Home သတင်း ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးကြောင်း BWU ထုတ်ပြန်

ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးကြောင်း BWU ထုတ်ပြန်

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ တစ်လအတွင်းအမျိုးသမီး ၆၆ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်တဲ့စာရင်းမှာဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းဖြင့်‌ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၄၅)ဦး၊ ပြည်သူတွေရဲ့ ရွာနဲ့ နေအိမ်တွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် (၁၁) ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် ( ၂ ) ဦး၊ အကျဉ်းထောင်တွင်း ဆေးကုသမှုမရရှိခြင်းကြောင့် (၁) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၇) ဦး အသက်သေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။

အသက်ဆုံးရှုံးခဲ့တဲ့ အမျိုးသမီး (၆၆) ဦးအနက် (၁၃) ဦးဟာ အသက် (၁၈) နှစ်အောက် အမျိုးသမီးငယ်တွေဖြစ်ပါ တယ်။

ဖေဖော်ဝါရီလအတွင်း အသက်ဆုံးရှုံးခဲ့တဲ့ အမျိုးသမီးဦးရေဟာ စစ်ကိုင်းတိုင်းဒေသကြီးမှ (၂၁ ) ဦး၊ ရှမ်းပြည်နယ် နဲ့ မကွေးတိုင်းဒေသကြီးမှ (၉)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၈)ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် (၄၁) ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၂၁) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၅) ဦးနဲ့ အကြောင်းမဲ့ရိုက်နှက်ခံရခြင်းကြောင့်( ၁) ဦးစုစုပေါင်း အမျိုးသမီး (၆၈) ဦး လည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ BWU ရဲ့ အထွေထွေအတွင်းရေးမှုး ( ၂ ) မယဉ်မျိုးလှိုင်က ပြောပါ တယ်။

“အမျိုးသမီးတွေက စစ်ပဋိပက္ခကြားထဲမှာ အကြမ်းဖက်မှုတွေနည်းမျိုးစုံနဲ့ ခံနေရတာတွေရှိတယ်။  အကြမ်းဖက် မှုတွေခံနေရတဲ့ကြားထဲကပင်  ဒီလို အသက်ဆုံးရှုံးမှုတွေကကြုံနေရတဲ့ဟာတွေကို  အများသိအောင် ထုတ်ဖော် ပြောဆိုပေးတာဖြစ်တယ်။ ဒီလိုမျိုးပြောဆိုရတဲ့ အကြောင်းအရင်းကလည်း နစ်နာသွားတဲ့အမျိုးသမီးတွေအတွက် တရားမျှတမှုတွေရရှိအောင် လုပ်ဆောင်ပေးဖို့လိုအပ်နေသေးတယ်ဆိုတာမီးမောင်းထိုးပြချင်တာလည်းပါတယ်” လို့ သူကပြောပါတယ်။

ထုတ်ပြန်ထားတဲ့အချက်အလက်တွေဟာ တိကျခိုင်လုံတဲ့သတင်းမီဒီယာအချက်အလက်နဲ့ မြေပြင်မှရရှိတဲ့ အချက်အလက်တွေကို စုဆောင်းမှတ်တမ်းတင်ထားတာ ဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂကဆိုပါတယ်။

Author:

Related Articles