မေးမြန်းခန်း

မတ်လ ၈ ရက်နေ့ရန်ကုန် ထမီသပိတ်စစ်ကြောင်းများတွင် ပါဝင်ခဲ့သူများ၏ ရင်တွင်းစကားသံများ

ကျမတို့က အာဏာရှင်စနစ်ကိုတော်လှန်နေကြတာဖြစ်တယ်။ အာဏာရှင်စနစ်ဆိုတာသည် အင်အားနည်းတယ်လို့ထင်ရတဲ့သူ အင်အားတကယ်နည်းတယ်လို့ မပြောဘူးနော်။ အင်အားနည်းတယ်လို့ထင်ရတဲ့သူကို အင်အားကြီးတယ်လို့ထင်ရတဲ့သူက လက်နက်ဖြစ်စေ ခွန်အားနဲ့ဖြစ်စေ ပါဝါအာဏာနဲ့ ဖြစ်စေဖိနှိပ်တဲ့ စနစ်ဖြစ်တယ်။ ဆိုတော့ ကျမတို့က အဲ့ဒီစနစ်ကိုတော်လှန်နေတာဖြစ်တယ်။ အာဏာရှင်စနစ်ရဲ့ အဓိက ထောက်တိုင်ကလည်းကျား-မအခြေပြု ဖိနှိပ်မှုဖြစ်တယ်။

နေပြည်တော်ဆန္ဒပြပွဲတွင်ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးများနှင့်မေးမြန်းချက်

“ ညီမတို့ကို အခုလို ဖမ်းလိုက်လို့ ညီမတို့က ရပ်တန့်သွားမှာတော့မဟုတ်ဘူး။ ညီမတို့ကို အပြင်ပန်းသဏ္ဍာန်ကိုသာ ဖမ်းလို့ ရတာလေ။ စိတ်ပိုင်းဆိုင်ရာခံစားချက်ကိုတော့ သူတို့တားလို့မရပါဘူး။” - မသက်နှင်း (CDM ဝန်ထမ်းတစ်ဦး)

“ဦးဂါရွာသူအမှုက တနိုင်ငံလုံးမှာ ရှိနေတဲ့ တိုင်းရင်းသားဒေသတွေ အမျိုးသမီးတွေရဲ့ လုံခြုံမှုကို မီးမောင်းထိုးပြလိုက်တဲ့ သဘောဖြစ်နေတယ်”

“ကျမတို့ မြန်မာတစ်နိုင်ငံလုံး…ရှမ်းမှာဖြစ်တယ်။ ကချင်မှာဖြစ်တယ်။ ကရင် မှာ ဖြစ်တယ်။ ကျမတို့အကုန်လုံး အမှုတွဲတွေကြားနေရတယ်။ တွေ့နေရတယ်။ ဒီလောက် မအောင်မြင်ဘူး။ ကျမတို့ အ ခုလုပ်လိုက်တဲ့ အမှုတွဲအောင်မြင်တဲ့ အတွက် ဒါက ကျမတို့ ရခိုင်ပြည်နယ် တစ်ခုထဲအတွက် မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တနိုင်ငံလုံးမှာ ရှိနေတဲ့ တိုင်းရင်းသားဒေသတွေက အမျိုးသမီးတွေရဲ့ လုံခြုံမှုကို မီးမောင်းထိုးပြလိုက်တဲ့ သဘောဖြစ်နေတယ်။”

“ကျမကို မဲပေးတဲ့ ပြည်သူတွေ ဖြူဖြူစင်စင်နဲ့ မဲပေးထားတဲ့အတွက်ကြောင့် ကျေနပ်တယ်”

အမျိုးသမီးတွေရဲ့ စိန်ခေါ်မှု အခက်အခဲတွေက စည်းရုံးရေးဆင်းတဲ့နေရာမှာ အမျိုးသမီးတွေ မသွားသင့်တဲ့ နေရာတွေ ရှိတယ် ပတ်ဝန်းကျင်က လက်မခံတဲ့ နေရာတွေ ရှိတယ်။ အမျိုးသမီးကိုယ်စားလှယ်ဆိုလို့ရှိရင် လူတွေက ပိုပြီးစိတ်ဝင်စားတယ်လို့ ပြောရမလား။ ပိုပြီးသတိထားကြတယ်။ ကျမတို့က အချိန်တိုင်းကို သတိနဲ့ သွားလာနေရတယ်။ အမျိုးသမီးတွေက နည်းနည်းလေးမှ ခြေလမ်းမှားလို့ မရဘူး။ မှားရင် ပြစ်တင် ဝေဖန်မှုတွေ အမျိုးသားတွေထက် ပိုရှိတယ်။

“မဲဆွယ်သွားတဲ့အခါ တစ်နေကုန် လမ်းလျှောက်မှ တစ်ရွာရောက်တယ်”

ကျမက ပထမဆုံးသော အမျိုးသမီး အမတ်လောင်းဖြစ်တယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လို့ရတယ်ဆိုတာ သူတို့ မသိဘူး။ နိုင်ငံက အမျိုးသမီးနဲ့လည်းဆိုင်တယ် လုပ်လို့ရတယ်လို့ဆိုတာကို အစအဆုံး ပြန်ရှင်းရတယ်။ အမျိုးသားတွေကလည်း တောင်ပေါ်ဒေသအတွက် သူတို့ပဲ လုပ်ပေးနိုင်တယ်ပေါ့နော်။ အမျိုးသမီးဆိုတာက မဲဆွယ်တဲ့ အချိန်မှာဘဲ ရောက်လာနိုင်တယ်။ နောက်ဆိုရင် မရောက်လာနိုင်ဘူး ဒီလိုဒေသမှာ အမျဳိးသမီးလုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီးပြောတယ်။

“အင်အားကြီး ပါတီတွေ ရသွားတဲ့ မဲ ၁၀၀၀ နဲ့ ကျမရ တဲ့ မဲတစ်မဲက ညီမျှတယ်”

အမျိုးသမီးတစ်ယောက် အခုလို နိုင်ငံရေးလောကထဲဝင်ပြီး အခုလို ဝင်ပြိုင်တာ အများစုက အံ့သြ ကြတယ်။ လုပ်နိုင်တယ်။ သွားနိုင်တယ်ပေါ့။ ကျမကိုယ်တိုင်လည်း ဒီနှစ် လယ်ဝေး မြို့နယ်ထဲမှာ ကိုယ်စားလှယ် ၈ ဦးထဲမှာ ပြည်သူနဲ့ ထိတွေ့မှု အများဆုံး ကျမပဲ လုပ်နိုင်တယ်။ ကမ်ပိန်းကာလမှာ ကျမနောက်က စည်းရုံးရေးအတွက် ပံ့ပိုးဖို့ လိုက်ပေးနေတဲ့ ယောကျာၤးတွေ သူတို့သာ လူလဲသွားတယ်။ ကျမ လူမလဲဘူး။ တနေ့ ၇ ရွာဆို ၇ ရွာလုံးသွားခဲ့တယ်…

ကရင်တော်လှန်ရေးအမျိုးသမီးကြီးရဲ့ရွေးကောက်ပွဲခရီး

“ဒီရွေးကောက်ပွဲမှာ ကျမကို ပညာမတတ်တာတို့၊ ထောင် ခဏခဏ ကျတာတို့ ပြောခံရတယ်။ နိုင်ငံရေး လုပ်ရင် ဘာပညာတတ်ရမယ်ဆိုတာ ကန့်သတ်ချက် မရှိဘူးပေါ့နော်။ နိုင်ငံရေးဆိုတာ ယုံကြည်ချက်၊ ခံယူချက် ရှိရမယ်ဆိုတာကိုတော့ နားလည်စေချင်ပါတယ်။ ကျမသည် ထောင် ခဏခဏ ကျတယ်ဆိုတာ ကျမရဲ့ အကျိုးကြောင့် ထောင်ကျတာ မဟုတ်ပါဘူး။ ကျမသည် ပြည်သူကို ကူရင်းနဲ့မှ မတရား တရားစွဲ ထောင်ကျခံရတာဖြစ်တယ်…”

“တကယ်ဆုံးဖြတ်ချက်ချတဲ့ နေရာအဆင့်ဆင့်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ပအိုဝ်းအမျိုးသမီး ပါဝင်လာတာ မရှိခဲ့ဖူးဘူး”

“ကျမက အမျိုးသမီးဖြစ်တယ်။ ကျမ campaign team တွေကလည်း အမျိုးသမီးတွေချည်းပဲဖြစ်တယ်ဆိုတော့ တခါတလေကျွန်မတို့သွားတာ လုံခြုံရေး အရမ်းအရမ်းစိုးရိမ်ရတယ်။ တချို့နေရာမှာ ခဲ နဲ့ပေါက်တာမျိုးတွေ(ရှိခဲ့တယ်)… ”

“သက်ရှိထင်ရှားနေသ၍နိုင်ငံရေး၊ အမျိုးသားရေး၊ ဖွံ့ဖြိုးရေးတို့ကို တတ်နိုင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်လုပ်ဆောင်မယ်”

ဒီအကြောင်းအရာကို အခြေခံပြီးတော့ ကျမက နိုင်ငံရေးကို စွန့်လွှတ်မှာ မဟုတ်ဘူး။ ဖွံဖြိုးရေးတို့ အမျိုးသားရေးတို့ နိုင်ငံရေးကို လုပ်နိုင်တဲ့ အရွေ့တစ်ခုလည်း ကျမဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်သလို လာမယ့် ၂၀၂၅ မှာလည်း လိုအပ်တဲ့ ပြင်ဆင်မှုကို ကျမက အခုကတည်းက ပြင်ဆင်ဖို့လိုတယ်ပေါ့…

“အမျိုးသမီးဖြစ်လို့ နိုင်ငံရေးမှာ ဘာမှ မလုပ်နိုင်ဘူး…အုပ်ချုပ်ရေးမှာလည်း မပါနိုင်ဘူးဆိုပြီး ကိုယ့်ကိုကိုယ့်နှိမ့်ချတဲ့စိတ် လုံးဝ မရှိပါနဲ့”

“အမျိုးသမီးအရေးဆိုရင် လူမှုရေးနဲ့ ဘာသာရေးဘက်မှာပဲ လှုပ်ရှားကြတယ်။ အဲဒါမျိုးတွေထက် အုပ်ချုပ်ရေး ပိုင်းမှာလည်း ဝင်ကြပါ။ အထူးသဖြင့် ဝန်ထမ်းတွေ ဝင်လုပ်ကြ။ အဲဒီကနေ တဖြည်းဖြည်းနဲ့ အရာရှိတွေ ဖြစ်လာမယ်။ အဲ့တော့ အုပ်ချုပ်ရေးပိုင်းမှာလည်း အမျိုးသမီးတွေက အရာရှိတွေ ဖြစ်လာမယ်။ နိုင်ငံရေးဘက် မှာလည်း လေ့လာပါ။ စိတ်ဝင်စားပါ။”