Home ဆောင်းပါး အမျိုးသမီးများဘဝကို ခြိမ်းခြောက်နေတဲ့ သံလွင်ရေကာတာများ

အမျိုးသမီးများဘဝကို ခြိမ်းခြောက်နေတဲ့ သံလွင်ရေကာတာများ

rootsresiliencecover

Photo: www.sharlemonk.com

နန်းခမ်း။            ။

 “ သံလွင်မြစ်ပေါ် ရေကာတာတည်ဆောက်မယ်ဆိုရင် အဓိကအမျိုးသမီးတွေအတွက်က ဘဝလုံခြုံရေး တော် တော်ခက်ခဲမယ်” ဟု ကယားပြည်နယ်အခြေစိုက် အနာဂတ်သံလွင်အမျိုးသမီးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နန်းနှင်းရီက ပြောသည်။ “ပြီးတော့ ရွှေ့ပြောင်းခံရတဲ့ရွာတွေက အမျိုးသမီးတွေရဲ့ စားဝတ်နေရေးတွေ ခက်ခဲ သလို လူမှုပတ်ဝန်းကျင် ပြောင်းလဲမှုတွေ ရင်ဆိုင်ကြုံတွေ့ရပါမယ်”

သံလွင်မြစ်ပေါ်တွင် ရေကာတာများတည်ဆောက်လျှင် အမျိုးသမီးများ၏ ဘဝလုံခြုံရေးအတွက် အခက်အခဲများ စွာ ကြုံတွေ့နိုင်သည်ဟု သံလွင်မြစ်ချောင်းထိန်းသိမ်းရေးကွန်ရက်များက ပြောသည်။

သံလွင်မြစ်ပေါ် ရေကာတာ မဆောက်လုပ်ရန်အတွက် နှစ်ပေါင်းများစွာ လူမှုအဖွဲ့အစည်းများက တောင်းဆိုခဲ့ သော်လည်း အောင်မြင်မှု မရရှိသေးပေ။

သံလွင်မြစ်ကြောင်းပေါ်ရှိ အမျိုးသမီးအများစုသည် ခြံလုပ်ငန်း၊ မြေယာလုပ်ငန်းကို အဓိကလုပ်ကိုင် ရှင်သန်နေ ရသဖြင့် ရေကာတာတည်ဆောက်မည်ဆိုပါက မြေယာများသိမ်းဆည်းခံရပြီး ရွှေ့ပြောင်းပေးကြရသည့်အတွက် အလုပ်လက်မဲ့များဖြစ်လာပြီး တဖက်နယ်စပ်ဒေသသို့ သွားရောက်အလုပ်လုပ်ရမည်ဟု နန်းနှင်းရီက ပြော သည်။

“ရေကာတာမဆောက်ခင်တောင် ကျမတို့ ဒီလိုအခက်အခဲမျိုးစုံရှိနေတယ်။ မကြာခဏလိင်ပိုင်းဆိုင်ရာ ကျူးလွန် မှုတွေ၊ လိင်အကြမ်းဖက်ခံရမှုတွေ ဖြစ်နေကြတယ်။ လက်နက်ကိုင်အဖွဲ့အစည်းထဲကရော ဝန်ထမ်းတွေကရော ကျူးလွန်လာကြတယ်။ အမျိုးသမီးနဲ့ကလေးတွေအများကြီးခံစားကြရတယ်” ဟုနန်းနှင်းရီက ပြောသည်။

ကယားပြည်နယ်၊ ရွာသစ်ရေကာတာစီမံကိန်းကို ပြန်လည်စတင်နေကြောင်း၊ လက်ရှိတွင် ရေကာတာကြောင့် ဒေသခံများရွေ့ပြောင်းနေရပြီး နီးစပ်ရာထိုင်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကြသူ များပြားလာသောကြောင့် လူ ကုန်ကူးမှုများလည်း ဖြစ်လာနိုင်သည်ဟု နန်းနှင်းရီက ဆိုသည်။

“ ရေကာတာပဲဖြစ်ဖြစ် ဘယ်လိုစီမံကိန်းပဲလုပ်လုပ်၊ ကျမတို့ဒေသခံတိုင်းရင်းသားတွေက ပထမဆုံး ဒုက္ခရောက် မှာ။ ရေလွှမ်းမိုးမှုဒဏ်ကိုလည်း ခံရမယ်” ဟုနန်းနှင်းရီက ထပ်မံပြောသည်။

သံလွင်ရေကာတာတည်ဆောက်ရန်အတွက် လူမှုအဖွဲ့အစည်းများ မကြာခဏကန့်ကွက်မှု ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ဖြည့်တင်းပေးရန် သံလွင်မြစ်ရေကာတာ တည်ဆောက်ဖို့ သင့်လျော်ကြောင်း သြဂုတ်လ(၁၂)ရက်နေ့တွင် နေပြည်တော်၌ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၏ ရက်(၁၀၀)ပြည့် စီမံကိန်းသတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။

သံလွင်မြစ်ပေါ်တည်ဆောက်မည့် ရေကာတာနှင့်ပတ်သက်ပြီး ကောင်းကျိုးထက်ဆိုးကျိုးက ပိုများနေကြောင်း၊ ရေကာတာတည်ဆောက်ပါက သဘာဝပတ်ဝန်းကျင် သစ်တောပျက်စီးဆုံးရှုံးမှုပိုများလာမည်ဖြစ်ကြောင်း၊ ထိုသို့ ဆိုးကျိုး ပြဿနာများကို အမျိုးသမီးနှင့်ကလေးများသာ အဓိကပို၍ ခံရမည်ဟုလည်း မွန်လူငယ်များအစည်းအရုံး “MYPO” မှ မိအားချိုင်းက ပြောသည်။

သံလွင်မြစ်ပေါ်တွင် ရေကာတာများတည်ဆောက်ပါက မြစ်အောက်ပိုင်းတွင် နေထိုင်သည့်မွန်နှင့် ကရင်လူထု များအတွက် အသက်မွေးဝမ်းကြောင်းများ ထိခိုက်နိုင်ကြောင်းနှင့် ကလေးနှင့် အမျိုးသမီးများ၏ ကျန်းမာရေး ပြဿနာ ဖြစ်လာနိုင်ကြောင်း မိအားချိုင်းကပြောသည်။

“ သံလွင်မြစ်အပေါ်ပိုင်း (ရှမ်းပြည်နယ်)မှာ စီမံကိန်းဖြစ်လာရင် မြစ်ဝကျွန်းပေါ်က အလုပ်လက်မဲ့တွေဖြစ်လာ မယ်။ အလုပ်လက်မဲ့တွေဖြစ်ရင် ကလေးတွေ ပညာရေးထိခိုက်မယ်။ စိုက်ပျိုးရေးတွေ လုပ်လို့မရရင် အိမ်နီးချင်း နိုင်ငံတွေမှာ အလုပ်သွားလုပ်ကြမယ်။ တခြားနိုင်ငံမှာ အလုပ်လုပ်ရင် လူကုန်ကူးမှုနဲ့ အခြားအခက်အခဲတွေ ကြုံလာနိုင်ပါတယ်” ဟု မိအားချိုင်းကပြောသည်။

ရေကာတာတည်ဆောက်မည်ဆိုပါက အမျိုးသမီးများ၏ အလုပ်အကိုင်၊ စားဝတ်နေရေးနှင့် မြေယာရွှေ့ပြောင်း မှုတို့သည် လူကုန်ကူးမှုကို ဖြစ်ပွားရန် တွန်းအားတခု ဖြစ်သွားနိုင်သည်ဟုလည်း သံလွင်ရေကာတာ တည် ဆောက်ရန် ကန့်ကွက်သည့် လူမှုကွန်ရက်များက ပြောသည်။

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာများအတွက် လျာထားသည့်နေရာများသည် တိုင်းရင်းသားလက် နက်ကိုင်များ၊ ပြည်သူ့စစ်များနှင့် တပ်မတော်၊ စစ်တပ်များရှိနေသည့်နေရာများဖြစ်သည့်အတွက် အချိန်မရွေး တိုက်ပွဲများလည်း ဖြစ်ပွားနိုင်သည်။

တိုက်ပွဲများဖြစ်ပွားလာလျှင်လည်း ဦးစွာထွက်ပြေးတိမ်းရှောင်ရပြီး အခက်အခဲများစွာ တွေ့ကြုံရမည်မှာ ကလေး များနှင့် အမျိုးသမီးများသာဖြစ်ကြောင်း။ ထိုရေကာတာတည်ဆောက်မှုသည် တိုင်းရင်းသားနယ်မြေအတွင်း ပဋိပက္ခဖြစ်ပွားမှုကို တွန်းအားပေးကာ ငြိမ်းချမ်းရေးကို ပစ်ပယ်စေမည်ဟုလည်း ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့ မှ စိုင်းခေးဆိုင်က ပြောသည်။

“ရေကာတာတလျှောက်မှာ တွေ့ရတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေ များတယ်။ ရေကာတာက စစ်အချိန်မရွေး ပြန်ဖြစ်နိုင်တဲ့နေရာဖြစ်တယ်။ အခုရက်ပိုင်းတန့်ယန်းဘက် “နောင်ဖ”ရေကာတာအနီး အစိုးရတပ်တွေ တိုးချဲ့နေ တယ်လို့လည်း ကြားနေရပါတယ်”ဟု စိုင်းခေးဆိုင်ကဆိုသည်။

ရေကာတာတည်ဆောက်ပါက လူနေမှုအဆင့်အတန်းထိခိုက်ကာ လယ်ယာမြေများဆုံးရှုံးပြီး ရွှေ့ပြောင်းများ အဖြစ် နေထိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ရွှေ့ပြောင်းများအဖြစ် နေထိုင်ရမည်ဆိုပါက ပြည်သူများအတွက် ဆင်းရဲဒုက္ခပေါင်းစုံ တွေ့ကြုံနိုင်သည်ဟုလည်း လူမှုအဖွဲ့အစည်းများက ဆိုပါသည်။

“နေရာရွှေ့ပြောင်းရရင် လူတွေကို ပိုဆင်းရဲစေတယ်။ အစိုးရကုမ္ပဏီတွေက လျော်ကြေးတွေ ပေးမယ်လို့သာ ပြောတာ။ လုံလောက်တဲ့လျော်ကြေးမဟုတ်ဘူး။ နေ့စားသွားလုပ်ရပြီး ဝင်ငွေမလုံလောက်ရင် အမျိုးသမီးနဲ့ ကလေးတွေအတွက် ထိခိုက်နိုင်တယ်” ဟုလည်း ရှမ်းပြည်နယ် မြစ်ချောင်းများကွန်ရက်အဖွဲ့ဝင် တဦးက ပြောသည်။

tarhsan

ရေကာတာတည်ဆောက်လျှင် ရွေ့ပြောင်းခံရသည့် ကျေးရွာများအတွက် နေထိုင်မှုကျဉ်းကြပ်စေပြီး ကိုယ့်မြေ ကိုယ့်လယ်ပေါ် တိရစ္ဆာန်များ မွေးမြူခြင်း၊ မြစ်ချောင်းများတွင် ငါးများရှာစားရန် ခက်ခဲလာခြင်းတို့ကြောင့် မိသားစုစားဝတ်နေရေး ကြပ်တည်းကာ ကလေးများ၏ ပညာရေး၊ ကျန်းမာရေးတို့အတွက် အခက်အခဲမျိုးစုံ ကြုံ လာနိုင်ကြောင်း သိရသည်။

သံလွင်မြစ်ပေါ်တွင် ရေကာတာတည်ဆောက်မည်ဆိုပါက အမျိုးသမီးများအတွက် လူမှုလုံခြုံရေး၊ ကျန်းမာရေး နှင့် စားဝတ်နေရေးများ အခက်အခဲမျိုးစုံ ကြုံတွေ့နိုင်သဖြင့် စီမံကိန်းကို အမြန်ဆုံးရပ်ဆိုင်းရန် လူမှုအဖွဲ့အစည်း များက တောင်းဆိုလိုက်သည်။

“ စီမံကိန်းမရပ်မချင်းတော့ ကျမတို့တောင်းဆိုရမှာပဲ။ ကျမတို့ အမျိုးသမီးတွေ၊ ဒေသခံပြည်သူတွေက ဒီစီမံ ကိန်းရဲ့ ဆိုးကျိုးကို ခံစားရမယ်။ ကောင်းကျိုးကျတော့ ဘာတခုမှ ရမှာမဟုတ်ဘူး။ ဒါကြောင့် ကျမတို့ စီမံကိန်း ရပ်ဖို့ ဆက်ပြီးတောင်းဆိုသွားမယ်” ဟု မိအားချိုင်းက ဆိုပြန်သည်။

စက်တင်ဘာ(၂၀)ရက်တွင် ကျင်းပခဲ့သည့် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် တတိယပုံမှန်အစည်းဝေး၏ ဒုတိယနေ့တွင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်လွှတ်တော်အမတ် နန်းခင်ထားရီက သံလွင်မြစ် ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်း(၆)ခုနှင့် ပတ်သက်သည့်မေးခွန်းကို မေးမြန်းခဲ့ကြောင်း သိရ သည်။

ထိုမေးခွန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဦးစိုးညွန့်လွင်က ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ် စီမံကိန်းများဖော်ဆောင်ရာတွင် ရှမ်းပြည်နယ်အစိုးရအနေဖြင့် (၃၀)မဂ္ဂါဝပ်အောက်ကိုသာ စီမံခန့်ခွဲခွင့်ရှိပြီး (၃၀)မဂ္ဂါဝပ်အထက် ရေအားလျှပ်စစ်စီမံကိန်းများသည် ကြီးမားသည့်စီမံကိန်းများဖြစ်သည့် အတွက် ပြည်ထောင်စုအစိုးရကသာ စီမံခန့်ခွဲခွင့်ရှိရာ ပြည်ထောင်စုလွှတ်တော်၌သာ မေးမြန်းသင့်ကြောင်း ပြန် လည်ဖြေကြားခဲ့သည်ဟု ၎င်းကဆိုသည်။

သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း(၆)ခု တည်ဆောက်ရန် ၂၀၀၉ ခုနှစ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်ပြီး ထိုစီမံကိန်းများမှ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ်(၁၅၀၀၀)ထုတ်လုပ်ရန် ဖြစ်ကြောင်းသိရသည်။

အစိုးရရေအားလျှပ်စစ်စီမံကိန်း(၆)ခုသည် ရှမ်းပြည်နယ်အတွင်း၌ မဂ္ဂါဝပ်(၁၄၀၀)ထွက်နိုင်သည့် အထက် သံလွင် (ကွမ်းလုံ) စီမံကိန်း၊ မဂ္ဂါဝပ်(၁၀၀၀)ထွက်နိုင်သည့် နောင်ဖစီမံကိန်း၊ မဂ္ဂါဝပ်(၂၀၀)ထွက်နိုင်သည့် မန်တောင်းစီမံကိန်း၊ မဂ္ဂါဝပ်(၇၁၁၀) ထွက်နိုင်မည့်မိုင်းတုံ (တာဆန်း) စီမံကိန်းတို့ ဖြစ်ပြီး ကယားပြည်နယ် အတွင်း၌ မဂ္ဂါဝပ်(၄၅၀၀)ထွက်နိုင်မည့် ရွာသစ်စီမံကိန်းနှင့် ကရင်ပြည်နယ်အတွင်း မဂ္ဂါဝပ်(၁၃၆၀) ထွက်နိုင် မည့် ဟတ်ကြီးစီမံကိန်းတို့ ဖြစ်သည်။

သံလွင်မြစ်ပေါ်ရှိ ရေကာတာမှထွက်လာမည့် လျှစ်ပစစ်ဓာတ်အားကို ထိုင်းနိုင်ငံသို့(၄၅)ရာခိုင်နှုန်း၊ တရုတ်နိုင်ငံ သို့ (၄၅)ရာခိုင်နှုန်းနှင့် ပြည်တွင်းသို့(၁၀)ရာခိုင်နှုန်းသာ သုံးစွဲသွားရန် သဘောတူထားသည

Related Articles