အကြွေးသံသရာထဲက အိမ်ရှင်မများ..
“အကြွေးက မယူချင်လည်း ယူနေရတယ်။ ဒီအကြွေးဟာ မကျေနိုင်တဲ့ ဇာတ်လမ်းဖြစ်နေတယ်” ကချင်မလေး၊ ရန်ကုန်။ “ကြည့်ပါအုံး ပိုက်ဆံငါးထောင်နဲ့ ဝယ်လာတဲ့ပစ္စည်းတွေ” ဆိုပြီး လက်ထဲက ဈေးခြင်းလေးကို ကျမရှေ့မှာ ချလိုက်ပါတယ်။ သူကတော့ ကလေး(၃)ယောက်အမေ အသက် (၃၅)နှစ်အရွယ် မနုနုပါ။ ခြင်းထဲမှာက ဆန်တစ်ပြည်၊ ဆီရေသန့်ဘူးတစ်ပိုင်း မပြည့်တပြည့်လေး၊ ကြက်သွန်နီ အစိတ်သားတစ်ထုတ်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်၊ ဘူးသီးစိတ်တစ်စိတ်၊ ကြက်သား (CP ကြက်) ရင်အုံတစ်တုံးနဲ့ ပေါင်တစ်တုံး ပါ တာ တွေ့လိုက်ရတယ်။ မနုနုဟာ မျက်နှာပေါ်က တင်းတိတ်တွေကို သနပ်ခါးရည်ကျဲလေးနဲ့ ဖုံးထားနိုင်ပေမယ့်လည်း သူဖြတ်သန်းနေရ တဲ့ ဘဝအပူကိုတောာ့ ဖုံးထားလို့ မရရှာပါဘူး။ သူမနက်က ဝယ်ခဲ့တဲ့ ဈေးဖိုးကို တွက်ကြည့်မယ်ဆိုရင် ဆန်တစ်ပြည် (၁၆၀၀)ကျပ်၊ ဆီ(၁၀)သား […]


