ဒီနေ့ မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဦးဆောင်ပြီး ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုများ ရပ်တန့်ရေး ဆွေးနွေးပွဲစကားဝိုင်း အစီအစဉ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာ ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က မူဝါဒရေးရာဦးဆောင်ကော်မတီဝင် မတင်တင်ညိုက Moderator(စကားဝိုင်းဦးဆောင်ပံ့ပိုးဆွေးနွေးသူ)အနေနဲ့ ပါဝင်ခဲ့ပြီး ဆူဝမ်နမစ်ဖောင်ဒေးရှင်းမှ နော်ခုဖော၊ လွှတ် တော်ကိုယ်စားလှယ်၊ တောင်သာမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) မှ ဦးဝိုင်းချစ်အောင်နဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ တွဲဘက်အထွေထွေအတွင်းရေးမှုး- ၁ မဝေဝေလှိုင်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုများ တိုးပွားလာသည့် အခြေအနေများအပေါ် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံ ဆွေးနွေး အဖြေရှာရန်နှင့် ထိုင်း-မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသော ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအခြေအနေများအား မိတ် ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ အမျိုးသမီးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ လူငယ်ခေါင်းဆောင် များ၊ တက်ကြွလှုပ်ရှားသူများ နှင့် ကဏ္ဍအသီးသီးတွင် တက်ကြွစွာပါဝင်နေကြသူများ စုစည်းပြီး “ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုများ ရပ်တန့်ရေး” ဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲစကားဝိုင်းကို ကဏ္ဍအသီးသီးမှအမျိုးသမီး၊ အမျိုးသား ၉၀ ဝန်းကျင်ခန့် တက်ရောက်ဆွေးနွေးခဲ့ပြီး မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏လှုပ်ရှားဆောင်ရွက်မှုများကိုမျှဝေခဲ့သလို Honest Information ( HI ) အမျိုးသမီးသတင်းစာမျက်နှာကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ တက်ရောက်လာသူများကလည်း ဂျဲန်ဒါအခြေ ပြုအကြမ်းဖက်မှုအခြေအနေများအား မေးခွန်းများမေးမြန်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။