Home သတင်း ၂၁ ပင်လုံတွင် အမျိုးသမီးများ ပိုမိုပါဝင်ရေးအတွက် ခြေတစ်လှမ်း (သို့မဟုတ်) AGIPP ၏ ငြိမ်းချမ်းရေးညီလာခံတွင် မတင်ပြလိုက်ရတဲ့စာတမ်း

၂၁ ပင်လုံတွင် အမျိုးသမီးများ ပိုမိုပါဝင်ရေးအတွက် ခြေတစ်လှမ်း (သို့မဟုတ်) AGIPP ၏ ငြိမ်းချမ်းရေးညီလာခံတွင် မတင်ပြလိုက်ရတဲ့စာတမ်း

 

agipp-group-present-at-21-pinlong-conference

Photo: Nang Phyu Phyu Lin (Facebook)

ကချင်မလေး။             ။

စာတမ်းကိုဖတ်ကြားခွင့်မရဘူး၊ ဖြန့်ဝေခွင့်လည်းမရဘူးဘာဖြစ်လို့လဲဆိုတော့ AGIPP က ညီလာခံကို observer (လေ့လာသူ) အနေနဲ့သာတက်ရောက်ခဲ့တာကြောင့်မို့၊ ဒါပေမယ့် စာတမ်းကို NRPC ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း လက်ထဲကိုတော့ ရအောင်ထည့်ပေးလိုက်တယ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဒီအမျိုးသမီးတွေက နေရာတကာပါချင်နေကြတာပဲ။ သူတို့ပါလို့လည်း ဘာထူးမှာလဲဆိုတဲ့ ပြစ်တင်မှု၊ ဝေဖန်မှုတွေ ရှိနေကြပေမယ့်လည်း အမျိုးသမီးပါဝင်ခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် ပိုပြီးတော့ ရေရှည်တည် တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်တယ်ဆိုတာ နိုင်ငံတကာရဲ့ လေ့လာစမ်းသပ်ချက်တွေအရလည်း သိရှိ ရပါတယ်။ အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် အမျိုးသားတွေနဲ့ မတူတဲ့အမြင် ရှုထောင့်ခံစားချက်တွေနဲ့ ပိုပြီးတော့ ထိရောက်အောင်မြင်တယ်ဆိုတာလည်း တွေ့ရှိရပါတယ်’’ လို့ ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူရေး မဟာ မိတ်အဖွဲ့ AGIPP၏ ပဲ့ကိုင်ကော်မတီဝင် ဒေါ်ခင်လေးက စာတမ်းမိတ်ဆက်ပွဲနေ့တွင် ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်(၆၀)ကတည်းက ဖြစ်ပွားလာခဲ့တဲ့ ပြည်တွင်းစစ်၊ ဒီစစ်၏အနိဌာရုံကို ပိုပြီးခံစားရသူများက အမျိုး သမီးနဲ့ ကလေးငယ်များဖြစ်ကြပါတယ်။ ဒီအမျိုးသမီးနဲ့ကလေးများ ရင်ဆိုင်နေရတဲ့အခြေအနေတွေကို အလေး ပေးဖြေရှင်းသင့်တယ်လို့ ယူဆပြီး ဘယ်အမျိုးသားတစ်ဦး၊ ဘယ်စစ်တပ်တစ်ဖွဲ့ကမှ ငြိမ်းချမ်းရေးဆွေးပွဲသို့ ဆွေးနွေးတင်သွင်းပေးခဲ့မှုမျိုး မရှိခဲ့ပါဘူး။ အမျိုးသမီးအဖွဲ့များကိုယ်တိုင်သာ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ နည်းမျိုးစုံနဲ့ ချဉ်းကပ်အဖြေရှာခဲ့ကြရတယ်။ နည်းစနစ်ကျကျဖြင့် ကွင်းဆင်းပြီး မှတ်တမ်းတင်ခြင်း၊ အင်တာဗျူး များ ပြုလုပ်ခြင်း၊ အစီရင်ခံစာများထုတ်ဝေခြင်း၊ ဗီဒီယိုမှတ်တမ်းများ ပြုလုပ်ခြင်းအပြင် သက်ဆိုင်ရာများ သိ စေရန် ပြည်တွင်း၊ ပြည်ပသို့ ပေးပို့ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်ခဲ့ကြတယ်။

စစ်ပွဲရဲ့သားကောင်တွေဖြစ်ကြရတဲ့ အမျိုးသမီးတွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ မေ့ထားလို့ လုံးဝမရပါ ဘူး။ ဒါကြောင့် အမျိုးသမီးတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆွေးနွေးနိုင်ဖို့ အမျိုးသမီးပေါင်း (၂၀၀၀) ကျော်ရဲ့ အမြင်ရှုထောင့်နှင့် သူတို့အတွေ့အကြုံများပေါ် အခြေခံထားတဲ့ အကြံပြုချက်များကို နိုင်ငံရေးဆွေး နွေးမှု မူဘောင်ရဲ့ ခေါင်းစဉ် (၅)ခု (နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာ၀ သယံဇာတ စီမံခန့်ခွဲရေး) တို့မှာ ကျား၊ မ ရေးရာဂျဲ(န်)ဒါ ရှုထောင့်မှ ရေးသားထားသောစာတမ်းအဖြစ် ရေးသားပြီး နိုင်ငံ ရေးကို နိုင်ငံရေးအရ ဆွေးနွေးကြမယ်ဆိုတဲ့အတိုင်း (၂၁) ပင်လုံငြိမ်းချမ်းရေးညီလာခံကြီးသို့ တင်သွင်း၊ ဆွေး နွေး၊ ပါဝင်နိုင်ဖို့ အမျိုးသမီးအဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP)ကို ဖွဲ့စည်းပြီး ကြိုတင်ပြင်ဆင်မှု အားကောင်းကောင်းနဲ့ ကြိုးစားလာခဲ့ကြပါတယ်။

ဒီလိုနဲ့ (၂၁)ပင်လုံ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပရန် ရက်နီးကပ်လာသည်နှင့်အမျှ  ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူရေးမဟာမိတ်အဖွဲ့(AGIPP)အား ညီလာခံသို့ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်မှုနှင့် တက် ရောက်ခွင့်ရရှိရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)သို့ သြဂုတ်လ (၁၅)ရက် တွင် အိတ်ဖွင့်ပေးစာပေးပို့ခြင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအကြိုပြင်ဆင်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေးမဟာမိတ်အဖွဲ့ (AGIPP) တို့ သြဂုတ် (၁၉)ရက်က တွေ့ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လ (၃၁) ရက်မှ စက်တင်ဘာလ (၃) ရက်နေ့အထိ (၄) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံပထမအစည်းအဝေးသို့ အမျိုးသမီး ၃၀% ပါဝင်ဆွေးနွေး နိုင်ရေးဟာ ဖုတ်ပူမီးတိုက်လုပ်ခဲ့ကြတာ မဟုတ်သော်ငြားလည်း ယခုတကြိမ်လည်း လေ့လာသူအနေဖြင့်သာ တက်ရောက်နိုင်ခဲ့ကြတယ်။

%e1%80%99%e1%80%ad%e1%80%80%e1%80%bc%e1%80%99%e1%80%b9%e1%80%b8%e1%80%81%e1%80%ba%e1%80%99%e1%80%b9%e1%80%b8

အဆိုပါစာတမ်းကို ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံသို့ တင်သွင်းထားနိုင်ခဲ့ခြင်း မရှိကြောင်းကို ပဲ့ကိုင်ကော် မတီဝင်တဦးဖြစ်တဲ့ နန်းဖြူဖြူလင်းက စာတမ်းကိုဖတ်ကြားခွင့်မရဘူး၊ ဖြန့်ဝေခွင့်လည်း မရဘူး။ ဘာဖြစ်လို့ လဲဆိုတော့ AGIPP က ညီလာခံကို observer(လေ့လာသူ) အနေနဲ့သာတက်ရောက်ခဲ့တာကြောင့်မို့၊ ဒါပေမယ့် စာတမ်းကိုNRPC ဥက္ကဌဒေါက်တာတင်မျိုးဝင်းလက်ထဲကိုတော့ ရအောင်ထည့်ပေးလိုက်တယ်

ဆက်ပြီး စာတမ်းကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (UNFC)အဖွဲ့တွေကိုလည်း ပေးလိုက်နိုင်ခဲ့ကြောင်း သူမကပြောပါတယ်။

အထက်မှာ ပြောခဲ့သလိုပဲ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ရဲ့ ခေါင်းစဉ် (၅)ခု (နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီး ပွားရေး၊ မြေယာနှင့် သဘာ၀ သယံဇာတစီမံခန့်ခွဲရေး) ရေးသားထားသော စာတမ်းဖြစ်တယ်။ ထိုအထဲက နိုင်ငံ ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အစိုးရဌာနများအတွင်း  အဓိကဝန်ကြီးဌာနရာထူးများတွင် အမျိုးသမီးများအား လုပ်ကိုင်ရန် တားမြစ်ကန့်သတ်ထားသလိုဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပုဒ်မ ၂၃၂၊ ၃၅၂၊ ၃၄၃၊ ၄၄၅၊ ၃၈၁ နှင့် ၅၉(ဃ)တို့ကို ဆွေးနွေးတင်ပြထားတယ်။

ထိုအထဲမှ ပုဒ်မအချို့ကအမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်များစစ်ရေးဆိုင်ရာ နိုင်ငံ၏ကိစ္စ ကျွမ်းကျင်မှုဖြစ်တယ်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အသုံးပြုနေတဲ့ အဓိကပေါ်လစီမူဝါဒဆိုင်ရာ စာရွက်စာတမ်းများဖြစ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုမူဘောင်တို့မှာ သင့်လျော်သောအမျိုးသမီး ကိုယ်စားလှယ်ပမာဏထည့်သွင်းပါဝင်မှုနှင့် နိုင်ငံရေးဆွေးနွေးပွဲများအတွင်း ကျား မ အချိုးကျ ခွဲတမ်းချ ပါဝင်မှုအတွက် အမျိုးသမီး ၃၀% ပါဝင်ခွင့်စသဖြင့် ဖော်ပြထားသော်လည်း ပြီးခဲ့တဲ့ ညီလာခံတွင် အမျိုးသမီးပါဝင်မှုတွေ အားနည်းနေကြောင်းကို စာရင်းတွေအရ ဒီညီလာခံတခုလုံးမှာ အမျိုးသမီး ပါဝင်မှု ၁၃%ပဲရှိတယ်နန်းဖြူဖြူလင်းကပြောပါတယ်။

လုံခြုံရေမှာဆိုလည်း အမျိုးသမီးများက မလုံခြုံမှုကို အမျိုးသားများနှင့် မတူကွဲပြားစွာ တွေ့ကြုံခံစားရသည့် အတွက် မူဝါဒဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၊ လက်တွေ့ဆောင်ရွက်ချက်များနှင့် အတိုင်းအထွာများတွင် ဂျဲ(န်)ဒါရှု ထောင့်အား ထည့်သွင်းရန် လိုအပ်ကြောင်းကို တင်ပြထားတယ်။ ထို့ပြင် ကျား၊ မ၊ လိင်အပေါ်အခြေခံပြီး မြင် တဲ့အမြင်(ဂျဲ(န်)ဒါကို အခြေပြုပြီး အကြမ်းဖက်မှု(Gender base violence)များကို ပြစ်ဒဏ်ချမှတ်မှုများမရှိခြင်း၊ ကာကွယ်တုံ့ပြန်ရန်အတွက် တရားရေးမူဘောင်များမရှိခြင်း၊ ပေါ်လစီမူဝါဒရေးဆွဲသူများ၊ ဥပဒေစည်းမျဉ်း ဆောင်ရွက်နေသူများနှင့် တရားရေးရာ ဝန်ဆောင်မှုပေးသူများက အလေးပေး၊ သတိပြုမှုရှိစေရန် လိုအပ် ကြောင်း တိုက်တွန်းထားတယ်။

ပညာရေးတွင်လည်း အမျိုးသမီးများကို ခေါင်းဆောင်မှုအပိုင်းများတွင် ခန့်အပ်တာဝန်ပေးမှုအပေါ် အားပေး ကူညီမှုမပြုတဲ့ အကျိုးဆက်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးပါဝင်မှုကို တားမြစ်နေတဲ့ လက်ရှိပညာရေးစနစ်ကို ဝေဖန်ဆန်းစစ်ခြင်း၊ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များတွင် စစ်မှုထမ်းစစ် သည်တော်အမျိုးသမီးများရဲ့ ပညာရေး၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများပေးခြင်းပြုလုပ်ရန်၊ ကျန်းမာရေး နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအတွက် ဘဏ္ဍာငွေလုံလောက်စွာရရှိရေးနှင့် ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေကြောင်း၊ အကြမ်းဖက်မှုနှင့် ပဋိပက္ခဖြစ်ပွားစဉ်တို့တွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ၌ သက် ရောက်မှု၊ ထိခိုက်မှုကို အချိုးမမျှတစွာ ခံစားခဲ့ရရှာသောလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ စစ်မှုထမ်း၊ စစ်သည် တော်အမျိုးသမီးများ၊ ပြည်တွင်နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဒုက္ခသည်များနှင့် ပဋိပက္ခသက်ရောက်ရာ ဒေသများအတွင်းနေထိုင်သူများသည် အထူးဂရုပြုသင့်သောလူစုများဖြစ်ကြောင်း ဆွေးနွေးတင်ပြထားတယ်။ ဆက်လက်ပြီး ထိုပဋိပက္ခဖြစ်ပွားရာဒေသရှိ အမျိုးသမီးများမျိုးပွားမှုနှင့် လိင်ပိုင်းဆိုင်ရာကျန်းမာရေး အခြေအနေ များ၊ ထိုဒေသရှိ ကျန်းမာရေးဝန်မှု မရှိခြင်း၊ ပညာရေးနှင့် စီးပွားရေးအခွင့်အလမ်းများချို့တဲ့နေခြင်း၊  လူကုန်ကူး ခြင်းနှင့် မူးယစ်ဆေးဝါး ပြဿနာများဆီသို့ ဦးတည်စေသောဆက်စပ်မှုများကိုလည်း တင်ပြထားတယ်။

ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ဖြစ်နေတဲ့ မြန်မာနိုင်ငံအနေဖြင့်လည်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များမှာ အမျိုး သမီးပါဝင်မှုအတွက် အာမခံပေးတဲ့အပြည်ပြည်ဆိုင်ရာ ဥပဒေတွေနဲ့ သတ်မှတ်ချက်တွေ၊ မူဝါဒတွေအပေါ် လိုက်နာအကောင်အထည်ဖော်ပေးဖို့ ဘယ်လိုဥပဒေ၊ တာဝန်ဝတ္တရားတွေရှိတယ်ဆိုတာကိုလည်း ထည့်သွင်း ဖော်ပြထားတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ လက်တွေ့ခံစားနေရတဲ့ လူစု(စစ်၏သားကောင်)များအား အထူးဂရုပြုရမည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အတွင် ပိုမိုပါဝင်ခွင့်ပေးတဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ်များ၊ နိုင်ငံတကာက ကျားမရေးရာဂျဲ(န်)ဒါ ရှုထောင့်မှ ပါဝင်ထားပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုး သက်သေသာဓကတွေကို လည်း ရေးသွင်းဖော်ပြထားတယ်။

%e1%80%b1%e1%80%92%e1%81%9a%e1%80%81%e1%80%84%e1%80%b9%e1%80%b1%e1%80%9c%e1%80%b8

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အမျိုးသမီးများ ပါဝင်ဆောင်ရွက်လုပ်ကိုင်နိုင်သည့် တာဝန်ဝတ္တရားများကို လည်း အလေးပေးဆွေးနွေးဖော်ပြထားသော စာတမ်းဖြစ်ပြီး နိုင်ငံရေးမူဘောင်ခေါင်းစဉ် အသီးသီးအပေါ်မှာ လည်း အကြံပြုချက်များပေးပို့ထားကြတယ်။

()အမျိုးသမီးများနိုင်ငံရေးတွင်ပိုမိုပါဝင်လာနိုင်စေရန်

  • မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် နောင်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီး ပါဝင်ဆောင်ရွက်မှုကို ဖန်တီးပေးမည့် အနည်းဆုံး ၃၀ % ခွဲတမ်းစနစ်ကိုအစပြုသည့် ကိန်းဂဏန်း တစ်ခုအနေဖြင့် ပြဌာန်းပေးရန်၊ ထိုနည်းတူစွာ ပြည်ထောင်စုနှင့် ဒေသဆိုင်ရာအဆင့် ဥပဒေပြုရေး အခန်းကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်နိုင်ရန် အနည်းဆုံး ၃၀ % ခွဲတမ်းကို အမျိုးသမီးများအတွက် သတ်မှတ်ပေးရန်။
  • ကျား၊ မ ရေးရာကို မူဝါဒဆိုင်ရာကိစ္စရပ်တစ်ခုအဖြစ်  ထည့်သွင်းနိုင်ရေးအတွက် ဆန်းစစ်ခြင်းများ ပြုလုပ်နိုင်ရန်အတွက် ကျား – မ ရေးရာဂျဲန်ဒါ ဆန်းစစ်မှုများ (Gender Audit) ကို ပြုလုပ်ရန်။ ထိုသို့ လုပ်နိုင်ရန်အတွက် ကျား – မ ရေးရာ ကျွမ်းကျင်သည့် ပညာရှင်များကို အဖွဲ့အစည်းများတွင် ထားရှိရန်။

(၂)အမျိုးသမီးများ ငြိမ်းချမ်းရေးတွင် ပိုမိုပါဝင်လာနိုင်စေရန်

  • အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို  အကောင်အထည်ဖော်ဆောင်မည့် ယန္တယားဖွဲ့ စည်းမှုတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တလျှောက်လုံးကို ဂျန်ဒါရှုဒေါင့်မှ ဆန်းစစ်သုံးသပ်နိုင်ရန်အတွက် ဂျန်ဒါမူဝါဒ ရေးဆွဲထားရှိ၍ ကျား – မ ရေးရာလေ့လာသုံးသပ်မှု ကော်မတီတစ်ရပ် ဖွဲ့စည်းထားရှိရန်။
  • ယခု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မဏ္ဍိုင်ပြုထားသော NCA စာချုပ်နှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် အား ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၁၃၂၅)နှင့် ၎င်းခေါင်းစဉ်နှင့် ဆက်စပ် နေသော အခြားဆုံးဖြတ်ချက်များနှင့် နိုင်ငံတကာဥပဒေများ၊ စီဒေါနှင့်ဘေကျင်းမူဘောင်၊ အမျိုးသမီး လူ့အခွင့်အရေး စံနှုန်းများနှင့်ပါ  လျော်ညီအောင် ပြန်လည်လေ့လာပြီး၊ ပြောင်းလဲသင့်သော စာပိုဒ်များ အား အသစ်ပြန်လည် ရေးသားရန် အကြံပြုပါသည်။

() ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်မှုအတွက် အဟန့်အတားဖြစ်စေသည့် ယဉ်ကျေးမှု အစဉ်အလာဓလေ့များနှင့် လူ့ပတ်ဝန်းကျင်မှ သဘောထားများကို ဖြေရှင်းနိုင်ရန်

  • ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တလျှောက်တွင် (ကော်မတီများ၊ ညီလာခံများတွင်) အရည်အချင်း ပြည့်၀ သည့် အမျိုးသမီးများ အဓိပ္ပါယ်ရှိရှိပါဝင်လာနိုင်ရေးအတွက်  အထူးစီမံဆောင်ရွက်မှုများ (ဥပမာ – အ စည်းအဝေး/ ညီလာခံတက်ရောက်မည့် မိခင်နှင့် ရက်အတန်ကြာခွဲခွါနေထိုင်ရန် မသင့်သည့် ကလေး ငယ်များကို မိခင်နှင့်အတူ ခေါ်ဆောင်နေထိုင်နိုင်စေရန်အတွက် စရိတ်၊ မိခင်ခရီးသွားနေစဉ် ကာလ အတွင်း ကလေးငယ်များအား လုံခြုံစိတ်ချရသည့်နေရာတွင် အပ်နှံထားရသည့်စရိတ် အစရှိသဖြင့်) ကို ဖြည့်ဆည်းလုပ်ဆောင်ပေးနိုင်ရန်  မူဝါဒလမ်းညွှန်ချက်များနှင့် လုံလောက်သည့် ဘတ်ဂျက် စီစဉ်ထား ရှိပေးရန် ။
  • ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အမျိုးသမီးပါဝင်မှုကို တားဆီးနေသည့် အလေ့အထများကို ဖယ် ကျဉ်ရန်၊ ဂျဲ(န်)ဒါ တရားမျှတမှုနှင့် သက်ဆိုင်သော အမှတ်ပေးစာရင်း ပြုလုပ်ပေးရန်၊ ဂျဲ(န်)ဒါနှင့် ဆက်စပ်သော ကိစ္စများကို တိုင်ကြားနိုင်သည့် ရုံးများဖွင့်လှစ်ပေးရန်။

() လုံခြုံရေးကဏ္ဍနှင့်ပတ်သက်သည့်အကြံပြုချက်များ

  • အမျိုးသမီးများအား အပစ်အခတ်ရပ်စဲရေး  စောင့်ကြည့်လေ့လာသူများနှင့်  ကော်မရှင်နာများအဖြစ် ခန့်ရန်။
  • ပဋိပက္ခ ကြိုတင်ကာကွယ်ခြင်းနှင့် ဖြေရှင်းခြင်းလုပ်ငန်းစဉ်များတွင် အမျိုးသမီးများအား ပါဝင်စေခြင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့များတွင် အမျိုးသမီးဦးရေတိုးမြှင့်ခန့်ရန် လိုအပ်သော မူ ဝါဒများ ရေးဆွဲရန်၊ ဤသို့ရေးဆွဲရာတွင် ပညာရှင်အဖွဲ့များမှ အမျိုးသမီးများ၊ ဂျဲန်(ဒါ)၊ ငြိမ်းချမ်းရေးနှင့် ဆိုင်သော ပညာရှင်များထည့်သွင်းရန်။
  • အမျိုးသမီးများအား ကျားမအခြေပြု အကြမ်းဖက်မှုများ၊ ပဋိပက္ခဒေသရှိ  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေများမှ ကင်းလွတ်ကာ တရားဥပဒေစိုးမိုး၍ လုံခြုံ စိတ်ချသော ပတ်ဝန်းကျင်ကို ဖော်ဆောင်ရာတွင် ပြီးပြည့်စုံသော ဥပဒေတခုရေးဆွဲပြီး ဘတ်ဂျက်ချမှတ် ၍ အကေင်အထည်ဖော်ရန်။

စသည့်အချက်များနှင့် အခြားသော ပညာရေးကဏ္ဍနှင့် ပတ်သက်သောအကြံပြုချက်များ၊ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်သော အကြံပြုချက်များ၊ မူးယစ်ဆေးပြဿနာနှင့်ပတ်သက်သော အကြံပြုချက်များ၊ လူကုန်ကူးခြင်း ကို တားဆီးကာကွယ်ခြင်းနှင့် ပတ်သက်သော အကြံပြုချက်များ၊ စီးပွားရေးနှင့် ပတ်သက်သော အကြံပြုချက် များ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သော အကြံပြုချက်များကိုပါ အသေး စိတ်ထည့်သွင်းထားတယ်။

(၂၁)ရာစုပင်လုံညီလာခံတွင် စာတမ်းမတင်သွင်းနိုင်ခဲ့သော်လည်း ဒီစာတမ်းကို (advocacy)စည်းရုံးလှုံ့ဆော် တဲ့ အစည်းအဝေးတွေမှာ ဆက်သုံးသွားမယ်၊ သုံးသပ်ထားတဲ့အချက်တွေထပ်လုပ်ထားတယ်။ အဲဒီအချက်တွေ ကိုပေါင်းပြီး ဆက်လက် စည်းရုံးလှုံ့ဆော်သွားမှာပါလို့ ပဲ့ကိုင်ကော်မတီဝင် တဦးဖြစ်တဲ့ မိကွန်းချမ်းနွန်က ပြောပါတယ်။

မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် နောင်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီးများကို အဓိပ္ပါယ်ပြည့်ဝသော ပါဝင်ဆောင်ရွက်ခွင့်ပေးခြင်းအားဖြင့် ပိုမိုရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ဆွေး နွေးပွဲများ ဖြစ်လာနိုင်ကြောင်းကို အမျိုးသမီးအဖွဲ့တွေက ရဲရဲဝံ့ဝံ့ပြောဆိုရင်း လုပ်ကိုင်နိုင်စွမ်းအားအပြည့်ြ့ဖင့် အဆင့်သင့်ကြိုဆိုလက်ကမ်းနေကြပါပြီ။

နောက် ()လအကြာတွင် ပြန်လည်ကျင်းပမည့်ညီလာခံကြီးမှာ အမျိုးသမီး ၃၀% ပါဝင်လာဖို့ကို မူဝါဒတရပ် ချ မှတ်ဖို့နဲ့ လက်တွေ့အကောင်အထည်ဖော်ဖို့ ဆက်လက်တိုက်တွန်းမယ်လို့ မိကွန်းချမ်းနွန်က ဆက်ပြော ပါတယ်။

ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူရေးမဟာမိတ်အဖွဲ့(AGIPP)ဟာဆိုရင် မဟာမိတ်အဖွဲ့ပေါင်း(၈)ဖွဲ့ (၁။ အေးချမ်း မြန်မာအင်စတီကျူ(GDI)၊ ၂။ ကျားမရေးရာတန်းတူညီမျှရေးကွန်ရက် (GEN)၊ ၃။ ကချင်ပြည်နယ် အမျိုးသမီး များကွန်ရက် (KSWN)၊ ၄။ မွန်အမျိုးသမီးများကွန်ရက် (MWN)၊ ၅။ ငြိမ်းဖောင်ဒေးရှင်း(Shalom)၊ ၆။ အမျိုးသမီးနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုကွန်ရက် (ရှမ်းပြည်နယ်)၊ ၇။ အမျိူးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB)၊ ၈။ အမျိုးသမီးများအဖွဲ့ကွန်ရက် (မြန်မာ) (WON)တို့ဖြင့် စုပေါင်းဖွဲ့စည်းထားသောမဟာမိတ်အဖွဲ့ ကြီးဖြစ်တယ်။ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် အမျိုးသမီးများ၏ ပူးပေါင်းဆောင် ရွက်မှုကို ပိုမိုတိုးတက်ကောင်းမွန်စေမည့် အမျိုးသားအဆင့် မူဝါဒရေးရာ ပြောင်းလဲမှုများအတွက် ပူးပေါင်းလုပ် ဆောင်နိုင်ရန် ရည်ရွယ်ပြီး ၂၀၁၄ခုနှစ်၊ သြဂုတ်လတွင် စတင်တည်ထောင်ခဲ့သောမဟာမိတ်အဖွဲ့ ကြီးဖြစ်တယ်။

စာတမ်းအပြည့်အစုံကိုနှင့် ြပည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁)ရာစုပင်လုံပထမအကြိမ် အစည်းအဝေး နှင့်ပတ်သက်၍ AGIPP၏ သဘောထားထုတ်ပြန်ကြေညာချက်တို့ကိုwww.agipp.orgတွင် သွားရောက်ဖတ်ရှု နိုင်ပါတယ်။

Related Articles