Home သတင်း အမျိုုးသမီးများဦးဆောင်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဟောပြောပွဲလုပ်ဆောင်

အမျိုုးသမီးများဦးဆောင်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဟောပြောပွဲလုပ်ဆောင်

မွန်းဂျာ။ ၁၉၊ သြဂုတ်၊ ၂၀၁၄

ကချင်ပြည်နAnti drug talkယ် ဝိုင်းမော်မြို့ရှိ နောင်းချိန်းကျေးရွာတွင်အမျိုးသမီးများ ဦးဆောင်၍ မူးယစ်ဆေးဝါးပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း         ဦးဆောင်သူ ဒေါ်ခေါင်နန်းမှ ပြောသည်။

မူးယစ်ဆေးပညာပေးဟောပြောပွဲကို အကပဒေသာပြိုင်ပွဲနှင့် တွဲဖက်၍ အမျိုးသမီး အထိမ်းအမှတ်နေ့တွင် ကျင်းပခဲ့ကြောင်း ဒေါ်ခေါင်နန်းက ပြောပြသည်။

“အခု မူးယစ်ဆေးဝါး ကိုကမ္ဘာကလည်း မကြိုက် အမြစ်ပြတ်အောင် လုပ်ရမယ်။ အစိုးရ တွေ အနေနဲ့ရော ကျမတို့ကိုယ်တိုင် ခံစားနေရတယ်။” ဟု ဒေါ်ခေါင်နန်းက ပြောသည်။ “သားသမီးတွေလည်း  ဘိန်း သမား၊ ဖိုး သမားဖြစ်လာတယ်။ ကိုယ့် ယောကျ်ား တွေလည်း  အိမ်ထောင်တာဝန် မကျေပွန်တော့ဘူး။ ကိုယ့်မွေးတဲ့သားသမီးတွေဖြစ်တော့ ကျမတို့ အမျိုးသမီးတွေ မကြည့်ရက်ဘူး။”

ထို့ကြောင့် ဤအမျိုးသမီး အထိမ်းအမှတ်နေ့၌ မူးယစ်ဆေးဝါး နဲ့ပက်သက် ၍ ဟောပြောပွဲ၊ အမျိုးသမီးများအား အချင်းချင်းပညာပေး ဆွေးနွေးခြင်းများ ပြုလုပ်ရသည်ဟုအကပဒေသာပြိုင်ပွဲဒိုင် အဖြစ်ပြုလုပ်ပေးသူ ဒေါ် ရွယ်ဂျီး က ပြောသည်။

အခမ်းအနားသို့ လာရောက်ပါဝင်သူ ဒေါ် ဘောမ်ဝမ်း ကလည်း ပါဝင်ရသည့်အတွက်ဝမ်းသာ ပီတိ ဖြစ်မိကြောင်း “ကွဲကွာနေတဲ့ အမျိုးသမီးတွေ ပြန်ဆုံတွေ့နိုင်တယ်။ မူးယစ်ဆေးဝါးနဲ့ပက်သက်ပြီးလည်း လုပ်နိုင်ခဲ့တယ်။”ဟု ပြောသည်။

ဤ အမျိုးသမီးအထိမ်းအမှတ်ပွဲကို နှစ်စဉ် နှစ်တိုင်းကျင်းပခဲ့ရာယခုမှာ ၃၆ နှစ်တိုင်ရှိခဲ့ပြီ ဖြစ်သည်။ ကချင်ပြည်နယ်ရှိ နေရာအနှံ့၌လည်း အစီအစဉ်အမျိုးမျိုးဖြင့် ပြုလုပ် နေ ကြောင်းသိရသည်။

ဝိုင်းမော်မြို့တွင် ပြုလုပ်သော အစီအစဉ်သို့ ငိုင်ငေါင် (Ngwi ngau) တိုက်နယ်၊ဝါးရှောင်(Wa Shawng) တိုက်နယ်၊ ခစူး(Hkat Chu) တိုက်နယ် နှင့် ဝရာယာန် (Wa Ra Yang) တိုက်နယ် မှ လူဦးရေ ၅၀၀ ကျော်တက်ရောက်ခဲ့သည်။

 

Related Articles