Home သတင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union) ဖွဲ့စည်းတည်ထောင်ခြင်း နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်နှင့် Honest Information တည်ထောင်ခြင်း (၁၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union) ဖွဲ့စည်းတည်ထောင်ခြင်း နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်နှင့် Honest Information တည်ထောင်ခြင်း (၁၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union) ဖွဲ့စည်းတည်ထောင်ခြင်း နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ် နှင့် Honest Information တည်ထောင်ခြင်း (၁၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။

ထိုပွဲမှာ မြန့်မာအမျိုးသမီးသမဂ္ဂ(BWU)ညီအမတွေရဲ့ တော်လှန်သံချပ်၊ အထူးအစီအစဉ်ဖြစ်တဲ့ “ချိုးလင်းပြာ”သဘင် စတဲ့အစီအစဉ်တွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့သလို တော်လှန်သီချင်းတွေလည်း သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၃၀ ပြည့် နှင့် ဂျန်ဒါတန်းတူရေး၊ လူမှုတရားမျှတရေး များအတွက် အဓိကတင်ဆက်နေသည့် Honest Information (HI) သတင်းမီဒီယာ တည်ထောင်ခဲ့မှု ၁၀ နှစ်ပြည့် ခဲ့ပြီဖြစ်ပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကို ၁၉၈၈ လူထုအရေးတော်ပုံ ဖြိုခွင်းခံရပြီးနောက် တောခိုလာကြသည့် တိုင်းရင်းသူ အမျိုးသမီးရဲဘော်များက ဦးဆောင်၍ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊ စစ်မှန်သောပြည်ထောင်စုပေါ်ထွန်းရေး၊ အမျိုးသမီးအခွင့်အရေးနှင့် ဂျဲန်ဒါတန်းတူညီမျှရေးတို့အတွက် ရည်ရွယ်ပြီး ၁၉၉၅ ဇန်နဝါရီ ၇ ရက်တွင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

နှစ် ၃၀ ပြည့်မှသည် လူသားဆန်သော ရပ်ဝန်းတခုနှင့် ဂျဲန်ဒါတန်းတူညီမျှမှုရှိသည့် လူမှုအသိုင်းအဝိုင်းတခု တည်ဆောက်ရာတွင် ပန်းတိုင်သို့ မရောက်မချင်း ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း BWU ကဆိုထားပါတယ်။

Author:

Related Articles