Home ဆောင်းပါး ထမီအပေါ် အနုပညာအားဖြင့် ဘယ်လိုတုန့်ပြန်ကြသလဲ

ထမီအပေါ် အနုပညာအားဖြင့် ဘယ်လိုတုန့်ပြန်ကြသလဲ

ပန်းချီဆရာ ထင်လင်း လူမှုကွန်ယက်စာမျက်နှာ

ကောကော်။

̏ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဝတ်တဲ့ လုံချည်ကို အိမ်ရှေ့မှာ ထုတ်လှန်းရင် မယဉ်ကျေးဘူး လို့ ပတ်ဝန်းကျင်က ခံယူထားကြတယ်၊ အဲဒါကြောင့် ထမီတွေကို မတွေ့ရဘူးလို့ပြောတော့ သူမက ဟုတ် လားလို့ တအံ့တသြနဲ့ ပြန်မေးတယ် ̋

နိုင်ငံခြားသူ အမျိုးသမီးတယောက်ဟာ မြန်မာနိုင်ငံကို အလည်လာရင်း မြန်မာတွေရဲ့ နေအိမ်တွေမှာ ထုတ် လှန်းကြတဲ့အဝတ်တွေကို ဓာတ်ပုံလိုက်ရိုက်ရာကနေ ပုံတွေထဲမှာ အမျိုးသမီးလုံချည်ပုံတွေ မတွေ့ခဲ့တဲ့ အကြောင်းကနေ ဒီအစီအစဉ်ကို စခဲ့တယ်လို့ သူက ပြောပါတယ်။

သူကတော့ ပန်းချီဆရာ(ကို)ထင်လင်းဖြစ်ပြီး သူဟာ ပုံတူဆွဲခံမယ့် အမျိုးသမီးတွေဆီက ထမီအဟောင်းကို အလှူခံကာ အဲဒီထမီပေါ်မှာ အလှူခံသူရဲ့ပုံတူကို ရေးဆွဲပေးပါတယ်။ ပြီးတော့ ထမီမှာတပ်တဲ့ အထက်ဆင် ပေါ်မှာ ထမီဆိုတာ တခြားအဝတ်အစားတွေနဲ့ ဘာကွာခြားလဲ၊ အမျိုးသားတွေ ထမီအောက်ဝင်ရင် ဘုန်းနိမ့် သလား၊ ထမီကို အခြားအဝတ်အစားတွေနဲ့ ရောလျှော်သင့်လား၊ စတဲ့ ပုံတူဆွဲခံသူရဲ့ သဘောထားအမြင်ကို မေးမြန်းတဲ့ Skirting the Issue လို့အမည်ပေးထားတဲ့ ထမီတွေနဲ့ပါတ်သက်တဲ့အစီအစဉ်တခုပြုလုပ်နေ ပါတယ်။

ဒီလို ထမီနဲ့ပါတ်သက်တဲ့ အနုပညာအစီအစဉ်လေး ပြုလုပ်တာဟာ တော်လှန်တာ မဟုတ်ဘဲ မြန်မာ့အသိုင်း အဝိုင်းက လူတွေရဲ့အကြောင်းကို ပိုမိုသိလိုတဲ့အတွက် ဖြစ်တယ်လို့ သူကပြောပါတယ်။

̏ လုံချည်အဟောင်းပေါ်မှာ ပုံတွေဆွဲပြီး လူတွေရဲ့အကြောင်းကို သိချင်တယ်၊ ကိုယ်ကတော့ အဲဒီလို အယူ အဆမရှိဘူး၊ ဘယ်လိုလူတွေက လက်ခံပြီး ဘယ်လိုလူတွေက လက်မခံဘူးဆိုတာကို သိချင်တာ၊ ဒါကြောင့် ဒါကို အသားပေးလုပ်လိုက်တာ၊ ကိုယ်ကတော့ ဘာမှဝင်မပြောဘူး၊ ပါဝင်သူတွေက သူတို့ဖာသာသူတို့ လက်ခံထားကြတာ၊ ပြီးတော့ ဒီကိစ္စကိုမေ့ထားကြတာ၊ ဒါကိုထလုပ်လိုက်တော့ အမျိုးမျိုးပြောလာကြ တာပေါ့ ̋

ပန်းချီဆရာ ထင်လင်း လူမှုကွန်ယက်စာမျက်နှာ

ပန်းချီဆရာ(ကို)ထိန်လင်းရဲ့ Skirting the Issue လို့အမည်ပေးထားတဲ့ ထမီတွေနဲ့ပါတ်သက်တဲ့အစီအစဉ် ကြော်ငြာထားတဲ့ လူမှုကွန်ယက်စာမျက်နှာအောက်မှာတော့ အမျိုးမျိုးသော ထင်မြင်ယူဆချက်နဲ့ သုံးသပ် ချက်တွေကို ပြောဆိုနေကြပြီး အမျိုးသမီးအများစုက စိတ်ဝင်စားမှုများ ရှိတာကို တွေ့ရပါတယ်။

တချို့က သမရိုးကျအမြင်များမှ ဖောက်ထွက်ရန်ကြိုးစားနေပေမယ့် အစဉ်အလာထဲမှာ အသားကျနေတဲ့အ တွက် ယောကျ်ားအဝတ်အစားတွေနဲ့ အတူရောပြီး လျှော်ဖွတ်ဖို့ရာ အားနာနေသေးပြီး တချို့မှာလည်း ဘုန်း ကြီးခြင်းနဲ့ ဘုန်းနိမ့်ခြင်းတို့ဟာ ထမီတွေနဲ့ မသက်ဆိုင်ဘဲ တဦးချင်းစီရဲ့ကိုယ်ကျင့်တရားနဲ့သာ သက်ဆိုင် တယ်လို့ ယူဆကြောင်း ထင်မြင်ချက်ပေးကြပါတယ်။

̏ တကယ်တမ်း အနုပညာက လုပ်နိုင်တာက လူ့အဖွဲ့အစည်းထဲမှာ ဘာလုပ်နေလဲ၊ ဘာဖြစ်ခဲ့သလဲ၊ အဲဒါနဲ့ ပါတ်သက်ပြီး အကောင်းဆုံး တုံ့ပြန်နိုင်မယ်။ အနုပညာနဲ့ တုံ့ပြန်တဲ့အခါမှာ ပိုပြီး ထင်ရှားပေါ်လွင်လာမယ်၊ လူ့အဖွဲ့အစည်းထဲမှာ အနုပညာရဲ့ အခန်းကဏ္ဍက အဲဒါပဲ ̋

အနုပညာသမားဖြစ်တဲ့အတွက် အနုပညာအမြင်သဘောထားကို တင်ဆက်ခြင်းသာဖြစ်တယ်လို့ (ကို)ထိန် လင်းက ပြောပါတယ်။

အနောက်နိုင်ငံနဲ့ အာရှနိုင်ငံများမှာ ကျား၊မဖြစ်တည်မှု အတွေးအခေါ်ဓလေ့များ ကွာခြားတာကို တွေ့ရပြီး မြန်မာနိုင်ငံရဲ့ အမျိုးသမီးများအပေါ် ကန့်သတ်ထားတဲ့ အယူအဆများကို သူကပြောပါတယ်။

̏ အနောက်နိုင်ငံမှာဆို အမျိုးသားနဲ့အမျိုးသမီးတွေ ဆက်ဆံရေးက တန်းတူပဲ၊ သူတို့ခေါင်းထဲမှာ တန်းတူရေး က ခိုင်ခိုင်မာမာရှိနေပြီးသားလို့ ခံစားရတယ်၊ အမျိုးသမီးဖြစ်နေလင့်ကစား လွတ်လပ်မှုရှိတယ်၊ ယောကျ်ား ရယ် မိန်းမရယ် တူတူပဲဆိုတာ သူတို့ခံယူထားပြီးသား၊ ဒီမှာကတော့ နေရာတိုင်းမှာ ရှိနေတုန်းပဲ၊ ဥပမာဆို ရင် ဘာသာရေးဖက်မှာ အမျိုးသမီးတွေကို မဝင်ရ၊ မတက်ရဆိုတာမျိုးတွေကို ကန့်သတ်ထားတာ ̋

လူမှုအဖွဲ့အစည်းက အစည်းအဝေးပွဲများ၊ ပွဲလမ်းသဘင်များမှာ အမျိုးသမီးများကို ပါဝင်စေခြင်းတို့အတွက် မေ့လျော့နေတတ်ကြပြီး၊ အမျိုးသမီးများ ပါဝင်နိုင်ဖို့ရာ ကြိုတင်စဉ်းစားထားကြဖို့ လိုအပ်သလို အရေးကြီး ကြောင်း သူ့ရဲ့အမြင်ကို ဆက်လက်ပြောပြခဲ့ပါတယ်။

̏ တမင်မေ့တာတော့မဟုတ်ဘူး၊ တနေရာသွားတော့မယ်ဆို ထစ်ကနဲ့ဆို ဒီလူ့ကိုခေါ် ဒီလူ့ကိုခေါ်နဲ့  ဒီမှာ ကျွန်တော်က အမြဲသတိပေးရတယ်၊ ဒီထဲမှာ မိန်းကလေးမပါသေးဘူး၊ ခေါ်ရမယ်ပေါ့၊ ကျွန်တော်တို့ ပန်းချီ အသိုင်းအဝိုင်းထဲမှာလည်း ရှိပါတယ်၊ ရာခိုင်နှုန်းအရတော့ နည်းတာပေါ့၊ အခုနောက်ပိုင်း လူငယ်တွေမှာ အမျိုးသမီးတွေ ပါဝင်လာတာတွေတော့ ရှိနေပါပြီ ̋

ပုံတူလာဆွဲတဲ့ အမျိုးသမီးများအနေနဲ့  ပုံတူဆွဲခံပေမယ့် အမည်မဖော်လိုခြင်း၊ သူမတို့ရဲ့လုံချည်များနဲ့ ယောကျ်ားတွေရဲ့အဝတ်များ ရောနှောလျှော်ခြင်းကို လက်မခံခြင်း၊ သူမတို့အမျိုးသားများရှေ့မှာ အဝတ်ခွဲ လျှော်ပေမယ့် ကွယ်ရာမှာတော့ ရောနှောလျှော်ကြခြင်းတွေရှိတယ်လို့ ပြန်လည်ကြားသိရပါတယ်။

 

Related Articles