Home သတင်း ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု စစ်ကြောင်းမှူ းအား တိုက်ရိုက်မေးမြန်းခွင့် အဆင်မပြေ

ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု စစ်ကြောင်းမှူ းအား တိုက်ရိုက်မေးမြန်းခွင့် အဆင်မပြေ

Maysabehpyu,lawyerbrangdi,dr.samson,kaunghkachruchsceretary

ကချင်မလေး။    ။

စေတနာ့ဝန်ထမ်း ကချင်ဆရာမလေးနှစ်ဦး မုဒိန်းကျင့်အသတ်ခံရမှုနှင့် သံသယရှိနေသော်လည်း ထို အချိန်က တာဝန်ရှိသည့် စစ်ကြောင်းမှူးအား တိုက်ရိုက်မေးမြန်းခွင့် မရသေးပေ။

“တိုက်ရိုက်စစ်ခွင့်မရဘူး၊ ရဲတွေက ကြားခံပြီးစစ်ဆေးပေးမယ်၊ တဆင့်ခံဆိုတော့ ရှေ့နေတွေလည်း အမှားမခံလို တာကြောင့် ဒါကိုလက်မခံခဲ့ဘူး”ဟု ဒေါက်တာခလမ်ဆမ်ဆွန် (KBC အထွေထွေအတွင်းရေးမှူ း) ကပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ နောက်ဆုံးတိုးတက်မှုအဖြစ် မေလ (၁၈)ရက်နေ့က ပြည်နယ်ဒုရဲတပ်ဖွဲ့မှူ း၊ ထွေအုပ်ရုံးမှ ပြည်နယ်ဒုအုပ်ချုပ်ရေးမှူ း၊ ခြေမြန်တပ်ရင်း-ခမရ(၅၀၃)မှ ဗိုလ်မှူးအောင်ဖြိုးမြင့်၊ အမှုစစ် ခရိုင်ရဲ တပ်ဖွဲ့မှူး၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (CID)ရဲမှူ း၊ လားရှိုးရဲတပ်ဖွဲ့မှူ း၊ တပ်သားဇေယျာအောင်တို့နှင့် ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ရှမ်းပြည်နယ် ကချင်ရှေ့နေများကွန်ရက်အဖွဲ့တို့မှ အားလုံးပေါင်း(၁၆)ဦးနှင့် ပြည်နယ်ဒုရဲတပ်ဖွဲ့မှူ းရုံး(လားရှိုးမြို့)တွင် တွေ့ဆုံခဲ့ကြသည်။

အမှုစစ်ဆေးမှုပုံစံဖြင့် စစ်ဆေးလိုသော်လည်း ရဲမှတဆင့်သာမေးမြန်းခွင့်ရပြီး စစ်ခုံရုံးတရားစီရင်မှုဖြင့် သာ သွားမည်ဆိုသောကြောင့် ရှေ့နေများက မေးမြန်းခွင့်ကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

“မနေ့က တခုခုမေးမြန်းလိုက်ရင် စစ်ဆေးမေးမြန်းပြီးသွားပြီဆိုတာမျိုး ဖြစ်တဲ့အတွက် ဘာမှ မမေးမြန်း တော့ဘဲ တွေ့ဆုံမှုသက်သက်သာဖြစ်ခဲ့တယ်” လို့ တရားလွှတ်တော်ရှေ့နေဦးဘရန်ဒီး (ကချင်ရှေ့နေများ ကွန် ယက် အဖွဲ့ဥက္ကဌ) က ပြောသည်။ “ဒီအမှုက တရားရုံးအထိ မရောက်သေးတဲ့အတွက် ကျနော်လုပ်ချင်တာက ပွင့်လင်းမြင်သာပြီး အရပ်သားစုံစမ်းစစ်ဆေးမေးမြန်းတဲ့ပုံစံနဲ့ စစ်ကြောင်းမှူးနဲ့ တပ်သားတွေ အားလုံးကို မေးချင် တယ်။ ဒါပေမယ့် သူတို့က စစ်ဥပဒေနဲ့သွားချင်တာဆိုတော့ ဒီနှစ်ချက်က နားလည်မှုကွဲလွဲနေပါတယ်”။

လွန်ခဲ့သည့် တပတ်အတွင်းက စစ်ကြောင်းမှူးအား စစ်ဆေးမေးမြန်းခွင့် ရတော့မည်ဆိုသော သတင်း ထွက်ရှိလာချိန် လူမှုကွန်ယက်နှင့် ကချင်လူထုအကြား အမှုမှန်ပေါ်ပေါက်တော့မည်ဆိုပြီး ဝမ်းမြောက်၊ ဝမ်းသာ ဖြစ်ခဲ့ကြကြောင်း၊ အမှုမှန်ထွက်ရှိနိုင်ရန် ဆုတောင်းကြကြောင်း ပြောဆိုခဲ့သည်။

ကချင်ဆရာမနှစ်ဦး အသတ်ခံရသည့်အမှုနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းလိုသူ (၃)ဦးရှိကြောင်း၊ သို့ သော် ယခုအချိန်အထိ စစ်ဆေးမေးမြန်းခွင့် မရကြောင်းကို အသတ်ခံရသည့် (၁)နှစ်ပြည့် ဆုတောင်းပွဲနှင့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာဆမ်ဆွန်က ပြောခဲ့ပါသည်။

ထို(၃)ဦးကတော့ ခမရ(၅၀၃) စစ်ကြောင်းမှူးနှင့် မနက်အစောကြီးမှာ စစ်သားများကို တင်ဆောင်သွား သော ကားဆရာ(၂)ဦးတို့ ဖြစ်သည်။

“စစ်ကြောင်းမှူးနဲ့ တပ်သားတွေအားလုံး ပါတဲ့အချိန်မှ မေးမြန်းမယ်။ နောက်တဆင့်က ကျနော်တို့ မေးချင်တဲ့ မေးခွန်းတွေကို ကြိုမပေးဘူး၊ တိုက်ရိုက်စစ်ဆေးမေးမြန်းချင်တယ်” ဟုရှေ့နေကဆက်ပြောပါသည်။

ရှေ့ဆက်ပြီး ထပ်ဆင့်အမှုမှန်ပေါ်နိုင်ရန် “ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဦးစီးချုပ်ထံသို့ တင်ပြသွားမယ်။ အဲဒီထက် နောက်တဆင့် သမ္မတကြီးအထိ ဆက်သွားမယ်”ဟု  ပြောပါသည်။

စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးမှာ နေအိမ်တွင် နေထိုင်နေစဉ်အတွင်း မုဒိန်းပြုကျင့်ကာ အသတ်ခံခဲ့ရ ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားသည့်နေ့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့တွင် ကျောက်မဲအခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၅၀၃)မှ တပ်သား(၅၀)ခန့်ပါဝင်သောတပ်ဖွဲ့က ရွာသားများ၏ နေအိမ်လေးအိမ်တွင် ယာ ယီတပ်စွဲစခန်းချခဲ့သည်။

အခင်းဖြစ်ရာနေအိမ်သည် စစ်တပ်မှ ယာယီစခန်းချထားသည့် အိမ်လေးအိမ်နှင့် ကိုက်(၁၀၀)ခန့်သာ ကွာဝေးပြီး၊ စစ်တပ်က လုံခြုံရေးချထားသည့် ကိုက်(၂၀၀)ဧရိယာအတွင်း ကျရောက်ကြောင်း (၁)နှစ်ပြည့် သတင်းစာရှင်းပွဲတွင် ထုတ်ပြန်ထားသည်။

ဤဆရာမလေးနှစ်ဦး၏ အမှုမှန်ပေါ်ပေါက်လာစေရေးအတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (CID)၊ လားရှိုးရဲတပ်ဖွဲ့နှင့် မူဆယ်ရဲတပ်ဖွဲ့များမှ ဖြစ်စဉ်အားအမှုမှန် ဖော်ထုတ်ရေးအတွက် အဓိကတာဝန်ယူထားသည်။ KBC မှနေ၍ ကော်မတီဖွဲ့ကာ စုံစမ်းမှုများပြုလုပ်လျက်ရှိပြီး အဖွဲ့ဝင်(၁၅)ဦးပါသည့် ထိုကော်မတီကို အစိုးရမှ တရားဝင် အသိအမှတ်ပြုရေးအပါအဝင် လုပ်ပိုင်ခွင့်နှင့် တာဝန်များအတွက် သမ္မတထံ စာတင်ခဲ့ပြီး ထိုစဉ်က သမ္မတရုံးဝန်ကြီးဦးအောင်မင်းမှ ပူးပေါင်းဆောင်ရွက်ရေးအား လက်ခံထားခဲ့ပေသည်။

Related Articles