Entries by Administrator

ကချင်သူနာပြု ဆရာမတစ်ဦး ဓါးဒဏ်ရာ ၁၉  ချက်ဖြင့် သေဆုံး

  နန်းဆိုင်နွမ်။             ။ ဖေဖော်ဝါရီ ၁၀၊၂၊၂၀၁၇ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကြက်ပေါင်ခြံ အနီးတွင် ယမန်နေ့(ဖေဖော်ဝါရီ ၉) ရက်နေ့ ညနေပိုင်းတွင် သူနာပြုဆရာမ Mali Pan San  ဓားထိုး သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ “ ဖြစ်စဉ်ကတော့ ကြက်ပေါင်ခြံ သူနာပြု ဆရာမ နေအိမ်မှာ ဖြစ်တာပါ။ ကျနော်တို့ သိတာတော့ ညနေ ၅နာရီခွဲမှာ သိရပါတယ်။ သူက ညနေဆိုဈေးရောင်း နေ့ခင်းနေအိမ် မှာတယောက်တည်း အိပ်တဲ့အချိန်ဖြစ်တာပါ။ ဓား ဒဏ်ရာ ၁၉ချက် ထိပါတယ်။ အဓမ္မ ကျင့်တာနဲ့ ပတ်သတ်ပြီး ဆေးစစ်ထားပါတယ်” ဟု မြစ်ကြီးနား ရဲစခန်း မှရဲအုပ် သစ်လွင် […]

စနစ်သစ်မှာ ပိုခက်ခဲ လာတဲ့ ဘတ်စ်ကားစီး အမျိုးသမီး ခရီးသည်များ

နန်းဆိုင်နွမ်။            ။ “ကားပေါ်ကနေ ဆင်းဆင်းချင်း ကိုယ့်ကိုယ်ကိုယ် မလုံတော့ အနောက်ကနေ လမ်းလျှောက်လာတဲ့ အမျိုးသမီး ပြောမှ ဘောင်းဘီ ဖင်ပြဲနေတာ သိလိုက်ရတယ်”   အချိန်ကတော့ အလုပ်ဆင်းချိန် ညနေ ၆နာရီ။ “ယောကျ်ားပဲရမယ်၊ ယောကျ်ားပဲရမယ်” ဆူးလေမှတ်တိုင်မှာ YBS ခရီးသည်တင် ယာဉ်လိုင်းကား စပယ်ယာက အော်နေပါတယ်။ ဘတ်စ်ကားတွေ အားလုံး ခရီးသည်တွေနဲ့ ပြည့်ကြပ်နေပါတယ်။ ရန်ကုန်မြို့ရဲ့ YBS ခရီးသည်တင်လိုင်းကား စနစ်ကို ဇန်နဝါရီ ၁၆ ရက်နေ့ ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကဦးဆောင်ပြီး ပြုပြင်ပြောင်းလဲမှုတွေ စတင် ပြုလုပ်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုလုပ်လို့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတော့ ဘတ်စ်ကား စီးနင်းတဲ့ ခရီးသည်တွေ အတွက် […]

သက်ငယ်မုဒိန်းကာကွယ်ရေး ပြဇာတ်ဖြင့် ပညာပေး

ကချင်မလေး။ သက်ငယ်မုဒိန်း ကာကွယ်တားဆီးရေးအတွက် ပြဇာတ်သရုပ်ဖော်တင်ဆက်ခြင်းကို အခရာအမျိုးသမီးအဖွဲ့က ဦးဆောင်ပြီး ဇန်နဝါရီ (၂၄) ရက်နေ့က ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်တွင် ပြုလုပ်ခဲ့ရာ ပရိသတ်များ၏ စိတ် ဝင်စားမှုကို ရရှိခဲ့သည်။ မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှုတခုအား မိဘပြည်သူ ရပ်ရွာလူထု ပူးပေါင်း ဖော်ထုတ်ခဲ့သည့် အဖြစ်အပျက်ကို အခြေခံထားသည့် ပြဇာတ်ကို မြောက်ဥက္ကလာပ (ဌ) ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင် တင်ဆက်ခဲ့ခြင်းဖြစ်သည်။ ဒီပြဇာတ်မှာ လူထု၏ပူးပေါင်းပါဝင်မှု အရေးကြီးသည့်အပေါ် ပညာပေးသည့်အနေဖြင့် အဓိကတင်ဆက်ခြင်းဖြစ် သည်ဟု အခရာ အမျိုးသမီးအဖွဲ့ တာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်ပပက ပြောသည်။ “ဒီရပ်ကွက်လေးဟာ အရမ်းအားကျဖို့ကောင်းတယ်၊ ဖြစ်လာတဲ့အမှုအပေါ်မူတည်ပြီးတော့ ကလေးရော၊ မိဘ ကိုရော အပြစ်မတင်ဘူး၊ မိဘကိုယ်တိုင်ကလည်း စာပေကြီးကြီးကျယ်ကျယ်တတ်တဲ့ မိဘမဟုတ်ပေမယ့်လည်း ကိုယ့်သားသမီးကို အပြစ်မတင်ဘူး၊ […]

နော်မိန်းမီဒီယာခေါင်းဆောင်ဆုရှင် ဆိုင်းမိုင် (သို့မဟုတ်) စိမ်ခေါ်မှုတွေကို ကျော်ဖြတ်သွားသူ

ကချင်မလေး။         “ဘယ်အချိန်မှာ ကိုယ်တွေကို ၁၇/၁ နဲ့ တရားလာစွဲမလဲဆိုပြီး ထိုင်စောင့်နေရသလိုဖြစ်နေတယ်” သူတို့ လတ်တလော ရင်ဆိုင်နေရတဲ့ စိုးရိမ်ဖွယ် အခြေအနေတခုကို မြစ်ကြီးနားဂျာနယ် အယ်ဒီတာ ချုပ် မဆိုင်းမိုင်က ပြောပြပါတယ်။ ဦးအားဆီနှင့် ဒေါ်ဇယ်နော်တို့ရဲ့ သား၊ သမီး(၅)ယောက်အနက် သမီးကြီးဖြစ်သူ ခန္ဓာကိုယ်ခပ်၀၀နှင့် အရပ်(၅)ပေခန့်ရှိပြီး အမြဲလိုလို ပြုံးရွင်သွက်လက်နေတဲ့ မြစ်ကြီးနားဂျာနယ်တည်ထောင်သူ ဆိုင်းမိုင်ဟာ အခု နှစ်မှာ ပေးတဲ့ နော်မိန်းမီဒီယာခေါင်းဆောင်ဆု ကို ရရှိခဲ့ပါတယ်။ သူဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းနေ ခဲ့သူ ဖြစ်ပါတယ်။ သတင်းလောကထဲကိုတော့ KNG ကချင်သတင်းဌာနကနေ ခြေလှမ်းစခဲ့တာလို့ ပြောပါတယ်။ ကချင် ပြည်နယ် အရှေ့မြောက်ဘက်ချမ်းရှိ မိုင်ဂျာယန်မြို့ငယ်လေးမှာ ရှိနေစဉ် KNG (Kachin News […]

တာဝန်မဲ့သူများကိုယ်စား တာဝန်ယူစောင့်ရှောက်သူ ဒေါ်ငြိမ်းမဟော်

ပိုးဝါ – ရန်ကုန် ။      ။ “ကလေးအဖေအနားမှာမရှိပဲနဲ့ ကိုယ်ဝန်ဆောင်ဘဝကို ဖြတ်သန်းခဲ့ဖူးတယ် ။ ဒါကြောင့် အစ်မရှေ့မှာ ဒုက္ခ ရောက်နေတဲ့ ကိုယ်ဝန်ဆောင်တွေကို ကျော်မသွားနိုင်ဘူး။ မကူညီပဲ မျက်စိမှိတ်မသွားနိုင်ဘူး ” လို့ ကလေး မွေးဖွားဖို့ အခက်အခဲဖြစ်နေတဲ့ အမျိုးသမီးတွေကို ကူညီပေးနေတဲ့ ဒေါ်ငြိမ်းမဟော်က ပြောပါတယ်။ သူမက အကြောင်းအမျိုးမျိုးကြောင့် ကလေးမွေးဖွားဖို့ အခက်အခဲဖြစ်နေတဲ့ အမျိုးသမီးတွေကို ကလေးမွေး ဖွားနိုင်ဖို့ ကူညီပေးနေသူဖြစ်ပြီး သူမကိုယ်တိုင်ကလည်း သမီးလေးတစ်ယောက်နဲ့ မိခင်တဦးတည်းစောင့် ရှောက်သူ (Single Mother) တစ်ယောက်ပါ ။ သူမဟာ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ အကြောင်းကြောင့်ကြောင့် ကလေးရဲ့ဖခင်နဲ့ ဝေးကွားနေခဲ့ပြီး သမီး ငယ်အား တစ်ယောက်တည်းမွေးဖွားခဲ့ရတာပါ ။ ‘‘အစ်မကိုယ်တိုင်ကလည်း ကိုယ်ဝန်ခုနစ်လလောက်မှာ အမျိုးသားနဲ့ခွဲနေသလိုဖြစ်ခဲ့တယ်။ ကိုယ်ဝန်နေ့စေ့ […]

စစ်ပွဲတွေရပ်ဖို့ တညီတညွတ်တည်းတောင်းဆိုနေတဲ့ စစ်ဘေးရှောင်အမျိုးသမီးများ…

နန်းဆိုင်နွမ်။                   ။ တိတ်ဆိတ်ပြီး အေးချမ်းနေတဲ့ ဆောင်းနဲ့အတူ မီးခိုးနံ့တွေကလည်း တမြို့လုံးကို လွှမ်းခြုံနေပါတယ်။ မြို့ထဲမှာတော့ မီးလောင်ပြီး ပျက်စီးသွားတဲ့ ပြာပုံဘေးမှာရပ်ပြီး မျက်နှာညှိုးငယ်နေကာ တကိုယ်တည်း ရေရွတ်နေတဲ့ အမျိုးသမီးတွေ ရှိသလို အထုတ်ကိုယ်စီနဲ့ ကလေးတွေကို လက်ဆွဲကာ လမ်းပေါ်မှာ လျှောက်နေတဲ့ အမျိုးသမီးတွေ ကိုလည်း တွေ့ရပါတယ်။ ဒီအမျိုးသမီးတွေကတော့ တိုက်ပွဲကြောင့် ထွက်ပြေးသွားရပြီး မိမိနေအိမ်ကို ဝမ်းနည်းစွာ ပြန်လာကြတဲ့သူတွေပါပဲ။ သူတို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်မှာ နေထိုင်တဲ့ မုံးကိုးဒေသက အမျိုးသမီးတွေပါ။ မုံးကိုးဒေသဟာ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ (၂၀)ရက်နေ့မှာ အစိုးရတပ်မတော်နဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းမဟာမိတ်အဖွဲ့     (Northern Alliance Burma) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အရပ်သား(၄၀)ကျော် သေဆုံးခဲ့ကာ နေအိမ်ပေါင်း (၄၀)ခန့် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ […]

(၂)နှစ်ပြည့်ပေမယ့် ဝေးလွှင့်နေသေးတဲ့ ဆရာမလေးနှစ်ဦးအတွက် အမှန်တရားပေါ်ပေါက်မှုနဲ့ တရားစီရင်ရေး

ကချင်မလေး (ရန်ကုန်)။       ။ “အခုဆို ၂ နှစ်တောင်ပြည့်တော့မယ်…ဘာတရားမျှတမှုမှလည်း မရသေးဘူး…အသင်းတော်က ဆရာတွေ ကြိုးစားပေးနေတယ်လို့ ကြားပေမယ့် ဘယ်အခြေအနေဖြစ်နေပြီလဲဆိုတာ ကျမတို့ကို ဘယ်သူကမှ ရေရေရာရာ မပြောပြကြပါဘူး…ကျွန်မတို့လည်း မမေးရဲပါဘူး” လို့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ ကောင်း ခါးကျေးရွာမှာ အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက်အသတ်ခံခဲ့ရတဲ့ ကချင်ဆရာမလေးနှစ်ဦးမှ ဆရာမ တန်ဘောင်ခေါန်နန်စင်ရဲ့မိခင် ဒေါ်မရစ်လုဘူဟာ စကားပြောရင်း စီးကျလာတဲ့ မျက်ရည်ကို သုတ်ရင်း အသံတိုးဝင် သွားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်ရင် တရားဥပဒေစိုးမိုး သော တိုင်းပြည်အဖြစ်ပြောင်းလဲကာ ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရတဲ့ သမီးလေးအတွက် အမှုမှန်ဖော် ထုတ်နိုင်မယ်လို့ မျှော်လင့်ချက်များစွာထားခဲ့ပေမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေး ကာလတွင် မေးခွန်းတခုမေးခဲ့စဉ် ရရှိဖူးတဲ့တုန့်ပြန် မှုတခုကိုလည်း […]

အမျိုးသမီးနဲ့ ကလေးတွေအတွက် ကန္တာရထဲက အိုအေစစ် (သို့မဟုတ်) SAW အဖွဲ့တည်ထောင်သူ ဒေါ်အေးအေးမာ

မလိခ။              ။ “တိုင်းပြည် တပြည်လုံးကို ကိုယ်မကယ်နိုင်တဲ့ အခါကျတော့ ငါနိုင်သလောက်လေးဘဲ ကယ်မယ်ဆိုပြီးတော့ လုပ်လိုက်တာ။ ဒါဘဲ။ ဒီကလေးဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် နိုင်သလောက် ကယ်မယ်ပေါ့။ ကိုယ့်လုပ်ရပ်က တော့ ကြီးကြီးမားမားကြီး စွမ်းဆောင်နိုင်ခဲ့တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်က ဘယ်နှစ်ယောက်ရရ၊ စိတ် ပိုင်းဆိုင်ရာရရ၊ ရုပ်ပိုင်းဆိုင်ရာရရ၊ ကူညီမယ်ဆိုတဲ့စိတ်ကို မွေးပစ်လိုက်တာ” ထိုင်းနိုင်ငံရဲ့ လူမှုထူးချွန်ဆု ချီးမြှင့်ခံရတဲ့ VOA သတင်းထောက် ဒေါ်အေးအေးမာက လူမှုလုပ်ငန်းတွေ လုပ်ရ တဲ့အကြောင်းရင်းကို ပြောပြနေတာပါ။ မဲဆောက်မြို့က ဒုက္ခရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးနဲ့ ကလေးတွေကို ကူညီစောင့် ရှောက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် သူ့ကို ထိုင်းအစိုးရရဲ့ လူမှုဖွံ့ဖြိုးရေးနှင့် လူ့အရင်းအမြစ်ဌာနကနေ လူမှုထူးချွန်ဆု ချီးမြှင့်ခဲ့ပါတယ်။ အဲဒီဆုကို ဒီဇင်ဘာလ (၉)ရက်နေ့မှာ ထိုင်းတော်ဝင်မိသားစုမှ ထိုင်းဘုရင်၏ […]

ပဋိပက္ခကြားက ပြည်သူ့သံတမန် (သို့မဟုတ်) ကရင်အမျိုးသမီး သူကြီးမ နော်လိုဝါး

ကချင်မလေး၊ ရန်ကုန်။ “မြန်မာစစ်တပ်ဘက်က စစ်ကြောင်းလာနေပြီ၊ ဒီဘက်က ကေအန်ယူကလည်း ပစ်ဖို့အဆင်သင့်ဖြစ်နေပြီတဲ့၊ ကြားမှာက ..ငါတို့ရွာကလေး” ပြီးတော့….. “စစ်တပ်ကပြောတယ်၊ ဟိုဘက်မှာ ငပွေးတွေရှိတယ်၊ စစ်ဖြစ်တော့မယ်၊ နင်တို့ရွာကို ဒုက္ခပေးတော့မယ်ဆိုတော့ ငါက စစ်မဖြစ်အောင် (၄)လသားကလေးကို သူ့အဖေနဲ့ထားခဲ့ပြီး ကေအန်ယူကို မပစ်ဖို့ သွားတောင်းပန်မယ်ဆို ပြီး တောထဲကို တယောက်ထဲ ထွက်သွားလိုက်တယ်” ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တဂေးကျေးရွာကို (၁၄)နှစ်တိုင်တိုင် ရွာသူကြီးမအဖြစ် အုပ်ချုပ်လာ တဲ့ နော်လိုဝါးက သူ့အတွေ့အကြုံတချို့ကို ပြန်ပြောပြနေတာပါ။ ခုနက အဖြစ်အပျက်ကို ဆက်ပြောရာမှာတော့ KNU ကို သွားတွေ့ပေမယ့် သူတို့က အတွေ့မခံခဲ့ဘူးလို့ ပြောပါ တယ်။ “မြန်မာစစ်တပ်ကိုလည်း မတွေ့ဘူးလို့ ဘယ်ပြောရဲမလဲ” ထိုသို့ပြောလိုက်လို့ လှမ်းပစ်လိုက်ခါမှ ရွာကိုထိမှာလည်း စိုးရိမ်တဲ့အတွက် စစ်တပ် […]

ပြည်နယ်တွေမှာလည်း အိမ်အလုပ်သမားတွေ နှိပ်စက်ညှင်းပမ်းမှုရှိနေ

ပစ်တိုင်းထောင်မ။                  ။ နေရာက ကယားပြည်နယ်လွိုင်ကော်မြို့…..။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ဥပဒေအရ အခမဲ့လိုက်ပေးနေတဲ့ ရှေ့နေရုံး (Law Home) မှာဖြစ်ပြီး ခုံတန်းအရှည်ပတ်လည်မှာ ထိုင်ခုံလေးတွေ ချထားတယ်။ ခုံတွေမှာ ထိုင်နေကြတဲ့ လူလေးငါးယောက်အထဲ မှာမှ ဆံပင်တိုတိုနဲ့အမျိုးသမီးတဦး။ သူနဲ့စကားပြောရင်းက ခြင်တွေကို လက်နဲ့ခါထုတ်ရင်း မေးတာတွေကို တောရောက်တောင်ရောက်ဖြေနေ ပုံက မူသိပ်မမှန်။ သူမဟာ အသက်(၂၀)ရှိပြီး လွိုင်ကော်မြို့ပေါ်ကို တောင်တွင်းကြီးကနေ အလုပ်လာလုပ် နေတာ ဖြစ်ပါတယ်။ သူ့ရွာကနေ လွိုင်ကော်ကို လာမယ်ဆိုရင် မနက်(၄)နာရီထ ကားစီးပြီး ညနေ(၅)နာရီမှ လွိုင်ကော်မြို့ကို ရောက်တယ်လို့လည်းဆိုပါတယ်။ သူ့ကိုအလုပ်လုပ်ဖို့လာခေါ်တုန်းက တလကိုကျပ်ငွေ(၃)သောင်းရမယ်ဆိုလို့ အလုပ်လာလုပ်တာလို့လည်း ပြောပါတယ်။ “အသက်(၂၀)၊ နာမည်ကမိထက်၊ ငါးမုန့်ကြော်တစ်နေ့ကို(၄)ပိဿာ ထုတ်ရတယ်။ မပြီးရင်မအိပ်ရဘူး။ တခါတလေကျရင်လည်း မုန့်ထုတ်ရင်းနဲ့မိုးလင်းရင်လည်းလင်းသွားတယ်။ မနက်မိုးလင်းတော့ သူတို့က […]