Home သတင်း Startex သိုးမွှေးစက်ရုံမှ ကိုယ်ဝန်ဆောင်အပါအဝင် အလုပ်သမ ၄ ဦးအလုပ်ထုတ်ခံရ

Startex သိုးမွှေးစက်ရုံမှ ကိုယ်ဝန်ဆောင်အပါအဝင် အလုပ်သမ ၄ ဦးအလုပ်ထုတ်ခံရ

ဓါတ်ပုံ – ကောကော်

ကောကော်။              ။

ရွှေပြည်သာမြို့နယ်၊ Startex သိုးမွှေးနှင့် အထည်စက်ရုံတွင် သိုးမွှေးချုပ်စက်ရုံမှ အလုပ်သမအချင်းချင်းစကားများကြရာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အလုပ်သမ ၄ဦးအလုပ်ကနေ ထုတ်ပစ်ခြင်းကို ခံခဲ့ရကြောင်း သတင်းရရှိသည်။

῝အလုပ်သမားတွေ ရန်ဖြစ်နေတဲ့အချိန်မှာ ကျမက ဝင်ပြီးတားတာ အဲလိုဝင်တားနေတဲ့အချိန်မှာ ကျမကို တံတောင်ဆစ်နဲ့ ထိုးလိုက်တယ်῎ လို့ Startex သိုးမွှေးစက်ရုံမှ ကိုယ်ဝန်သည်အလုပ်သမား ဖြစ်သူ မခင်သန်းဦးက ပြောပါသည်။ အရိုက်ခံရသူနှင့် ဝင်ရောက်ဖျန်ဖြေပေးသူတို့ကို အလုပ်မှ ရပ်နားစေခြင်းနှင့် လျော်ကြေးမပေးခြင်းမှ အစပြုကာ အလုပ်သမများ အခွင့်အရေး နစ်နာဆုံးရှုံးမှုများ ရှိခဲ့တယ်လို့ လက်ရှိ အလုပ်မှ (ရပ်နားခြင်းမခံရပေမဲ့) နစ်နာသူတွေအတွက် လိုက်လံအကျိုးဆောင်ပေးသူ မဖြူဖြူဝင်းက ပြောဆိုသည်။

အလုပ်သများ အခွင့်အရေးချိုးဖောက်မှုများ ခံနေရသည့် သတင်းများထွက်နေချိန်တွင် ယခုလို အခြေအနေမျိုး ဖြစ်အောင်ဖန်တီးပြီး အလုပ်ထုတ်ပစ်လိုက်သည့်အထိ ဖြစ်လာခြင်း ဖြစ်နိုင်ကြောင်း ၎င်းက မှတ်ချက်ပြုပြောဆိုသည်။

အဓိကအကြောင်းရင်းမှာ အလုပ်သမားတွေကို လျော်ကြေးမပေးချင်သော အခြေအနေကစပြီး အလုပ်သမားတွေ အလုပ်ထွက်သွားအောင် ပြုလုပ်နေသော လမ်းစဉ်ဟု ၎င်းတို့ကို အကူအညီပေးနေသော သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့(ယာယီ)မှ အမှုဆောင်အရာရှိဖြစ်သူ မမျိုးမျိုးအေးက သုံးသပ်ပြောဆိုသည်။

ယခုတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အလုပ်သမ ၄ဦးအတွက် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့(ယာယီ)မှ ဥပဒေအရ တရားစွဲဆိုထားကြောင်း သိရပါသည်။

ဓါတ်ပုံ- စက်ရုံအလုပ်သမားအမျိုးသမီးတဦး 

῝ဒါက ဂုဏ်သိက္ခာရှိတဲ့လုပ်ငန်းရှင်ဖြစ်ဖို့လိုတယ်၊ ဘယ်နိုင်ငံက လာတာပဲဖြစ်ဖြစ် မြန်မာနိုင်ငံက ထုတ်ပြန်တဲ့ဥပဒေကို လိုက်နာဖို့လိုတယ်၊ လူသားမှု စာနာထောက်ထားဖို့လိုတယ်၊ စိတ်ဒဏ်ရာ ဖြစ်စေတဲ့ကိစ္စတွေ ကို လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို ဆက်လုပ်နေမယ်ဆိုရင်တော့ ကောင်းမွန်သော လုပ်ငန်းရှင်မဟုတ်ဘူး῎

အလုပ်သမားများ အလုပ်ခွင်ထဲတွင် ချိုးဖောက်ခံနေရမှုများ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများတွင် ကူညီပေးနိုင်သော အပြင်က အဖွဲ့အစည်းကို လာရောက်တိုင်ကြားသော်လည်း ထိထိရောက်ရောက် အရေးယူနိုင်သော ဥပဒေမရှိသေးသဖြင့် ဥပဒေများရေးဆွဲရန်လိုသည်ဟု မမျိုးမျိုးအေးက အကြံပြုပြောဆိုသည်။

ထို့အပြင် အလုပ်ထုတ်ခြင်းမခံ ရသော်လည်း လိုက်ပါကူညီဆောင်ရွက်ပေးနေသော ကျန်အလုပ်သမများ၏ လုံခြုံရေးအတွက် စိတ်ချမှု မရှိခြင်း၊ အလုပ်ခွင်ထဲတွင် နောက်ထပ် ဖိအားပေးတာမျိုးလည်း ရှိနေနိုင်ကြောင်း ၎င်းက ပြောပါသည်။

ကိုယ်ဝန်သည် အလုပ်သမားဖြစ်သူ မခင်သန်းဦးမှာလည်း အလုပ်လုပ်စဉ်တွင် လူမှုဖူလုံရေးဆေးပေးခန်းသို့ သွားရသည့်အခွင့်အရးရသေည်လည်း ယခုအချိန်တွင် အလုပ်မှ ထုတ်ပယ်ခြင်းကို ခံရသည့်အတွက် ဆေးပေးခန်းသို့ မသွားနိုင်တော့သည့်အပြင် အလုပ်လက်မဲ့ဖြစ်သွားသည့်အတွက်လည်း ဆုံးရှုံးမှုများရှိခဲ့သည်လို့ ပြောပါသည်။

Startex သိုးမွှေးစက်ရုံသည် သိုးမွှေးအပြင် အထည်များကို ချုပ်လုပ်ဖြန့်ဖြူးနေသည့် စက်ရုံဖြစ်ကာ လွန်ခဲ့သော ၂၀၁၂တွင်လည်း လုပ်ခလစာနည်းပါးမှုကြောင့် ထောင်ချီသောအလုပ်သမများ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါသည်။ ၎င်းသိုးမွှေးစက်ရုံမှ အော်ဒါများများမရှိတော့တဲ့ အခါ အထည်ချုပ်ဖက်သို့ အကူအဖြစ်ပြောင်းလုပ်စေခဲ့ပြီး အထည်ကြေးနှင့် ကျွမ်းကျင်လုပ်ခများ၊ ရှားပါးစရိတ်များကို ထုတ်ပေးခဲ့ခြင်းမရှိခဲ့ဘူးဟုလည်း သိရပါသည်။

Related Articles