Home သတင်း အမျိုးသမီးများ ဦးဆောင်သော မူးယစ် တိုက်ဖျက်ရေး စခန်း အဆောင်သစ် ဖွင့်လှစ်

အမျိုးသမီးများ ဦးဆောင်သော မူးယစ် တိုက်ဖျက်ရေး စခန်း အဆောင်သစ် ဖွင့်လှစ်

Anna/ Cherry။ ၁၃ သြဂုတ် ၂၀၁၄

သြဂုတ်လ လဆန်းပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မုံးပေါ်မြို့တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စခန်း အဆောင်သစ် တခုကို အမျိုးသမီးများ ဦးဆောင် ဖွင့်လှစ်ခဲ့သည်။

Mong Paw Drug 02မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့အတွင်းရေးမှူး (သူနာပြုအကူ) ဒေါ်အက်စတာက ဒီ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း လုပ်ဆောင်ဖြစ်လာခဲ့သည့် သမိုင်းကျောင်းကို ယခုလို ပြောပြသည်။

“ကျွန်မတို့ မုံးပေါ်ဇဒေသမှာ မူးယစ်ဆေးဝါးသောက်သုံးသူများပြားပြီး အိမ်ထောင်ရေး၊ ကျန်းမာရေး၊ ပညာရေးခေါင်းဆောင်ပိုင်းဆိုင်ရာမှာ ကျရှုံးခဲ့တယ် အခုကြီးလာတဲ့ ကလေးအများအားဖြင့်လည်း မူးယစ်ဆေးဝါးကိုသာ သောက်သုံးလာကြတဲ့အတွက် ဒေသ၂၁ခုမှာရှိသော အမျိုးသမီးများအယောက်၂၀၀ကို စုစည်းဆွေးနွေးပြီး အခုလို အများကောင်းစေဖို့ကျွန်မရဲ့မြေကွက်ကို အလှုူပေးပြီး ကျွန်မဦးဆောင်နေတယ် ဒီထက်ပိုပြီးဆက်ကြိုးစားသွားမယ်”

Mong Paw Drug 01 Mong Paw Drug 03

သြဂုတ်လ ၄ ရက်နေ့ကတော့ ယင်း စခန်းအတွင်း အဆောင်သစ် တခုကို ဖွင့်လှစ်ခဲ့ရာ ပြည်သူ ၁၅၀ ကျော်ပါဝင်တက်ရောက်ခဲ့သည်။

အခန်းအနားသို့ လူမှုအဖွဲအစည်းအချို့နှင့်မုံးပေါ်ပြည်သူစစ်လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မူးကြီးကရိန်မိုင်တို့လည်း တက်ရောက်ခဲ့သည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စခန်းကို ဒေသတွင်းရှိ တိုင်းရင်းသား ပေါင်းစုံ အမျိုးသမီးများ စုပေါင်း တည်ထောင်ထားခြင်း ဖြစ်သည်။

Related Articles