Home ဆောင်းပါး စိမ်ခေါ်မှုပေါင်းများစွာကို ကြံ့ကြံ့ခံနိုင်ဖို့ အင်အားတွေ အများကြီးမွေးရပါတယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းကောင်ခမ်း

စိမ်ခေါ်မှုပေါင်းများစွာကို ကြံ့ကြံ့ခံနိုင်ဖို့ အင်အားတွေ အများကြီးမွေးရပါတယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းကောင်ခမ်း

နန်းဆိုင်နွမ်။                ။

မကြာမီ ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီး (၈) ခု တွင် ကျင်းပမည်ဖြစ်သည်။

ထိုပြည်နယ်နှင့် တိုင်းများမှာ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ရန်ကုန်တိုင်းတို့မှ (၁၉) နေရာ ဖြစ်သည်။

ထိုနေရာများတွင် ပါတီ (၂၄) ပါတီ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း (၉၆) ဦး ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် (၁၇)ဦးသာ ဝင်ရောက်ယှဉ်ပြိုင် မည်။

လက်ရှိတွင် မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့ နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လောင်း ဒေါ်နန်းကောင်ခမ်းကို အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး၏ မဲ ဆွယ်စည်းရုံးရေး အခက်အခဲနှင့် စိမ်ခေါ်မှုများကို ဆက်သွယ်မေးမြန်းထားပါသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ပါတီကိုယ်စားလှယ်အဖြစ် ဝင် ရောက်အရွေးခံမည့် နန်းကောင်ခမ်းက ရွေးကောက်ပွဲဝင်ရသည့် အကြောင်းကို အခုလို စပြောသည်။

နန်းကောင်ခမ်း ။        ။ ဖွံ့ဖြိုးမှု အလွန်းနည်းပါးပြီး ဒုက္ခပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ တောင်ပေါ်နေ တောင်သူလယ်သမားတွေနဲ့  ပြည်သူများရဲ့ ပညာရေး ကျန်းမာရေး၊ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်လာအောင်၊ လူမှုဘဝမြင့်မားတိုးတက်လာအောင်၊ တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက် ပေးချင်လို့ လွှတ်တော်ကိုယ်စားလှယ် ဝင်ရောက်ယှဉ်ပြိုင်တာပါ။

မေး။    ။ တိုက်ပွဲတွေဖြစ်ပွားတဲ့နေရာမှာ အမျိုးသမီးတဦးအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့အ တွက် ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။

နန်း။    ။ တိုက်ပွဲတွေ  မကြာခဏ ဖြစ်ပွားတဲ့ နေရာမှာ အမျိုးသမီးလွှတ်တော် ကိုယ်စား လှယ်လောင်းတဦးအနေနဲ့ သွားရလာရမလွယ်ကူသလို အစစအရာရာ သတိနဲ့ နေထိုင် သွားလာလှုပ်ရှားနေရပါတယ်။

မေး။    ။ တကယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမယ်ဆိုရင် ဘယ်အရာကို အဓိက လုပ်ဆောင်သွားမှာလဲ။

နန်း။    ။ လက်ရှိ ကျမဝင်ရောက်ယှဉ်ပြိုင်တဲ့ဒေသတွေမှာ အရင်က တိုက်ပွဲတွေ ဖြစ်ခဲ့လို့ စစ်ဘေးရှောင်တွေလည်း ရှိနေခဲ့နေရာတခုလည်းဖြစ်ပါတယ်။ တကယ်လို့များ ကျမနိုင်ခဲ့ ရင် သူတို့တွေရဲ့ ကြုံတွေ့နေရတဲ့ စားဝတ်နေရေးအခက်အခဲကို တတ်နိုင်သလောက် ကူညီ ဆောင်ရွက်ပြီး ဖြေရှင်းပေးသွားပါမယ်။ စစ်ဘေးရှောင်တွေရဲ့ ဘဝလုံခြုံမှုရှိအောင်၊ ပညာ ရေးပိုင်းမှာလည်း ကောင်းစွာ သင်ကြားခွင့်ရရှိအောင် ဆောင်ရွက်သွားပါမယ်။

မေး။    ။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ စည်းရုံးရေးဆင်းတဲ့နေရာမှာ ဘယ် အရာတွေက ခက်ခဲနေပါသလဲ။

နန်း။    ။ စည်းရုံးရေးဆင်းတဲ့အခါမှာလည်း တောင်ပေါ်ဒေသဖြစ်တဲ့အတွက် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး တရွာမှတရွာ သွားရလာရတာ  မလွယ်ကူပါဘူး။ တချို့နေရာဆို ရင် လမ်းမပေါက်ဘူး။ ခြေလျင်နဲ့သွားရသလို တချို့နေရာဆိုရင် ဆိုင်ကယ်ငှားစီးသွားရပါ တယ်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းတဦးအနေနဲ့ လွယ်တော့မလွယ်ပါ ဘူး။ မျက်လုံးပေါင်းတထောင်နဲ့ စောင့်ကြည့်ခံရသလို စိမ်ခေါ်မှုပေါင်းများစွာကို ကြံ့ကြံ့ ခံနိုင်ဖို့ အင်အားတွေ အများကြီးမွေးရပါတယ်။ အဖက်ဖက်က စိမ်ခေါ်မှုတွေကို သတိရှိရှိနဲ့ ကျော်လွှားနိုင်မယ်လို့ ကျမထင်ပါတယ်။

မေး။    ။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ဒေသခံတွေ လက်ခံမှုရှိပါသလား။

နန်း။    ။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဒေသခံတွေ လက်ခံမှုတော့ ရပါ တယ်။ ဒါပေမယ့် စိမ်ခေါ်မှုကတော့ တချို့ယောက်ျားတွေက အမျိုးသမီးဆိုရင် အထင် မကြီးတာတွေ စောင့်ကြည့်ရသေးတာပေါ့ဆိုတဲ့ ပုံစံမျိုးတွေ တွေ့ရပါတယ်။

Related Articles