Home သတင်း ကျောက်တော်မြို့က ကုရ်အာန်ကျမ်းအာဂုံဆောင် ဘွဲ့လက်မှတ် အမျိုးသမီးလေးဦးရရှိ

ကျောက်တော်မြို့က ကုရ်အာန်ကျမ်းအာဂုံဆောင် ဘွဲ့လက်မှတ် အမျိုးသမီးလေးဦးရရှိ

ဖေဖော်ဝါရီ ၂၀ ရက်နေ့က ရခိုင်ပြည်၊ ကျောက်တော်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကုရ်အာန်ကျမ်း အာဂုံဆောင်ဘွဲ့ လက်မှတ် ချီးမြှင့်ပွဲမှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးလေးဦး ရရှိခဲ့တယ်လို့ သိရပါ တယ်။

အခုပြုလုပ်တဲ့ ဘွဲ့လက်မှတ်ချီးမြှင့်ပွဲမှာ ကုရ်အာန်ကျမ်း အာဂုံဆောင်နိုင်သူ ၁၃ ဦးကို ဘွဲ့လက်မှတ်ချီးမြှင့်ခဲ့တာ ဖြစ်ပြီး အဲဒီအထဲက လေးဦးဟာ အမျိုးသမီးတွေဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အစစအရာရာခက်ခဲနေတဲ့ အချိန်ဖြစ် ပေမယ့် ကုရ်အာန်ကျမ်းအာဂုံဆောင် ဘွဲ့လက်မှတ်ရဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်လို့ ဘွဲ့ရအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကျမတို့အတွက် အစဉ်မပြတ် သင်ကြားခွင့်ရဖို့ ခက်ခဲပါတယ်။ မဖြစ်နိုင်ဘူးလို့ ပြောတဲ့သူတွေလည်း အများကြီး ရှိခဲ့ပေမယ့် ဘုရားရှင်က ကျမတို့ကို လမ်းပြတယ်” လို့ သူကပြောပါတယ်။

မည်သည့်အရာမဆို အမျိုးသမီးတွေထက် အမျိုးသားတွေကို ပိုမိုအခွင့်အလမ်းဖန်တီးပေးထားတဲ့ အစ္စလာမ်ဘာ သာဝင်တွေထဲမှာ အခုလိုအမျိုးသမီးတွေ ကုရ်အာန်ကျမ်းအာဂုံဆောင်နိုင်တာကို အရမ်းဂုဏ်ယူမိတယ်လို့ ဘွဲ့ရ အမျိုးသမီးငယ်တစ်ဦးရဲ့ မိခင်က ပြောပါတယ်။

Author:

Related Articles