နိုင်ငံတကာလူငယ်များနေ့ အကောင်းဆုံးဗွီဒီယိုမှတ်တမ်းဆုရှင် ခင်စုကြည်
ကချင်မလေး။ တာမွေက အလွန်ဟောင်းနွမ်းနေတဲ့ တိုက်တလုံးရဲ့ ဒုတိယထပ်ကိုရောက်လာခဲ့တယ်။ အခန်းကကျဉ်းပြီး ပစ္စည်းတွေကများနေပေမယ့် သူ့နေရာတကျရှိတော့လည်း သပ်ရပ်နေပါတယ်။
This author has not written his bio yet.
But we are proud to say that Administrator contributed 770 entries already.
ကချင်မလေး။ တာမွေက အလွန်ဟောင်းနွမ်းနေတဲ့ တိုက်တလုံးရဲ့ ဒုတိယထပ်ကိုရောက်လာခဲ့တယ်။ အခန်းကကျဉ်းပြီး ပစ္စည်းတွေကများနေပေမယ့် သူ့နေရာတကျရှိတော့လည်း သပ်ရပ်နေပါတယ်။
Cherry and Anna (Hi) ဟောင်းနွမ်းနေပြီဖြစ်သည့် ထမင်းစားဆောင်ထဲတွင် ကျောင်းသားငယ်တချို့ ကစားနေကြသည်။ အနီးအနားတွင်ရှိသော အနည်းငယ်ပိုမိုသစ်လွင်သည့် စာသင်ဆောင်ထဲတွင် မူဆယ်ကျော်သက်ကလေးငယ် ၇၀ လောက်စာသင်ကြားနေကြသည်ကို တွေ့ရသည်။
နော်မေ (Hi)။ “ကျောင်းဆင်းရင် အိမ်မပြန်ချင်ဘူး၊ အိမ်ကိုပြန်ရမှာတွေးပြီး ဝမ်းနည်းတယ်၊ ကျမကိုတွေ့ရင် ဂျီကျပြီ” ဟု သူမက အစချီပြီးပြောပါသည်။ လူတိုင်းက အလုပ်ပြီးရင် မိမိ၏နေအိမ်ကိုပြန်ချင်ကြသော်လည်း ဘာကြောင့်မိအေး (အမည်ရင်းမဟုတ်) တယောက် အိမ်မပြန်ချင်ရသနည်း။
နော်မေ။၂၅ သြဂုတ် ၂၀၁၄ ကယားပြည်နယ်တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကိုမြင့်တင်ခြင်းဖိုရမ်တွင် အရပ်ဖက်အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်မှု အားနည်းနေသေးသည်ဟု ပြောကြားခဲ့သည်။
မွန်းဂျာ။ ၁၉၊ သြဂုတ်၊ ၂၀၁၄ ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ နောင်းချိန်းကျေးရွာတွင်အမျိုးသမီးများ ဦးဆောင်၍ မူးယစ်ဆေးဝါးပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း ဦးဆောင်သူ ဒေါ်ခေါင်နန်းမှ ပြောသည်။
ကချင်မလေး။ ၁၄၊သြဂုတ်၊၂၀၁၄ ကချင်ပြည်နယ်အစိုးရရုံးမှာယမန်နေ့ကချင်ပြည်နယ်လူငယ့်ကွန်ယက်မှလူငယ်များနှင့်ဝန်ကြီးချုပ်တို့တွေ့ဆုံခဲ့ရာတွင်လူငယ်များတောင်းဆိုချက်၂ခုအနက်လူငယ်စင်တာတစ်ခုဖွင့်လှစ်ရန်တောင်းဆိုချက်ကိုဝန်ကြီးချုပ်ကနေရာမပေးနိုင်သေးကြောင်းပြောဆိုခဲ့သည်။ ကချင်ပြည်နယ်လူငယ့်ကွန်ယက်မှဝန်ကြီးချုပ်လဂွန်ငန်ဆိုင်းကိုအချက်၂ချက်တောင်းဆိုခဲ့သည်ဟုလူငယ်ဥက္ကဌကိုဂျာယုန်ကပြောသည်။
Anna/ Cherry။ ၁၃ သြဂုတ် ၂၀၁၄ သြဂုတ်လ လဆန်းပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မုံးပေါ်မြို့တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စခန်း အဆောင်သစ် တခုကို အမျိုးသမီးများ ဦးဆောင် ဖွင့်လှစ်ခဲ့သည်။
ကချင်မလေး။ သြဂုတ် ၁၁ ရက်။ တိုင်းရင်းသား ဓလေ့ထုံးတမ်း မြေယာ မူဝါဒများတွင် အမျိုးသမီးများ အရေးကို ထည့်သွင်းစဉ်းစားသွားမည်ဟု အသစ်ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားများ ရိုးရာဓလေ့ မြေယာ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက တာဝန်ရှိသူ တချို့က ပြောဆိုသည်။
ကောကော်။ ရန်ကုန် ၇.၈.၂၀၁၄ လူသွားလူလာများလှတဲ့ ရန်ကုန်အင်းစိန်လမ်းမကြီးပေါ်က စံရိပ်ငြိမ်မှတ်တိုင်နားမှာ The Golden Free ဆိုတဲ့ဆိုင်းဘုတ်လေးကို မြင်ရပါတယ်။ ၄လွှာလောက်မှာရှိတဲ့အတွက် မော့ကြည့်ရင်းနဲ့ အပေါ်ကိုတက်လာခဲ့ပါတယ်။ အပြင်မှာရှိတဲ့ ဘဲလ်ကိုတီးလိုက်တဲ့အခါ အမျိုးသမီးတယောက်က တံခါးလာဖွင့်ပေးရင်း အထဲကသီးသန့်ခန်းမှာ ထိုင်နေတဲ့ သူမရဲ့ အမျိုးသားဆီကို ညွှန်လိုက်တယ်။ သူမဟာ လွန်ခဲ့တဲ့ ၃နှစ်က ဝန်ထမ်းတယောက်ရဲ့ ဇနီးအဖြစ်ရှိနေခဲ့ပေမဲ့ ခုချိန်မှာကိုယ်ပိုင်လုပ်ငန်းတွေနဲ့အတူ ဝန်ထမ်းများ၊ အလုပ်အကိုင်မရှိသော သူများအတွက် အချိန်ပိုင်းဆိုတဲ့ အလုပ်ရှာဖွေပေးတဲ့ ကိုယ်စားလှယ်ခင်ပွန်းသည်နဲ့အတူ လုပ်ကိုင်လျက်ရှိနေပါပြီ။ “အလုပ်အကိုင်ရှားပါးတဲ့ မြန်မာနိုင်ငံမှာ အလုပ်မရှိသောသူတွေအတွက်ရော လုပ်ငန်းရှင်တွေအတွက်ပါ အရမ်းကို လိုအပ်တယ်လို့ ယူဆတယ် ဒါကြောင့် အချိန်ပိုင်း ကုမ္ပဏီကို ခုလိုထောင်လိုက်တာ” လို့ အချိန်ပိုင်းအလုပ်အကိုင် ရှာဖွေပေးနေတဲ့ ကိုယ်စားလှယ် ကျော်ဇေယျာဦးက ပြောပါတယ်။ “The Golden […]
ကောကော်။ ရန်ကုန်၊ သြဂုတ် ၂၀၁၄။ လွမ်းသူပန်းခွေတွေနဲ့အတူ ကမ္ဘာမကျေသီချင်းကို ကြေကွဲနဲ့ အသံနဲ့ ဆိုနေတဲ့ တေးသံက ဆူးလေ ဗန္နုလပန်းခြံရှေ့မှာ ၈.၈.၁၄ ရက်၊ မနက်၈နာရီ ၈မိနစ်မှာ စတင်ပြီး ၈၈ကျောင်းသားတွေနဲ့ အတူ လူဦးရေ ၂၀၀လောက်ရှိတဲ့ ကြွေးကြော်သံက ပန်းခြံရှေ့မှာ ကျင်းပခဲ့ပါတယ်။ “၁၉၈၈မှာ ကျဆုံးသွားခဲ့တဲ့သူတွေကိုရော မျှော်မှန်းတမ်းတခဲ့တဲ့ အရာတွေကိုရော ခုချိန်ထိ မရသေးပါဘူး။ ပြည်တွေတွေဟာ ခုချိန်မှာ အကြောက်တရားအောက်မှာ အသက်ဆက်ရှင်သန်နေရအုံးမယ်” လို့ ၈၈ကျောင်းသား အောင်ကိုကိုက ပြောပါတယ်။ ယခုနေ့လိုမျိုး အခမ်းအနားပြုလုပ်ရတဲ့ ရည်ရွယ်ချက်မှာ ကျေးဇူးတရားကိုသိတတ်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ကြောင်း၊ ၁၉၈၈မှာ ပေးဆပ်သွားကြတဲ့ အမှန်တရားအတွက် သွားခဲ့ကြတဲ့သူတွေမရှိဘူးဆိုရင် ၈၈ဆိုသော အရာ ဖြစ်လာမှာမဟုတ်ကြောင်း ၊အောင်ကိုကိုကပြောပါတယ်။ […]

အမျိုးသမီးတွေရဲ့ တရားမျှတမှုအတွက် အမျိုးသမီး အသံများကို ဖော်ထုတ်ရာနေရာတခုဖြစ်ပါတယ်။ သတင်းမီဒီယာတွေ အများကြီးရှိပေမယ့် အမျိုးသမီးတွေရဲ့ အသံတွေကို အဓိကထား ဖော်ထုတ်ပေးတဲ့ မီဒီယာတွေ နည်းပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာတွေ၊ မတရားတာတွေ၊ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု အခက်အခဲတွေကြားထဲမှာ ကြုံတွေ့နေရတဲ့အတွေ့အကြုံတွေကို ဖော်ပြပေးရာနေရာဖြစ်ပါတယ်။
အမျိုးသမီးရေးဆိုင်ရာ သတင်းဆောင်းပါး၊ ဓာတ်ပုံ၊ ကဗျာ၊ ကာတွန်းများ ပေးပို့လိုပါက
[email protected] သို့ ဆက်သွယ်နိုင်ပါသည်။