပေးတာမျိုး ပြုပြင် ပြောင်းလဲရေးအတွက် ဝိုင်းဝန်းပံ့ပိုးကြတာမျိုး လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။

တိုင်းရင်းသားဒေသ အမျိုးသမီးတွေရဲ့ အရေးကို မြေပြန့်ကလူတွေ ဘယ်လိုမြင်ကြလဲ

သူတို့တွေဟာ သေနတ်သံတွေကြားထဲမှာ ရှင်သန်ကြီးပြင်းလာခဲ့ရတယ်။ ယမ်းငွေ့တွေ တဒိုင်းဒိုင်းနဲ့။ အဲဒီကနေပဲ သူတို့တွေဟာ အကြောက်တရားလွမ်းမိုးမှုတွေကို စရလာတာ။ တချို့နေရာတွေမှာ ဆိုရင် ဟိုအရင် ဓလေ့ထုံးတမ်းကတပိုင်း၊ အမျိုးသမီးဆိုရင် သေစာရှင်စာ ဖတ်တတ်ရင် တော်ပြီဆိုပြီး ကျောင်းပို့မလို့ကို သေနတ်သံကြားတာနဲ့ မပို့တော့ဘူး။

သေနတ်သံ မစဲနိုင်တဲ့ မြန်မာ့ငြိမ်းချမ်းရေး ဘယ်လဲ၊ ဘာလဲ .. လူငယ်တွေပြောတဲ့ နိုင်ငံရေးစကားဝိုင်း

လက်ရှိနိုင်ငံရေး အခင်းအကျင်း ကြောင့် ဘာမှမလုပ်နိုင်ဘူးဆိုရင်တောင်၊ အစိုးရတစ်ရပ်အနေနဲ့ နှုတ်ဆိတ်နေခြင်းထက်ပိုတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးရှိရပါမယ်။

မြေပြန့်ဒေသမှ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနေ့ စကားသံများ

လက်နက်ကိုင်တွေကြားထဲမှာမြေစာပင်ဖြစ်ခဲ့ရတာတွေ အရင်က မသိခဲ့ဘူး။ တိုင်းရင်းသားဒေသက မိခင်၊ ကလေး၊ အထူးသဖြင့် အမျိုးသမီးတွေ တိုက်ပွဲကြောင့် ဆုံးရှုံးခဲ့တာတွေအတွက် စိတ်မကောင်းဖြစ်ရတယ်။ အကုန်လုံးကို ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကုန်လုံးကို ရှင်သန်စေချင်တယ်῎

လက်နက်ကိုင်အဖွဲ့အစည်းများမှ အမျိုးသမီးခေါင်းဆောင်များ၏ ပွင့်ပွင့်လင်းလင်း ဖက်ဒရယ်စကားဝိုင်း

နိုင်ငံရေးကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍမှာ ဖက်ဒရယ်ပုံဖော်မယ့် မည်သည့်ဆွေးနွေး ချက်မျှ ဆွေးနွေးခွင့်မရရှိသေးတာကို ကြည့်ခြင်းအားဖြင့်လည်း ဒီသဘောတူညီချက်များဟာ အားရကျေ နပ်စရာ အနေအထားတခုသို့ မရောက်ရှိသေးတာကို မြင်တွေ့ရပါမယ်။

၈ လေးလုံးမှသည် ယနေ့ ဒေါင်းမျိုးဆက်ဆီသို့

၁၉၈၈ နဲ့ အခုလှုပ်ရှားမှု ပြောရတာ အားနာပေမဲ့ ပြောရမှာပဲ။ တော်တော်များများကွာခြားတယ်။ (၁) အခြေအနေ (၂) စိတ်ဓာတ်။ အခုအခြေအနေကျတော့ ဝါဒမှိုင်းလို့ ထင်မထားတဲ့ ဝါဒမှိုင်းတွေများတယ်။ ပုဂ္ဂိုလ်ရေး အာသီသတွေများလာတယ်။