Home သတင်း “အမျိုးသမီးငယ် (၇) ဦး ကယောင်ကတမ်းဖြစ်ကာ ဆေးရုံရောက်“

“အမျိုးသမီးငယ် (၇) ဦး ကယောင်ကတမ်းဖြစ်ကာ ဆေးရုံရောက်“

ဖုမော်။ လွိုင်ကော်။
1
ကယားပြည်နယ်လွိုင်ကော်မြို့စစ်ဆေးရုံသို့ မော်ချီးဒေသရှိ မိန်းကလေး(၇)ဦး အောက်တိုဘာ ၁ ရက်နေ့က ပုံစံတူ ကယောင်ကတမ်းပြောဆိုကာ ရောက်ရှိလာကြသည်။

”သူတို့က စဖြစ်တုန်းကဆို ပိုဆိုးတယ် အခုက (၄)ယောက်တော့ နည်းနည်းသက်သာလာပြီး သူတို့ဖောက်ပြီဆိုရင် ငါ့ကိုလာမခေါ်နဲ့ သွား ငါမလိုက်ဘူး လို့ဘဲပြောနေတယ် ပြီးတော့ အဖိုးကြီးတစ်ယောက်က သူတို့ကို လာခေါ်နေတယ်  လည်ပင်းလည်း ညစ်တယ် လို့ ပြောတယ် တစ်ယောက်ဖြစ်ပြီဆိုရင် ကျန်တဲ့သူလည်း တစ်ချိန်တည်းလိုက်ဖြစ်တယ် ပြီးတော့ သူတို့ ပြောတာတွေလည်း အတူတူဘဲ လို့ “ လူနာစောင့်တဦးက  ပြောသည်။

ထိုမိန်းကလေး (၇) ဦးမှာ ထိုကဲ့သို့ကယောင်ကတမ်းမဖြစ်ခင် တောထဲသို့ထင်းခွေရန်အတူတကွသွားခဲ့ကြပြီး တစ်ရက်နှစ်ရက်အတွင်း ကယောင်ကတမ်းများ ပြောကာကြောက်ရွံနေကြကြောင်းကို လူနာစောင့်မှ ပြောသည်။
2
လွိုင်ကော်စစ်ဆေးရုံးမှ အထွေထွေရောဂါကုသမားတော်ကလည်း “ စိတ်ရောဂါလို့ ပြောရအောင်လည်း မဟုတ်ဘူး အခုက တစ်ယောက်ဖြစ်ပြီးဆို ကျန်တဲ့သူတွေကလည်း အတူတူဘဲလိုက်ဖြစ်ပြီး ပြောတာတွေလည်းတူနေတယ် မနေ့ကတော့ နှစ်ကြိမ်ဖောက်တယ်” ဟုပြောကြားပါသည်။

အချို့ဒေသခံများမှလည်း  နတ်ပူးခြင်း သို့မဟုတ် တောထဲသွား၍ သွေးလန့် ခြင်း၊  ပြုစားခြင်း ဟူ၍ ပြောကြားကြပါသည်။

မော်ချီးတောင်ပေါ်ဒေသတွင် ခရစ်ယာန်ဘာသာနှင့် အခြား နတ်ကိုးကွယ်သည့် ဘာသာများ လည်းရှိပြီး တားမြစ်နယ်မြေများ ရှိကြောင်းလည်း သိရှိရပါသည်။

ထိုမိန်းကလေးများ နေသောရွာမှာ ပဟိုးရွာ ဖြစ်ပြီး မော်ချီးရွာမှ တစ်ရက်ခရီးကျောပိုးလမ်းလျှောက်လာ ရကြောင်းသိရပါသည်။

ထိုမိန်းကလေးများထဲမှာ အကြီးဆုံးမှာ (၁၀)တန်း ကျောင်းသူ ဖြစ်ပြီးအငယ်ဆုံးမှာ (၄)တန်းကျောင်းသူဖြစ်သည်ဟုလည်း သိရှိရပါသည်။

Related Articles