Home မေးမြန်းခန်း “သက်ရှိထင်ရှားနေသ၍နိုင်ငံရေး၊ အမျိုးသားရေး၊ ဖွံ့ဖြိုးရေးတို့ကို တတ်နိုင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်လုပ်ဆောင်မယ်”

“သက်ရှိထင်ရှားနေသ၍နိုင်ငံရေး၊ အမျိုးသားရေး၊ ဖွံ့ဖြိုးရေးတို့ကို တတ်နိုင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်လုပ်ဆောင်မယ်”

ကြည်ဖြူ။ ။

ခရစ္စတီးနား(ခ) မူဂလိုရီယာ ဟာ ကယန်းအမျိုးသားပါတီ ကိုယ်စားပြုပြီး ကယားပြည်နယ် လွှတ်တော်အတွက် မယ်စဲ့မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်ကနေ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

သူမဟာ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ပေမယ့် အလားအလာကောင်းတဲ့အမျိုးသမီးကိုယ်စားလှယ်လောင်းဖြစ်ခဲ့ပြီး ဒုတိယ မဲအများဆုံးရခဲ့ပါတယ်။ ရွေးကောက်ပွဲကာလအတွင်းက သူမရဲ့အတွေ့အကြုံကို မေးမြန်းတင်ဆက်လိုက်ပါတယ်။

မေး။ ။၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားတွေနဲ့ တန်းတူဝင်ရောက် အရောက်အရွေးခံရတဲ့ အချိန်မှာ အဓိက စိန်ခေါ်မူတွေက ဘာတွေ ရှိပါသလဲ။
ဖြေ။ ။ အဓိကတော့ အမျိုးသမီးဖြစ်တယ်လို့ ဒေသခံတွေ မြင်ထားတဲ့ အမြင်တွေကတော့ သူတို့လက်သင့်ခံပါတယ်။ ဒါပေမဲ့ သူတို့ သိပ်လက်သင့်မခံနိုင်တဲ့ အကြောင်းအရာတစ်ခုကတော့ Tittle Issue အကြီးကြီးလိုဟာမျိုးပေါ့နော်။ သူတို့ သို့လောသို့လော ဖြစ်လာနိုင်ပါ့မလားဆိုတဲ့ တစ်ခုကိုတော့ သူတို့ဇဝေဇဝါဖြစ်နိုင်တယ်။ သူတို့လက်ခံလာနိုင်တဲ့ အကြောင်းအရင်းကလည်း စကားလုံးအသုံးအနှုန်းဖော်ရွေမူတွေကို ပြနိုင်တဲ့အခါမျိုးမှာလဲ ကျမအမှတ်ရခဲ့ပါတယ်။

နောက်တစ်ခုအနေနဲ့တော့ စီးပွားရေးနယ်ပယ်ကို ကြည့်မယ်ဆိုလို့ရှိရင် နိုင်ငံရေးနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးတော့ လုပ်တဲ့ ကုန်စည် ဒိုင်လုပ်တဲ့ဟာမျိုး လမ်းပန်းဆက်သွယ်ရေးစသဖြင့် ဈေးကွက်တို့ အများစုသွားနေတာက အမျိုးသား ခေါင်းဆောင်တွေ ဖြစ်နေသေးတာအတွက်ကြောင့် အဲလိုအခြေအနေမျိုးမို့လို့ ဖြစ်တဲ့အပေါ်မှာတော့ သူတို့ နည်းနည်း ယုံကြည်ချက် ဇဝေဇဝါတော့ ဖြစ်အုန်းမှာပဲ။ ကျန်တဲ့ အခြေအနေတစ်စုံလုံးကို ကြည့်မယ်ဆိုရင်တော့ စိန်ခေါ်မူကတော့ ငွေရေးကြေးရေးကတော့ လူတိုင်းရှိတဲ့ ထဲမှာကိုမှ အမျိုးသမီးရဲ့ သဘောသဘာဝက ဘယ်လောက်ပဲ ရှေ့ပြေးစေဦးတော့၊ စီးပွားရေးကို အမျိုးသားလောက် ခိုင်ခံ့ထားမှု မရှိတဲ့ အပေါ်မှာတော့ ငွေရေးကြေးရေး အခက်အခဲဖြစ်တယ်။

နောက်တစ်ခု သွားရေးလာရေး ဒီလိုပိုင်းမှာလည်း အန္တရာယ်ကျနိုင်လောက်တဲ့ အနေအထားမျိုးတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ တချို့သော အခက်အခဲတွေက သူဟာနဲ့သူတော့ ရှိနေပါတယ်။ အဲ့ဒါတွေဆိုတာကလည်း ဒေသခံအားလုံးရဲ့ ဝိုင်းဝန်းကူညီပေးမှုနဲ့ အားလုံးကို ကျော်လွှားနိုင်ခဲ့ပါတယ်။

မေး။ ။ရွေးကောက်ပွဲမှာ အရွေးမခံရတာ ဘာကြောင့်လို့ သုံးသပ်မိပါသလဲ။
ဖြေ။ ။ ပြည်သူတွေက “ကျမ ဗိုက်အရမ်းဆာနေတယ်၊ ကျမသားသမီးလည်း အိုးခွက်ပန်းကန်ခေါက်ပြီးတော့ ထမင်းတောင်းနေတယ်”။ ဒီအချိန်မှာ ကျွန်မက ငြိမ်းချမ်းရေး ဖက်ဒရယ်အကြောင်းလာပြောမှာထက်စာရင် ကျမဆန်တစ်အိတ်၊ အာလူးတစ်အိတ်လာချပေးရင်တော့ အဲဒီဆန်နဲ့အာလူးကိုဘဲ ပြည်သူလူထုက ရွေးမှာပဲ။

ဒါပေမယ့် ဒီအချိန်မှာ ပြည်သူတစ်ခုပဲ လုပ်ဖို့လိုတာက အခုန ဒီဆန်တစ်အိတ်နဲ့ သော့တစ်ချောင်းလာချပေးမယ်ဆိုရင် သူတို့ သော့တစ်ချောင်းကို ရွေးချယ်ခဲ့မယ်ဆိုရင် သူတို့အတွက်က လွတ်ငြိမ်းချမ်းသာခွင့် ရေရှည်ဖြစ်တယ် ဆိုတဲ့ ဟာမျိုးကို ပြည်သူတွေ သတိမရနိုင်လောက်တာက မနက်ဖြန်လို ရွေးကောက်ပွဲဝင်ရမှာကို ညမှာက ဝင်ထားတဲ့ နိုင်ငံရေး အောက်လုံးထိုးကျွေးမူတွေက အင်မတန်မှမြင့်တယ်။ တစ်ဦးတစ်ယောက်ခြင်းစီ မဲတစ်ပြားဆီအပေါ်မှာကို သွားနိုင်တဲ့ အခြေအထားဖြစ်တယ်။ ကျွန်မတို့ဆီမှာ နယ်မြေကျဉ်းတော့ ငွေကိုလည်း ကိုဗစ်ကို အကြောင်းပြပြီးတော့ ထောက်ပံ့ကြေးငွေတွေဆိုလည်း တစ်ခေါက်ပြီး တစ်ခေါက်၊ နောက်တစ်ခုကျ‌တော့ အဲဒီအချိန်မှာပဲ ခြံမြေကွက်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကလည်း တိုက်ရိုက်မဲဆွယ်တာပဲလေ။

ကျမအရွေးမခံရတဲ့ အကြောင်းအရင်းက အစောပိုင်းက ပြောသလိုပဲ နိုင်ငံရေးအောက်လုံးသည် အရမ်းမြင့်တယ်။ တိုင်းရင်းသားပါတီတွေက သူတို့နိုင်မယ်ဆိုလို့ရှိရင် စစ်တပ်နဲ့ပူးပေါင်းမယ်ဆိုပြီးတော့။ နောက်တစ်ခုက လူမျိုးငယ်တစ်ခုကကော အခုနပြောတဲ့ ဒေသဖွံ့ဖြိုးရေးကို ဘယ်လောက်လုပ်နိုင်မှာမို့လိုလဲ ဆိုတဲ့ အောက်လုံးကလည်း အရမ်းမြင့်တဲ့အချိန်ကိုမှာ ထိုးကျွေးလိုက်တဲ့ ကိစ္စတွေကလည်း အင်မတန်မှလည်း လူထုစိတ်ဓာတ်ကို ပျက်ပြားစေတယ်။

မေး။ ။ရွေးကောက်ပွဲ ရလဒ်ထွက်ရှိလာတဲ့ အပေါ်မှာ အမျိုးသမီးတစ်ယောက် အနေနဲ့ စိတ်ဓာတ်ကျသွားတာ မျိုးရော ရှိလား။ ကိုယ်ရဲ့ စိတ်အင်အားကို ဘယ်လိုမြှင့်တင်ထားပါသလဲ။
ဖြေ။ ။ ကျမ စိတ်ဓာတ်တော့ မကျဘူး၊ ဒါပေမဲ့ နည်းနည်းတော့ အံဩသွားတယ်။ ကျမစိတ်ဓာတ်မကျရတဲ့ အကြောင်းအရင်းက ကျမက ရွေးကောက်ပွဲဝင်ပြီးဆိုကတည်းကိုက ဘက်နှစ်ဖက်လုံးအတွက် ကြိုတင်ပြင်ဆင်ထားတယ်။
ဘာလိုဆို ကျွန်မတို့ အဲဒီနယ်ကို ရောက်တာနဲ့ ကျွန်မတို့ကို ပြောလိုက်တဲ့ အခင်းအကျင်းက ဘာတစ်ခုမှ အဖတ်ဆယ်လို့ မရဘူး နောက်ဆုံး အဲဒီနယ်မှာရှိတဲ့သူ တစ်ဦးတစ်ယောက်ခြင်း နာမည်တွေကိုလည်း သူတို့ဖတ်ပြတယ်။ သူတို့ရဲ့ အားနည်းချက်တွေ။ ကောင်းတာတစ်ခုမှ မရှိဘူး ကျမတို့ မဲက သေချာသလောက် သေချာသွားပြီး ဘယ်လောက်ထိ ပြောလဲဆိုလို့ရှိရင် အောင်ပွဲခံဖို့ စဉ်းစားပြီးတော့ ကျွဲကို ကြိုထု နွားကို ကြိုထုရတော့မယ်လိုလို။ ဝုန်းဒိုင်းဝုန်းဒိုင်း အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်ထားရမယ် လိုလို။

ဒါပေမယ့်တကယ်တမ်းကျတော့ ထွက်လာတဲ့ မဲရလာဒ်က ဓားနဲ့ထိုးရင် စွပ် ဆိုတဲ့ အသံတစ်ချက်တောင် မမြည်ဘူး သွေးက တိတ်တိတ်လေးနဲ့ကို ကျွန်မတို့ကို အဖြေပေးလိုက်တာနဲ့ အတူတူပါပဲ။ ကျွန်မနည်းနည်း အံဩသွားတာကလွဲပြီးတော့ လုံးဝယူကျုံးမရတော့ မဖြစ်ဘူး။ နိုင်ငံရေးကလည်း ဒီမှာပဲသေသွားတာမဟုတ်ဘူး။ ကျမသက်ရှိထင်ရှားနေသ၍နိုင်ငံရေး၊ အမျိုးသားရေး၊ ဖွံ့ဖြိုးရေးတို့ကို တတ်နိုင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်လုပ်ဆောင်ပါအုန်းမယ်ပေါ့နော်။

မေး။ ။ကိုယ်ကိုတိုင် ရွေးကောက်ပွဲမှာ အရွေးမခံ ရပေမယ့် အမျိုးသမီးရေးနဲ့ နိုင်ငံရေးတွေကို ဘယ်လိုဆက်လက် လုပ်ဆောင်သွားမယ်လို့ စိတ်ကူးထားပါသလဲ။
ဖြေ။ ။ ကျွန်မက CSOs လောကမှာကတည်းက နိုင်ငံရေးကို ကိုယ်တတ်နိုင်သလောက် ဝိုင်းတွန်းတယ်။ အဲလို တွန်းနေတဲ့ ကြားတွေထဲမှာကိုမှ ဒီရွေးကောက်ပွဲကိုလည်း မဖြစ်မနေဝင်ရောက်တယ်။ အခုကလည်း အမှန်တိုင်း ပြောရမယ်ဆိုရင် နိုင်ငံရေး အောက်လုံးတွေကို ဖယ်လိုက်ရင်ကျွန်မနိုင်ပါတယ်။ ဘာလို့ဆိုရင် အဲဒီအောက်လုံးကနေ နိုင်သွားတဲ့ ခေါင်းဆောင်အမှတ်ပြီးရင် ကျွန်မရဲ့ ရမှတ်ဘဲဆိုတော့လေ။ စိတ်ဓာတ်အရလည်း ကျွန်မနိုင်ပါတယ်။ ဒါပေမယ့် ရာထူးအရတို့ ကြည့်လိုက်တဲ့အခါကျတော့ ကျွန်မက အနိုင်ရရှိသွားတဲ့ လူရယ်လို့တော့ မဟုတ်ဘူး။
ဒီအကြောင်းအရာကို အခြေခံပြီးတော့ ကျွန်မက နိုင်ငံရေးကို စွန့်လွှတ်မှာ မဟုတ်ဘူး။ ဖွံဖြိုးရေးတို့ အမျိုးသားရေးတို့ နိုင်ငံရေးကို လုပ်နိုင်တဲ့ အရွေ့တစ်ခုလည်း ကျွန်မဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်သလို လာမယ့် ၂၀၂၅ မှာလည်း လိုအပ်တဲ့ ပြင်ဆင်မှုကို ကျွန်မက အခုကတည်းက ပြင်ဆင်ဖို့လိုတယ်ပေါ့။

မေး။ ။အမျိုးသမီးတွေက အမျိုးသားတွေလောက် အလုပ်မလုပ်နိုင်ဘူး။ ရင်ဘောင် မတန်းနိုင်တဲ့ အမြင်တွေ ရှိနေတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်သွားတဲ့ အပေါ်မှာရော ဒီအချက်က သက်ရောက်မူ ရှိတယ်လို့ ထင်ပါသလား။
ဖြေ။ ။ တချို့အတွက်ကျတော့ သက်ရောက်မူရှိတယ်လို့တော့ ကျွန်မမြင်တယ်။ ဥပမာ ဆိုလို့ရှိရင် အမျိုးသမီးက ဘယ်လောက်ပဲ တော်စေအုန်းတော့ ကဏ္ဍတိုင်းကို မတော်နိုင်ဘူး။ ထိုနည်းသူပဲ အမျိုးသားတွေကလည်း သူတို့ဘယ်လောက်ပဲ တော်တော် သူတို့မသိနားမလည်တဲ့ အမျိုးသမီးအရည်အချင်းကတော့‌ အများကြီးရှိတယ်။ သူရဲ့အကျိုးသက်ရောက်မူက ဘာရှိမှာလဲ ဆိုလို့ရှိရင် သူတို့က အလေးမတဲ့ ကိစ္စနဲ့ချိန်ကိုက်လိုက်တဲ့အခါကျတော့ အာလူးတစ်အိတ်ခြင်း မတဲ့ ကိစ္စတို့ အဲလိုစွမ်းဆောင်ရည် အထုထည်နဲ့ သွားတိုင်းလိုက်တယ်။

တကယ်လေ့လာရေးမှာ ကျတော့လည်းပဲ ရှင်းရှင်းပြောမယ်ဆိုရင် အမျိုးသားတွေ လေ့လာသလောက်ပဲ အမျိုးသမီးတွေကလည်း လေ့လာနိုင်တာပါပဲ။ အဲ‌တော့ အားသာချက်က‌တော့ အတူတူပါပဲ ။ ဒါပေမဲ့ ကျွန်မက သက်ရောက်မူရှိတယ်လို့ ဘာကြောင့် ပြောနေရသလဲပေါ့နော်။ လူထုရဲ့ အမြင်ကိုပြောင်းဖို့ဆိုတာက လေးငါး ဆယ်နှစ်လေးနဲ့ ဆိုရင်တော့ ဘယ်လိုမှ ပြောင်းလို့ မရဘူး။

မေး။ ။အခု ရွေးကောက်ပွဲက နိုင်တာ ရှုံးတာ အဓိက မဟုတ်ဘဲ ဖြတ်သန်းမူတစ်ခုကို အတွေ့အကြုံယူတယ်လို့ သဘောထားမယ်ဆိုရင် အစ်မအနေနဲ့ ကိုယ်အတွက် မှတ်မှတ်ရရရှိစေမယ့် ကိုယ်အတွက် ဘယ်လို အတွေ့အကြုံ ရခဲ့ပါသလဲ။
ဖြေ။ ။ လုံးဝအမှတ်ရ စေသွားတဲ့ တစ်ခုကတော့ ကျမရဲ့ ပြိုင်ဘက် NLD။ ကျမကို လက်ညိုးထိုးပြီး‌တော့ သူက ဘာပြောလဲဆိုတော့ လူတွေက ခွေးလောက်တောင် သစ္စာမရှိဘူး။ ခွေးတွေက နေဆိုရင် နေသေးတယ် လူတွေက နေပါဆိုတာတောင် မနေဘူး သွားတယ် သူကျမကို ခွေးနဲ့ နှိုင်းတဲ့ အသံဖိုင်လည်း ရှိသေးတယ်။ ဒါကို ကျမလုံးဝမေ့ပျောက်လို့ မရဘူး။ အားလုံးရှေ့မှာ ကျွန်မတို့ကို ခွေးနဲ့ နှိုင်းခဲ့တာမျိုးကိုမှ NLD က ဒီလိုမျိုးခေါင်းဆောင်ကို ဆက်လက် မွေးထုတ်မယ်ဆိုလိုရှိရင်‌တော့ မြန်မာနိုင်ငံရေးကတော့ အရမ်း ရင်လေးစရာကောင်းတယ်။

မေး။ ။ရွေးကောက်ပွဲ မကျင်းပခင်မဲဆွယ်ကာလမှာကို အမျိုးသမီးလွတ်တော် ကိုယ်စားလှယ်လောင်းတွေကို အွန်းလိုင်းပေါ်က ဖြစ်စေ လှောင်ပြောင်တာတွေ တွေ့ရပါတယ်။ ဒါမျိုးနဲ့ရော တွေ့ကြုံခဲ့ရသလား။ အခုရွေးကောက်ပြီးသွားတဲ့ အချိန်မှာကော် ရလာဒ်ပေါ်ကို မူတည်ပြီး လှောင်ပြောင် ပြောဆိုတာမျိုးတွေ တွေကြုံနေရလား။
ဖြေ။ ။ အရမ်းတော့ မကြုံရဘူး ။ကျမက သတင်းမီဒီယာတွေနဲ့ တအားမတိုက်ခိုက်ထားလို့ပေါ့နော်။ တစ်ခုပဲရှိတာက နယ်ခံမဟုတ်တာက ကျမမလာခင်ကတည်းက ကြားထားတယ်။ နောက်တစ်ခုက ရုပ်ပိုင်းဆိုင်ရာကို ပြောရင်လည်း ဒီလောက်အရပ်ပုတာ လွတ်တော်ထဲ ရောက်ရင် ဘယ်လိုလုပ် သူများကို ချိန်ထိုးနိုင်မှာလဲပေါ့နော်။ ဒါကိုကြည့်ခြင်းအားဖြင့် လူထုတွေက သူတို့ ရွေးချယ်တဲ့ လွတ်တော်ကိုယ်စားလှယ်ကို အရည်အချင်းကို အရင်ဆုံးလေ့လာခွင့် မရတဲ့အချိန်မှာ သူတို့ ရုပ်ပိုင်းကိုပဲ ကြည့်ကောင်းကြည့်နိုင်တယ်။

မေး။ ။ဒီနှစ်မှာ အမျိုးသမီးအမတ်တွေ ဝင်ပြိုင်တာ ရွေးချယ်ခံရတာ များလာတဲ့အပေါ်မှာကော ဘယ်လိုမြင်လဲရှင့်။ နည်းနည်းသုံးသပ်ပေးနိုင်မှာလားရှင့်။
ဖြေ။ ။ တစ်ခုရှိတာက တိုက်ပွဲဝင်ခဲ့စဉ်တုန်းက ကျမတို့ တိုက်ပွဲ အတူတူတိုက်ခဲ့ကြတယ်။ ၂၀၁၅ တုန်းက CSOs တွေ တွန်းပို့လိုက်လို့ လွတ်တော်ထဲရောက်သွားတဲ့ ခေါင်းဆောင်တွေ ရှိတယ်။ လွတ်တော်ထဲရောက်တော့ ကိုတာစနစ်ကို လက်မခံတော့တဲ့ လွတ်တော်ကိုယ်စားလှယ်တွေ ကျမတို့ ကွင်းကွင်းကွက်ကွက်ကြီး မြင်နေရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့လည်း သူတို့ မလွန်ဆန်တဲ့ အကြောင်းအရာတွေ ရှိတယ်ဆိုတာကိုပေါ်လွင်တယ်။

နောက်တစ်ခုက ဒီ ၂၀၂၀ ဆိုလည်း အမျိုးသမီးတွေက တကယ်ကို ရဲဘော်ရဲဘက်တွေ။ အာမခံသိပ်မပေးတာက သူတို့ကကော လွှတ်တော်ထဲ ရောက်ရင် ရပ်တည်ပါမယ် ရဲဘော်စိတ်ဓာတ်နဲ့ လူထုစိတ်ဓာတ်နဲ့ လူအခွင့်အရေးချိုးဖောက်ခံရတဲ့ ကိစ္စမျိုးတွေကို မားမားမတ်မတ်ရပ်ပါမယ်လို့ သူတို့ပြောစေအုန်းတော့ ရာခိုင်နှုန်းအပြည့်ကို ကျွန်မတို့ သွားမှန်းလို့ မရဘူး။

ဘာလို့ဆို သူတို့တွေကလည်း ပါးပါးနပ်နပ်ကစားရတဲ့ အခြေအနေမျိုးမှာလည်း အများကြီးရှိကောင်း ရှိနိုင်တယ်။ ဒါကြောင့်မို့ သူတို့ကို သတင်းစကားပေးချင်တာက အရေးနဲ့အကြောင်းဖြစ်လာခဲ့ရင် ကိုယ်ကတစ်ချိန်တစ်ခါက ရဲဘော် ရဲဘက် စိတ်ဓာတ်နဲ့ ရပ်တည်ပေးခဲ့တဲ့လူတွေကိုလည်း မေ့မထားဖို့ ၊အခွင့်အရေးနဲ့ အခွင့်အလမ်းဆိုတာ ကြုံအုန်းမယ်။ အခြေအနေ အကြောင်းမျိုးမျိုးကြောင့် ပြုတ်ကျကျန်ခဲ့တဲ့ အမျိုးသမီး၊ နေရာရလာတဲ့ အမျိုးသမီးလည်း အခြေအနေမျိုးတွေ နေရာဆိုတာက လွတ်တော်တစ်နေရာတည်းကို ပြောတာမဟုတ်ဘူး။ လွတ်တော်ပြင်ပကနေ လုပ်ပိုင်ခွင့် လုပ်နိုင်ခွင့်၊ စတဲ့ အရေးအချက်ကိုတော့ သူတို့လုပ်ဆောင်ပေးနိုင်ရင်တော့ ကောင်းတာပေါ့နော်။

Related Articles