Home Author
Author

Administrator

  • “သူက ညီမလေးကို ခြိမ်းခြောက်တယ်။ တခြားသူကိုပြောပြရင် သတ် မယ် လိုပြောတော့ ညီမလေးက ဘယ်သူကိုမှ မပြော ရဲတာ။ သူများကို ပြောပြရင် တာဝန်မယူဘူး။ မပြောပြရင် တာဝန် ယူမယ် လို့ပြောတယ်။ ဘယ်သူကိုမှ မပြောပြရင် ကျောင်းပြီးတဲ့အထိစောင့်ပြီး တာဝန်ယူမယ်လို့ပြောတယ်။ အခုကျတော့ သူက တာဝန်မယူနိုင်ဘူးတဲ့”

  • ဘာသာတရားကို ကြောင်းပြု၍ တိုင်းပြည်နှင့် ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုးပိနေသင့်ပါသလား စသဖြင့်အတွေးခြေဆန့်သွားပါသည်။

  • “ရဲက ကျင့် (ကျင့်ထုံး ဥပဒေ) ၁၅၄ အရ အမှုမဖွင့်သေးရင်တောင် ရဲလက်စွဲ ၁၇၆၄ အရ မိဘအုပ်ထိန်းသူ မပါသေးရင်တောင် ရှေးဦးပြုစုနိုင်ဖို့ ဆေးရုံပို့ ကူညီတဲ့အနေနဲ့ ပို့ဆောင်သလား မေးရမှာဖြစ်ပါတယ်။ အဲဒီအချက်တွေ တစ်ခုမှ မလုပ်ခဲ့ပဲ ဒီအတိုင်း ပြန်လွှတ်ရင်တော့ ရဲမှားတယ်လို့ပဲ ဖြေပါရစေ”

  • အမျိုးသားတစ်ယောက်ယောက်က နည်းလမ်းမကျတဲ့အရာ တခုခုကို ပြောဆိုနေရင်၊ လုပ်ကိုင်နေရင်၊ အဲဒီလိုပြောတတ်ကြပါတယ်။ “မိန်းမကြီးကျနေတာပဲ၊ တဗျစ်တောက် တောက်နဲ့ပြောနေလိုက်တာ” “ထမီဝတ်ထားပါလား” စတဲ့စတဲ့ စကားတွေကို ကြည့်ရင် အသုံးမကျသော ဒါမှ မဟုတ် အမှားလုပ်သော ယောက်ျားများဟာ မိန်းမနဲ့တူတယ်လို့ ဆိုလိုနေတာ မဟုတ်ပါလား။

  • မြန်မာနိုင်ငံမှာ စကားတွေကအစ အမျိုးသမီး တွေကို နှိမ့်ချတန်ဖိုးဖြတ်ထားတာတွေ အတော်များများရှိပါတယ်။ “ မိန်းမကျင့်မိန်းမကြံနဲ့ မကောက်ကျစ်ချင်နဲ့” ဆိုတာမျိုး…။ လောကမှာကောက်ကျစ်တဲ့မိန်းမတွေရှိနိုင်သလို ကောက်ကျစ်တဲ့ ယောကျ်ားတွေလည်းအများကြီး ရှိပါတယ်။

  • လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် နိုင်ငံတကာဥပဒေအရ သတ်မှတ်နိုင်သည်ဖြစ်စေ၊ မသတ်မှတ်နိုင်သည်ဖြစ်စေ၊ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားခဲ့ သော အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့မှုများနှင့်အတူ ရိုဟင်ဂျာဖြစ်စေ၊ ဘင်္ဂါလီဖြစ်စေ၊ စစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ဓများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူအမျိုးသမီးများ၏ တရားမျှတမှု ရရှိရေး၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ဖော်ထုတ်နိုင်ရေးအတွက် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း တင်ပြအပ်ပါသည်။

  • အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေး လိုအပ်ချက် များကြားတွင် နှစ်ဖက်စစ်ခေါင်းဆောင်များ လက်ဆွဲနှုတ်ဆက်နေရုံဖြင့် ပြည်သူလူထုမှ လိုအပ်နေသော တရား မျှတမှုများ အလိုအလျောက်ရရှိလာမည် မဟုတ်ပေ။

  • မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က အမျိုးသမီးတွေအတွက် ပြည့်စုံလုံလောက်ပြီး အာမခံချက်ရှိတဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ ကျူးလွန်နေ တဲ့အကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးမယ့် ဥပဒေတစ်ရပ် ခိုင်ခိုင်မာမာ ပေါ်ထွက်လာဖို့ လိုအပ်သလို ဥပဒေ တရပ်ထွက်ပေါ်လာပြီဆိုရင်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများအနေနဲ့လည်း တကယ်လိုက်နာ ကျင့်သုံးမှုရှိလာအောင် အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေကို အမှန်တကယ်အကာအကွယ်ပေးနိုင်တဲ့ စိတ်ချ ယုံကြည်ရတဲ့ တရားရေးစနစ်တခုဖြစ်ပေါ်လာဖို့ကိုလည်း စောင့်ကြည့်ပေးတာမျိုး၊ တွန်းအားပေးတာမျိုး ပြုပြင် ပြောင်းလဲရေးအတွက် ဝိုင်းဝန်းပံ့ပိုးကြတာမျိုး လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။

  • အခုလို ဝန်ကြီးချုပ် တစ်ယောက်က ပြောလိုက်တဲ့အချိန်မှာ “အကြမ်းဖက်မှုကို အားပေးတယ်” ဆိုတာထက် ကျော်လွန်ပြီး စဉ်းစားစရာတွေ အများကြီးထွက်ပေါ်လာပါ တယ်။
    ဒီစကားရဲ့ နောက်ခံအယူအဆကို သေချာဆန်းစစ်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေကို အမျိုးသားတွေက ပိုင် ဆိုင်တယ်၊ မိန်းမတစ်ယောက်ဟာ ယောက်ျားရသွားမှ အဆင်ပြေမယ်၊ လုံခြုံမယ်ဆိုတဲ့ “ မိန်းမတွေကို အိမ်၊ ခြံ၊ ကားစတဲ့ ရုပ်ဝတ္ထုပစ္စည်းများကဲ့သို့” ပိုင်ဆိုင်မှု သတ်မှတ်ချက်ကို ထင်းထင်းကြီးတွေ့ရပါမယ်။