Home မေးမြန်းခန်း “ဦးဂါရွာသူအမှုက တနိုင်ငံလုံးမှာ ရှိနေတဲ့ တိုင်းရင်းသားဒေသတွေ အမျိုးသမီးတွေရဲ့ လုံခြုံမှုကို မီးမောင်းထိုးပြလိုက်တဲ့ သဘောဖြစ်နေတယ်”

“ဦးဂါရွာသူအမှုက တနိုင်ငံလုံးမှာ ရှိနေတဲ့ တိုင်းရင်းသားဒေသတွေ အမျိုးသမီးတွေရဲ့ လုံခြုံမှုကို မီးမောင်းထိုးပြလိုက်တဲ့ သဘောဖြစ်နေတယ်”

မိုးမိုး။ ။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါရွာမှ အသက် ၃၆ နှစ်အရွယ် ကလေး လေးယောက် မိခင်ဖြစ်သူကို တပ်မ တော်သား ၃ ဦးက အဓမ္မပြု ကျင့်ခဲ့တဲ့အတွက် တရားမျှတမှုရရှိရန် CSOs အဖွဲ့အစည်းများရဲ့ အကူအညီနဲ့ အမှုဖွင့် တိုင်ကြားခဲ့ပြီး အချိန် ၆ လအကြာတွင် ကျူးလွန်သူ တပ်မတော်သား ၃ ဦးစလုံးကို ယနေ့ဒီဇင်ဘာလ ၁၁ ရက်နေ ့မှာ အလုပ်ကြမ်းနဲ့ ထောင်အနှစ် ၂၀ စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

သည်လို အမိန့်ချမှတ်လိုက်တဲ့ အပေါ် ထင်မြင်ချက်များနဲ့အတူ အမှုအတွက် လိုက်ပါလုပ်ဆောင်စဉ် ရင်ဆိုင် ကျော်လွှားခဲ့ရသောအခက်အခဲများ၊ ကာယကံရှင်မိသားစု အတွက်ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို အမှု စတင်စွဲဆိုစဉ်ကတည်းက တစိုက်မတ်မတ် လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရခိုင်အမျိုးသမီးများ ကွန်ရက်မှ ဥက္ကဌ ဒေါ်ညိုအေးကို Hi သတင်းဌာနမှ မမိုးမိုးမှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး ။ ။ ဦးဂါအမှုနဲ့ ပတ်သက်ပြီး အခု အမိန့်ချလိုက်တဲ့ အပေါ်မှာ ကျေနပ်မှု ရှိပါသလား။
ဖြေ ။ ။ ကျေနပ်မှု ရှိလားဆိုတော့ ကျမတို့မှာ ဒီမှာ ဥပဒေအဖွဲ့တွေ ပါတယ်။ CSOs ကလေ။ အဲ့ဒီ ဥပဒေ အဖွဲ့မှာ Legal Clinic Myanmar (LCM) ကနေပြီးတော့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အပေါ်မှာ ကျမတို့ အရပ်ဖက်က စွဲဆိုထားတဲ့ ပုဒ်မ တွေ က မှန်ကန်နေတယ်ပေါ့နော်။

ပြီးတော့လည်း ကျမတို့ အမှု ၃ ခု နဲ့ တရားစွဲဆိုထားတာဆိုတော့လေ၊ အဲ့ဒီအမှုတွေက မှန်ကန်နေတယ်ဆိုပြီးတော့ တပြိုင် နက်ထဲ ဆုံးဖြတ်ချက် ချလိုက်တယ်။ ကျမတို့ ကျေနပ်တာထက် တရားလိုက ကျေနပ်ဖို့ အရေးကြီးတာပေါ့။ အခုက တရား လိုက ကျေနပ်တယ်လို့ ပြောတဲ့ အတွက် ကျမတို့ အားလုံးက အခု ကျမတို့ စွဲဆိုထားတဲ့ ၃ မှုစလုံးနဲ့ ညှိနေတဲ့ အတွက် ကျ မတို့ကလည်း ကျေနပ်မှု ရှိတယ်။

မေး ။ ။ တပ်မတော်သားတွေကို ထိထိရောက်ရောက် အပြစ်ပေးလိုက်တာကိုတွေ့ရတယ်။ အပြစ်ပေးပြီးနောက်ပိုင်းရော ဒီတပ်မတော်သားတွေ စောင့်ကြည့်တာမျိုး လုပ်သွားဖို့ရှိပါသလား။
ဖြေ ။ ။ ကျမတို့က တပ်မတော်ကို အပြီးယုံတယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ သို့ပေမယ့် စစ်ခုံရုံးနဲ့ စစ်တဲ့ အချိန်မှာ အခု သင့်တော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်နေတယ်။ အဲ့တော့ ကျမတို့က လက်ခံပေးရမယ့် သဘောဖြစ်တယ်။ ဒါပေမယ့် ကျမတို့ အရပ်ဖက်ကလည်း သိတဲ့အတိုင်းပဲလေ ခြေလှမ်းက တော်တော် ကျယ်တဲ့ အချိန်မှာ ကျမတို့ စောင့်ကြည့်ဖို့ အများကြီးရှိပါတယ်။

ဆက်ပြီး စောင့်ကြည့်သွားမယ်။ အဲ့ဒီတပ်မတော်သားတွေကို အခု ကျမတို့ ရှေ့တင်ပဲ စစ်တွေထောင်ကို ပို့လိုက်တယ်ဆို တာ သိရတယ်။ စစ်တွေထောင်ကို ပို့လိုက်တယ်ဆိုပေမယ့် ကျမတို့က အဲ့ဒီထောင်ထဲမှာ ရှိတဲ့ သူတို့ရဲ့ အခြေအနေတွေ နောက်ပြီး အဲ့ဒီ တပ်မတော်သားတွေက ဘယ်လိုနည်းနဲ့ ဘယ်လို ဖြစ်နေတယ်ဆိုတာ ပြန်ပြီးတော့ လေ့လာသုံးသပ်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒီ အမှုတွဲကို တချိန်ချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့ ကျမတို့ရဲ့ အဖွဲ့တွေ အနေနဲ့ လက်ဆင့်ကမ်းပြီး စောင့်ရှောက်သွားမှာပါ။ ကျမ သေဆုံးသွားလည်း သူတို့ စောင့်ကြည့်ပါလိမ့်မယ်။

မေး။ ။ ဒီအမှုက ဘယ်အချိန်မှာ စဖြစ်ခဲ့တာလဲ။ အချိန်ဘယ်လောက်ကြာခဲ့ပါသလဲ။ ရုံးချိန်းဘယ်လောက် တက်ခဲ့ရ ပါသလဲ။
ဖြေ ။ ။ ၆ လပိုင်း( ဇွန်လ) ၁၀ ရက်နေ့က အမှတ်(၁) မြို့မ ရဲစခန်းမှာ စတင် တရားစွဲတယ်ပေါ့။ ကျမတို့ အခု ၁၂ လပိုင်းဆိုရင်တော့ ၆ လအတိလောက်ကြာပြီးတော့ အဲ့ဒီအချိန်ကို ကျမတို့ ရင်ဆိုင်ပြီးတော့ လုပ်လာခဲ့တာ ကျမအတွက် စိန်ခေါ်မှုတွေ အများကြီးပေါ့။ (ဥပမာ) ကျမ အသက်ဘေးအန္တရာယ် လုံခြုံမှုတွေ ၊ တရားလို အမျိုးသမီး မိသားစုတွေရဲ့ လုံခြုံမှုတွေကို ပထမဆုံး CSOs တွေက အကုန်စုပေါင်းပြီးတော့ ကာကွယ်စောင့်ရှောက်ခဲ့တဲ့ အနေအထားတွေပေါ့နော်။ ပြီးတော့ သူတို့ အတွက် နေရာထိုင်ခင်းစီစဉ်ပေးရတဲ့ အနေအထားတွေ အဲ့တာမျိုးတွေလည်းလုပ်ပေးရပါတယ်။

မေး ။ ။ အမှုစဖြစ်ထဲက ကာယကံရှင်အမျိုးသမီးနဲ့သူ့ မိသားစုဝင် ၆ ယောက်စလုံးကို ခေါ်ပြီး စောင့်ရှောက်ထားတယ်။ အခု ဒီအမှုက အမိန့် လည်းချပြီးပြီဆိုတော့ သူတို့ မိသားစုကို နောက်ဆက်တွဲ ဘာများဆက်လုပ်သွားပေးဖို့ ရှိပါသလဲ။
ဖြေ ။ ။ ကျမတို့ ရွာပြန်ပို့ဖို့တော့ အစီအစဉ်မရှိသေးပါဘူး။ ကျမတို့ CSOs အဖွဲ့ပေါင်း ၁၂၁ ဖွဲ့ရှိတယ်။ အဲ့ဒီအဖွဲ့တွေကို ကျမတို့ကဝိုင်းပြီးတော့ မက်ဆေ့ချ်ပေးရဦးမယ်။ သူတို့ လုပ်ဆောင်ချက်တွေ ဘယ်လိုပေါ်လာမလဲပဲ ကျမတို့ ကြည့်ပေး ရဦးမယ်ပေါ့။ ကျမတို့က လောလောဆယ်ရွာကို ပြန်ပို့ပေးဖို့တော့ အခြေအနေ မရှိသေးဘူးပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ ကာယကံရှင် အမျိုးသမီးက ဒီအမှု အမိန့်ချလိုက်တဲ့ အပေါ် ကျေနပ်မှု ရှိတယ်ဆိုတော့ တခြား သူဖြစ်ချင် တာ များ အမတို့ အဖွဲ့အစည်းကို တောင်ဆိုတာမျိုး ရှိပါလား။ သူ့ဆန္ဒကရော ဘယ်လိုမျိုး ရှိပါသလဲ။
ဖြေ ။ ။ ဒီကနေ့မှာပဲ စစ်ခုံရုံးက ဆုံးဖြတ်တယ်ပေါ့နော်။ ကျမတို့မျက်စိရှေ့မှောက်မှာပဲ ဆုံးဖြတ်တယ်ဆိုတော့ ကျမ တို့က ရှေ့လျောက် ဘာလုပ်ရမယ်ဆိုတာ ကျမတို့က အချိန်ယူပြီးမှ ဒီမေးခွန်းကို ဖြေရမှာ ဖြစ်ပါတယ်။

မေး ။ ။ တပ်ဖက်နဲ့ ဆိုင်တဲ့ အမှုတွေဆိုရင်ဒီလို တရားမျှတမှု ရဖို့ အတွက် နောက်အမှုတွေရော၊ အခု စီစစ်ဆဲ အမှုတွေ ရော အခုလိုမျိုး ပြစ်ဒဏ်မျိုး ချမှတ်နိုင်ဖို့၊ တရားမျှတမှု ရဖို့ အတွက်ဆိုရင် ဘာတွေလုပ်ဖို့ လိုတယ်လို့ မြင်ပါသလဲ။
ဖြေ ။ ။ အဓိက အချက်က ကျမတို့ CSOs အဖွဲ့အစည်းတွေက ညီညွှတ်မှု ရှိဖို့လိုတယ်ပေါ့နော်။ အမှုတွဲ ဖြစ်ပေါ် လာပြီ ဆိုရင် အကုန်လုံး ဝန်းရံပြီးတော့ ကျမတို့က အဲ့ဒီ အမှုတွေအပေါ်မှာ ခေါင်းဆောင်တဲ့ သူတွေရော၊ နောက်ကလိုက်တဲ့ သူတွေရော မရွေးဘဲ အကုန်လုံး လိုက်လုပ်ပေးကြဖို့ လိုပါတယ်။

ပြီးတော့ မီဒီယာကနေ လော်ဘီ လုပ်ဖို့ လိုတယ်ပေါ့။ အဲ့ဒါတွေ ပြည့်စုံမှလည်း အမှုတစ်ခုက အောင်မြင်တယ်လေ။ အခု ကျမတို့ဆိုရင် ၃ လလုံးလုံးကို မအိပ်မနေ ရုန်းကန်ပြီးတော့ လှုပ်ရှားခဲ့ရတာလေ။ ကျမတို့ စိန်ခေါ်မှုတွေ အများကြီး လုပ် ရတာ။ ပြီးတော့ အဲ့ဒီ အမျိုးသမီးက စိတ်ဒဏ်ရာ ရနေတဲ့ အတွက် သူ့ရဲ့ စိတ်ဒဏ်ရာ ပပျောက်ဖို့၊ သူ့သားသမီးတွေ ကျန်း မာရေး ကောင်းမွန်ဖု့ိ ကျမတို့မှာ အားလုံးကြည့်ရတယ်လေ။

မေး ။ ။ အစပိုင်းမှာ တပ်ဘက်က ဒီဖြစ်စဉ်မှာ တပ်မတော်သားတွေ ကျူးလွန်တာ မရှိဘူး။ ပြည်သူလူထု အထင်လွှဲမှား စေရန် လုပ်ကြံဖန်တီးတဲ့ သတင်းဖြစ်တယ်ဆိုပြီး တပ်မတော်က ထုတ်ပြန်ချက်ထုတ်တာရှိခဲ့တယ်။ နောက်ပိုင်းမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော်သားတွေ ဝန်ခံထားပါတယ်ဆိုတာကို မီဒီယာကတစ်ဆင့် ပြန်ပြောတာဆိုတော့ ဒီအမှု တရားမျှ တမှု ရရှိဖို့ အတွက် ဘယ်လောက်ထိ ကြိုးစားခဲ့ရပါသလဲ။ စိန်ခေါ်မှုတွေကရော ဘာတွေ ဖြစ်ပါသလဲ။

ဖြေ ။ ။ ဒီအမှုလိုက်တဲ့ အပေါ်မှာ စိန်ခေါ်မှုကတော့ တရားလိုတွေရော၊ ကျမတို့ရဲ့ ဦး ဆောင်လိုက်ပေးနေတဲ့ သူတွေရဲ့ လုံခြုံရေးပေါ့နော်။ အဲ့ဒီလုံခြုံရေးတွေအတွက်ကျမတို့ အတွက် စိုးရိမ်ကြောင့်ကြရတာရှိတယ်။ ပြီးတော့လည်း ဖုန်းနဲ့ ခြိမ်းခြောက်တာ ခံနေရတာ ရှိတယ်။ ကျမတို့က အမျိုးစုံ၊ အခက်ခဲပေါင်းစုံကို ကျော်ဖြတ် ခဲ့ပြီးမှ ကျမတို့ ဒီအနေအထားထိ ရောက်လာပါပြီ။

ကျမတို့မှာ စိန်ခေါ်မှု ၏တွေက ဘယ်နေရာမှ လုံခြုံပါ့မလဲပေါ့။ သူတို့မိသားစုကို ဘယ်နေရာမှာထားနိုင်ပါ့မလဲဆိုတာကို ကျ မတို့ CSOs အဖွဲ့တွေက အကြိမ်ကြိမ် စဉ်းစား ၏ဆုံးဖြတ်ပြီးတော့မှ သင့်တော်မယ့်နေရာကို ကျမတို့ ရွေးရတာတွေ ရှိတယ်။ ရွေးပြီးတဲ့ အချိန်မှာလည်း သူတို့ကို စောင့်ကြည့်ပြီးတော့ သူတို့ကို အနီးကပ် စောင့်ကြည့်ပေးမယ့် သူကလည်း လိုသေးတယ်လေ။ ဒီလိုထားတဲ့ အတွက် နည်းနည်း အခက်ခဲ ကြုံတာတော့ ရှိတယ်။ သိပ်ပြီး အဆင်မပြေတာတော့ မဟုတ်ဘူး။ ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။

မေး ။ ။ ကာယကံရှင် အမျိုးသမီးရဲ့ အမျိုးသားက အမှုမဖြစ်ခင်ထဲက ထိုင်းဘက်မှာ အလုပ်ထွက်လုပ်နေတယ်ဆိုတော့ သူ့ အမျိုးသားက ဒီလို အမှု ဖြစ်လာတဲ့ အတွက် ကြားထဲမှာ အဆက်အသွယ်မလုပ်တော့ဘူးဆိုတော့ နောက်ပိုင်း ပြန်ဆက် သွယ်လာတာမျိုးရှိသလား။ ကာယကံရှင် အမျိုးသမီးရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုကိုလည်း နည်းနည်းလောက် ပြောပြပေးပါဦး။
ဖြေ ။ ။ သူ့ အမျိုးသားက သူ့ကို ဆက်သွယ်မှု မရှိဘူး။ ပြီးတော့လည်း သူ့ယောကျာ်းလေ။ ယောကျာ်းဆိုတော့ အမျိုး သမီးတစ်ယောက် ပြုကျင့်ခံလိုက်ရတယ်ဆိုကတည်းက သူ့ရဲ့ ယောကျာ်းရဲ့အပေါ်မှာ စိတ်ခံစားမှုလည်း တစ်မျိုး ရှိမှာပေါ့နော်။ ဒီနေ့ထိ အဆက်အသွယ်မရဘူး။ ဒါပေမယ့် တရားလို အမျိုးသမီးရဲ့ စိတ်မှာခံစားနေရတဲ့ စိတ်ဒဏ်ရာတွေ ပပျောက်ဖို့ အတွက် ကျမတို့ ဝိုင်းဝန်းကူညီပေးတဲ့ အပေါ်မှာ မူတည်တယ်ပေါ့လေ။

မေး ။ ။ အခုအမှုက နောက်ဆုံးအမိန့်ချလိုက်တဲ့ ပြစ်ဒဏ်ကြောင့် ကျေနပ်မှု ရှိတယ်ဆိုတော့ ရခိုင်ပြည်နယ်အတွက် ရလာဒ်ကောင်းတယ်လို့ ပြောလို့ ရပါသလား။
ဖြေ ။ ။ ကျမတို့ မြန်မာတစ်နိုင်ငံလုံး.. ရှမ်းမှာဖြစ်တယ်။ ကချင်မှာဖြစ်တယ်။ ကရင် မှာ ဖြစ်တယ်။ ကျမတို့အကုန်လုံး အမှုတွဲတွေကြားနေရတယ်။ တွေ့နေရတယ်။ ဒီလောက် မအောင်မြင်ဘူး။ ကျမတို့ အ ခုလုပ်လိုက်တဲ့ အမှုတွဲအောင်မြင်တဲ့ အတွက် ဒါက ကျမတို့ ရခိုင်ပြည်နယ် တစ်ခုထဲ အတွက် မဟုတ်ဘူး။ မြန်မာနိုင် ငံမှာ ရှိနေတဲ့ တနိုင်ငံလုံးမှာ ရှိနေတဲ့ တိုင်းရင်းသားဒေသတွေက အမျိုးသမီးတွေရဲ့ လုံခြုံမှုကို မီးမောင်းထိုးပြလိုက်တဲ့ သဘောဖြစ်နေတယ်။

Related Articles