ဂျိုင်းထောက်တဖက်၊ ဂစ်တာတလက်နဲ့ အဆိုတော် (သို့) မသန်စွမ်းတို့ရဲ့ လမ်းပြကြယ်တပွင့်ဖြစ်ချင်သူ
မောင်နန်းဝေ အမေရိကန်လို ကမ္ဘာကျော် အဆိုတော်ကြီးတွေ ရှိတဲ့ နိုင်ငံမှာ သီချင်းတွေကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုပြီး အောင်မြင်တဲ့ အဆိုတော် တဦးဖြစ်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံသူလေး တဦးရှိတယ်။ သူရဲ့နာမည် အရင်းက Milla Dawt Hniang …။ မြန်မာပရိသတ်တွေကတော့ သူ့ကို အလွယ်တကူ မီလာ လို့ပဲခေါ်ကြတယ်။ ချင်းတိုင်းရင်းသူလေးဖြစ်တဲ့ မီလာရဲ့ အသက်က အခု ၂၄ နှစ်ပါ။ သူက မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တခုဖြစ်တဲ့ ချင်းပြည်နယ် ဟားခါးဇာတိပါ။ သူ့လမ်းစလျှောက်နိုင်တော့မယ့် ၁ နှစ်အရွယ်မှာ ပိုလီယိုရောဂါကြောင့် သူ့ရဲ့ခြေထောက် ချိနဲ့သွားခဲ့ရတယ်။ မြင့်မားမတ်ဆောက်ပြီး သာယာလှပတဲ့ တောင်တန်းကြီးတွေပေါ်မှာ မွေးဖွားခဲ့သူဖြစ်ပေမယ့် အဲဒီတောင်တန်းကြီးတွေဟာ မီလာ အတွက်တော့ ဆန့်ကျင်ဘက်လိုဖြစ်ခဲ့ရတယ်။ မသန်စွမ်းတော့တဲ့ သူ့ရဲ့ခြေထောက်တွေနဲ့ပတ်သက်ပြီး ကလေးဘဝရဲ့ ပျော်ရွှင် […]


