Home ဆောင်းပါး နိုင်ငံတကာလူငယ်များနေ့ အကောင်းဆုံးဗွီဒီယိုမှတ်တမ်းဆုရှင် ခင်စုကြည်

နိုင်ငံတကာလူငယ်များနေ့ အကောင်းဆုံးဗွီဒီယိုမှတ်တမ်းဆုရှင် ခင်စုကြည်

ကချင်မလေး။

10481417_1547969332091445_5399547553917108610_nတာမွေက အလွန်ဟောင်းနွမ်းနေတဲ့ တိုက်တလုံးရဲ့ ဒုတိယထပ်ကိုရောက်လာခဲ့တယ်။ အခန်းကကျဉ်းပြီး ပစ္စည်းတွေကများနေပေမယ့် သူ့နေရာတကျရှိတော့လည်း သပ်ရပ်နေပါတယ်။

အိမ်ကလေဝင်၊လေထွက်၊အလင်ရောင်သိပ်မရတော့ပန်ကာနဲ့မီးဖွင့်ထားတယ်။ဧည့်ခန်းဆိုပေမယ့်လည်းအကျယ်ကြီးတော့မဟုတ်ပါနှစ်ယောက်ထိုင်ဆိုဖာခုံတခုပြီးတော့၃ပေလောက်အမြင့်တနေရာမှာတော့ဘုရားစင်တခုပဲရှိတယ်။

ထိုင်ပါလို့ပြောလိုက်ပြီးထိုင်လိုက်တဲ့အချိန်မှာအသက်ကြီးလူမမာတဦးရဲ့ငြီးသံ “ အင်းဟင်းဟင်း” ဆိုတဲ့အသံကနားထဲကိုဝင်လာတော့မထိုင်နိုင်ပဲတချက်ထပ်ဝေ့ကြည့်လိုက်တယ်။ဟုတ်ပါတယ်အသက်၈၀ခန့်ရှိတဲ့အဘိုးအိုတယောက်ကုတင်တခုမှာလဲနေတာကိုတွေ့ရတယ်။ဒီလိုအိမ်ထဲမှာမိသားစု (၉)ယောက်လောက်ဘယ်လိုနေကြသလဲလို့အထူးတလေမမေးတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ရန်ကုန်မြို့ကြီးမှာကျောတခင်းစာအတွက်ရဖို့အင်မတန်မှဈေးကြီးလွန်းနေတာကြောင့်ပဲ။

မခင်စုကြည်ဆိုတဲ့လူငယ်အမျိုးသမီးလေးကိုတွေ့ဆုံဖို့ဒီနေရာကိုလာခဲ့တာဖြစ်တယ်။သူမဟာနိုင်ငံတကာလူငယ်များနေ့မှာရုပ်ရှင်ပြိုင်ပွဲမှာဆုရရှိခဲ့သူတွေထဲကတဦးတည်းသောအမျိုးသမီးဖြစ်တယ်။သူကိုယ်တိုင်တည်းဖြတ်၊ဒါရိုက်တာလုပ်လုပ်ပြီး ( Vaiolenz Against Violence) ဆိုတဲ့ဗီဒီယိုမှတ်တမ်းနဲ့ဆုရခဲ့တယ်။

လူငယ်များနေ့မှာပြိုင်ပွဲဝင်တဲ့ဗွီဒီယိုတွေမှာလူအကြိုက်အများဆုံးဆု (popularity) ၊အကောင်းဆုံးဗီဒီယိုမှတ်တမ်းရုပ်ရှင်ဆု(documentary)၊အကောင်းဆုံးအထူးပြုလုပ်ချက်ဆု (animation)၊အကောင်းဆုံးဇာတ်လမ်းတိုဆု(short story) တွေပေးတဲ့အထဲမှာခင်စုကြည်ကအကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုကိုဆွတ်ခူးခဲ့တာပါ။

“အမျိုးသမီးတယောက်အနေနဲ့ဝင်ပြိုင်ပြီးဆုရခဲ့တဲ့အတွက်အရမ်းဂုဏ်ယူတယ်၊ဝမ်းလည်းသာတယ်လို့” ပြုံးရွင်နေတဲ့သူမမျက်နှာအထင်းသားနဲ့သွက်သွက်ပင်ပြောပြပါတယ်။

“နိုင်ငံတကာလူငယ်များနေ့မှာရုပ်ရှင်ပွဲတော်ရှိတဲ့အကြောင်းကိုလူမှုကွန်ယက်ကနေပြီးသိလို့ဝင်ပြိုင်ဖို့စီစဉ်ခဲ့တယ်။ဘာအကြောင်းရိုက်ရင်ကောင်းမလဲလို့စဉ်းစားတဲ့အချိန်မှာလူငယ်အကြောင်းဖြစ်ရမယ်ဆိုတဲ့အချက်တခုမှာ “ ကျွန်မအစ်ကိုတွေရဲ့ဂီတဘန့်အကြောင်းရိုက်ဖို့ဆုံးဖြတ်လိုက်တယ်” လို့သူကဆက်ပြောပါတယ်။

ဇာတ်လမ်းလေးအကြောင်းက Vaiolenz ဆိုတဲ့ဂီတအဖွဲ့အကြောင်းဖြစ်တယ်။ဒီအဖွဲ့ဟာဆိုမက်တယ်(လ်)( Metal music) အဖွဲ့ဖြစ်တယ်။လူမှုရေး၊နာရေးစတဲ့ပရဟိတအစီစဉ်တွေမှာလိုက်လံဖျော်ဖြေပေးတဲ့အဖွဲ့ဖြစ်တယ်။ဒီဂီတဟာဆိုဂီတာသံ၊ဒရမ်းသံ၊သီချင်းသံတွေနဲ့ဆူညံနေတဲ့ပရိတ်သတ်အားပေးသံဆူညံစွာဖြင့်တီးခတ်ပြီးလူငယ်တွေကြားမှာခေတ်စားတဲ့ဂီတမျိုးဖြစ်တယ်။လက်ရှိမြန်မာနိုင်ငံမှာဒီဂီတဟာသိပ်ပြီးလက်မခံသေးဘူးဒါပေမယ့်လူငယ်တွေကြားမှာတော့နည်းနည်းသိလာပြီဖြစ်တယ်။

ဒီဗွီုင်အိုးလန့်(စ်)အဖွဲ့ဟာရန်ကုန်ကနေပြီးကချင်ပြည်နယ်လိုင်ဇာမြို့ရှိဒုက္ခသည်တွေကိုဂီတဖြင့်သွားရောက်ဖျော်ဖြေခဲ့ချိန်တွင်ဒုက္ခသည်တွေရဲ့ဘဝတွေမြင်တွေ့ခဲ့ရပြီးသီချင်းတွေထပ်မံရေးစပ်ခဲ့တယ်။အထူးသဖြင့်ဒီဂီတအဖွဲ့မှာပါတဲ့ကိုသီဟနဲ့ကိုစပဲရိုးတို့အကြောင်းကိုဇောင်းပေးထားတယ်။သူတို့ဖခင်ဟာဂီတသမားဖြစ်ပေမယ့်နိုင်ငံရေးလှုပ်ရှားမှုကြောင့်နှစ်ရှည်ထောင်ကျခဲ့တဲ့အတွက်သူ့ဖခင်ဆီကဂီတပညာကိုမသင်ခဲ့ရပုံ။ဖခင်ရဲ့ထောင်ကျတဲ့အဖြစ်ဟာကောင်းတာလုပ်လို့ထောင်ကျပေမယ့်လည်းသူငယ်ချင်းတွေအကြားမှာပြောခွင့်မသာခဲ့ပုံ၊ကျောင်းတက်ချိန်တွေဖြတ်ပြီးဖခင်ကိုထောင်ဝင်စာသွားတွေ့ရတဲ့အဖြစ်တွေအကြောင်းတွေ၊မိဘတွေအနေနဲ့လည်းလူငယ်တွေစိတ်ဝင်စားတဲ့အရာ(ကောင်းတာ)တွေကိုလုပ်ခွင့်၊လေ့လာခွင့်ပေးသင့်တယ်၊ထောက်ပံ့ပေးသင့်တယ်။မပိတ်ပင်ပါနဲ့မဟုတ်လို့ရှိရင်ပိုပြီးဆိုးသွမ်းလာနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့လူငယ်တွေစိတ်ဝင်စားတာတွေကိုလွတ်လွတ်လပ်လပ်လေ့လာခွင့်ရရင်ပိုပြီးအကျိုးရှိမှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုရိုက်ကူးတင်ပြထားတဲ့ဗီဒီယိုလေးဖြစ်တယ်။

ဗွီဒီယိုမှတ်တမ်းရိုက်တဲ့အချိန်မှာ “ကျွန်မတို့မောင်နှတွေညဘက်တွေဆိပ်ကမ်းဘက်အတူသွားရိုက်တဲ့အချိန်အရမ်းပျော်တယ်ဒါပေမယ့်မိုးကရွာတော့တချို့သူငယ်ချင်းတွေမလာနိုင်တာမျိုး၊မီး(lighting) ဘက်မှာတွေအခက်အခဲတွေကြုံရတယ်” လို့သူကပြောပြတယ်။

သူမအနေနဲ့ဒီလိုဗီဒီယိုရိုက်ဖြစ်လာဖို့အတွက်သူမဖခင်နှင့်အစ်ကိုတွေကလည်းသတင်းထောက်တွေဆိုတော့သတင်းထောက်လုပ်ဖို့ပိုပြီးနီးစပ်လာတဲ့အကြောင်းကို “ အဖေနဲ့အစ်ကိုကလည်းသတင်းထောက်ဆိုတော့ကျွန်မလည်းသူတို့လုပ်တာကိုစိတ်ဝင်စားတယ်၊အဲတာထက်ကင်မရာကိုင်ပြီးလုပ်ရတာကိုသဘောကျတယ်” ပြောပြပါတယ်။

ခင်စုကြည်က၁၉၉၃မှာမွေးခဲ့တယ်။သူမအသက်(၃)နှစ်တင်မပြည့်ခင်မှာသူမဖခင်ဦးဝင်မော်ဟာဒေါ်အောင်စုကြည်ကို ရည်ညွန်းပြီးသီချင်းနှစ်ပုဒ်ရေးသားတဲ့အတွက်ကြောင့်၁၉၉၆မှာထောင် (၇)နှစ်ကျခံခဲ့ရတယ်။

၂၀၀၇မှာပြန်လွတ်လာတယ်ဒါပေမယ့်လည်းသူမဖခင်ဟာဆက်ပြီးသတင်းထောက်ဘဝနဲ့အာဏာရှင်တွေရဲ့ မတရားမှုတွေကိုဖော်ထုတ်လာခဲ့ရာ“အဖေကရွှေဝါရောင်တော်လှန်ရေးမှာ ပြန်ပြီးတော့ဒီဗွီဘီသတင်းထောက်ဖြစ်လို့အဖမ်းခံလိုက်ရပြီး ထောင်၁၇နှစ်ကျခံရပြန်တယ်”။ ခင်စုကြည်မှာအစ်မတယောက၊် အစ်ကိုတယောက် နှင့်မောင်လေးယောက်ရှိပါတယ်။

သူဒီအလုပ်လုပ်တာကိုမိခင်ကတော့မိန်းကလေးတဦးဖြစ်တဲ့အတွက်အားမပေးခဲ့ဘူး။သတင်းသမားတဦးဟာအချိန်ခါမရွေး၊ညရေးညတာဆိုးလည်းခရီးထွက်ရ၊သတင်းသွားရတာတွေရှိတော့ “ အမေကတော့သိပ်အားမပေးဘူး”၊ “အဖေကျတော့မပိတ်ပင်ဘူး၊အစ်ကိုတွေကလည်းဖေးမတာတွေရှိပါတယ်”။သတင်းသမားအဖြစ်မြန်မာတီဗွီမှာသတင်းထောက်လုပ်ပြီးကင်မရာရိုက်တဲ့အပိုင်းကိုရောက်လာခဲ့တယ်။

“အမျိုးသမီးတယောက်ဖြစ်လို့အားငယ်နေစရာမလိုဘူး၊တကယ်လုပ်နိုင်ရင်တကယ်ဖြစ်တာပဲ၊ကြိုးစားလို့ရှိရင်မဖြစ်နိုင်ဘူးဆိုမရှိပါဘူး၊” လို့ပြောပါတယ်။

Related Articles