Home သတင်း ဖားကန့်က ပထမဆုံး ရာအိမ်မှူ းအမျိုးသမီး ပစ်သတ်ခံရ

ဖားကန့်က ပထမဆုံး ရာအိမ်မှူ းအမျိုးသမီး ပစ်သတ်ခံရ

6848698

နန်းခမ်း ။

၂၀၁၆ ခု မေ ၂၂ ရက်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ပထမဆုံး ရာအိမ်မှူ းအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသည့် အုပ်ချုပ်ရေးမှူ းအမျိုးသမီး မေလ ၂၁ ရက်နေ့ ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ရဲက ပြောသည်။

ဆိပ်မူကျေးရွာ မော်ရှန်ရပ်ကွက်နေ အသက် ၄၀ခန့်ရှိသည့် ရာအိမ်မှူ း ဒေါ်နန္ဒာလှိုင်ကို မေလ ၂၁ ရက် ညနေ ၅ နာရီ ကျော်တွင် သေနတ်သမား ၂ ဦးက သူမ နေအိမ် အတွင်း ဝင်ရောက်လာပြီး ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဖားကန့် ရဲစခန်းမှ တာဝန်ကျသည့် ရဲတဦးက ပြောသည်။

“လောလောဆယ် အမှုက တရားခံ ကို စုံစမ်းနေတုန်းပါ။ ဘယ်အဖွဲ့ ပစ်တယ်ဆိုတာလည်း စုံစမ်းလို့မရသေးဘူူး။ အခု ပြစ်မှု ပုဒ်မ ၃၀၂/၁၁၄ နဲ့ အမှုဖွင့်ထားတယ်” ဟု ရဲတစ်ဦး ဆိုသည်။

ထို အမျိုးသမီးသည် ၂၀၁၆ ခုနစ်တွင် ရွေးကောက်ခံထားသည့် သူဖြစ်ပြီး၊ ဖားကန့်မြို့နယ်တွင် ပထမဆုံး ရာအိမ်မှူ း အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ ဒေါ်နန္ဒာလှိုင် သေနတ်ဖြင့် ပစ်သတ်ခံရမှု နောက်ကွယ်တွင် သံသယ ပြဿသနာများစွာရှိနိုင်ကြောင်း၊ ဖားကန့်ဒေသခံများက ပြောသည်။

“ ဖားကန့်က ဥပဒေမဲ့တဲ့နေရာတစ်ခုပါ။ မူးယစ်ဆေးဝါးတွေလည်း ပေါတဲ့နေရာဆိုတော့ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုက အရမ်းကို စိုးရိမ်ရပါတယ်။ အခု ဖားကန့်ဒေသရဲ့ ပထမဆုံးအမျိုးသမီးရာအိမ်မှူ းကို သေနတ်နဲ့ ပစ်သတ်ခံရတာ အမျိုးသမီးတွေ အတွက် ခြိမ်းခြောက်မှု တစ်ခုပါပဲ” ဖားကန့်မှ ဒေသခံ ဒေါ်ကိုင်ရာ က ပြောသည်။

ဖားကန့်ဒေသသည် အစိုးရတပ်မတော်၊ ကချင် လွတ်လပ်ရေး တပ်မတော် KIA၊ နှင့် ရှမ်းနီ ပြည်သူ့စစ်များရှိသည့်နေရာ တစ်ခုဖြစ်သည်။

(Photo Credit: http://www.thithtoolwin.com/2011/10/blog-post_8088.html)

Related Articles