Home ဆောင်းပါး အမျိုးသမီးများပါဝင်မှ အပြောင်းအလဲရည်မှန်းချက်များ ထိရောက်အောင်မြင်မည်

အမျိုးသမီးများပါဝင်မှ အပြောင်းအလဲရည်မှန်းချက်များ ထိရောက်အောင်မြင်မည်

(အမျိုးသမီးများ စီးပွားရေးနှင့် ဦးဆောင်မှု ဖွံ့ဖြိုးရေး ဆွေးနွေးပွဲကျင်းပ- ရန်ကုန်)

ကချင်မလေး။          ။

ဒေါ်လှဝတီဟာ ဘွဲ့ရပြီးချိန်မှာ တွဲဖက်ကျောင်းဆရာမတစ်ဦး ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နေ့စား (၅)ကျပ်စားဘဝနဲ့ ဌာနဆိုင်ရာမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ဗဟိုစာရင်းရုံးမှာ စာရင်းစစ်ဘဝနဲ့ (၁၁) နှစ် လုပ်ပြီး နောက်မှာတော့ ပင်စင်ယူခဲ့ပါတယ်။

ဒီနေ့ ဝန်ထမ်းဘဝက နှုတ်ထွက်တာဟာ မနက်ဖြန်ခါမှာ သူဌေးဖြစ်ဖို့ ခြေလှမ်းစတယ်ဆိုတဲ့ ခံယူချက်နဲ့ အလုပ်တွေ လုပ်ခဲ့တယ်လို့ ပြောပြပါတယ်။

အခုအခါမှာတော့ ဒေါ်လှဝတီဟာ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း  (MWEA) ရဲ့ ဥက္ကဌဖြစ်နေပါပြီ။ ဆောက်လုပ်ရေးကုမ္ပဏီလုပ်ငန်းတစ်ခုဖြစ်တဲ့ New Step Services Co. Ltd ရဲ့ ဥက္ကဌ ဖြစ်လာတဲ့ ဒေါ်လှဝတီက စီးပွားရေးလောကထဲကို အခက်အခဲများစွာ ကျော်ဖြတ်ပြီး ရောက်လာခဲ့တယ်လို့ ပြော ပြပါတယ်။

ကျမတို့အိမ်ဆောက်တဲ့သူတွေ ၈၈ အရေးအခင်းဖြစ်လို့ ဒီအတိုင်းထားခဲ့တယ်၊ ကျမတို့မိသားစုက ကိုယ့်အိမ် ကိုယ်ဆက်ဆောက်ခဲ့တယ်၊ အဲဒီကနေ လမ်းထဲက အစ်ကို၊ အစ်မတွေကလည်း သူတို့အိမ်တွေ ဆောက်ပေးဖို့ ပြောလာရာကနေ ဆောက်လုပ်ရေးလုပ်ငန်းကို စတင်လုပ်ကိုင်လာဖြစ်ခဲ့တယ် လို့ ပြောပါတယ်။

Panel(Dr.Myat ThidaMyint,Daw Hla Waddy,Ma Hnin Wai,Daw khin Lay

(ဒေါ်သီတာမြင့်၊ ဒေါ်လှဝတီ၊ မနှင်းဝေ၊ ဒေါ်ခင်လေး)

သူ့ဘဝမှာ လုပ်ငန်းရှင်တစ်ဦး ဖြစ်လာဖို့ ရုန်းကန်ခဲ့ရတဲ့ အတွေ့အကြုံကို ဒေါ်လှဝတီက ပထမအကြိမ် စီးပွားရေးနှင့် ခေါင်းဆောင်မှုကဏ္ဍမှ အမျိုးသမီးများဖွံ့ဖြိုးရေး Women in Business & Leadership Development ခေါင်းစဉ်နဲ့ ကျင်းပတဲ့ဆွေးနွေးပွဲမှာ ပြောပြနေတာဖြစ်ပါတယ်။

မေလ ၁၃ နဲ့ ၁၄ နှစ်ရက်တာ ကျင်းပတဲ့ ပထမအကြိမ် ဆွေးနွေးပွဲကို အကြီးစား၊ အသေးစား လုပ်ငန်း ရှင်များအပြင် ကုမ္ပဏီလုပ်ငန်းများတွင် လုပ်ကိုင်နေသော အမျိုးသမီး (၄၀၀) ခန့်တက်ရောက်ခဲ့ကြပါ တယ်။

ဒီဆွေးနွေးပွဲမှာ ဒေါ်လှဝတီက သူ့အတွေ့အကြုံတွေကို တက်ရောက်လာတဲ့ အမျိုးသမီးတွေကို ဖလှယ် ခဲ့တာပါ။

အမျိုးသမီးတွေ လုပ်ဖို့ခက်ခဲတဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ၁၉၉၀  ခုနှစ်ကတည်းက တွင်တွင်ကျယ် ကျယ်လုပ်ကိုင်လာခဲ့တာလို့ သူက ပြောပါတယ်။

အိမ်ယာအလုံး (၃၀၀) ကျော်ဆောက်လုပ်ပြီးစီးခဲ့သည့်အချိန် ၂၀၀၄ ခုနှစ်မှာ “New Step Service Co.lts ကုမ္ပဏီက နိုင်ငံခြားသားမစ္စတာဆက်ဖန့်ရ်က ကျမကို MD အဖြစ် ဆောင်ရွက်ပေးနိုင်မလားဆိုပြီး မေးလာခဲ့ တယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမဖြစ်ပေမဲ့ အမျိုးသားတွေထက်ကို စကားပြောတာ ပြတ်တယ်၊ ပြောတဲ့အတိုင်း ဖြစ်အောင် လုပ်တယ်ဆိုပြီးလို့ အားရကျေနပ်စွာ ပြောပြခဲ့တယ်။

 

registration2

အမျိုးသမီးတဦးဖြစ်တဲ့အတွက် တခါတရံ လုပ်ငန်းခွင်တွင် အမျိုးသားတွေရဲ့ စိန်ခေါ်မှုတွေခံရပုံကို အလုပ်သမားတွေက အချိန်ပိုမလုပ်နိုင်တော့ဆိုပြီး ပစ်ထားခဲ့တဲ့အချိန်မှာ ကျမသမီးနဲ့အတူ မဆလာတွေဖျော်ပြီး ၁၀ နာရီအထိ ဆက်လုပ်ခဲ့ရတယ်

ရှယ်ယာလုပ်ငန်းမှာ အိမ်ယာဆောက်ဖို့ ဘုတ်အဖွဲ့ဝင်အမျိုးသားတွေက ကျမတို့ကို မပေးချင်တော့ ဘူး။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်တယောက်က ကျမကို ယုံကြည်လို့ဆိုပြီး အိမ်ယာဆက်ဆောက်ဖို့ ရခဲ့တယ်ဆိုပြီး ပြန်လည်ပြောပြတဲ့အချိန်မှာ ဝမ်းနည်းစရာကို အမှတ်ရသွားသဖြင့် အသံပင်တိုးဝင်ခဲ့တယ်။

လက်သမားမှန်ရင် သံမကောက်ဘူးဆိုတာ ကိုယ်တွေနားလည်တာက သံရိုက်ရင် မကောက်ရဘူးလို့ မှတ်နေတာ၊ ဒါပေမယ့် မဟုတ်ဘူး။ ရိုက်ရင်းကျသွားတဲ့သံတွေကို ပြန်မကောက်တာကို ဆိုလိုတာတဲ့၊ အဲဒီသံတွေ လိုက်ကောက်ပြီး ပြန်ဖြောင့်အောင် လူငှားပြီး ပြန်သုံးခဲ့တယ်ဆိုပြီး လုပ်ငန်းမှာ စီစီစစ်စစ်လုပ်ခဲ့ပုံကိုလည်း ပြော ပြပါတယ်။

အင်ဂျင်နီယာ မဟုတ်သည့်အတွက် လက်သမားသည်လည်း သူမ၏ဆရာ၊ ပန်းရံသမားသည်လည်း သူ မ၏ဆရာအဖြစ် ခံယူခဲ့တယ်။ လုပ်ချင်သည့်စိတ်ဖြင့်သာလုပ်ရင်း အင်ဂျင်နီယာကောင်းတဦး ရရှိခဲ့ရာမှ ယခုလို ပိုပြီးအောင်မြင်ခဲ့ပုံကို ဂုဏ်ယူဝံ့ကြွားစွာဖြင့် နောင်အနှစ်(၂၀)မှာ ကိုယ်ဆောက်တဲ့ တိုက်ရှေ့မှာ ခေါင်းမော့ပြီး လျှောက်နိုင်တဲ့ဘဝကို ယူပါလို့ပြောခဲ့တယ်၊ တကယ်ပဲ ငလျင်လှုပ်တိုင်း ကိုယ်ဆောက်တဲ့တိုက်တွေကို စုံစမ်း တယ်၊ သွားသွားကြည့်မိတယ်၊ ဘာမှမဖြစ်ဘူး။ အခုဆိုခေါင်းမော့ပြီး သွားနေနိုင်ပါပြီလို့ ဂုဏ်ယူစွာဖြင့် ပြောခဲ့တယ်။

Conference2

ဒေါ်လှဝတီ တက်ရောက်ခဲ့တဲ့ ဆွေးနွေးပွဲကိုတော့ စီးပွားရေးလုပ်ငန်း နယ်ပယ်အသီးသီးမှ စွန့််ဦးတီ ထွင်နေတဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များကို အားအင်သစ်များ မြှင့်တင်ပေးနိုင်ဖို့နဲ့ စွမ်းဆောင်နိုင်တဲ့ အခွင့်အလမ်းတွေ ပိုမိုရရှိလာအောင် သြစတြေးလျနှင့် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းများတွင် ဦးဆောင်နေ တဲ့ လုပ်ငန်းရှင်တွေက သူတို့ရဲ့အတွေ့အကြုံ၊ အသိပညာ၊ ကျွမ်းကျင်မှုတွေကို ဝေမျှပေးနိုင်အောင်လို့ ကျင်းပ ခြင်းဖြစ်တယ်လို့ သြစတြေးလျ-မြန်မာကုန်သည်ကြီးများအသင်းရဲ့ အမှုဆောင်အရာရှိချုပ် Verity Lomax က ပြောပါတယ်။

မြန်မာနိုင်ငံတွင် ဆောင်ရွက်နေတဲ့ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ကောင်းမွန်တဲ့ အ ပြောင်းအလဲများဖြစ်ပေါ်လာပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေးတည်ဆောက်နိုင်ဖို့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ရှေ့ဆုံးကနေ ပါဝင်နေပါတယ်။ စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ အမျိုးသမီးတွေကို ကူညီထောက်ပံ့ ပေးတာအပြင် ဆုံးဖြတ်ပိုင်ခွင့်နဲ့ လုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးနိုင်မယ်ဆိုရင် ကမ္ဘာအနှံ့မှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ကမ္ဘာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံး ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အလမ်းတွေဟာ အလျင် အမြန် ကျယ်ပြန့်လာမှာ ဖြစ်ပါတယ်

သူကပဲ ဆက်ပြီး အမျိုးသမီးတွေရဲ့ ပါဝင်မှုမြင့်မားလာမယ်ဆိုရင် နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေဟာ ရည်မှန်းချက်ကို အလျင်အမြန်ရောက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုက စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို တွန်းအားပေးနိုင်တဲ့အပြင်  ကဏ္ဍအသီးသီးဖွံ့ဖြိုးမှုကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင်တဲ့အတွက်  နိုင်ငံက အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ ရည်မှန်းချက်တွေကို အလျင်အမြန် ရောက်ရှိလာနိုင်မှာ ဖြစ်ပါ တယ်

ရန်ကုန် Park Royal ဟော်တယ်က ဆွေးနွေးပွဲကိုတော့ သြစတြေးလျ-မြန်မာကုန်သည်ကြီးများ အသင်း (A-MCC) နှင့် မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း (MWEA) တို့ ပူးပေါင်းပြီး ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

ထိုနေ့ပွဲကို တက်ရောက်ခဲ့သူ အာမခံကုမ္ပဏီတခုဖြစ်သည့် AIA ကုမ္ပဏီဝန်ထမ်း မခိုင်ဦးသစ်က အဖွဲ့ ဝင်တယောက်အနေနဲ့ ဒီပွဲတက်ရောက်ရတဲ့အတွက် ချီတုံချတုံဖြစ်နေတဲ့အရာတွေမှာ သတ္တိရှိဖို့လိုတယ်ဆိုတာ မြင်လာတယ်၊ အစ်မတယောက်ပြောသွားတဲ့ (စွန့်စားနိုင်လေ၊ ပိုချမ်းသာလေ) more risk, more rich ဆိုတာကို သိလာတယ်၊ အခက်အခဲအများကြီးကို ကျော်ဖြတ်ရမယ်၊ လွယ်လွယ်နဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ် ယောက်ဖြစ်မလာဘူးဆိုတာ သိလိုက်ရတယ်လို့ ပြောပါတယ်။

 

Related Articles