Home သတင်း ငြိမ်းချမ်းရေးရှေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်မှု နည်းပါးနေသေးဟု အရပ်ဘက်လူမှုအဖွဲ့အစည်းများပြော

ငြိမ်းချမ်းရေးရှေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်မှု နည်းပါးနေသေးဟု အရပ်ဘက်လူမှုအဖွဲ့အစည်းများပြော

နော်မေ။၂၅ သြဂုတ် ၂၀၁၄

ကယားပြည်နယ်တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကိုမြင့်တင်ခြင်းဖိုရမ်တွင် အရပ်ဖက်အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်မှု အားနည်းနေသေးသည်ဟု ပြောကြားခဲ့သည်။???????????????????????????????

အဆိုပါဆွေးနွေးပွဲကိုသြဂုတ်လ၂၁ရက်မှ၂၃ရက်အထိနံနက်၈နာရီခွဲမှညနေ၄နာရီခွဲအထိမြို့တော်ခန်းမလွိုင်ကော်မြို့တွင်ကျင်းပပြုလုပ်ပါသည်။အခမ်းအနားကိုကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့်ကယား(ကရင်နီ) ပြည်နယ်ရှိအရပ်ဘက်လူမှုအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ပထမနေ့ညနေပိုင်းတွင်ကရင်နီအမျိုးသမီးများအစည်းအရုံး (Karenni Women Organization) မှအတွင်းရေးမှူးမမီးမီးမှအမျိုးသမီးများ၊ကလေးများအခန်းကဏ္ဍကိုရှင်းပြပေးသွားခဲ့ပါသည်။

“ကျား၊မတန်းတူရေးလို့ပြောလိုက်ပြီဆိုရင်ဘာကြောင့်တန်းတူရေးမရှိကြတာလဲဒီယဉ်ကျေးမှုအရဒီမြန်မာပြည်မှာဆိုလို့ရှိရင်ခွဲခြားဆက်ဆံခြင်းတွေအများကြီးရှိနေပါသေးတယ်ယဉ်ကျေးမှုအရအမျိုးသားနဲ့အမျိုးသမီးတွေမှာခွဲခြားဆက်ဆံမှုတွေတော်တော်လေးကိုနက်နဲသေးပါတယ်အမျိုးသားတွေသာဘုန်းကံရှိတယ်အမျိုးသမီးတွေဟာအမျိုးသားတွေထက်ကိုတဆင့်နိမ့်တယ်အဲလိုဓလေ့အယူအဆတွေကြောင့်အမျိုးသမီးတွေခွဲခြားဆက်ဆံခြင်းတွေခံနေရတယ်။”

အမျိုးသားနဲ့အမျိုးသမီးတန်းတူမှုမရှိဘူး၊အချို့သောနယ်ပယ်များတွင်ယဉ်ကျေးမှုအရအမျိုးသမီးများအတွက်အန္တရာယ်ရှိနေသည့်အပိုင်းများရှိနေသေးသည်။ထိုကဲ့သို့ဓလေ့ထုံးတမ်းများကတိုင်းရင်းသားများ၊ဒီကရင်နီပြည်နယ်မှာဆိုပါကလည်းအများကြီးရှိနေသေးသည်ဟုဆိုပါသည်။

“အမျိုးသမီးတွေဘာကြောင့်ကျားမတန်းတူရေးမရှိရတာလဲဆိုဒီယဉ်ကျေးမှုအရခွဲခြားဆက်ဆံခြင်းတွေခံနေရလို့ပါ။ပြီးတဲ့အခါမှာအများပြည်သူတွေနဲ့ဆိုင်တဲ့ကဏ္ဍတွေမှာဆိုလည်းဦးဆောင်မှုအခန်းကဏ္ဍတွေမှာဘေးဖယ်ထားခြင်းခံနေရတယ်။ဥပမာပြောမယ်ဆိုရင်နိုင်ငံရေးမှာအမျိုးသမီးပါဝင်ခွင့်တွေမှာဆိုလည်းဘာပဲဖြစ်ဖြစ်ကျနော်တို့လက်ရှိနိုင်ငံမှာရာခိုင်နှုန်းအများကြီးနည်းနေတယ်၊နောက်ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရကိုပဲအများပြည်သူနဲ့ဆိုင်တဲ့ကဏ္ဍတွေမှာရပ်ရွာကိစ္စတွေမှာအမျိုးသမီးတွေနဲ့မဆိုင်ပါဘူးမိဘတွေကပဲဖြစ်ဖြစ်ခွဲခြားဆက်ဆံတာတွေရှိတယ်၊ဒီလိုကိစ္စမျိုးတွေကယောကျ်ားလေးတွေသွားရမဲ့ကိစ္စအဖေတွေသွားတဲ့ကိစ္စတွေပါအမျိုးသမီးတွေနဲ့မဆိုင်ပါဘူးအမျိုးသမီးဆိုတာအိမ်မှာပဲနေပါထမင်းချက်ပြုတ်ပါလျှော်ဖွတ်ပါဆိုတာမျိုးတွေပေ့ါနော်”

???????????????????????????????ထို့ပြင်အမျိုးသမီးများသည်ခွဲခြားဆက်ဆံခံနေရသည့်အပြင်ကျားမတန်းတူမှုလည်းမရှိကြောင်းကိုလည်းမမီးမီးက

“အမျိုးသမီးတွေကိုကျားမတန်းတူရေးတွေမှာဘာကြောင့်မရှိနေသေးတာလဲဆိုတော့ဒီပုံစံခွက်သွတ်သွင်းခံနေရလို့ပေါ့ဘယ်လိုသွတ်သွင်းခံရလဲဆိုတော့မွေးကတည်းကအမျိုးသား၊အမျိုးသမီးလိင်အားဖြင့်ကွဲပြားတယ်ပြောင်းလဲလို့မရဘူးပြောင်းလဲလို့မရပေမဲ့သူတို့ကအမျိုးသမီးဆိုရင်ယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့လေးနေရမယ်အမျိုးသမီးဆိုရင်ဆံပင်ရှည်ထားရမယ်နူးနူးညံ့ညံ့လေးနဲ့အသံကျယ်ကျယ်ရယ်လို့တောင်မရဘူးကျနော်တို့ခေတ်တုန်းကဆိုရင်ကျယ်ကျယ်ရယ်ရင်အဖွားကလက်ပံပင်ဇရပ်ကျတဲ့အတိုင်းပဲပေါ့နော်ဘာဖြစ်လို့အမျိုးသမီးဖြစ်ပြီးကျယ်ကျယ်ရယ်ရတာလဲအမျိုးသမီးဆိုရင်နူးညံ့သိမ်မွေ့ရမယ်အမျိုးသားဆိုရင်သတ္တိရှိရမယ် သေနတ်နဲ့ကစားရမယ် လက်ဝှေ့ထိုးတိုင်းကစားရမယ် သေနတ်ရုပ်လေးတွေ ဝယ်ပေးတာမျိုးတွေပေါ့ ဒီကလေးဘဝထဲမှာမှ အမျိုးသမီးနဲ့ အမျိုးသားတွေ ဆိုပြီး ပုံစံခွက်တွေ သွတ်သွင်းလိုက်တဲ့အတွက် အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း ဒီပတ်ဝန်းကျင်က သူ့ရဲ့ မိဘတွေကနေပြီးတော့ ဒီလိုလေး ခွဲခြားသွတ်သွင်းလိုက်တယ် သူတို့ကိုယ်တိုင်ကလည်း ခံယူတတ်သွားတယ်” ဟု ပြောပြခဲ့ပါသည်။

ထို့ပြင် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ အမျိုးသမီးများပါဝင်မှုအားနည်းနေသော်လည်း သူမတို့အဖွဲ့အစည်းအနေဖြင့် တတ်အားသဖြင့် ပါဝင်ကြောင်းနှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ(CEDAW)ပါ အချက်အလက်များနှင့် စပ်လျဉ်းပြီး အမျိုးသမီးများအတွက် ကျားမ တန်းတူရေး လိုအပ်ကြောင်းကိုလည်း ကရင်နီအမျိုးသမီးများအစည်းအရုံး အတွင်းရေးမှူးမမီးမီးမှ ပြောပြခဲ့ပါသည်။

ဖိုရမ်တွင် ကဏ္ဍပေါင်းစုံ အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်သူများမှ ပါဝင်ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ပါသည်။ တက်ရောက်သူ စုစုပေါင်း ( ၁၉၆ )ဦးအနက် အမျိုးသမီး ( ၆၃ ) ဦးပါဝင်တက်ရောက်ပါသည်။

အခမ်းအနားကိုလူမှုအခြေစိုက်အဖွဲ့အစည်းများ၊အစိုးရအဖွဲ့များ၊အရပ်ဘက်အဖွဲ့အစည်းများ၊အမျိုးသမီးရေးရာ၊ရဲဘက်အဖွဲ့များနှင့်အမျိုးသမီးအဖွဲ့အစည်းများအပြင်ကယားပြည်နယ်အတွင်းရှိကျေးရွာဇနပုဒ်နှင့်မြို့နယ်အသီးသီးမှတက်ရောက်ခဲ့ကြပါသည်။

တက်ရောက်သူများကိုကယားလွယ်အိတ်တစ်လုံးစီလက်ဆောင်ပေးခြင်းများကိုပြုလုပ်ပါသည်။အခမ်းအနားတွင်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဦးတော့ရယ်မှပြည်သူနှင့်နီးနီးကပ်ကပ်ဆောင်ရွက်နေသူတွေရဲ့အခန်းဏ္ဍကိုမြင့်တင်ပေးရန်လိုအပ်ကြောင်းကိုလည်းအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဖိုရမ်ဖြစ်မြောက်ရေးကော်မတီဝင်ဦးမြင့်နိုင်မှယနေ့ဖိုရမ်၏ရည်ရွယ်ချက်

(၁) ပြည်နယ်တည်ဆောက်ရေးဖြစ်စဉ်တွင်အရက်ဘက်အဖွဲ့အစည်းများ၏အမြင်ကိုတင်ပြရန်

(၂) မတူကွဲပြားသောအဖွဲ့အစည်းများ၏အမြင်ကိုဖော်ထုတ်ရန်

(၃) သက်ဆိုင်ရာအခန်းကဏ္ဍအလိုက်ပူးပေါင်းမှုနှင့်ဆုံးဖြတ်ချက်ချနိုင်ရန်

(၄) ကယားပြည်နယ်တွင်ကြုံတွေ့နေရသောအခက်အခဲ၊အတားအဆီးများကိုဖော်ထုတ်ရန်

(၅) အစိုးရနှင့်အရပ်ဘက်လူ့အဖွဲ့အစည်းများပူးပေါင်းနိုင်မှုကိုမြင့်တင်ရန်စသည့်ရည်ရွယ်ချက်များဖြင့်အဖွင့်အမှာစကားထပ်မံပြောကြားခဲ့ပါသည်။ဥပဒေအကြံပေး၊တရားလွတ်တော်ရှေ့နေ၊ Myanmar Legal Aid Network ဦးမြင့်သွင်မှမြေယာနှင့်တရားဥပဒေစိုးမိုးရေးအကြောင်းကိုပြောပြခဲ့ပါသည်။ထို့ပြင်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ“ပုဒ်မ (၃၀၈)အရသမ္မတကနေသူတောင်းစားတွေကအစ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုက်နာရမယ်” ဟုဦးမြင့်သွင်ကပြောပါသည်။ဆက်လက်ပြီးလယ်ယာမြေနှင့်ဆက်နွယ်သောလယ်ယာမြေပြန်လည်ရရှိရန်၊လျော်ကြေးပေးဥပေဒများ၊ပြည်သူအနေဖြင့်မိမိပိုင်လယ်ယာမြေများကိုတရားဥပဒေအရအထောက်အထားများကိုမှန်မှန်ကန်ကန်ပြုလုပ်ထားရမည့်အကြောင်းကိုလည်းပြောပြသွားပါသည်။ထို့ပြင်အခမ်းအနားတက်ရောက်သူများကိုလွယ်အိတ်ပေးခြင်းသည်မိမိနိုင်ငံမိမိတိုင်းပြည်၏အကျိုးကိုသယ်ဆောင်ရန်အတွက်ပေးအပ်ခြင်းဖြစ်ကြောင်းကိုလည်းဦးမြင့်သွင်ကပြောပါသည်။

ဆက်လက်ပြီးငြိမ်းချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးခေါင်းစဉ်ဖြင့်ဦးကျော်ထင်အောင်မှကယားပြည်နယ် (ကရင်နီပြည်)အတွင်းတွင်ဖြစ်ပျက်နေသောငြိမ်းချမ်းရေးဖြစ်စဉ်များကိုပြောပြခဲ့ပြီးအမျိုးသမီးတွေငြိမ်းချမ်းရေးရှေးလုပ်ငန်းစဉ်ဖြစ်စဉ်တွေမှာအခမ်းအနားတွေမှာပါဝင်မှုအားနည်းနေကြောင်းကိုလည်းပြောပြခဲ့ပါသည်။

၎င်းဖိုရမ်ကို သုံးရက်တိတိကျင်းပခဲ့သည်။ လူမှုအဖွဲ့အစည်းနှင့် အစိုးရအဖွဲ့အစည်း စုစုပေါင်း အဖွဲ့အစည်း(၈၀) ဖွဲ့ တက်ရောက်ခဲ့ပါသည်။

 

Related Articles