Home ဆောင်းပါး တိုက်ပွဲကထွက်ပေါ်လာတဲ့ အမျိုးသမီးခေါင်းဆောင် (သို့မဟုတ်) ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်

တိုက်ပွဲကထွက်ပေါ်လာတဲ့ အမျိုးသမီးခေါင်းဆောင် (သို့မဟုတ်) ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်

 

hqdefault

Photo: DVB

ကချင်မလေး။                  ။

ကိုးလသားအရွယ်မှာ ဖခင်နဲ့ ဝေးခဲ့ရတယ်။ နည်းပညာတက္ကသိုလ် ပထမနှစ်တက်နေချိန် အသက် (၁၆)နှစ်အရွယ်မှ ဖခင်နဲ့ ပြန်နေခွင့်ရခဲ့တယ်။

သူကတော့ ၂၀၀၇ ကစလို့ တိုက်ပွဲတွေအတွင်း ရုန်းကန်ခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဦးဆောင်ကော်မတီက မဖြိုးဖြိုးအောင် ဖြစ်ပါတယ်။

မိခင်ဒေါ်သန္တာခင်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်းတို့မှ မွေးဖွားလာသော တဦး တည်းသောသမီးဖြစ်တယ်။ မြန်မာ့နိုင်ငံရေးပြောင်းလဲပစ်ဖို့၊ တပါတီအာဏာရှင်စနစ် ကျဆုံးရေးကြွေး ကြော်သံများအော်ဟစ်နေသော ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးဖြစ်ခဲ့တဲ့  သြဂုတ်လတွင် မွေးဖွားလာ သူဖြစ်တယ်။ ဖခင်ဖြစ်သူ ဦးနေဝင်းဟာ ၈လေးလုံး အရေးတော်ပုံမှာလှုပ်ရှားခဲ့တာကြောင့် စစ်အစိုးရရဲ့ ထောင်သွင်းအကျဉ်းချထားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက မိခင်နှင့်သာကြီးပြင်းလာခဲ့ရပြီး မိခင်မှာ အရောင်းအဝယ်လုပ်ငန်းဖြင့် အိမ်ထောင် တခုလုံးကို တာဝန်ယူပေးခဲ့တယ်လို့ ပြောပြပါတယ်။

ငယ်ငယ်လေးကတည်းက အမေပါပဲ၊ အမေကပဲ မိသားတခုလုံးကို တာဝန်ယူထောက်ပံ့ပေးပါတယ်

တဦးတည်းသောသမီးဖြစ်တာကတကြောင်း၊ ဖခင်ဖြစ်သူမှာလည်းထောင်ထဲမှာဆိုတော့ မိခင်က နိုင်ငံ ရေးလောကထဲဝင်မှာကို စိုးရိမ်ပြီးတားကြောင်း အဖေကထောင်ထဲမှာဆိုတော့ အများဆုံးက အမေနဲ့ သမီးပဲရှိတာ၊ အဖေလိုထပ်ဖြစ်မှာစိုးတယ်၊ ပထမတော့တားတယ်၊ ဒါပေမယ့် ကျမကဆက်လုပ်တော့ မိဘထုံးစံအတိုင်း အလေျာ့ပေးတယ်ဆိုပြီး သူမခေါင်းမာတဲ့အကြောင်းကို ခပ်ပြုံးပြုံးလေးပြောပြ ပါတယ်။ ။

ငယ်စဉ်ကတည်းကပင် ဒီမိုကရေစီလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှုတို့နှင့် မဝေးလှပဲ နိုင်ငံရေးပတ် ဝန်းကျင်မှ ကြီးပြင်းခဲ့ရတယ်အဖေ့ရဲ့မိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအသင်း နိုင်ငံရေးသမားတွေ ကြားမှာ ကြီးခဲ့ရတာပေါ့လို့ပြောပါတယ်။

ဖြိုးဖြိုးအောင်ဟာ အဲဒီလိုနဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေ၊ ဖခင်၏ ရဲဘော်ရဲဘက်တွေအလယ် ကြီးပြင်းလာခဲ့ရပြီး နိုင်ငံရေးအသိ၊ ဗဟုသုတတွေနဲ့ ရင်းနှီးခဲ့ပါတယ်။ အဲဒီကာလက နိုင်ငံရေးကို အဖက်ဖက်က ပိတ်ဆို့ထားပေမယ့်လဲ ကျမတို့မိသားစုအသိုင်းအဝိုင်းမှာတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စကားက ရှင်းရှင်းလင်းလင်းပြောကြတော့အခြားကလေးများမသိ၊ မေးမြန်းလို့မရလိုက်တဲ့ ၈၈-အရေးတော်ပုံမှာ ကျောင်းသားပြည်သူတွေ ဘာကြောင့်ဆန္ဒပြလဲ၊ ဘာတွေတောင်းဆိုခဲ့ကြသလဲဆိုတဲ့ သတင်းအချက်အလက်၊ အတိအကျကိုသိရှိနေပြီးဖြစ်တယ်လို့ ပြောပြပါတယ်။

ဒါကြောင့်လည်း ကျောင်းသားနိုင်ငံရေးတွေ လုပ်ဖြစ်ခဲ့တာလို့ ပြောပြပါတယ်။ ဒီနိုင်ငံရေးအကြောင်း တွေက ကျမအတွက် အိပ်ရာဝင်ပုံပြင်တွေဖြစ်လာတော့ အဲဒီအချိန်ကနေပြီး နိုင်ငံရေးကို စိတ် ဝင်စားမှုရှိခဲ့တယ်လို့ မဖြိုးဖြိုးအောင်က ပြောပြပါတယ်။ “ကျမတက္ကသိုလ်တတိယနှစ်မှာပဲ ရွှေဝါရောင် သံဃာလှုပ်ရှားမှုကြီး ပေါ်ပေါက်လာတဲ့အချိန်မှာ အလွယ်တကူပဲ အခြားကျောင်းသားလှုပ်ရှားသူတွေနဲ့ အတူတူ သိပ်အားစိုက်စရာမလိုပဲ ပါဝင်လာခဲ့ပါတယ်”။

၂၀၀၆ခုနှစ်၊ ဖခင်လွတ်မြောက်လာပြီး အမေရိကန်စင်တာရှိ စာဖတ်ဝိုင်းတခုသို့ ဆက်သွယ်ပေးရာမှ ၂၀၀၇ ဗကသများ ဖြစ်လာမည့်ကျောင်းသားလူငယ်များနှင့် စတင်ဆုံတွေ့ခဲ့တယ်။ ကျောင်းသားများ တဦးနှင့်တဦးတွေ့ဆုံဖို့ မဖြစ်နိုင်ပဲ ကျောင်းတကျောင်းနဲ့တကျောင်း အင်မတန်ဝေးတဲ့အတွက် အဲဒီ စာဖတ်ဝိုင်းလေးဟာ ထင်မြင်ယူဆချက်တွေကို လွတ်လွတ်လပ်လပ်ဆွေးနွေး၊ တင်ပြ၊ ငြင်းခုံ(debate) ခွင့်ရတဲ့ နေရာလေးတခု ဖြစ်ခဲ့တယ်လို့ ပြောပြပါတယ်။ ထိုမှ စတင်ပြီးကျောင်းသားတွေက ခံစား ချက်အသီးသီးဖြင့် ဗကသအဖွဲ့အစည်းရှိသင့်တယ်ဆိုပြီး စတင်ဖွဲ့စည်း ဖြစ်လာကြကြောင်း ပြောပြ တယ်။

သူမတို့အဖွဲ့က ဗကသဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းမှသာ နိုင်ငံခြားမှာအခြေစိုက်တဲ့ ဗကသအဖွဲ့ရှိကြောင်း နှင့် နောက်ပိုင်းမှ ချိတ်ဆက်လုပ်ဆောင်ခဲ့နိုင်တယ်လို့ ပြောပါတယ်။ အဲဒီကာလက သတင်းစီးဆင်းမှု က အားနည်းတယ်၊ အခုလို ပုဂ္ဂလိကသတင်းစာတွေကလည်း နည်းတယ်၊ အခုလိုမျိုး social media တွေနဲ့လည်းဝေးတယ်ဗကသ FAC ရှိတယ်ဆိုတာကို ကျမတို့လှုပ်ရှားမှုမှာ ထဲထဲဝင်ဝင်ရှိလာမှပဲ သိတာပေါ့နော်၊ နောက်လနည်းနည်းကြာတော့မှ ချင်းမိုင်မှာရှိတယ်ဆိုတာသိပြီး အတူချိတ်ဆက်လုပ် ဆောင်ခဲ့ကြပါတယ်လို့ပြောပြပါတယ်။

ဗကသကျောင်းသားများနှင့် ကြိုတင်ချိတ်ဆက်ထားခြင်းမရှိထားပဲ မိမိတို့တဦးချင်းအစီအစဉ်ဖြင့် ရွှေဝါ ရောင်တော်လှန်ရေးတွင် ပါဝင်လာရာ ကျောင်းသားများ အားလုံးပြန်လည်တွေ့ဆုံခဲ့ကြရတယ်လို့ တိုက်ပွဲကြားမှာ ဆုံတွေ့ကြပုံကိုပြောပြပါတယ်။ ကျမစာမေးပွဲဖြေဖို့ပြင်ဆင်နေတယ် သံာတော် တွေက သပိတ်စတင်နေပြီ။ ဒါပေမယ့် ကျမ မပါသေးဘူး။ အဖေနဲ့အမေကသွားတယ်၊ ညပြန် ရောက်တော့ ပြောပြတော့ အရမ်းသွားချင်တယ်၊ နောက်တော့ သွားလိုက်တယ်၊ ဟိုရောက်တော့ အမေ ရိကန်စင်တာက ဗကသအဖွဲ့တွေနဲ့တွေ့ကြတယ်

ဒီလိုနဲ့နောက်ရက်တွေမှာ ချိတ်ဆက်ပြီး ဆောင်ရွက်တယ် စာရွက်ဝေတာတို့၊ လူထုပါဝင်လာဖို့ စည်းရုံးလှုံ့ဆော်တာတို့ လုပ်ခဲ့တယ်ဒီ့ပြင် အရင်ကဖြစ်ခဲ့တဲ့ ၈၈ အရေးအခင်း၊ ၉၆-၉၈ အရေးအ ခင်းတွေမှာ မပါဝင်နိုင်ခဲ့ပေမယ့် ဒီလှုပ်ရှားမှုဟာ ပထမဦးဆုံးပါဝင်ခွင့်ရတဲ့ လှုပ်ရှားမှုဖြစ်တဲ့အတွက် ကြောင့် သူမဘဝအတွက် မှတ်မှတ်ရရဖြစ်ပါကြောင်း ပြန်တွေးရင် ကြက်သီးမွေးညှင်းထရတဲ့အထိ ဖြစ်ခဲ့ရကြောင်းကို လူထုက ဘယ်လိုပဲဖိနှိပ်ဖိနှိပ်၊ ဖိနှိပ်မှုတွေကြားထဲက သူတို့လိုလားချက်၊ တိုင်းပြည် အတွက် ဖြစ်စေချင်တဲ့ဆန္ဒကို ငြိမ်းငြိမ်းချမ်းချမ်း၊ စည်းကမ်းရှိရှိနဲ့ ဆန္ဒထုတ်ဖော်ကြတာတွေ့တော့ တကယ်ကြက်သီးမွေးညှင်းထလောက်အောင် အံသြတယ်၊ တုန်လှုပ်မိတယ်လို့ မှတ်မှတ်ရရအဖြစ် ဟောင်းလေးကို အားရပါးပြန်လည်ပြောပြတယ်။

လှုပ်ရှားမှုအပြီးတွင် စစ်အစိုးရက သူမအားဖမ်းဆီးဖို့ ကြိုးစားခဲ့ခြင်းကြောင့် နယ်ဖက်သို့ (၈) လခန့် ကြာသည်အထိ ရှောင်တိမ်းနေခဲ့ရတယ်။ အဲဒီအချိန်တုန်းက မှော်ဘီနည်းပညာတက္ကသိုလ်မှာ တက် ရောက်နေတဲ့တတိယနှစ် မြို့ပြ အင်ဂျင်နီယာကျောင်းသူတယောက် ဖြစ်နေခဲ့ပြီး သူမ၏နိုင်ငံရေးလှုပ် ရှားမှုကြောင့် ကျောင်းတက်ခွင့်ပိတ်ပင်ခံခဲ့ရတယ်။

၂၀၀၇ မှာ Civil engineering တတိယနှစ်တက်နေရင်း ဖမ်းဆီးထိန်းသိမ်းခံရကတည်းက အခုချိန်ထိ ကျောင်းဆက်တက်ခွင့် မရသေးဘူး

ထွက်ပြေးတိမ်းရှောင်နေစဉ်မှာပဲ ၂၀၀၈ မေလတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ဒုက္ခ ရောက်နေသည့် ပြည်သူများကိုတတ်နိုင်သမျှ ကူညီပေးရန် အချင်းချင်းတိုင်ပင်ပြီးရှောင်တိမ်းနေရာမှ ထွက်ပြီးနာဂစ်ဒဏ်ခံရတဲ့ ဒေသတွေမှာ သွားရောက်ခဲ့ကြတယ်။

ဘာသာရေး၊ လူမှုရေးအစွဲတွေကြောင့် စုပုံနေတဲ့ အလောင်းတွေကို သူတို့ အဖွဲ့တွေက မြှုပ်နှံပေးခဲ့ ရတယ်လို့ ပြောပြပါတယ်။ ဒီအလောင်းတွေကို မကောက်ပဲထားရင် ရှင်ကျန်ရစ်တဲ့သူတွေရဲ့ ကျန်းမာ ရေးအတွက် ဆိုးကျိုးဖြစ်လာနိုင်တာကတပိုင်း၊ သေသွားတဲ့သူတွေရဲ့ ဂုဏ်သိက္ခာအတွက် အလောင်း တွေက လယ်ကွင်းပြင်တွေမှာ ဆိုးဆိုးရွားရွားပြန့်ကျဲနေတာကြောင့် မြေမြှုပ်သြၤဂိုလ်ပေးခဲ့ကြတယ်လို့ ပြောပြတယ်။

သူတို့သူငယ်ချင်း(၅)ဦးသည် ရန်ကူက အလှူရှင်တွေပေးတဲ့ အကူအညီအထောက်အပံ့ပစ္စည်းတွေ အစားအစာဝေငှတာတို့လည်း ကူညီခဲ့ပြီး အပြန်လမ်းတွင် သူတို့အားလုံး အဖမ်းခံခဲ့ကြရတယ်။

ဒီလိုမျိုးလုပ်လို့ ဒီလိုမျိုး ဖြစ်မယ်၊ ဒါကသဘာဝပဲဆိုတဲ့ စိတ်မျိုးရှိတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ အဖမ်း ခံရတာတို့၊ ခေါ်ယူစစ်ဆေးခံရတာတို့၊ တစုံတရာ ခြိမ်းခြောက်ခံရတာတို့ ရင်ဆိုင်ရမယ်ဆိုတာ ကျမအသိ စိတ်ထဲမှာရှိပြီးသားဖြစ်တဲ့အတွက် ထူးထူးခြားခြားကြောက်ရွံ့တာမျိုးလည်း မဖြစ်ဘူး

သူမကို ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းမှု (သင်းဖွဲ့-၄နှစ်)၊ မတရားအသင်းအဖွဲ့ကို ကူညီမှု (သင်းဖွဲ့(၇) -၂နှစ်၊ အစိုးရကို အကြည်ညိုပျက်စေမှု(၅၀၅(ခ)-၂နှစ်)ပုဒ်မ ၃ခုဖြင့် တရားစွဲဆိုခံရပြီး စုစုပေါင်းထောင် ဒဏ် (၈) နှစ် ကျခံရမှာ ဖြစ်ပေမယ့်လည်း ပုဒ်မအားလုံးကိုတပေါင်းတည်းကျခံစေတဲ့အတွက်ကြောင့် ထောင်ဒဏ် ၄ နှစ် အမိန့်ချခံခဲ့ရတယ်။

သူမမော်လမြိုင် အကျဉ်းထောင်တွင်နေစဉ်တွင် အမျိုးသမီးနိုင်ငံရေးပြစ်မှုကြောင့် ခွဲခြားဖိနှိပ်တာမျိုးမရှိ ပေမယ့်လည်း အမျိုးသမီးထောင်မှူးနှင့် အမျိုးသားထောင်မှူးများအကြား အာဏာပြိုင်မှုများကြောင့် တခါတရံအခက်တွေ့ရကြောင်းကိုပြောပြပါတယ်။

မော်လမြိုင်အကျဉ်းထောင်တွင် (၃)နှစ်နှင့် (၄)လကျခံပြီး၊ ၂၀၁၁ ခုနှစ်အတွင်း ပြန်လည် လွတ်မြောက် ပြီးနောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုများ၊ နိုင်ငံရေးလှုပ်ရှားများတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်လာခဲ့ တယ်။ သူမအကျဉ်းထောင်ကျခံစဉ် အမေရိကန်နိုင်ငံသမ္မတဟောင်းဘုရှ်ကိုယ်တိုင် မဖြိုးဖြိုးအောင်ကို လွှတ်ပေးရန် အစိုးရထံစာပေးပို့တောင်းဆိုပေးခြင်းခံရဖူးသူလည်း ဖြစ်ပါတယ်။

ဗကသကို ကိုယ်စားပြုပြီး အခမ်းအနားများတက်ခွင့်ရခဲ့ပြီး ဗကသ ပြန်လည် ဖွဲ့စည်းရေး၊ ခရိုင်သမဂ္ဂ၊ တက္ကသိုလ်သမဂ္ဂ ဖွဲ့စည်းရေးအတွက် စည်းရုံးရေးဆင်းပေးခဲ့တယ်လို့ ပြောပြပါတယ်။

ဗကသအနေနဲ့ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေအတွက်လည်း လှုပ်ရှားခဲ့ကြပါတယ်။

ကျောင်းပြန်တက်ရေးနှင့်ပတ်သက်ပြီး အကျဉ်းထောင်က ပြန်လွှတ်လာလို့ ကျောင်းကိုပြန်သွားတဲ့အခါ ကျောင်းပြန်တက်ခွင့် မရရှိတော့ကြောင်း၊ နောက်ပိုင်းတွင်တက်ချင်လျှင် အသနားခံစာတင်ပြီး အဝေး သင် တက်ခွင့်ရခဲ့ပေမယ့်လည်းအသနားခံတင်တာမျိုး၊ စာတင်တာမျိုးလုပ်ခိုင်းတာတို့လုပ်ခိုင်းတော့ လက်မခံချင်ဘူး၊ အသနားခံစာတင်ရလောက်အောင် ကျောင်းစည်းကမ်းဖောက်ဖျက်တာ မလုပ်ဘူး၊ ကျမတို့ကို အကျဉ်းထောင်တွေမှာလည်း ထိန်းသိမ်းခဲ့ပြီး အပြစ်ဒဏ်ချပြီးသွားပြီ။ ဒါကိုထပ်မံပြီး အသ နားခံစာတင်ဖို့ကတော့ အဆင်မပြေဘူးလို့ပြောပါတယ်။

တက္ကသိုလ်များ၏ ညွန်ကြားချက်များအရ ကျောင်းသားတယောက်သည် ကျောင်းနှင့် (၂)နှစ်ကင်းကွာ သွားလျှင် အလိုအလျောက်ကျောင်းသားစာရင်းမှ ပယ်ဖျက်ခံရမည်ဆိုတဲ့အချက်ပါကြောင်း၊ သို့သော် သူမကတော့ နိုင်ငံရေးအမှုဖြင့် အကျဉ်းကျတာပဲဖြစ်ဖြစ်၊ အခြားမှုခင်းတခုခုဖြင့် အကျဉ်းကျတာပဲဖြစ် ဖြစ် မည်သူမဆို၊ အကယ်၍ အကျဉ်းထောင်ထဲတွင် ရှိနေစဉ်တွင်ပင် ပညာဆက်လက် သင်ယူနိုင် အောင် အစိုးရကလုပ်ဆောင်ပေးသင့်ကြောင်း၊ ဒီလိုအခွင့်အရေးက ကျောင်းသားအခွင့်အရေး ဖြစ် တယ်လို့ ပြောပါတယ်။

ဆက်ပြီး ဒါဟာကျမရဲ့ အခွင့်အရေး ဖြစ်တယ်။ ကျောင်းပြန်တက်ခွင့် ရှိကိုရှိရမယ်။ ဒါကျမရဲ့ ထင်မြင် ယူဆချက်၊ ကိုင်စွဲထားတဲ့ အရာပဲ။ ဒီအချက်နဲ့ပတ်သက်ပြီးပညာရေးပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်တဲ့ တောင်းဆိုချက်ထဲမှာတော့ အဲဒီအချက်တချက်ပါဝင်တယ်”လို့ ရဲရဲဝင့်ဝင့်ပဲသူပြောပါတယ်။

ပညာရေးစနစ်နဲ့ ပတ်သက်ပြီးတော့လည်း တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးပါက ကိုယ်ဝါသနာပါရာ တက္ကသိုလ်ကို ရွေးချယ်တက်ရောက်နိုင်တဲ့အခွင့်အရေးမရှိခြင်း(တက္ကသိုလ်ဝင်ခွင့်စနစ်နဲ့ပတ်သက် ခြင်း)နှင့် ပညာသင်ကြားမှုစနစ်(အလွတ်ကျက်)ဖြင့် ဖြတ်သန်းခဲ့ရတဲ့စာမေးပွဲစနစ်များက လူသားအ ရင်းအမြစ်ကို ထိခိုက်စေတယ်လို့ သူကယူဆပါတယ်လို့ဆိုပါတယ်။

အမျိုးသမီးနှင့် အမျိုးသားဆယ်တန်းအောင်မှတ် ခွဲခြားပြီး တက္ကသိုလ်ဝင်ခွင့် ခွဲခြားထားမှုများသည်ပင် လျှင် ယခုတောင်းဆိုနေတဲ့အချက်ထဲပါပြီး ဖြေရှင်းလို့ရကြောင်းကို တက္ကသိုလ်ဝင်ခွင့်စနစ်မျိုးနဲ့ သွားလို့ ရှိရင်တော့ ဒီအမျိုးသမီးခွဲခြားမှုစနစ်ကို ဖြေရှင်းပေးမှာဖြစ်တယ်၊ တကယ်လို့ ကျမဆေး တက္ကသိုလ် တက်ချင်လို့ရှိရင် ဝင်ခွင့်စာမေးပွဲဝင်လို့ ရှိရင်ရတာမျိုးပေါ့၊ ယောက်ျားလေးမိန်းကလေး ခွဲခြားတာကတော့ တကယ်ကိုမလိုလားတာပဲလို့ပြောပါတယ်။

ဒီလိုလုပ်ဆောင်ခြင်းမျိုးက ခွဲခြားဆက်ဆံမှုတရပ်ဖြစ်ပြီး၊ ယခုတောင်းဆိုနေတဲ့အချက်တွေဟာလည်း တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့၊ လူသားတွေဖွံ့ဖြိုးမှုအတွက် စဉ်းစားဆောင်ရွက်ကြောင်း “လုပ်သားထုတ် တဲ့စက်ရုံတွေလို တက္ကသိုလ်တွေကို သဘောထားမှုတွေ ရှေ့ဆက်မရှိစေလိုဘူး” လို့ပြောပါတယ်။

ပညာရေးဥပဒေတွင် တောင်းဆိုချက်များတွင်ပါဝင်သည့်အချက်များက တခုနှင့်တခု ချိတ်ဆက်နေပြီး တကယ်ကိုလိုအပ်တဲ့အချက်များပင်ဖြစ်ကြောင်းပညာရေးကို ပြောင်းတဲ့နေရာမှာ ဟိုတိုး၊ ဒီလျှော့တွေ လုပ်ပြီး ပြောင်းလို့ရှိရင်တော့ ထူးထူးခြားခြားပြောင်းလဲသွားမှာ မဟုတ်ဘူး

တစုံလုံးကို ပြောင်းသင့်ပြီလို့မြင်ပါတယ်

images

Photo: Irrawaddy

 

၂၀၁၅ ခုနှစ် မတ်လ (၁၀) ရက်နေ့မှာ လက်ပံတန်းမှရန်ကုန်သို့ ချီတက်ရန် ဟန်ပြင်လာတဲ့ပင်မ ကျောင်းသားသပိတ် စစ်ကြောင်းကို ရိုက်နှက်ဖမ်းဆီးခဲ့ရာ ဖြိုးဖြိုးအောင်လည်း ကျောင်းသားခေါင်း ဆောင်တဦးအဖြစ် အဖမ်းခံခဲ့ရပြန်တယ်။

ကြီးကြီးမားမားခက်ခက်ခဲခဲတော့ မရှိပါဘူး၊ ကျမရဲ့ယုံကြည်ကိုးစားမှုကို ရဲရဲဝံ့ဝံံ့၊ ပြတ်ပြတ်သားသား လုပ်ဆောင်တဲ့အတွက်ကြောင့်လည်း အမျိုးသားတွေရဲ့ ယုံကြည်မှုကို ရရှိခဲ့ပါတယ်၊ အချင်းချင်းကြားမှာ လည်းတူညီတဲ့ ယုံကြည်မှုတွေရှိတဲ့အတွက်ကြောင့်၊ ရဲဘော်တွေ ဝိုင်းဝန်းကူညီပံ့ပိုးမှုတွေကြောင့်လည်း ပါတယ်ဟုပြောပါတယ်။

ဒီသပိတ်နောက်ပိုင်းမှာ အမေရိကန်နိုင်ငံမှ ပေးအပ်သည့် ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိခဲ့ပါတယ်။ ဆုကို ရရှိမယ်လို့မမျှော်လင့်ကြောင်း၊ ဒီဆုဟာရုပ်ဆိုးအကျည်းတန်စွာ ဖြိုခွင်းခံလိုက်တဲ့သပိတ်တခုလုံးကို ချီးမြှောက်လိုက်သလိုပဲခံစားရကြောင်းပြောပါတယ်။

ရှေ့ဆက် ဗကသလုပ်ငန်းစဉ်နှင့် အခြေအနေမှာ၂၀၁၂ခုနှစ်နောက်ပိုင်း ဗကသခေါင်းဆောင်အတော် များများ လွတ်မြောက်လာပြီးနောက်ပိုင်း ဗကသကို ပိုမိုအားကောင်းတဲ့ ဖွဲ့စည်းမှုပုံစံနဲ့သွားဖို့ ဆုံး ဖြတ်ခဲ့ကြပြီး “ဗဟိုစည်းရုံးရေးကော်မတီ”ကို ဇန်နဝါရီလမှာ ဖွဲ့စည်းပြီး၊ မေလတွင် မန္တလေးနှင့် ပေါင်း ပြီး “ဗဟိုလုပ်ငန်းကော်မတီ”ဟု တိုးချဲ့ဖွဲ့စည်းခဲ့ကြကြောင်းသိရပါတယ်။

ကျမကတော့ အဲဒီကော်မတီနှစ်ခုလုံးမှာ အထွေထွေအတွင်းရေးမှူးတယောက်အနေဖြင့် တာဝန်ယူ ထားပါတယ်လို့ပြောပြီးရှေ့ဆက်လုပ်ငန်းစဉ်အနေဖြင့် အခုလိုဗကသနိုင်ငံလုံးဆိုင်ရာညီလာခံကြီး ဖော်ဆောင်နိုင်ရေးအတွက်ကြိုးစားနေကြပါတယ်၊ ပြီးခဲ့သည့်ဇွန်လတွင်လည်း တက္ကသိုလ်ပေါင်းစုံ အ စည်းအဝေးတရပ်ကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်မကြာသေးခင်ကတော့ ညီလာခံကျင်းပခဲ့ပြီး ဗကသ ဗဟိုဦးဆောင်ကော်မတီကို မျိုးဆက်သစ်လူငယ်တွေနဲ့ ဖွဲ့စည်းခဲ့ကြပါတယ်။

လက်ရှိ ၂၁ရာစုပင်လုံညီလာခံတွင် ပညာရေးကိစ္စလည်း မဖြစ်မနေဆွေးနွေးရမည်ဖြစ်ကြောင်း၊  အမှန် တကယ် ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံတဲ့ ပညာရေးစနစ်ကို သွားမည်လို့ ရည်မှန်းချက်ထားလျှင် ပညာရေးပုံစံသည် ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် ဘယ်နည်းမှ မဖြစ်ကြောင်း၊ ဗဟိုချုပ်ကိုင်မှု လျော့ချတဲ့ စနစ်နဲ့သွားလိုကြောင်း၊ တောင်းဆိုချက်များက ယင်းအချက်များနဲ့ တထပ်တည်းကျကြောင်းကိုလည်း မျှော်လင့်ချက်၊ ယုံကြည်ချက်အပြည့်ဖြင့် ပြောပြပါတယ်။

ကျောင်းသားလှုပ်ရှားမှုများတွင် ခေါင်းဆောင်အဆင့်အမျိုးသမီးများများ လိုအပ်တယ်လို့ ဖြိုးဖြိုးအောင် က ပြောပါတယ်။ ခေါင်းဆောင်အဆင့်မှာ အမျိုးသမီးဦးရေအတော်နည်းတယ် ဒါပေမယ့် သပိတ် မှာတော့များတယ်၊ ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေလည်း မနည်းဘူး။ ဒါတောင် ပါဝင်သူ မိဘတွေက ဓလေ့ထုံးတမ်းအရ သပိတ်ခရီးစဉ်ကို တွေးပူပြီး တားမြစ်တဲ့ကြားက ပါဝင်ကြတာပါ

အမျိုးသမီးတွေရဲ့အနာဂတ်က အမျိုးသမီးခေါင်းဆောင်တွေလက်ထဲမှာရှိတယ်။ အမျိုးသမီးခေါင်း ဆောင်တွေ ဆက်ပြီးပေါ်ထွက်လာဦးမယ်ဆိုတာကို လုံးဝယုံကြည်တယ်လို့ ပြောပါတယ်။ ကျမတို့ အမျိုးသမီးတွေက ပတ်ဝန်းကျင်ကို အမြဲတမ်းသတိထားတယ်၊ ဂရုစိုက်တယ် ကျမတို့ကြောင့် ပတ် ဝန်းကျင်၊ မိသားစုထိခိုက်မှာကို မလိုလားကြဘူး၊ အမြဲတမ်းအရာရာသတိထားပြီးတော့ စိတ်ပူတတ်တဲ့ သူတွေက ဦးဆောင်နိုင်တဲ့သူတွေဖြစ်ရင် ပိုပြီးလုံခြုံတယ်၊ ယုံကြည်စိတ်ချရတဲ့ ပတ်ဝန်းကျင်မျိုး ဖန် တီးနိုင်လိမ့်မယ်လို့ယုံကြည်တယ်။ အနာဂတ်ကို ပိုပြီးလှပအောင်၊ ကောင်းမွန်အောင် လုပ်ပေးနိုင်မှာ ဖြစ်တဲ့အတွက် ယုံယုံကြည်ကြည်နဲ့ ရှေ့ထွက်လာကြဖို့ အားပေးချင်ပါတယ်

 

Related Articles