Home ဆောင်းပါး လူထုမှ လူထုအတွက်ဆိုတဲ့ ရန်ကုန်ဘိတ်ဟောက်(စ်)

လူထုမှ လူထုအတွက်ဆိုတဲ့ ရန်ကုန်ဘိတ်ဟောက်(စ်)

Yangonbakehouse@nearKaba Aye poda.jpg
ရေးသူ- ကချင်မလေး။

ဆိုင်အနေအထားလေးက ကျဉ်းတယ်လို့မဆိုနိုင်ပေမယ့်လည်း စနစ်တကျနဲ့ဖွဲ့စည်းထားတော့ မျက်စိပသာဓ ကျပါတယ်။ မုန့်ဖုတ်တဲ့ သူတွေက ဖုတ်၊ ဆလတ်ရွက်တွေကို တရွက်ခြင်း ဆေးနေသူနဲ့ ပုဇွန်ဆိတ်လေးတွေကို လက်အိတ်လေးတွေနဲ့ အသေအချာ သန့်စင်နေသူနဲ့ စားဖို တခုလုံး အလုပ်ရှုပ်နေကြတယ်။

အပေါ်ထပ်ရုံးခန်း အတွင်မှာလည်း အစည်းဝေးထိုင်ဖို့ စာပွဲကြီးတလုံးနှင့် ထိုင်ခုံပတ်ပတ်လည် ချထားတော့ ရုံးခန်းတဝက်ခန့်က ပြည့်နေပြီး အခန်းတဘက်ခြမ်းမှာတော့ ကွန်ပျူတာခုံ၁၀လုံးခန့်က မျက်နှာချင်းဆိုင်ထားပြီး ဖိုင်တွဲတွေနဲ့ ပြည့်နေတယ်။

Yangonbakehouseshop@Pearlcond3

“ထိုင်ပါ” ဆိုပြီး ကျွန်မကို နေရာချပေးသူကတော့ ဒီဆိုင်ရဲ့ သင်တန်းတာဝန်ခံ တာဝန် ယူထားတဲ့ အသားဖြူဖြူ မျက်နှာချိုချိုလေးနဲ့ အသက်၂၀ကျော်ခန့် သာရှိသေးတဲ့ အမျိုးသမီးငယ်လေး “ မဆိုင်းဂျာ” ပဲ ဖြစ်တယ်။

လက်ရှိမြန်မာနိုင်ပြောင်းလဲတိုးတက်လာသည့်အပေါ် အမျိုးသမီးတွေလည်း ဒီရေစီးကြောင်းပေါ် ဟန်ချက်ညီညီဖြင့် ပြောင်းလဲနိုင်ဖို့ရန်အတွက် တစေ့စောင်းအားဖြင့် အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းအပြင် သိကောင်းစရားများကို လုပ်ဆောင်နေတဲ့  ရန်ကုန်ဘိတ်ဟောက်(စ်)အကြောင်းကို မဆိုင်းဂျာ၊ အမေရိကန်အမျိုးသမီး ( ကယ်လီ) နှင့် သင်တန်းသူများကို သွားရောက် မေးမြန်းခဲ့ပါတယ်။

မေး။   ။ရန်ကုန်ဘိတ်ဟောက်(စ်)ကို ဘယ်သူတွေက ဘယ်လိုစိတ်ကူးနဲ့ စပြီးတည်ထောင်ခဲ့လဲ။

ဖြေ။   ။ ကယ်လီ ( KEELLY)- ရန်ကုန်ဘိတ်ဟောက်(စ်)ကို ကျွန်မတို့အမျိုးသမီး ( ၄) ယောက်က နေပြီးတော့ ၂၀၁၂၊ နိုဝင်ဘာလ မှာ စပြီးဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီ (၄)ဦးမှာက  မြန်မာနိုင်ငံသူတစ်ဦး ( မဖြူဖြူသင်း) ၊ အမေရိန်ကန်နိုင်ငံသူတစ်ဦးနဲ့ ကနေဒါနိုင်ငံသူ နှစ်ဦးတို့ပူးပေါင်းပြီးဖွင့်ခဲ့တယ်။ ကျွန်မတို့ အရင်ဦးဆုံး စဉ်းစာကြတယ် လက်ရှိမြန်မာနိုင်ငံပြောင်းလဲလာတဲ့အပေါ် အမျိုးသမီးတွေ အနေနဲ့လဲ ဟန်ချက်ညီညီနဲ့ လိုက်ပြီး ပြောင်းလဲလာနိုင်ဖို့အတွက် ဘယ်လို လုပ်ရင် ကောင်းမလဲ ပေါ့။ နောက်တော့ ဒီရန်ကုန်ဘိတ်ဟောက်(စ်)ကို ဖွင့်ဖို့စိတ်ကူးရလာတယ်။ အဓိက ရန်ကုန်ဘိတ်ဟောက်(စ်)ရဲ့ ရည်ရွယ်ချက်လေးကတော့
(၁) အမျိုးသမီးတွေလိုအပ်နေတဲ့ ဝင်ငွေရရှိနိုင်ရန် ဘဝရဲ့ ဒုတိယအခွင့်အလမ်းကို ထောက်ပံ့ပေးရန်။
(၂) အရည်အသွေးပြည့်မှီပြီး သန့်ရှင်းလတ်ဆတ်ခြင်းနှင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အနောက်တိုင်း အစားအစာများထုတ်လုပ်ခြင်း တို့ ဖြစ်သည်။
ဒီရည်ရွယ်ချက်(၂) ခု သီခြားစီဖြစ်နေစေကာမူ ရည်းမှန်းချက်တခုမှာသွားဆုံမှာဖြစ်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မတို့က NGO နဲ့ စီးပွားရေးပုံစံ နှစ်မျိုးနဲ့သွားမှဖြစ်တယ်။ စီးပွားရေးကလည်း စုပေါင်းလုပ်ဆောင်တဲ့ စီးပွားရေးပုံစံကို ရွေးပြီးသွားမှာပါ။ အခုနပြောသွားသလိုပဲ အရည်အသွေးပြည့် မှီပြီး သန့်ရှင်းလတ်ဆတ်ခြင်းနှင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အနောက်တိုင်းအစားအစာများ ထုတ်လုပ် ရောင်းချတဲ့ စီပွားရေးလုပ်ငန်းလုပ်သလို အမျိုးသမီးတွေကိုလည်း ဒီလိုမုန့်လုပ်နည်းသင်တန်းနှင့်အတူ အခြား ကျန်းမာရေး၊ ကလေးငယ်များအား အာဟာရပြည့်စုံလင်စွာ ဘယ်လိုတိုက်ကျွေးရမလဲ၊ ငွေစုနည်းစနစ်၊ ကွန်ပျူတာ၊ အင်တာနက်နှင့် အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ အကြောင်းအရာများ ကိုလည်း လုပ်ဆောင်းပေးခြင်းဖြင့် အမျိုးသမီးတွေကို စွမ်းရည်မြင့်တင်တဲ့လုပ်ငန်း တွေကို လုပ်နေ ပါတယ်။
ကျွန်မတို့ ဆိုင်ကရရှိလာတဲ့ အကျိုးအမြတ်တွေကိုတော့ ကျွန်မတို့အိတ်ထဲထည့်တာမျိုးမဟုတ်ပဲ အဖွဲ့အစည်းလုပ်ငန်းလည်ပတ်ဖို့ရန်ကို ရေရှည်တည်တံ့တဲ့ဖွဲ့စည်းမှုတရပ်အဖြစ် လုပ်ဆောင်နေပါတယ်။
Yangonbakehouseshop@Pearlcondo
မေး။   ။ မဆိုင်းဂျာကလည်း ဒီရန်ကုန်ဘိတ်ဟောက်(စ်)ကို ဘယ်တုန်းက စရောက်ခဲ့လဲ။

ဖြေ (ဆိုင်းဂျာ) ။   ။ ရန်ကုန်ဘိတ်ဟောက်(စ်)က နိုင်ဝင်ဘာလမှာ ဖွင့်ခဲ့တယ်။ မကြာဘူး အလုပ်သင်တန်း ခေါ်တယ်။ ကျွန်မက တော့ ၂၀၁၂ခုနှစ် ဒီဇင်ဘာလမှာ ရန်ကုန်ဘိတ်ဟောက်(စ်)ရဲ့ ပထမဆုံး အလုပ်သင်တန်းအသုတ်မှာ တက်ရောက်ပြီး အခုထိ သင်တန်းတာဝန်ခံရာထူးယူထားပြီး လုပ်နေ ပါတယ်။

မေး။  ။ အလုပ်သင် သင်တန်းဘယ်နှစ်ကြိမ်လုပ်ပြီး၊ အမျိုးသမီးဘယ်နှစ်ယောက်က သင်တန်းရရှိ ခဲ့ပြီးပြီလဲ။

ဖြေ။   ။ ကျွန်မတို့မှာ အလုပ်သင် သင်တန်းကို (၂)မျိုး နှစ်စား ပေးပါတယ်။ ပထမ အလုပ်သင် သင်တန်းက နိုင်ငံခြားကို ပညာဆက်ပြီး သင်ယူဖို့ ပြင်ဆင်ပြီး လက်ရှိရန်ကုန်မှာလာပြီး အင်္ဂလိပ်စာလေ့လာနေတဲ့ကျောင်းသူတွေ(ဥပမာ- သိက္ခာမြန်မာ၊ သပြေကုန်း) စသည့် သင်တန်းကျောင်းတွေမှာ ၁နှစ်တာ အင်္ဂလိပ်စာလေ့လာပြီးသွားတဲ့ ကျောင်းသူတွေ  အင်္ဂလိပ်စာလက်တွေ့ ကျင့်သုံးနိုင်ဖို့၊ လုပ်ငန်းအတွေ့အကြုံတွေရရှိဖို့ နှင့် သူတို့တွေ ရန်ကုန်မှာနေတဲ့ကာလအတွင်း နေစာရိတ်၊ စားစာရိတ်တွေကို ထောက်အကူဖြစ်စေဖို့ရည်ရွယ်ပြီး (၆)လ တကြိမ် သင်တန်းပေးတယ်။
နောက်တမျိုးက အမှန်တကယ်အလုပ်အခွင့်အလမ်းလိုအပ်နေတဲ့ အမျိုးသမီးတွေ ကိုခေါ်ပါတယ်။ သူတို့ကိုက ပညာအရည်အချင်းသတ်မှတ်ထားခြင်းလဲမရှိဘူး။ သူတို့ ကိုယ်ရေးရာဇာဝင်အကျဉ်းချုပ် ကိုကြည့်ပြီး ခေါ်ပါတယ်။ မြန်မာစကား ပြောတတ်၊ ဖတ်တတ်ဆိုရပြီ။ အသက်(၁၈)နှစ်အထက်ပေါ့။  သူတို့ကိုတော့ အခုဏပြောသွားသလို အနောက်တိုင်းအစားအစာ အခြေခံသင်တန်း၊ ကျန်းမာရေး၊ အမျိုးသမီးများဆိုင်ရာ အခွင့်အရေးနှင့် အခြား ကွန်ပျူတာတို့ ကို လည်း သင်ပေးပါတယ်။
ကျွန်မတို့ အလုပ်သင်တန်း (၆)ကြိမ်လုပ်ခဲ့ပြီးပြီ။ အမျိုးသမီးပေါင်း အခုအသုတ်နဲ့ဆို ( ၃၉) ယောက်ရှိပြီ။ ပြောရမယ်ဆို ကျွန်မတို့ အရင်က အလုပ်သင် သင်တန်းပေးခဲ့တာ သိပ်ပြီးစနစ်တကျမရှိခဲ့ဘူး။ ကျွန်မတို့လူတွေကနည်းတော့ သိပ်ပြီး အလုပ်မတွင်ခဲ့ဘူး။ လာမည့်နှစ်ဆို သေချာ စနစ်တကျလုပ်ဖို့ စီစဉ်ထားပါတယ်။ အလုပ်သင် သင်တန်းကို (၆)လ ကြာ၊ (၂) ကြိမ်ပြုလုပ်မယ်၊ ဇန်နဝါရီလမှ ဇွန်လ ထိ တစ်ကြိမ်၊ ဇွန်လမှ ဒီဇင်ဘာလထိ လုပ်မယ်။ တကြိမ်မှာ အမျိုးသမီး (၁၅)ယောက် ခေါ်ယူဖို့စီစဉ်ထားပါတယ်။

မေး။  ။ သင်တန်းပြီးသွားတဲ့ သင်တန်းသူတွေက ဘာတွေ ဆက်လုပ်ဖြစ်ကြလဲ။ ရန်ကုန်ဘိတ်ဟောက်(စ်) အနေနဲ့လည်း အလုပ်အကိုင်အခွင့်အလမ်းတွေကို စီစဉ်ပေးထားတာမျိုးရှိလား။

ဖြေ။     ။ ဟုတ် …ရှိပါတယ်။ အလုပ်သင် သင်တန်းပြီးသွားတဲ့သူတွေကို အခြားမုန့်ဆိုင်( Bakery) တွေမှာ ပြန်ပြီး အလုပ်လုပ်ဖို့ ထောက်ခံပေးတာမျိုး၊ အလုပ်သွင်းပေးတာမျိုးတွေလုပ်ပေးပါတယ်။ ဟိုတယ်ကြီးတွေမှာ အလုပ်ရှာတာမျိုးတော့ မလုပ်နိုင်သေးဘူး။ သင်တန်းပြီးသွားတဲ့နောက် (၃)လ ကြာ သူတို့အခြေအနေ(အဆင်ပြေမပြေ) တွေကို ဆက်ပြီးတော့ လေ့လာကြည့်ရှုပေးပါတယ်။ ကျွန်မတို့ ရန်ကုန်ဘိတ်ဟောက်(စ်)မှာလည်း အလုပ်အခွင့်အလမ်းပေးတာမျိုးလည်းရှိတယ်။

မေး။     ။ အလုပ်သင် သင်တန်းခေါ်ဖို့မြို့နယ်တွေ သတ်မှတ်ထားတာမျိုးရှိလား။ ဘယ်လိုမျိုးခေါ်သလဲ။

ဖြေ။    ။ ကျွန်မတို့ အခုက များသောအားဖြင့် ရန်ကုန်က ခေါ်တာများတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နယ်ကခေါ်ဖို့ဆို သူတို့အတွက် နေဖို့၊ ထိုင်ဖို့တွေ မလုပ်ဆောင်နိုင်သေးတာကြောင့်ပါ။ ကျွန်မတို့ သင်တန်းခေါ်ပြီဆိုရင် ဖောင်တွေကို အမျိုးသမီးအဖွဲ့တွေ( Young Women Christian Association၊ အက္ခရာမြန်မာ အမျိုးသမီးအဖွဲ့တွေ၊ NGO)ကို ဖြန့်ပါတယ်။ သူတို့ကွန်ယက်ကနေပြီး ပို့တဲ့သူတွေကိုခေါ်ပါတယ်။
အခု ရှမ်းပြည်က အမျိုးသမီးအဖွဲ့ကပို့တဲ့ ရှမ်းအမျိုးသမီး ၂ယောက်ပါတယ်။ သူတို့နေဖို့၊ စားဖို့ကို သူတို့အဖွဲ့က ပဲတာဝန်ယူပြီး ကျွန်မတို့ သင်တန်းကို လာတက်ပါတယ်။

မေး။     ။ ရန်ကုန်ဘိတ်ဟောက်(စ်)က ရန်ကုန်မှာပဲ ရှိတာလား (သို့) အခြားဒေသတွေမှာ ဖွင့်တာတို့ ရှိလား။

ဖြေ။   ။ အခုလောလောဆယ်ဆယ်တော့ ကျွန်မတို့ ရန်ကုန်မှာပဲရှိပါတယ်။ နောက်ပိုင်းတော့ အခြားနယ်တွေက လူတွေကို ခေါ်ဖို့ရယ်၊ ဆိုင်တွေဖွင့်ဖို့စီစဉ်နေပါတယ်။ ဥပမာပြောမယ်ဆိုရင် – ရှမ်းပြည်ဘက်ကအမျိုးသမီးတွေအဖွဲ့တွေနဲ့ ပူပေါင်းပြီး အဲဒီဒေသထွက် စတော်ဘယ်ရီတွေကို ယိုထုတ်တာတို့ လုပ်ဆောင်ပြီး ထုတ်ကုန်ကို ရန်ကုန်ဘိတ်ဟောက်(စ်)တွေမှာလည်း ပြန်သုံးပေါ့။ အဲဒီလိုမျိုး ဝင်ငွေရရှိဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေရနိုင်တဲ့ အစီစဉ်တွေကိုတော့ စဉ်းစားထားပါတယ်။

မေး။  ။ အခြားအကူအညီအထောက်အပံံ့တွေကို လက်ခံရရှိထားတယ်ဆိုကိုလည်း ရှင်းပြပါအုံး။ ရန်ကုန်ဘိတ်ဟောက်(စ်) အနေနဲ့ အခုအချိန်ထိ ဘယ်လိုအောင်မြင်မှုတွေရရှိထားပြီလဲ။

ဖြေ။   ။ ကျွန်မတို့က အရင်က သင်တန်းနေရာဆိုလည်း ကျွန်မတို့အဖွဲ့ကို စတင်တည်ထောင်သူ မဖြူဖြူသင်းရဲ့ ကိုယ်ပိုင်ဆိုင်လေးကို သင်တန်းခန်းမအဖြစ်ငှားသုံးခဲ့ရတယ်။ ပြီးတော့ စဖွင့်တဲ့အချိန်မှာဆို တည်ထောင်သူတွေက သူတို့ကိုယ်ပိုင်ပိုက်ဆံအပြင် အခြား စီပွားရေးကုမ္ပဏီတွေကို လိုက်တွေ့ပြီး အကူအညီတွေ တောင်းပြီး စတင်တည်ထောင်ခဲ့တယ်။ ဥပမာ- အခုဆိုင်ဖွင့်ထားတဲ့ ပုလဲကွန်ဒိုမှာဆို ပုလဲကွန်ဒိုအနေနဲ့ကျွန်မတို့ကို ကူညီတဲ့အနေနဲ့ ရေကို အခမဲ့ ကူညီပေးတာမျိုးပေါ့။ နောက်ပြီးတော့ အေးရှားဖောင်ဒေရှင်း (Asia foundation) ကလည်း အမျိုးသမီးအလုပ်သင် သင်တန်းအတွက် ထောက်ပံ့ပေးတာတွေရရှိပါတယ်။
ဒါပေမယ့်အခုဆိုတော့ ကျွန်မတို့ဆိုင်ကရရှိတဲ့ အကျိုးအမြတ်တွေနဲ့ အဖွဲ့ရေရှည်ဖို့ရန် ကောင်းစွာလည်ပတ်လာနိုင်ပါပြီ။ ဆိုင်ကိုလည်း စုစုပေါင်းဆိုင်ခွဲ(၅)နေရာမှာဖွင့်လှစ်ထားနိုင်ပြီး။ ဆိုင်တည်နေရာတွေက ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားအနား၊ လှိုင်တက္ကသိုလ်(MICT)၊ မြောက်ဥက္ကလာပ တွေမှာ ဖွင့်ထားနိုင့်သည့်အပြင် အခြား ဈေးကွက်တွေ အွန်လိုင်းကနေတဆင့် အော်ဒါလက်ခံခြင်း၊ တွေကို လက်ခံပြီး လုပ်ဆောင်လာနိုင်ခဲ့တာတွေပါ။ အမျိုးသမီးတွေအတွက် အလုပ်သင် သင်တန်းအတွက်ကို ပုံမှန်လုပ်ဆောင်နိုင်အောင်လည်း လုပ်ဆောင်လာနိုင်ပါပြီ။

(အဲဒီနောက်မှာတော့ သင်တန်းသူလေးတွေနဲ့ မေးမြန်းဖြစ်ခဲ့ပါတယ်။ )
Mathandaraung@YGNbakehouse
မေး။  ။ စုသင်ဌေး (၂၅ နှစ်အရွယ် မိခင်(၁)ဦး) က ရန်ကုန်ဘိတ်ဟောက်(စ်) ကို ဘယ်လိုရောက်လာလဲ။

ဖြေ။   ။  သူတို့သင်တန်းခေါ်စာကို YWCA ကနေတဆင့်ရပြီး။ ဒီသင်တန်းကို တက်ရောက်ခဲ့ပါတယ်။

မေး။    ။ ရန်ကုန်ဘိတ်ဟောက်(စ်) က ဘဝအတွက် ဘယ်လိုအထောက်အကူဖြစ်စေလဲ။

ဖြေ။ ။ ကျွန်မက အိမ်မှာ ကလေးနဲ့နေတာများတယ်။ အလုပ်လုပ်ဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမယ့် အဆင်မပြေဘူး။ အခု ရန်ကုန်ဘိတ်ဟောက်(စ်)မှာ အလုပ်သင်ဝင်ခွင့်ရတာ အရမ်းဝမ်းသာမိပါတယ်။ မိသားစုဝင်ငွေအတွက်လည်း အရမ်းအထောက်အကူ ဖြစ်သွားပါတယ်။ အနောက်တိုင်း အစားအသောက် ချက်နည်းတွေအပြင် ဓားကိုင်နည်းကအစ သင်ပေးတယ်။ ပြီးတာ့ အရင်ကမကြားဘူးတဲ့ အမျိုးသမီးဆိုင်ရာအခွင့်အရေးတွေ၊ ကျန်းမာရေး ဆိုင်ရာတွေ၊ ကလေးကို ဘယ်လိုအဟာရပြည့်ဝအောင် တိုက်ကျွေးရမယ်ဆိုတာတွေက အစ ကြားလာရတယ်။ ဒီအကြောင်းတွေကို အိမ်နီးပတ်ဝန်းကျင်မှာ ပြောပြဖြစ်တယ်။ အရမ်းကျိူးရှိပါတယ်။

မေး။    ။ ရန်ကုန်ဘိတ်ဟောက်(စ်)ကို ပိုပြီးကောင်းအောင်ဘာတွေပြောချင်လဲ။

ဖြေ။ ။ အားလုံးစုစုစည်းစည်းနဲ့ ပူးပေါင်းလုပ်ဆောင်သွားပြီး အချင်းချင်းမသိတာကို ကူညီပြီး လုပ်ဆောင်သွားမယ်ဆိုရင် ရန်ကုန်ဘိတ်ဟောက်(စ်)က ပိုပြီး အောင်မြင်လာမယ်လို့ ထင်ပါတယ်။

မေး။    ။ မသန္တာအောင်က ဘယ်လိုလုပ်ပြီး ရန်ကုန်ဘိတ်ဟောက်(စ်)ကို ရောက်လာလဲ။

ဖြေ။    ။ အမေက NGO(MDI) မှာလုပ်တယ် သူ့ဆီက တဆင့်ဒီရန်ကုန်ဘိတ်ဟောက်(စ်) မှာ အလုပ်သင် သင်တန်းခေါ်တယ်ဆို့သိရတယ်။ အဲတာနဲ့လျှောက်လိုက်တာရလာတယ်။

မေး။    ။ ရန်ကုန်ဘိတ်ဟောက်(စ်) က ဘဝအတွက် ဘယ်လိုအထောက်အကူဖြစ်စေလဲ။

ဖြေ။    ။ ဟုတ်ကဲ့ကျွန်မအတွက်ရော တခြားအမျိုးသမီးတွေဘဝတွက်ပါ အရမ်းအကျိူးဖြစ်ပါတယ်။ ကျွန်မအရင်ကဆို အင်းစိန်ဈေးမှာ အထည်တွေရောင်းပါတယ်။ ဈေးရောင်းရတာလည်း သိပ်အဆင်မပြေပါဘူး။ အိမ်မှာက အမေ( မုဆိုးမ) နဲ့ ညီမလေးရယ်ရှိတယ်။ အမေအလုပ်ကရတာက တအိမ်လုံးအတွက်ဖြစ်နေတယ်။ အခု သမီးဒီရန်ကုန်ဘိတ်ဟောက်(စ်)မှာ အလုပ်သင် သင်တန်းတက်ခွင့်လည်းရသည့်အပြင် ဒီမှာပဲ အလုပ်ဝင်ရတယ်။ ကျွန်မရတဲ့ လစာနဲ့ ညီမ ကျောင်းစာရိတ်ကို ကောင်းကောင်းထောက်ပံ့ပေးနိုင်တယ်။ အရမ်းကို အကျိုးရှိပါတယ်။

ဒီရန်ကုန်ဘိတ်ဟောက်(စ်)လို အမျိုးသမီးတွေကို လူမှုရေးသိကောင်းစရာအကြောင်းများ ၊ အမျိုးသမီးရေးဆိုင်ရာ အခွင်းအရေးများကို အမြင်ဖွင့် သင်တန်းတွေ၊ စွမ်းရည်မြင့်တင်ပေးရုံအတွက် အလုပ်အကိုင်အခွင့်အလမ်းရှာပေးတဲ့ ကျွန်မတို့အမျိုးသမီးတွေဘဝအတွက် အရမ်းကိုအကျိုးရှိ ပါတယ်လို့ မသန္တာအောင်က ပြောပါတယ်။

Related Articles