Home ဆောင်းပါး ဖျော်ရည်တိုက်ပြီး ကာမလိမ်လည်မှု အထောက်အထားမစုံသဖြင့် အခက်တွေ့နေ

ဖျော်ရည်တိုက်ပြီး ကာမလိမ်လည်မှု အထောက်အထားမစုံသဖြင့် အခက်တွေ့နေ

Hisilicon Balong

ကချင်မလေး(ရန်ကုန်)

ဆေးခပ်ထားတယ်လို့ ယူဆရတဲ့ ဖျော်ရည်တိုက်ပြီး ကာမလိမ်လည် ရယူပေါင်းသင်းရုံမက ပြည့်တန် ဆာအဖြစ် စေခိုင်းခံခဲ့ရတဲ့ (၉)တန်းကျောင်းသူလေးရဲ့အမှုကို တရားရုံးတင်နိုင်ခဲ့ပေမယ့် သက်သေ အထောက်အထားများ ပျောက်ဆုံးနေခြင်းက အခက်အခဲတွေ့စေပါတယ်လို့ ကူညီဆောင်ရွက်ပေးသူ များက ပြောပါတယ်။

ရဲအုပ်ဟန်ထွန်းအောင်လက်ထဲကို အပ်ခဲ့တဲ့ ပထမဆုံးသက်သေခံပစ္စည်းတွေဖြစ်တဲ့  သန်းကိုကိုမောင် ရဲ့ဖုန်း၊ အဝတ်အစားနဲ့ အချိုရည်ဗူးတွေဟာ ပျောက်သွားတယ်ဟု ဒီအမှုမှာ ကူညီနေတဲ့ ကိုဖိုးလုံးက ပြောပြပါတယ်။

ရဲရဲ့အမှုတည်ဆောက်မှုက အားရစရာမရှိဘူးလို့လည်း ရှေ့နေဖြစ်သူဦးရောဘတ်ဆန်းအောင်က ပြောပါ တယ်။

ဒီကောင်လေးကို ကူညီပေးတဲ့ အမေနဲ့အစ်မကလည်း အားပေးကူညီမှုထဲမှာ ပါတာပဲ။ ဒါပေမယ့် ရဲက အမှုကို ပြေလည်အောင် မတည်ဆောက်ပေးနိုင်တာပါ

တရားလိုဖြစ်သူ မိန်းကလေး၏မိခင်ကတော့ တရားစွဲအဖွဲ့အစည်းတွေ ရဲတပ်ဖွဲ့၊ အမှုစစ်၊ သက်ဆိုင် ရာ စခန်းမှူး၊ မြို့နယ်မှူးတွေက ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ ပုဒ်မတွေတပ်ပေးစေချင်တယ်လို့ ပြော ပါတယ်။

ဒီအမှုဟာ လွန်ခဲ့တဲ့လအတွင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်ပွားခဲ့စဉ်က လူမှုမီဒီယာတွေထဲမှာ ဟိုးလေး တကြော် ဖြစ်ခဲ့တဲ့အမှု ဖြစ်ပါတယ်။

သမီးတို့ Bee-talk ကတဆင့် သိကြတာပါလို့ သမီးလေးက ပြောပါတယ်။ တလခန့်အကြာ သူတို့ နှစ်ယောက် သမီးရည်းစားဖြစ်သွားပြီး အပြင်တွင် တွေ့ကြဖို့ ချိန်းဆိုခဲ့တယ်။ ထိုအချိန်မှာ သမီးလေး တွင် ဖုန်းတလုံးနှင့် ငွေတထောင်သာပါသွားခဲ့တယ်။ ဒီလိုနဲ့ လှည်းတန်းစင်တာရှေ့မှာတွေ့တယ်၊ သမီးကို နေပူတယ်။ အချိုရည်သောက်ဆိုပြီး ပေးတယ် အချိုရည်သောက်ပြီး ခေါင်းမူးတယ်၊ ဘာမှ သတိမရဘူးညနေပိုင်းသမီးလေးသတိပြန်ရလာချိန်တွင် မြောက်ဒဂုံရှိသန်းကိုကိုမောင်နေအိမ်မှာ ရောက်နေပြီး သူ့အမေက ထိုင်ကြည့်နေတယ်၊ သူ့အစ်မက ကြက်ဥကျော်နဲ့ ထမင်းကေျွးတယ်။ ပြီး တော့ အချိုရည်ထပ်တိုက်တယ်အဲဒီနောက်မှာတော့ သမီးလေးထပ်ပြီး အိပ်ပျော်သွားခဲ့တယ်။ နောက် နေ့မနက်(၉)နာရီလောက် ထပ်သတိရချိန်တွင် တည်းခိုခန်းတစ်ခုမှာ ရောက်နေတာကို သိလိုက်ရ တယ်။

၀၀ပုပုနဲ့ ဆံပင်ကို အနောက်မှာစည်းထားပြီး လက်ထဲမှာ ကားသော့ကိုင်ထားတဲ့သူတစ်ယောက် ဝင်လာတယ်၊ သမီးကလည်း မလုပ်ပါနဲ့လို့တားပေမယ့် ရုန်းနိုင်ဖို့ အားမရှိတော့ဘူး

မိခင်ဖြစ်သူက သမီးရဲ့အတွေ့အကြုံကို မျက်ရည်ကျလျက် ပြန်လည်ပြောပြခဲ့ပါတယ်။

မိဘများက စက်တင်ဘာလ (၅)ရက်နေ့ သမီးလေးပျောက်ပျောက်ချင်း လူပျောက်တိုင်ခဲ့တယ်။ (၇) ရက်နေ့ ရောက်ချိန်တွင် သန်းကိုကိုမောင်မှာ သမီးလေးမိဘများကို viber မှ တဆင့် ငွေတောင်းခဲ့ တယ်။ မိဘများက ကိုသူ၊ ကိုဖိုးလုံးနှင့် ကိုဖိုးကျော်ဆိုသူတို့အကူအညီဖြင့် ငွေကိုပေးမယ်လို့ ပြောပြီး ကန်ဘောင်တွင် ချိန်းဆိုခဲ့တယ်။ သက်ဆိုင်ရာရဲများနဲ့ ကန်ဘောင်မှာ သွားစောင့်ကြပါတယ်။

ဒါပေမယ့် သန်းကိုကိုမောင်မှတဆင့် (၈)မိုင်ပန်းခြံကို ထပ်ချိန်းဆိုပြန်တယ်။ အဲဒီနေရာကို ထပ်သွားရာ လမ်းတဝက်ကျော်ရောက်ချိန်တွင် မလာနိုင်ကြောင်းပြောပြန်တယ်။ ဒီလိုနဲ့ ATM ဖြင့်သာ လွဲပေးရန် ပြောလာသဖြင့် အကောင့်တောင်းခဲ့ရာမှ KBZ အကောင့်ဖြစ်နေသဖြင့် KBZ အကူအညီဖြင့် မြောက်ဒဂုံ City Mart ATM မှ ငွေထုတ်ယူမှု ပြုလုပ်ခဲ့ကြောင်း၊ ကဒ်ပိုင်ရှင်ကို စုံစမ်းရာ ATM ပိုင်ရှင်မှာ လှည်းကူး မှ သန်းကိုကိုမောင် အစ်မဖြစ်သူ၏ ရည်းစားဖြစ်နေကြောင်း သိရပါတယ်။

ထိုသူမှတဆင့် ညတွင်းချင်းပင် မြောက်ဒဂုံ၊ (၃၉)ရပ်ကွက်၊ သမာဓိလမ်းရှိနေအိမ်သို့ သွားရောက်မေး မြန်းခဲ့ရာ မိခင်ဖြစ်သူမှ ကလေးတွေ ဒီကိုမလာဘူး၊ မနက်ကျမှ ရှင်းပေးနိုင်မယ်၊ မနက်မှ လာရှင်း၊ ကျမတို့လည်း မသိဘူးလို့ ပြောလိုက်တယ်လို့ ကိုဖိုးလုံးက ဖြစ်စဉ်ကို ပြန်ပြောင်းပြောပြပါတယ်။ အဲဒီအချိန်မှာ အတူလိုက်ပါလာတဲ့ ကိုသူက ရဲကို နေ့လည် ၂နာရီက ပို့လိုက်တဲ့ ပိုက်ဆံ ၂သောင်းကို အစ်မတို့ATM က ထုတ်တဲ့အတွက် ရဲစခန်းခေါ်ပြီး စစ်ပေးပါလို့ပြောမှ သူ့သားရှိရာ တည်းခိုခန်းကို လိုက်ပို့ပေးခဲ့တယ်။ သမီးလေးကို (၈)ရက်နေ့ မနက်(၃)နာရီမှ ပြန်တွေ့ခဲ့ရတယ်။

(၉)ရက်နေ့မှာတော့ ဆေးစစ်ချက်ယူဖို့ရန် စခန်းမှူးတွေနဲ့အတူ ဆေးရုံအရေးပေါ်ကိုသွားခဲ့ကြတယ်။ ဆရာဝန်က မှုခင်းဖြစ်တဲ့အတွက် တရားသူကြီးရဲ့ လက်မှတ်တွေပါမှ စစ်လို့ရမယ်ဆိုလို့ နောက်တ ခေါက်ပြန်ယူပြီးလာရတယ်စစ်ရာတွင်လည်းသမီးလေး၏ ခန္ဓာကိုသာ စစ်ဆေးပေးခဲ့တယ်လို့ မိခင် က ပြောပြပါတယ်။

ဆေးဝါး တစုံတရာ သုံးထားခြင်းရှိမရှိ ရွာသာကြီး စိတ်ရောဂါဆေးရုံတွင် ဆေးစစ်မှုခံယူခဲ့သော်လည်း နောက်ကျသွားသည့်အတွက် အဖြေမရရှိခဲ့ကြောင်းလည်း မိခင်က ပြောပြပါတယ်။

သမီးလေးမှာ ယခုအချိန်အထိ တချက်တချက် စိတ်လွှင့်နေပြီး တစုံတခုကိုကြောက်ရွံ့နေသလို မျက် နှာတွင် အထင်းသားမြင်နေရတယ်။ ရပ်ကွက်ထဲမှာ ဘယ်လောက်ပဲစာနာတယ်ဆိုပေမယ့်လည်း ကွယ်ရာတော့ ပြောကြမှာပဲလို့ အမေဖြစ်သူက ပြောပါတယ်။ သမီးလေးမဟုတ်တဲ့ အမေတောင်မှ ပတ်ဝန်းကျင်က အကြည့်တွေက တော်တော်နေရခက်တယ်လို့ စိတ်မကောင်းစွာဖြင့် ပြောပြခဲ့ပါ တယ်။

လက်ရှိတွင် သန်းကိုကိုမောင်ကို ရာဇသတ်ကြီးပုဒ်မ(၃၇၆)နှင့် ပုဒ်မ(၃၆၃) အုပ်ထိန်းသူထံမှ ကလေး အား ခိုးယူမှု(၂)မှုဖြင့်သာ တရားရုံးတွင် တရားစွဲဆိုထားတယ်လို့ မိခင်ကပြောပါတယ်။

သန်းကိုကိုမောင်၏ facebook အကောင့်ဖြင့် ကျမသန်းကိုကိုမောင်အစ်မပါဆိုပြီး အချိုရည် တိုက်တော့ ဘာဖြစ်လဲ၊ ရောင်းစားတော့ရော ဘာဖြစ်လဲ၊ သတင်းထောက်ဖိုးဇော်ကိုလည်း သတင်း အမှား တင်တာတွေရပ်ဖို့အပြင် ကျူးလွန်ခံရသူမိသားစုမှ ငွေညစ်နေပါတယ်” ဆိုပြီးတင်ထားတဲ့ အပေါ် တဖက်မိသားစုမှ ဆက်သွယ်ရေးပုဒ်မ၆၆(ဃ)ဖြင့် ထပ်မံတင်ထားတယ်လို့ တရားလိုဖက်မှ ပြောပါတယ်။

Related Articles