Home သတင်း ဓလေ့ထုံးတမ်း မြေယာ မူဝါဒများတွင် အမျိုးသမီးအရေး ထည့်သွင်းစဉ်းစားသွားမည်

ဓလေ့ထုံးတမ်း မြေယာ မူဝါဒများတွင် အမျိုးသမီးအရေး ထည့်သွင်းစဉ်းစားသွားမည်

ကချင်မလေး။ သြဂုတ် ၁၁ ရက်။

တိုင်းရင်းသား ဓလေ့ထုံးတမ်း မြေယာ မူဝါဒများတွင် အမျိုးသမီးများ အရေးကို ထည့်သွင်းစဉ်းစားသွားမည်ဟု အသစ်ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားများ ရိုးရာဓလေ့ မြေယာ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက တာဝန်ရှိသူ တချို့က ပြောဆိုသည်။

IMG_1418ကယားပြည်နယ်အတွင်း သြဂုတ် ၄ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သော မြေယာ ဆိုင်ရာ ရိုးရာ ဓလေ့ ထုံးတမ်းအစဉ်အလာ အလုပ်ရုံဆွေးနွေးပွဲတွင် အဆိုပါ ကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ရိုးရာဓလေ့ထုံးတမ်းမြေယာ လက်တွေ့ကျင့်သုံးမှုအခန်းတွင် အမျိုးသမီးများ အခန်းကဏ္ဍအတွက် စောင်းပေးပြီး ဆွေးနွေးမှုများမရှိပေမယ့်လည်း ရှေ့လုပ်ငန်းစဉ်အကောင်အထည် ဖော်ဆောင်ရန် ကော်မတီ နှင့် လုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင် လုပ်ဆောင်သွားနိုင်ရန် ဦးစားပေး လုပ်ဆောင်ခဲ့သည်ဟုသိရသည်။

“လက်ရှိ ရိုးရာဓလေ့ ထုံးတမ်းမြေယာ လက်တွေ့ကျင့်သုံးနေမှုတွေမှာ အမျိုးသမီးသမီးတွေကို မျက်နှာသာမပေးထားတာတွေကို တွေ့ရတယ်” လို့ ကျွန်ုပ်တို့လက်ထဲက ကျွနု်ပ်တို့လယ်ယာများ အဖွဲ့က ကိုစည်သူက ပြောပါတယ်။

“လက်ရှိ ရိုးရာဓလေ့ ထုံးတမ်းမြေယာ လက်တွေ့ကျင့်သုံးနေမှုတွေက ဥပဒေမဟုတ်သလို စာရွက်စာတမ်းတွေမှာ ရေးထားတာမျိုးလည်းမရှိဘူး ရှေးအဆက်ဆက်က ကျင့်သုံးလာတဲ့ ထုံးတမ်းဓလေ့တွေဖြစ်တဲ့အတွက် အခုခေတ်နဲ့ မကိုက်ညီတော့ဟာတွေလည်းရှိတယ်။ အဲဒီအချက် (ဥပမာ) အမျိုးသမီးတွေကို မြေယာပိုင်ဆိုင့်ခွင့် မပေးတာမျိုး၊ အမွေဆက်ခံခွင့်ပေးတာမျိုးတို့ တွေကိုပြင်ဆင်မယ်ဆိုရင်လည်း တိုင်းရင်းသားခေါင်းဆောင်၊ ယဉ်ကျေးမှုခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်းတွေနဲ့အတူ လုပ်ဆောင်သွားရမယ်” လို့ အလုပ်ရုံဆွေးနွေးတက်ရောက်သူ လယ်သူမတစ်ဦးကပြောပါတယ်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်နှင့်တိုင်းဒေသ အသီးသီးများမှ တောင်သူလယ်သမားများ၊ တက်ကြွလှုပ်ရှားသူများ နှင့် အရပ်ဖက်အဖွဲ့အစည်း (၅၅) ဖွဲ့၊ တက်ရောက်သူစုစုပေါင်း (၁၀၃) ဦးတက်ရောက်ခဲ့ပြီး ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏ မြေယာဆိုင်ရာ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ လက်တွေ့ကျင့်သုံးမှုအား အသိအမှတ်ပြုပေးရန် နှင့် မူဝါဒရေးဆွဲရာတွင် ထည့်သွင်းပြဌာန်းပေးရေးနှင့် ထိုမူဝါဒများ ရေးဆွဲရာတွင်လည်း တောင်သူလယ်သမားများအား အမှန်တကယ်ကိုယ်စားပြုသော ကိုယ်စားလှယ်များ ပါဝင်ရေးဆွဲနိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု တက်ရောက်သူများက ပြောသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းရင်းသားဒေသအသီးသီးများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာ လက်တွေ့ကျင့်သုံးမှုအပေါ် သုံးသပ်မှုများပြုလုပ်ခဲ့သည့်အပြင် တိုင်းရင်းသားများ ရိုးရာဓလေ့မြေယာ ကာကွယ်စောင့်ရှောက်ရေးကော်မတီအား စုပေါင်းဖွဲ့စည်းခဲ့သည်။

“ တိုင်းရင်းသားများ ရိုးရာဓလေ့မြေယာ ကာကွယ်စောင့်ရှောက်ရေးကော်မတီကနေပြီးတော့ မိမိတို့ဒေသအသီးသီးရှိ မြေယာနှင့်ပတ်သက်ပြီး ရိုးရာဓလေ့ထုံတမ်းကျင့်သုံးမှုတွေကို ဆက်လက်ပြီး သုတေသနများပြုလုပ်မယ်၊ မြေယာသိမ်းဆည်းမှုတွေကို စစ်တမ်းကောက်ခြင်းများပြုလုပ်မယ် အဲဒီကရလာတဲ့ မှတ်တမ်း၊ သတင်းအချက်အလက်တွေနဲ့ နေပြည်တော်အထိသွားပြီး တင်ပြပြီး လယ်ယာမြေများပြန်လည်ရရှိအောင်လုပ်ဆောင်သွားမယ်” လို့ တိုင်းရင်းသားလူမျိုးများ လူထု ဖွံ့ဖြိုးရေးဆုံရပ်မှ ကိုစိုင်းခေးဆိုင်က ပြောပါတယ်။

ထုတ်ပြန်ကြေညာချက်တွက် (၁) လက်ရှိပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မြေသိမ်းယူမှုများ ရပ်တန့်ရန်။ (၂) တိုင်းရင်းသားဒေသများအတွင်း သိမ်းယူထား သော မြေယာများပြန်လည် ပေးအပ်ရန်။(၃) မြေယာဆိုင်ရာ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ လက်တွေ့ကျင့်သုံးမှုအား အသိအမှတ်ပြုပေးရန် နှင့် မူဝါဒရေးဆွဲရာတွင် ထည့်သွင်းပြဌာန်းပေးရန်။ (၄) မြေယာ မူဝါဒရေးဆွဲရာတွင်တောင်သူလယ်သမားများအား အမှန်တကယ်ကိုယ်စားပြုသော ကိုယ်စားလှယ်များ ပါဝင်ရေးဆွဲရန်။ (၅) UNDRIP ဌာနေတိုင်းရင်းသားများအခွင့်အရေးအတွက် ကုလသမဂ္ဂကြေငြာစာတမ်းပါ တိုင်းရင်းသားများရပိုင်ခွင့် (၇) ချက် အား လေးစားလိုက်နာရန် တို့ပါဝင်သည်။

Related Articles