Home ဆောင်းပါး အိမ်ထောင်နှင့် ပိတ်မိနေသော အမျိုးသမီးများအတွက် အချိန်ပိုင်းထွက်ပေါက်လေးတခု

အိမ်ထောင်နှင့် ပိတ်မိနေသော အမျိုးသမီးများအတွက် အချိန်ပိုင်းထွက်ပေါက်လေးတခု

ကောကော်။ ရန်ကုန်

၇.၈.၂၀၁၄

stock-footage-brunette-office-worker-suffering-neck-pain-massaging-neck-with-her-hand-while-on-desk-hd-cartoon

လူသွားလူလာများလှတဲ့ ရန်ကုန်အင်းစိန်လမ်းမကြီးပေါ်က စံရိပ်ငြိမ်မှတ်တိုင်နားမှာ The Golden Free ဆိုတဲ့ဆိုင်းဘုတ်လေးကို မြင်ရပါတယ်။ ၄လွှာလောက်မှာရှိတဲ့အတွက် မော့ကြည့်ရင်းနဲ့ အပေါ်ကိုတက်လာခဲ့ပါတယ်။ အပြင်မှာရှိတဲ့ ဘဲလ်ကိုတီးလိုက်တဲ့အခါ အမျိုးသမီးတယောက်က တံခါးလာဖွင့်ပေးရင်း အထဲကသီးသန့်ခန်းမှာ ထိုင်နေတဲ့ သူမရဲ့ အမျိုးသားဆီကို ညွှန်လိုက်တယ်။ သူမဟာ လွန်ခဲ့တဲ့ ၃နှစ်က ဝန်ထမ်းတယောက်ရဲ့ ဇနီးအဖြစ်ရှိနေခဲ့ပေမဲ့ ခုချိန်မှာကိုယ်ပိုင်လုပ်ငန်းတွေနဲ့အတူ ဝန်ထမ်းများ၊ အလုပ်အကိုင်မရှိသော သူများအတွက် အချိန်ပိုင်းဆိုတဲ့ အလုပ်ရှာဖွေပေးတဲ့ ကိုယ်စားလှယ်ခင်ပွန်းသည်နဲ့အတူ လုပ်ကိုင်လျက်ရှိနေပါပြီ။

“အလုပ်အကိုင်ရှားပါးတဲ့ မြန်မာနိုင်ငံမှာ အလုပ်မရှိသောသူတွေအတွက်ရော လုပ်ငန်းရှင်တွေအတွက်ပါ အရမ်းကို လိုအပ်တယ်လို့ ယူဆတယ် ဒါကြောင့် အချိန်ပိုင်း ကုမ္ပဏီကို ခုလိုထောင်လိုက်တာ” လို့ အချိန်ပိုင်းအလုပ်အကိုင် ရှာဖွေပေးနေတဲ့ ကိုယ်စားလှယ် ကျော်ဇေယျာဦးက ပြောပါတယ်။

“The Golden Free” ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ပထမဆုံးသော အချိန်ပိုင်းအလုပ်အကိုင်ရှာဖွေပေးသော အလုပ်ဖြစ်ပြီး စတင်ဖွင့်လှစ်သည့်ကာလမှာလည်း တလသာရှိပါသေးတယ်။

“ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံမှာ ဒီလိုမျိုးက လိုအပ်တယ်ထင်တယ် နောက်ပြီး အိမ်မှာနေနေတဲ့ အမျိုးသမီးတွေ၊ တချို့ဆို အိမ်ထောင်သက်တမ်းမှာ အိမ်ထောင်နဲ့ ပိတ်မိနေတာမျိုးရှိတယ်။ အိမ်မှုကိစ္စနဲ့ အလုပ်ဝင်လို့မရ၊ ကလေးတဖက်နဲ့ ဖြစ်နေတယ် ဒါကြောင့်အိမ်ရှင်မများအားချိန်မှာ ဝင်ငွေရှာချင်တယ်ဆိုရင်လည်း ရှာပေးပါတယ်” လို့ ကျော်ဇေယျာဦးက ပြောပါတယ်။သို့သော်လည်းပဲ ကျွမ်းကျင်မှုပညာရပ် တခုခုတော့ လိုအပ်ပါတယ်။

“အဓိကက ကျွမ်းကျင်မှုတခုခုတော့ရှိရမှာပေါ့။ တချို့သူတွေဆိုရင် ကုမ္ပဏီမှာ ပိတ်မိတာနေတာမျိုးရှိတယ်။ ဥပမာဆိုရင် စာချုပ်နဲ့ ပိတ်မိနေတာမျိုးပေါ့ ။အဲဒီစာချုပ်သက်တမ်းကြားမှာ ဘဝသက်တမ်းတခုရှိတာပေါ့.ဘဝသက်တမ်းတခုကြားမှာ သူတို့အားလပ်တဲ့အချိန်၊ ကျွမ်းကျင်ရာ နည်းပညာတွေ အသုံးချလို့ရအောင် လမ်းလေးတခု ဖွင့်ပေးထားတဲ့သဘောပေါ့” လို့ ဒါရိုက်တာကျော်ဇေယျာဦးက ပြောပါတယ်။ ကျောင်းသားများအတွက်လည်း အားလပ်တဲ့အချိန် သူတို့ကျွမ်းကျင်သော နည်းပညာနှင့် ငွေရှာနိုင်အောင် အချိန်ပိုင်းဆိုသော အလုပ်ချိန်ကို စီစဉ်ပေးကြောင်းပြောပါတယ်။

“လုပ်ငန်းရှင်ဖက်က ကျွမ်းကျင်တဲ့ဝန်းထမ်း၊ အလုပ်သမား ရှားပါးတယ်လို့ထင်ကြတယ်.ခုကြည့်ပါလား အလုပ်ခေါ်တဲ့ အခွင့်အလမ်း ဂျာနယ်က ပိုထူလာတယ်။ အလုပ်ရှင်ရဲ့ လိုအပ်မှုကလည်း အရမ်းမြင့်လာတယ်။ ဒါကြောင့် ကြားမှာ ကုစားပေးဖို့ ဒီလို ကုမ္ပဏီ လိုတယ်”

အချိန်ပိုင်းအလုပ်ဟာ ဝန်ဆောင်မှုသီးသန့်သာဖြစ်ကြောင်း အလုပ်လာအပ်သော မည်သူမဆို ဝန်ဆောင်ခ ၁၅၀၀ကျပ် သွင်းထားလျှင် အမြဲတမ်း အလုပ်ရှာပေးပြီး၊ လုပ်ငန်းရှင်ဖက်မှလည်း အလုပ်သမားရှာပေးခ ၁၀၀၀ကျပ်ပေးရကြောင်း ဦးကျော်ဇေယျာဦးက ပြောပါတယ်။ သို့သော် အလုပ်သမားရဲ့ လုံခြုံရေးအတွက် မိမိတို့ဖက်မှ တာဝန်ယူမှုမရှိကြောင်းပြောပါတယ်။ “အလုပ်လုပ်သူဖက်က ကိုယ့်အချိန်ကိုယ်ရွေးရတယ်။ ဈေးနှုန်းသတ်မှတ်ရတယ် နေတဲ့နေရာပါရွေးလို့ရတယ် ဒါကြောင့်လုံခြုံရေးက ကိုယ့်ဘာသာကိုယ်ယူရတယ် ” လို့ သူကပြောပါတယ်။

အလုပ်ရှာပေးသည့်အခါတွင် အထူးသဖြင့် လူကုန်ကူးမှုဆန်သော အလုပ်မျိုးကို လုံးဝရှောင်ကြဉ်ကြောင်း၊ ရွေးချယ်မှုတွင်လဲ ကျွမ်းကျင်သော အလုပ်သမားအတွက်သာဖြစ်ပြီး၊ အထွေထွေဆန်သော အလုပ်မျိုးကို ရှောင်ရှားထားတယ်လို့ ကျော်ဇေယျာဦးက ပြောပါတယ်။ “အရည်အချင်းရှိ၊ အလုပ်လက်မဲ့ဖြစ်နေသော အမျိုးသမီးများ၊ ကျွမ်းကျင်တဲ့ အိမ်ထောင်ရှင်မများအတွက် အမြဲတမ်းကြိုဆိုပါတယ်။ မြန်မာနိုင်ငံမှာလို အလုပ်အကိုင်ရှားပါးနေချိန်မှာ ကျွမ်းကျင်သော အမျိုးသမီးတွေ အရည်အချင်းကို အသုံးချဖို့အတွက် အရမ်းလိုအပ်တယ်။ လုပ်ငန်းရှင်ဖက်ရော အလုပ်သမားဖက်ရော နှစ်ဖက်လုံးလိုအပ်တယ်”

အလုပ်ရဖို့အတွက်တခုထဲ မကြည့်ပဲနဲ့ မိမိနှင့် ကိုက်ညီမှု ရှိသည့် အလုပ်အတွက် စေ့စေ့စပ်စပ် သေချာမေးပြီး ၊ အမျိုးသမီး ဆိုလျှင်လည်း ဈေးကွက်ဆင်းဖို့အတွက် တယောက်ထဲမလွှတ်ကြောင်း၊ အများကြီးလည်းစဉ်းစားပေးတယ်လို့ သူက ပြောပါတယ်။

“ညီမက စားရင်ကိုင်လုပ်တယ်။ ခု The Golden Free မှာ ပုံနှိပ်အတွက် ဒီဇိုင်နာလျှောက်မှာပါ” လို့ ကျောက်တံတားမြို့နယ်မှ သဲယုခိုင်က ပြောပါတယ်။

“ညီမတို့လို အမျိုးသမီးအတွက် အလုပ်တခုကနေ နှစ်ခုရသွားတော့ ကောင်းတယ်။ ဝင်ငွေလဲပိုရတာပေါ့။အလုပ်အကိုင်မရှိသေးသူအတွက်ရော၊ သင်တန်းတက်နေသူအတွက်ပါ အချိန်ပိုင်းအလုပ်လုပ်ရတော့ ပိုတောင်ကောင်းပါသေးတယ်” လို့ သူမက ဝမ်းပန်းတသာ ပြောပါတယ်။

Related Articles