Home ဆောင်းပါး မိခင်မေတ္တာ

မိခင်မေတ္တာ

0001

ရေးသူ- Anna

“ကလေးတွေကငယ်သေးတော့ ဘယ်လိုများဖြစ်နေမလဲ၊ နေများမကောင်းဘူးလား၊ တွေးပြီး အိပ်လို့ကမရ ကလေးတွေကို သွားတွေ့မယ်ဆို ရွာမှာ ဘီယာပုလင်းခွန်တွေ၊ သံတိုသံစတွေ ဝယ်စုထားပြီး မြို့ပေါ်ရောင်းတဲ့ အလုပ်လည်းလုပ်ခဲ့တယ်။”

“ကျွန်မတို့ အဖေအမေ နှစ်ယောက်လုံး ပညာမတတ်တဲ့အတွက် ကျွန်မကလေးတွေကို ပညာတတ်အောင် သင်ပေးမယ်ဆိုပြီး ကလေးမွေကတည်းကနေ ဆုံးဖြတ်ချက်ချခဲ့တယ်။ အပျိုကတည်းက ကျွန်မ ကလေးတွေရခဲ့ရင် ပညာတတ်ဖြစ်အောင်သင်ပေးမယ် လို့စိတ်ထဲအမြဲ ထည့်ထားသူဖြစ်တယ်။ ဒါကြောင့် မြို့ပေါ်မှာ နေပြီး ကျွန်မကလေးတွေကို ကျောင်းထားပေးတယ်”

ယခုလို ပြောဆိုသူကတော့ တရုတ်နယ်စပ် ကျေးရွာလေးမှာ နေထိုင်နဲ့ အသက် ၅၂ နှစ်အရွယ် မုဆိုးမ ဒေါ်အခေါ်န် ဖြစ်ပါတယ်။

တောသူတောင်သားဖြစ်တော့ တောင်ယာအလုပ်က လွဲပြီး တခြားလုပ်မစားတတ်ဘူးလို့ သူက ပြောပြပါတယ်။ ဒါပေမယ့် ကလေးတွေကိုတော့ ပညာတတ်တွေ ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်က စပြီး ကလေးတွေကို မြစ်ကြီးနာမှာ စာသင်နိုင်ဖို့  ဘော်ဒါ စထားပါတယ်။ အဲဒီအချိန်ကစလို့ ဘော်ဒါကြေး၊  ကလေးကျူရှင်ကြေးတွေဟာ သူ့အတွက်တော့ ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ရပါတယ်။

“ကျွန်မယုံကြည် ကိုးကွယ်ရာ ဘုရားသခင်ကို ဘဲဆုတောင်းခဲ့တယ်။ ကျွန်မကလေးတွေ ပညာတတ်ဖို့ ငွေလိုအပ်နေပါတယ် ပေးသနားတော်မူပါ နေ့တိုင်းဆုတောင်းခဲ့တယ်။ ဘုရားတောင်ကျွန်မဆုတောင်း သံကို နားငြီးရင်နားငြီးသွားလောက်တယ်။”

ကလေးတွေပညာရေးအတွက် သူဟာ ရတဲ့ အလုပ်အားလုံး လုပ်ခဲ့တယ်လို့ ပြောပါတယ်။ “ကုန်စိမ်းရောင်းကောင်းတဲ့ အချိန်ကုန်စိမ်းရောင်းတယ်။ ရွာတွေမှာ ဈေးရောင်းတဲ့ဆိုင်တွေကိုလည်း ပစ္စည်းတွေလိုက်ချပေးတယ်။ တောရွာတွေမှာက လိုင်းကားလည်းမရှိ ကျွန်မ ခေါင်း၊ ခြေထောက်တွေကိုဘဲ အသုံးပြုပြီး လုပ်ခဲ့တာပါ။”

ကလေးတွေကို မြို့ စတင်ပို့စဉ်ကတော့ အဝေးကနေ စိတ်ပူခဲ့ရတယ်လို့ ပြောပါတယ်။ “ကလေးတွေကငယ်သေးတော့ ဘယ်လိုများဖြစ်နေမလဲ၊ နေများမကောင်းဘူးလား၊ တွေးပြီး အိပ်လို့ကမရ ကလေးတွေကို သွားတွေ့မယ်ဆို ရွာမှာ ဘီယာပုလင်းခွန်တွေ၊ သံတိုသံစတွေ ဝယ်စုထားပြီး မြို့ပေါ်ရောင်းတဲ့ အလုပ်လည်းလုပ်ခဲ့တယ်။”

ရွာမှာရှိတဲ့ မိတ်ဆွေတွေကတော့ အဲလောက်အလုပ်မလုပ်ဖို့ အကြံပေးကြပါတယ်။ သူတို့က “နင့်ကို ကြည့်ပြီးကြောက်တယ် အဲလောက်တောင် မနားမနေလုပ်ရတယ် ကျွန်မတို့ ကလေးတွေက ဖတ်တတ်ရေးတတ် ရင်တော်ပြီ မြို့ပေါ်မထားတော့ဘူး” လို့ အကြံပေးခဲ့ကြပါတယ်။

သူ့အနေနဲ့တော့ ကလေးတွေအပေါ် သံယောဇဉ်ကြီးလွန်းတာကြောင့် ကလေးတွေနဲ့ စိတ်အားဖြင့် ဆက်သွယ်မှု ရှိနေတယ်လို့ ယုံကြည်ခဲ့ပါတယ်။

“ကလေးတွေဖျားပြီဆို ကျွန်မညာဖက်နို့က အချက်ပေးတယ်။ အခုအချိန်လို ဖုန်းဆိုတာလည်းမရှိ အဲဒီအချိန်ဆို ပိုက်ဆံရှိမရှိ မသိတော့ဘူးလမ်းစရိတ်လေးရရင် ကလေးတွေဆီသွားပြီ တကယ်လည်း ကလေးတစ်ယောက်မဟုတ် တစ်ယောက်က ဖျားနေတယ်။”

သူတို့နေတဲ့ နယ်စပ်ရွာလေးကနေ မြစ်ကြီးနားကို သွားရန် ခက်ခဲပါတယ်။ ပထမဆုံး လမ်းလျှောက်သွားရပါတယ်။ လေးနာရီ လမ်းလျှောက်ပြီး နောက် ရွာတရွာရောက်မှ လိုင်းကား စီးရတယ်လို့ ပြောပြပါတယ်။

ယခုအခါမှာတော့ သမီးနှစ်ယောက် ဘွဲ့ရပြီဖြစ်ပါတယ်။ သူတို့ တတ်သည့် ပညာနှင့် လုပ်ကိုင် စားသောက်နေသည်ကို မြင်ရသောအခါ ပင်ပန်းခဲ့သမျှ ပြေပျောက်ခဲ့ရသည်ဟု ဒေါ်အခေါ်င်န်က ပြောပါတယ်။

သူမငယ်စဉ်ကတော့ ကလေးများကဲ့သို့ ပညာသင်ကြားခွင့်မရခဲ့။ နိုင်ငံရေး စစ်ရေး အခြေအနေတွေက သူမကို အခွင့်မပေး။ ကျောင်းနေခဲ့ရဖူးသော်လည်း ဆုံးခန်းတိုင်သင်ခွင့်မရခဲ့ဟု သူမက ပြောပါတယ်။

ကချင်ဒေသမှာ သူမကဲ့သို့ပင် အခြားသော အမျိုးသမီးအများအပြားမှာလည်း မိသားစုအတွက် ရုန်းကုန်ခဲ့ကြရကြောင်း ပြောပြကြပါတယ်။

မြစ်ကြီးနားမြို့ပေါ်ရှိ အမျိုးသမီး တစ်ဦးကလည်း “ကျွန်မအိမ်ထောင် ကျပြီးကလေးရတာနဲ့ ယောက်ကျားက ပိုက်ဆံမရှာတတ်တော့ သူများလို ယက်ကန်းရုံ ကြီးတွေ မထောင်နိုင်ရင်လည်း အိမ်မှာဘဲ ရိုးရာ မရူးလွယ်အိတ်ကို ယက်လုပ်ပြီး ဈေးမှာတွင်းတယ် ရတဲ့ငွေလည်းနဲ့ ကလေးတွေကို ပညာသင်ပေးခဲ့တယ်၊ စားသောက်ဖို့ ရှာခဲ့တယ်။ အခုချိန်ထိလည်းလုပ်နေတုန်းဘဲ။ ကျွန်မဒီအလုပ်လုပ်တာ နှစ်၄၀ ရှိပြီ။ မရူးလွယ်အိတ်ကို ယက်ချင်တယ် စိတ်ဝင်စားတယ်ဆိုတဲ့လူတွေကို လည်းသင်ပေးတယ်” လို့ ပြောပြပါတယ်။

ဒေါ်ခေါင်ညွယ်ဆိုသူ အမျိုးသမီးကြီးတဦးကတော့ ယောက်ျား ဆုံးပါးသွားပြီးနောက် မိသားစုတာဝန်ဟာ သူ့အပေါ်မှာ လုံး၀ ကျရောက်လာခဲ့ကြောင်း ပြောပြပါတယ်။

“ကျွန်မ ယောက်ကျားဆုံးပြီး ကတည်းက မရူးလွယ်အိတ်၊ ကချင်လွယ်အိတ်၊ ဖုန်းအိတ် တွေယက်လုပ်ပြီး ကျွန်မသားသမီးတွေကို ရှာဖွေကျွေးမွေး၊ ပညာသင်ပေးနေပါတယ်။ ဒီအလုပ်က အရင်းအနှီး များများလည်းမလိုဘူး ချည်တွေက ဈေးပေါတယ်ဆိုတော့ ကျွန်မတို့အတွက် အတော်လည်းကောင်းပါတယ်။ အိမ်မှာနေရင်း လုပ်တယ်ဆိုတော့ ကလေးတွေနှင့် လည်းအတူနေရတယ်။ အိမ်မှာဝက်မွေးပြီး ပိုက်ဆံရှာနိုင်တယ်” လို့ ဒေါ် ခေါင်ညွယ်က ပြောပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ၊ ရုန်းကန်ရမှုပင်ပန်းရမှုများကြောင့် စိတ်ဓါတ်မကျဟု ဒေါ်အခေါ်င်န်က ပြောပါတယ်။ “ကလေးများ ပညာတတ်ဖြစ်သွားတဲ့ အခါ အမောတွေ အားလုံး ပြေတယ်၊ ဒီအခက်အခဲ ပင်ပန်းမှုတွေအတွက် အားဆေးကတော့ သားသမီးတွေပဲ”လို့ ဒေါ်အခေါ်င်န်က ပြောသည်။

Related Articles