Home သတင်း အမျိုးသမီးငယ်များ လူ့အခွင့်အရေးချိုးဖောက်မှု ပိုခံနေရ

အမျိုးသမီးငယ်များ လူ့အခွင့်အရေးချိုးဖောက်မှု ပိုခံနေရ

ကောကော်

HR01

အမျိုးသမီးတွေထဲမှာမှ ကလေးသူငယ်အမျိုးသမီးတွေဟာ ယခုအချိန်တွင် အဓမ္မပြုကျင့်ခံရမှု အရမ်းများနေပြီး ၊ ဒီလိုများနေခြင်းမှာလည်း အမျိုးသမီးငယ်များရဲ့ ဘဝလုံခြုံခြင်းမရှိလို့ဖြစ်သလို၊ လိင်ပိုင်းဆိုင်ရာ လုံခြုံမှုအရ အခွင့်အရေး ချိုးဖောက်ခံနေရကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က (၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဦးမြင့်အေးက ပြောပါတယ်။

လူ့အခွင့်အရေးနေ့ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်တာပဲလေ၊ HRDP တဖွဲ့ထဲအတွက် မဟုတ်ပါဘူး။ လူတိုင်းအသက်ရှင် နေခိုင်ခွင့်ဟာ လူအခွင့်အရေးပါပဲလို့” လူတိုင်းကိုလဲ သိစေချင်ကြောင်း ဦး မြင့်အေးက ပြောပါတယ်။

စစ်ဖြစ်နေသောဒေသနှင့် မြို့ပြတွင် စီမံကိန်းများကြောင့် တရားမျှတရေးအတွက် ရှေ့တန်းတွင် တိုက်ပွဲဝင်နေသော အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးနေကြကြောင်း ဖန်တီးအိမ်မှ အမှုဆောင်ဒါရိုက်တာ ဖြစ်သူ ရွှေစင်ဇင်လှက ပြောပါတယ်။

“ကျမတို့ခုလို လွတ်လွတ်လပ်လပ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူ့အခွင့်အရေးတွေ ပြောနေကြတယ်၊ ဒီလိုအချိန်နဲ့ တပြိုင်နက်ထဲမှာပဲ ကျမတို့ မကြားနိုင် မမြင်နိုင်တဲ့ အခွင့်အရေးဆုံးရှုံးနေတဲ့ အမျိုးသမီးတွေ ဘယ်လောက်များနေလဲဆိုတာ မြင်ယောင်မိတယ်။ အကျဉ်းချခံနေရတဲ့ အမျိုးသမီးတွေကိုလည်း စာနာမိတယ်၊ ”

         ထို့အပြင် မြန်မာနိုင်ငံတွင် နေ့စဉ်နှင့်အမျှ လမ်းပေါ်၊ အိမ်ပေါ်၊ အလုပ်ခွင်၊ အကျဉ်းထောင်၊ ဘာသာရေးအဆောက်အဦးတွေထဲတွင် အမျိုးသမီးများ အခွင်အရေးချိုးဖောက်ခံနေရကြောင်း သူမက ပြောပါတယ်။

“ဘာသာရေးခေါင်းဆောင်တွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေတိုရင် နှုတ်ဆိတ်နေကြတယ်၊ တကယ်တမ်းကျတော့ အဲဒါဟာ ကြီးလေးတဲ့ ပြစ်မှုတွေ ဖြစ်ပါတယ်”

         အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို တက်ရောက်လာတဲ့ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုကျေးရွာမှ မကေသွယ်မိုးက အခွင့်အရေး ချိုးဖောက်ခံနေရကြောင်း ပြောပါတယ်။ “ကျမတို့လင်မယားက ၁၆ရက်နေ့ ၁၀လပိုင်းက စကားနဲနဲပါးပါးစကားများကြတယ်၊ သူကမူးပြီး ကျမနဲ့ ကလေးတွေကို ဆဲဆိုပြီး အိပ်ပျော်သွားတယ်၊ အဲဒီအချိန်မှာ အုပ်ချုပ်ရေးမှုးက သူ့ကို ဆဲဆိုပါတယ် ဆိုပြီး လာဖမ်းသွားတယ်၊ ခုတိုရဲစခန်းမှာ ဖမ်းဆီးထားတယ်၊ ကလေးကလဲ ၃ယောက်နဲ့ သူများအလုပ်ကို ရရာလုပ်နေရတယ်။ ဒါကြောင့် ကျမမှာ နိုင်ငံသားတယောက်ဖြစ်တဲ့ အတွက် အခွင့်အရေးဆုံးရှုံးမှုတွေ ရှိနေတယ် ”

HR02

         အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်၁၀ နာရီမှ နေ့လည် ၁၂နာရီအထိ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ M3 food centre ခန်းမတွင် လူထုအခြေပြု အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးကိုလိုလားသော အဖွဲ့များ တက်ရောက်ခဲ့ကြပြီး၊ အမျိုးသမီးအခွင့်အရေးကို ဖန်တီးအိမ်မှ အမှုဆောင်ဒါရိုက်တာ ရွှေစင်ဇင်လှ၊ တရားလွှတ်တော်ချုပ်နေရှေ့နေ ဦးကြီးမြင့်က တရားစီရင်ရေး၊ ပြည်သူ့ရေးတာဝန်ခံ အယ်ဒီတာဦးတင်မြင့် က လွတ်လပ်စွာ ပြောဆို ဖြန့်ချီခွင့် နှင့် တိုင်းရင်းသားလူနည်းစု အခွင့်အရေးကိုတော့ ချင်းအမျိုးသား အမှုဆောင်ဒါရိုက်တာဖြစ်သူ ဆလိုင်းဘွေလျန်းမာန်က ဦးဆောင်ဆွေးနွေးပေးသွားပါတယ်။

HR02

         လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့ စတင်တည်ထောင်ထဲ့သည်မှာ ၁၄နှစ်ပင်ရှိသော်လည်း ယခုနှစ်မှပင် ပထမဦးဆုံး အစီရင်ခံစာကို ထုတ်ဝေခဲ့ကြောင်း၊ အခွင့်အရေးချိုးဖောက်ခံနေရမှုများကို ကျယ်ကျယ်ပြန့်ပြန့် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကို သိစေရန် ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းထဲမှာမှ အမျိုးသမီးများ အခွင့်အရေးနှင့် အမျိုးသမီးများဦးဆောင်ရေး အခန်းကဏ္ဍတခန်းလဲ ပါဝင်ကြောင်း အစီရင်ခံစာမှာ သိရပါတယ်။

Related Articles